အခွန်ရှောင်လိုသည့် ရွှေဆိုင်ပပျောက်သည်အထိ ရည်မှန်းဆောင်ရွက်နေဟုဆို

146

Pearl (NP News) - နိုဝင်ဘာလ ၁၄
အခွန်ရှောင်လိုသည့်ရွှေဆိုင်ပပျောက်သည် အထိ သက်ဆိုင်ရာတာဝန်ရှိသူများက ရည်မှန်းဆောင် ရွက်နေကြောင်း ရွှေလုပ်ငန်းရှင်များနှင့် နီးစပ်သူများ ထံမှသိရသည်။
ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင် မှုလုပ်ငန်းလိုင်စင်ရရှိထားသည့် ရွှေဆိုင်များအနေဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးဌာန၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း (ရွှေရောင်း /ဝယ်ပြေစာ)ဖြင့် အရောင်းအဝယ်မပြုလုပ်ပါက တိုင်း ဒေသကြီး/ပြည်နယ် ကနဦးစိစစ်ရေးအဖွဲ့များထံတိုင် ကြားနိုင်ပြီး သတ်မှတ်ထားသည့်စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက အရေးကြီးကုန်စည်နှင့်ဝန် ဆောင်မှုဥပဒေ ပုဒ်မ(၅)နှင့်အညီ အရေးယူခြင်းခံရ မည်ဖြစ်သည့်အပြင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း လစဉ် ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်နေကြောင်းသိရသည်။
" အစိုးရကထုတ်ပေးတဲ့ဘောက်ချာနဲ့မရောင်းတဲ့ဆိုင်တွေဆိုရင် မတိုင်ကြားလည်း လတိုင်း လိုက်စစ်နေတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းက တောက် လျှောက်စစ်နေတာ။ စာရင်းဇယားပေါ့။ ဘောက်ချာနဲ့ ရောင်းမရောင်း၊ စာရွက်စာတမ်းတွေ ပြည့်စုံမှု ရှိ/မရှိပေါ့နော်။ ဒီဘောက်ချာစာအုပ်က နောက်(၅)နှစ်အ ထိထိန်းသိမ်းရမှာ။ တိုင်းတာတောတာတွေကြောင့်စစ်တာတွေလည်းရှိတယ်" ဟု ရွှေလုပ်ငန်းရှင်များနှင့်နီးစပ် သူတစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးရှိမြို့နယ်များအပါအဝင် မြို့နယ်အများအပြားရှိ ရပ်ကွက် များ၊ လမ်းကြားများအတွင်း၌လည်း ရွှေဆိုင်လုပ်ငန်း သေးများအပါအဝင် အခွန်ရှောင်လိုသည့်ရွှေဆိုင်လုပ် ငန်းများလည်းရှိနေရာ အဆိုပါရွှေဆိုင်များပါ လိုင်စင် မရှိဘဲ ရောင်းဝယ်ခြင်းမရှိစေရေးအတွက် ရည်မှန်း ဆောင်ရွက်နေကြောင်းလည်း သိရသည်။
" နောက်ပိုင်းကျရင်တော့ လမ်းကြိုလမ်း ကြားကဆိုင်တွေက ပျောက်သွားမှာပါ။ လိုင်စင်ထုတ် ပေးနေတာတွေကြောင့်လေ။ အခွန်ရှောင်ချင်တဲ့ဆိုင် တွေပပျောက်အောင်ပေါ့နော်။ တချို့ကျတော့လည်း ကျောက်မျက်လိုင်စင်ရထားတာရှိတယ်။ ကျောက် မျက်လိုင်စင်က ရွှေပါတွဲရောင်းရင် ရွှေဆိုင်လိုင်စင် ထပ်လျှောက်ပေါ့။ လိုင်စင်ရှိမှရောင်းရမှာ။ လိုင်စင်မ ရှိရင်မရောင်းရဘူး။ လိုင်စင်က အခုလျှောက် အခုပေး ပါတယ်။ တစ်ပြေးညီ ဥပဒေအောက်ရောက်အောင် ဆောင်ရွက်နေပါတယ်။ လုပ်ငန်းရှင်တွေကတော့ လိုင်စင်တွေလျှောက်နေကြတုန်းပေါ့။ အဓိကကတော့ အခွန်ကိစ္စမပြတ်ကြသေးတာ။ အခွန်ကိစ္စပြတ်တဲ့လူ တွေကတော့ အခုဆို ဆိုင်တွေ လိုင်စင် (၂၀ဝဝ)လောက်တော့ထွက်လာပြီးပါပြီ။ ကျန်တာတွေကတော့ အခွန်စိစစ်ဆဲပေါ့။ ဌာနဆိုင်ရာကလည်း ရမယ့်အခွန် တွေတွက်ချက်ပြီး တောင်းတာတွေလည်းရှိတယ်။ အားလုံးတော့ လျှောက်နေကြတာပဲ။ ချပေးလည်း နောက်ထပ်ဆိုင်အသစ်တွေက ထပ်ထွက်နေတာ။ တစ်လကို ရန်ကုန်မှာဆို (၂)ဆိုင်လောက်၊ (၃)ဆိုင် လောက် ဖွင့်ပွဲတွေလုပ်နေကြတယ်"ဟု ၎င်းကဆက် လက်ပြောသည်။
နေပြည်တော်၊ လုပ်ငန်းလိုင်စင်စိစစ်ရေးအ ဖွဲ့ထံ လာရောက်လျှောက်ထားကြသည့် ဓာတ်သတ္တု (ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်လွှာများအနက် လျှောက်လွှာ (၃၁၆၇)စောင် ခွင့်ပြုထားရာ ပြီးခဲ့သည့် အောက်တိုဘာလ (၁၆) ရက်အထိ (၂၄၁၅)စောင် လာရောက်ထုတ်ယူပြီးဖြစ် ကြောင်းလည်းသိရသည်။
ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန် ဆောင်မှုလုပ်ငန်းလိုင်စင်အတွက် ငွေကျပ် (၁၅)သိန်းနှင့်အတူ ရောင်းဝယ်မှုပြေစာ စာအုပ်အတွက် တစ်အုပ်လျှင် (၁၅၅၀ဝ)ကျပ်တို့ကို မြန်မာ့စီးပွားရေး ဘဏ်မှတစ်ဆင့်ပေးသွင်းကာ လိုင်စင်လာရောက် ထုတ်ယူစဉ် အဆိုပါ ရောင်းဝယ်မှုပြေစာ စာအုပ်ကို တစ်ပါတည်းပေးထားကြောင်း သိရသည်။

Zawgyi Version:
အခြန္ေရွာင္လိုသည့္ ေ႐ႊဆိုင္ပေပ်ာက္သည္အထိ ရည္မွန္းေဆာင္႐ြက္ေနဟုဆို
Pearl (NP News) - ႏိုဝင္ဘာလ ၁၄
အခြန္ေရွာင္လိုသည့္ေ႐ႊဆိုင္ပေပ်ာက္သည္ အထိ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ရည္မွန္းေဆာင္ ႐ြက္ေနေၾကာင္း ေ႐ႊလုပ္ငန္းရွင္မ်ားႏွင့္ နီးစပ္သူမ်ား ထံမွသိရသည္။
ဓာတ္သတၱဳ(ေ႐ႊ)ေရာင္းဝယ္ျခင္းဝန္ေဆာင္ မႈလုပ္ငန္းလိုင္စင္ရရွိထားသည့္ ေ႐ႊဆိုင္မ်ားအေနျဖင့္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ ႀကီးဌာန၊ အမွတ္ (၂) သတၱဳတြင္းလုပ္ငန္း (ေ႐ႊေရာင္း /ဝယ္ေျပစာ)ျဖင့္ အေရာင္းအဝယ္မျပဳလုပ္ပါက တိုင္း ေဒသႀကီး/ျပည္နယ္ ကနဦးစိစစ္ေရးအဖြဲ႕မ်ားထံတိုင္ ၾကားႏိုင္ၿပီး သတ္မွတ္ထားသည့္စည္းကမ္းခ်က္မ်ားကို လိုက္နာျခင္းမရွိပါက အေရးႀကီးကုန္စည္ႏွင့္ဝန္ ေဆာင္မႈဥပေဒ ပုဒ္မ(၅)ႏွင့္အညီ အေရးယူျခင္းခံရ မည္ျဖစ္သည့္အျပင္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားအေနျဖင့္လည္း လစဥ္ ကြင္းဆင္းစစ္ေဆးမႈမ်ားေဆာင္႐ြက္ေနေၾကာင္းသိရသည္။
" အစိုးရကထုတ္ေပးတဲ့ေဘာက္ခ်ာနဲ႔မေရာင္းတဲ့ဆိုင္ေတြဆိုရင္ မတိုင္ၾကားလည္း လတိုင္း လိုက္စစ္ေနတယ္။ သက္ဆိုင္ရာအဖြဲ႕အစည္းက ေတာက္ ေလွ်ာက္စစ္ေနတာ။ စာရင္းဇယားေပါ့။ ေဘာက္ခ်ာနဲ႔ ေရာင္းမေရာင္း၊ စာ႐ြက္စာတမ္းေတြ ျပည့္စုံမႈ ရွိ/မရွိေပါ့ေနာ္။ ဒီေဘာက္ခ်ာစာအုပ္က ေနာက္(၅)ႏွစ္အ ထိထိန္းသိမ္းရမွာ။ တိုင္းတာေတာတာေတြေၾကာင့္စစ္တာေတြလည္းရွိတယ္" ဟု ေ႐ႊလုပ္ငန္းရွင္မ်ားႏွင့္နီးစပ္ သူတစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ ရန္ကုန္တိုင္းေဒသႀကီးရွိၿမိဳ႕နယ္မ်ားအပါအဝင္ ၿမိဳ႕နယ္အမ်ားအျပားရွိ ရပ္ကြက္ မ်ား၊ လမ္းၾကားမ်ားအတြင္း၌လည္း ေ႐ႊဆိုင္လုပ္ငန္း ေသးမ်ားအပါအဝင္ အခြန္ေရွာင္လိုသည့္ေ႐ႊဆိုင္လုပ္ ငန္းမ်ားလည္းရွိေနရာ အဆိုပါေ႐ႊဆိုင္မ်ားပါ လိုင္စင္ မရွိဘဲ ေရာင္းဝယ္ျခင္းမရွိေစေရးအတြက္ ရည္မွန္း ေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။
" ေနာက္ပိုင္းက်ရင္ေတာ့ လမ္းႀကိဳလမ္း ၾကားကဆိုင္ေတြက ေပ်ာက္သြားမွာပါ။ လိုင္စင္ထုတ္ ေပးေနတာေတြေၾကာင့္ေလ။ အခြန္ေရွာင္ခ်င္တဲ့ဆိုင္ ေတြပေပ်ာက္ေအာင္ေပါ့ေနာ္။ တခ်ိဳ႕က်ေတာ့လည္း ေက်ာက္မ်က္လိုင္စင္ရထားတာရွိတယ္။ ေက်ာက္ မ်က္လိုင္စင္က ေ႐ႊပါတြဲေရာင္းရင္ ေ႐ႊဆိုင္လိုင္စင္ ထပ္ေလွ်ာက္ေပါ့။ လိုင္စင္ရွိမွေရာင္းရမွာ။ လိုင္စင္မ ရွိရင္မေရာင္းရဘူး။ လိုင္စင္က အခုေလွ်ာက္ အခုေပး ပါတယ္။ တစ္ေျပးညီ ဥပေဒေအာက္ေရာက္ေအာင္ ေဆာင္႐ြက္ေနပါတယ္။ လုပ္ငန္းရွင္ေတြကေတာ့ လိုင္စင္ေတြေလွ်ာက္ေနၾကတုန္းေပါ့။ အဓိကကေတာ့ အခြန္ကိစၥမျပတ္ၾကေသးတာ။ အခြန္ကိစၥျပတ္တဲ့လူ ေတြကေတာ့ အခုဆို ဆိုင္ေတြ လိုင္စင္ (၂၀ဝဝ)ေလာက္ေတာ့ထြက္လာၿပီးပါၿပီ။ က်န္တာေတြကေတာ့ အခြန္စိစစ္ဆဲေပါ့။ ဌာနဆိုင္ရာကလည္း ရမယ့္အခြန္ ေတြတြက္ခ်က္ၿပီး ေတာင္းတာေတြလည္းရွိတယ္။ အားလုံးေတာ့ ေလွ်ာက္ေနၾကတာပဲ။ ခ်ေပးလည္း ေနာက္ထပ္ဆိုင္အသစ္ေတြက ထပ္ထြက္ေနတာ။ တစ္လကို ရန္ကုန္မွာဆို (၂)ဆိုင္ေလာက္၊ (၃)ဆိုင္ ေလာက္ ဖြင့္ပြဲေတြလုပ္ေနၾကတယ္"ဟု ၎ကဆက္ လက္ေျပာသည္။
ေနျပည္ေတာ္၊ လုပ္ငန္းလိုင္စင္စိစစ္ေရးအ ဖြဲ႕ထံ လာေရာက္ေလွ်ာက္ထားၾကသည့္ ဓာတ္သတၱဳ (ေ႐ႊ)ေရာင္းဝယ္ျခင္းဝန္ေဆာင္မႈလုပ္ငန္းလိုင္စင္ ေလွ်ာက္လႊာမ်ားအနက္ ေလွ်ာက္လႊာ (၃၁၆၇)ေစာင္ ခြင့္ျပဳထားရာ ၿပီးခဲ့သည့္ ေအာက္တိုဘာလ (၁၆) ရက္အထိ (၂၄၁၅)ေစာင္ လာေရာက္ထုတ္ယူၿပီးျဖစ္ ေၾကာင္းလည္းသိရသည္။
ဓာတ္သတၱဳ(ေ႐ႊ)ေရာင္းဝယ္ျခင္းဝန္ ေဆာင္မႈလုပ္ငန္းလိုင္စင္အတြက္ ေငြက်ပ္ (၁၅)သိန္းႏွင့္အတူ ေရာင္းဝယ္မႈေျပစာ စာအုပ္အတြက္ တစ္အုပ္လွ်င္ (၁၅၅၀ဝ)က်ပ္တို႔ကို ျမန္မာ့စီးပြားေရး ဘဏ္မွတစ္ဆင့္ေပးသြင္းကာ လိုင္စင္လာေရာက္ ထုတ္ယူစဥ္ အဆိုပါ ေရာင္းဝယ္မႈေျပစာ စာအုပ္ကို တစ္ပါတည္းေပးထားေၾကာင္းသိရသည္။