ပဋိပက္ခဖြစ်ပွားရာဒေသများမှပါတီများ အင်တာနက်အခက်အခဲကြောင့် မဲဆွယ်စည်းရုံးရာတွင် အခက်ကြုံ

93

သက်ပိုင် (NP News) - နိုဝင်ဘာလ ၁၄
ပဋိပက္ခဖြစ်ပွားမှုမြင့်တက်နေသည့် ဒေသ များတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ များအနေဖြင့် ဒေသတွင်းအင်တာနက်မရရှိသည့်အ တွက် မဲဆွယ်စည်းရုံးရာတွင် အဆင်မပြေမှုများ ကြုံ တွေ့နေကြရကြောင်း NP News မှ မေးမြန်းချက်များအရသိရသည်။
ပဋိပက္ခဖြစ်ပွားမှုမြင့်တက်နေသော ဒေသ များဖြစ်သည့် ရခိုင်၊ ကချင်နှင့် ချင်းပြည်နယ်တို့ကဲ့သို့ သောဒေသများမှ ပါတီကိုယ်စားလှယ်လောင်းများ အနေဖြင့် အင်တာနက်ပြတ်တောက်မှုကြောင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ အခက်တွေ့နေကြ ရခြင်းဖြစ်ကြောင်း သိရသည်။
" ကျွန်တော်တို့ ရခိုင်တစ်ခုလုံးမှာ အင်တာ နက်လိုင်းတွေမရကြဘူး။ တချို့နေရာတွေဆိုရင် လည်း သွားရေးလာရေးအရမ်းခက်ခဲတယ်။ ကျောက် ဖြူကနေမာန်အောင်ကို ဆက်သွယ်သွားလာတာ အခု ထိမရှိသေးဘူး။ ဖုန်းလိုင်းတွေကလည်း ပြောလို့ရ တယ်ဆိုရုံလောက်ပဲ။ ဒီတော့ သူများတွေက အင်တာ နက်ကိုသုံးပြီးမဲဆွယ်နေတဲ့အချိန်မှာ ကျွန်တော်က ကျောက်ဖြူနဲ့စစ်တွေကိုသွားဖို့အတွက် ရန်ကုန်ကနေ တစ်ဆင့်သွားလာနေရတာပေါ့"ဟု ရခိုင်ပြည်နယ်မှ နိုင်ငံရေးပါတီတာဝန်ရှိသူတစ်ဦးကဆိုသည်။
ထို့ပြင် ကချင်ပြည်နယ်တွင်လည်း ပဋိပက္ခ များကြောင့် အင်တာနက်လိုင်းများမရရှိသည်မှာ နှစ် နှင့်ချီနေပြီဖြစ်ပြီး လက်ရှိတွင် သွားလာရန်မလုံခြုံသည့် နေရာများတွင် အောင်နိုင်ရေးဆိုင်းဘုတ်ထူထောင် ခြင်းများကိုသာလုပ်ဆောင်နေရပြီး အင်တာနက်ကို အသုံးပြုကာ ဆိုရှယ်မီဒီယာမှတစ်ဆင့် မဲဆွယ်စည်းရုံး ခြင်းကို လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း ရွေးကောက် ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးကပြောသည်။
" အင်တာနက်မရတာက နှစ်နဲ့ချီနေပါပြီ။ သွားလာလို့ရတဲ့နေရာလောက်ပဲသွားလာပြီး မဲဆွယ် နေရတယ်။ အင်တာနက်သာရမယ်ဆိုရင် လုံခြုံရေးအ ရ သွားလို့မရတဲ့နေရာတွေအတွက်လည်း အဆင်ပြေ တာပေါ့။ နောက်တစ်ခုက အခုမြေပြင်မှာ ဟောပြောပွဲ လုပ်မယ်ဆိုရင် လုပ်မယ့်နေရာရဲ့ အုပ်ချုပ်ရေးမှူး ထောက်ခံချက်ဆိုတာလည်း UEC ကိုတင်ရတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးမှူးတွေက ပူးပေါင်းပါဝင်မှုအား နည်းတော့ အရမ်းဒုက္ခရောက်ရပါတယ်" ဟု ၎င်းက ဆိုသည်။
အလားတူ အင်တာနက်မရရှိသောဒေသ များမှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စ ားလှယ်လောင်းများလည်း ယခုကဲ့သို့ အခက်အခဲများ ကိုကြုံတွေ့နေကြရကြောင်းနှင့် အချို့ဒေသများတွင် ဆက်သွယ်သွားလာရေးခက်ခဲမှုဒဏ်ကိုပါ ကြုံတွေ့ နေကြရကြောင်း သိရသည်။
ဒီဇင်ဘာလ (၂၈)ရက်တွင် စတင်ကျင်းပ မည့် အထွေထွေရွေးကောက်ပွဲများအတွက် မဲဆွယ် စည်းရုံးခွင့်ကာလကို အောက်တိုဘာလ(၂၈)ရက် နံနက်(၆) နာရီမှ ဒီဇင်ဘာလ (၂၆)ရက် ည (၁၂)နာရီအထိ (ရက်ပေါင်း၆၀)အတွင်း ပြုလုပ်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက် တိုဘာလ (၁၅)ရက်တွင် ထုတ်ပြန်ထားသည်။
သို့သော် နိုင်ငံရေးပါတီများအနေဖြင့် လူစု လူဝေးဖြင့် စီတန်းလှည်မဲဆွယ်စည်းရုံးခြင်းကို UEC မှကန့်သတ်ထားပြီး နိုင်ငံရေးပါတီများကလည်း အင်တာနက်အသုံးပြုကာ ဆိုရှယ်မီဒီယာများမှတစ်ဆင့် မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

Zawgyi Version:
ပဋိပကၡျဖစ္ပြားရာေဒသမ်ားမွပါတီမ်ား အင္တာနက္အခက္အခဲေၾကာင့္ မဲဆြယ္စည္း႐ုံးရာတြင္ အခက္ႀကဳံ
သက္ပိုင္ (NP News) - ႏိုဝင္ဘာလ ၁၄
ပဋိပကၡျဖစ္ပြားမႈျမင့္တက္ေနသည့္ ေဒသ မ်ားတြင္ ေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္မည့္ပါတီ မ်ားအေနျဖင့္ ေဒသတြင္းအင္တာနက္မရရွိသည့္အ တြက္ မဲဆြယ္စည္း႐ုံးရာတြင္ အဆင္မေျပမႈမ်ား ႀကဳံ ေတြ႕ေနၾကရေၾကာင္း NP News မွ ေမးျမန္းခ်က္မ်ားအရသိရသည္။
ပဋိပကၡျဖစ္ပြားမႈျမင့္တက္ေနေသာ ေဒသ မ်ားျဖစ္သည့္ ရခိုင္၊ ကခ်င္ႏွင့္ ခ်င္းျပည္နယ္တို႔ကဲ့သို႔ ေသာေဒသမ်ားမွ ပါတီကိုယ္စားလွယ္ေလာင္းမ်ား အေနျဖင့္ အင္တာနက္ျပတ္ေတာက္မႈေၾကာင့္ မဲဆြယ္စည္း႐ုံးေရးလုပ္ငန္းမ်ား အခက္ေတြ႕ေနၾက ရျခင္းျဖစ္ေၾကာင္း သိရသည္။
" ကြၽန္ေတာ္တို႔ ရခိုင္တစ္ခုလုံးမွာ အင္တာ နက္လိုင္းေတြမရၾကဘူး။ တခ်ိဳ႕ေနရာေတြဆိုရင္ လည္း သြားေရးလာေရးအရမ္းခက္ခဲတယ္။ ေက်ာက္ ျဖဴကေနမာန္ေအာင္ကို ဆက္သြယ္သြားလာတာ အခု ထိမရွိေသးဘူး။ ဖုန္းလိုင္းေတြကလည္း ေျပာလို႔ရ တယ္ဆို႐ုံေလာက္ပဲ။ ဒီေတာ့ သူမ်ားေတြက အင္တာ နက္ကိုသုံးၿပီးမဲဆြယ္ေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္က ေက်ာက္ျဖဴနဲ႔စစ္ေတြကိုသြားဖို႔အတြက္ ရန္ကုန္ကေန တစ္ဆင့္သြားလာေနရတာေပါ့"ဟု ရခိုင္ျပည္နယ္မွ ႏိုင္ငံေရးပါတီတာဝန္ရွိသူတစ္ဦးကဆိုသည္။
ထို႔ျပင္ ကခ်င္ျပည္နယ္တြင္လည္း ပဋိပကၡ မ်ားေၾကာင့္ အင္တာနက္လိုင္းမ်ားမရရွိသည္မွာ ႏွစ္ ႏွင့္ခ်ီေနၿပီျဖစ္ၿပီး လက္ရွိတြင္ သြားလာရန္မလုံၿခဳံသည့္ ေနရာမ်ားတြင္ ေအာင္ႏိုင္ေရးဆိုင္းဘုတ္ထူေထာင္ ျခင္းမ်ားကိုသာလုပ္ေဆာင္ေနရၿပီး အင္တာနက္ကို အသုံးျပဳကာ ဆိုရွယ္မီဒီယာမွတစ္ဆင့္ မဲဆြယ္စည္း႐ုံး ျခင္းကို လုပ္ေဆာင္ႏိုင္ျခင္းမရွိေၾကာင္း ေ႐ြးေကာက္ ပြဲဝင္ေရာက္ယွဥ္ၿပိဳင္မည့္ လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္းတစ္ဦးကေျပာသည္။
" အင္တာနက္မရတာက ႏွစ္နဲ႔ခ်ီေနပါၿပီ။ သြားလာလို႔ရတဲ့ေနရာေလာက္ပဲသြားလာၿပီး မဲဆြယ္ ေနရတယ္။ အင္တာနက္သာရမယ္ဆိုရင္ လုံၿခဳံေရးအ ရ သြားလို႔မရတဲ့ေနရာေတြအတြက္လည္း အဆင္ေျပ တာေပါ့။ ေနာက္တစ္ခုက အခုေျမျပင္မွာ ေဟာေျပာပြဲ လုပ္မယ္ဆိုရင္ လုပ္မယ့္ေနရာရဲ႕ အုပ္ခ်ဳပ္ေရးမႉး ေထာက္ခံခ်က္ဆိုတာလည္း UEC ကိုတင္ရတယ္။ ဒါေပမဲ့ အုပ္ခ်ဳပ္ေရးမႉးေတြက ပူးေပါင္းပါဝင္မႈအား နည္းေတာ့ အရမ္းဒုကၡေရာက္ရပါတယ္" ဟု ၎က ဆိုသည္။
အလားတူ အင္တာနက္မရရွိေသာေဒသ မ်ားမွ ေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ကိုယ္စ ားလွယ္ေလာင္းမ်ားလည္း ယခုကဲ့သို႔ အခက္အခဲမ်ား ကိုႀကဳံေတြ႕ေနၾကရေၾကာင္းႏွင့္ အခ်ိဳ႕ေဒသမ်ားတြင္ ဆက္သြယ္သြားလာေရးခက္ခဲမႈဒဏ္ကိုပါ ႀကဳံေတြ႕ ေနၾကရေၾကာင္း သိရသည္။
ဒီဇင္ဘာလ (၂၈)ရက္တြင္ စတင္က်င္းပ မည့္ အေထြေထြေ႐ြးေကာက္ပြဲမ်ားအတြက္ မဲဆြယ္ စည္း႐ုံးခြင့္ကာလကို ေအာက္တိုဘာလ(၂၈)ရက္ နံနက္(၆) နာရီမွ ဒီဇင္ဘာလ (၂၆)ရက္ ည (၁၂)နာရီအထိ (ရက္ေပါင္း၆၀)အတြင္း ျပဳလုပ္ႏိုင္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေအာက္ တိုဘာလ (၁၅)ရက္တြင္ ထုတ္ျပန္ထားသည္။
သို႔ေသာ္ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ လူစု လူေဝးျဖင့္ စီတန္းလွည္မဲဆြယ္စည္း႐ုံးျခင္းကို UEC မွကန႔္သတ္ထားၿပီး ႏိုင္ငံေရးပါတီမ်ားကလည္း အင္တာနက္အသုံးျပဳကာ ဆိုရွယ္မီဒီယာမ်ားမွတစ္ဆင့္ မဲဆြယ္စည္း႐ုံးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။