အမျိုးသားပညာရေး မြှင့်တင်ရေးအတွက် ပညာရေးအသုံးစရိတ်များကို နှစ်စဉ်တိုးတက်သုံးစွဲနေ

 864

သန့်ဇင် (NP News) - နိုဝင်ဘာ ၁၄

အမျိုးသား ပညာရေး မြှင့်တင်ရေးအတွက် ပညာရေးအသုံးစရိတ်များကို နှစ်စဉ်တိုးတက်သုံးစွဲလျက်ရှိကြောင်း ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ၁၀၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတစ်ဦးချင်းစီ၏ အသိပညာ၊ အတတ် ပညာ၊ အတွေးအခေါ်၊ ဗဟုသုတပြည့်ဝစေခြင်းဖြင့် အမျိုးသားပညာရေးကို မြှင့်တင်ပေးရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
အထူးသဖြင့် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည့် ယနေ့ကာလတွင် တိုင်းရင်းသားပြည်သူများအနေဖြင့် အရာရာ ကို စဉ်းစားတွေးခေါ်ကာ အမှားအမှန်ကို ခွဲခြားသိရှိပြီး နိုင်ငံနှင့် လူမျိုးအကျိုးသယ်ပိုးဆောင်ရွက်ရန် အရေးကြီး ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ထို့အပြင် ပညာရေးမှရရှိလာသည့် စဉ်းစားဆင်ခြင် သုံးသပ်နိုင်စွမ်းနှင့် ပြဿနာကို ဖြေရှင်းနိုင်စွမ်းကလည်း နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည့် နယ်ပယ်အသီးသီးတွင် များစွာအထောက်အကူ ပြုသော ပင်ကိုအရည်အချင်းများပင် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

အသိပညာ အတတ်ပညာပြည့်စုံသော ပညာတတ်များဖြင့် နိုင်ငံတော်ကို တည်ဆောက်ကြရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။
နိုင်ငံသားတိုင်းအခြေခံပညာ သင်ယူပြီးမြောက်စေရေးအတွက် လူတိုင်းပညာသင်ယူခွင့်ရရှိရေးနှင့် လူတိုင်း အကျုံးဝင် ပညာရေးကို အားပေးလျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
အမျိုးသားပညာရေး မြှင့်တင်ရေးအတွက် အခြေခံအဆောက်အဦများ ဖြည့်ဆည်းပေးခြင်း၊ သင်ရိုးညွှန်းတမ်းများ ခေတ်နှင့်အညီ မွမ်းမံပြင်ဆင်ခြင်း၊ ဆရာ/ဆရာမများ သင်ကြားသင်ယူမှုအရည်အသွေး မြှင့်တင်ခြင်း၊ သင်ယူမှု အခွင့်အလမ်းများ တိုးမြှင့်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကာ ပညာရေးအသုံးစရိတ်များကို နှစ်စဉ်တိုးတက်သုံးစွဲ လျက်ရှိ‌ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ထို့ကြောင့် အမျိုးသားပညာရေးကိုမြှင့်တင်ခြင်းဖြင့် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရန် နိုင်ငံသားအားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဝဏ် လွှာ တွင် ထည့်သွင်းပြောကြားခဲ့သည်။
ယနေ့ကာလသည် မိမိတို့နိုင်ငံအတွက် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အရေးကြီးသည့် အချိန်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်အောင်မြင်စွာ လျှောက်လှမ်း နိုင်ရေးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို မကြာမီ စတင်ကျင်းပတော့မည် ဖြစ်ပါသည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်သည်သာ မိမိတို့လျှောက် လှမ်းရမည့် လမ်းကြောင်းအမှန်ဖြစ်သဖြင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြပါရန်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။

Zawgyi Version:
အမ်ိဳးသားပညာေရး ျမႇင့္တင္ေရးအတြက္ ပညာေရးအသုံးစရိတ္မ်ားကို ႏွစ္စဥ္တိုးတက္သုံးစြဲေန
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၁၄
အမ်ိဳးသား ပညာေရး ျမႇင့္တင္ေရးအတြက္ ပညာေရးအသုံးစရိတ္မ်ားကို ႏွစ္စဥ္တိုးတက္သုံးစြဲလ်က္ရွိေၾကာင္း ယာယီသမၼတႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ၂၀၂၅ ခုႏွစ္၊ ၁၀၅ ႏွစ္ေျမာက္ အမ်ိဳးသားေအာင္ပြဲေန႔အထိမ္းအမွတ္အခမ္းအနားသို႔ေပးပို႔သည့္သဝဏ္လႊာတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံတစ္ႏိုင္ငံ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ စဥ္ဆက္မျပတ္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ျပည္သူတစ္ဦးခ်င္းစီ၏ အသိပညာ၊ အတတ္ ပညာ၊ အေတြးအေခၚ၊ ဗဟုသုတျပည့္ဝေစျခင္းျဖင့္ အမ်ိဳးသားပညာေရးကို ျမႇင့္တင္ေပးရမည္ ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
အထူးသျဖင့္ ဒီမိုကေရစီစနစ္သို႔ ကူးေျပာင္းေနသည့္ ယေန႔ကာလတြင္ တိုင္းရင္းသားျပည္သူမ်ားအေနျဖင့္ အရာရာ ကို စဥ္းစားေတြးေခၚကာ အမွားအမွန္ကို ခြဲျခားသိရွိၿပီး ႏိုင္ငံႏွင့္ လူမ်ိဳးအက်ိဳးသယ္ပိုးေဆာင္႐ြက္ရန္ အေရးႀကီး ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
ထို႔အျပင္ ပညာေရးမွရရွိလာသည့္ စဥ္းစားဆင္ျခင္ သုံးသပ္ႏိုင္စြမ္းႏွင့္ ျပႆနာကို ေျဖရွင္းႏိုင္စြမ္းကလည္း ႏိုင္ငံေရး၊ အုပ္ခ်ဳပ္ေရး၊ ကာကြယ္ေရး၊ စီးပြားေရး၊ လူမႈေရးစသည့္ နယ္ပယ္အသီးသီးတြင္ မ်ားစြာအေထာက္အကူ ျပဳေသာ ပင္ကိုအရည္အခ်င္းမ်ားပင္ ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။

အသိပညာ အတတ္ပညာျပည့္စုံေသာ ပညာတတ္မ်ားျဖင့္ ႏိုင္ငံေတာ္ကို တည္ေဆာက္ၾကရမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုက္တြန္းေျပာၾကားခဲ့သည္။
ႏိုင္ငံသားတိုင္းအေျခခံပညာ သင္ယူၿပီးေျမာက္ေစေရးအတြက္ လူတိုင္းပညာသင္ယူခြင့္ရရွိေရးႏွင့္ လူတိုင္း အက်ဳံးဝင္ ပညာေရးကို အားေပးလ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
အမ်ိဳးသားပညာေရး ျမႇင့္တင္ေရးအတြက္ အေျခခံအေဆာက္အဦမ်ား ျဖည့္ဆည္းေပးျခင္း၊ သင္႐ိုးၫႊန္းတမ္းမ်ား ေခတ္ႏွင့္အညီ မြမ္းမံျပင္ဆင္ျခင္း၊ ဆရာ/ဆရာမမ်ား သင္ၾကားသင္ယူမႈအရည္အေသြး ျမႇင့္တင္ျခင္း၊ သင္ယူမႈ အခြင့္အလမ္းမ်ား တိုးျမႇင့္ျခင္းတို႔ကို ေဆာင္႐ြက္ေပးလ်က္ရွိကာ ပညာေရးအသုံးစရိတ္မ်ားကို ႏွစ္စဥ္တိုးတက္သုံးစြဲ လ်က္ရွိ‌ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ထို႔ေၾကာင့္ အမ်ိဳးသားပညာေရးကိုျမႇင့္တင္ျခင္းျဖင့္ ႏိုင္ငံေတာ္စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုးတက္ခိုင္မာေစရန္ ႏိုင္ငံသားအားလုံးက ဝိုင္းဝန္းကူညီေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က သဝဏ္ လႊာ တြင္ ထည့္သြင္းေျပာၾကားခဲ့သည္။
ယေန႔ကာလသည္ မိမိတို႔ႏိုင္ငံအတြက္ ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုႀကီး တည္ေဆာက္ေရးအတြက္ အေရးႀကီးသည့္ အခ်ိန္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ျပည္သူလူထုတစ္ရပ္လုံး လိုလားေတာင့္တသည့္ ပါတီစုံဒီမိုကေရစီစနစ္ေအာင္ျမင္စြာ ေလွ်ာက္လွမ္း ႏိုင္ေရးအတြက္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမ်ားကို မၾကာမီ စတင္က်င္းပေတာ့မည္ ျဖစ္ပါသည္။ ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္သည္သာ မိမိတို႔ေလွ်ာက္ လွမ္းရမည့္ လမ္းေၾကာင္းအမွန္ျဖစ္သျဖင့္ ျပည္သူလူထု၏ ပူးေပါင္းပါဝင္မႈျဖင့္ ေအာင္ျမင္ေအာင္ ဝိုင္းဝန္းေဆာင္႐ြက္ေပးၾကပါရန္လည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုက္တြန္းေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.