ဝိုင်းမော်တွင် ငွေကျပ် (၂.၃) ဘီလျံကျော် တန်ဖိုးရှိ ဘိန်းဖြူ နှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိသော်လည်း စေခိုင်းသူကို မမိသေး

 59

စော(NP News)- နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမှ ကချင်ပြည်နယ်၊ ဝိုင်းမော်သို့ သယ်ဆောင်ရောင်းဝယ်မည့် ငွေကျပ် (၂ ဒသမ ၃) ဘီလျံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၄၇ ကီလိုကျော်နှင့် စိတ်ကြွဆေးပြား ၇ သိန်းကျော် သယ်ဆောင်လာသော မော်တော်ယာဉ်တစ်စီးကို ပြီးခဲ့သည့် အောက်တိုဘာ ၃ဝ ရက်၊ မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ပြီး သယ်ဆောင်ခိုင်းသူကို ဖမ်းဆီးရန် ကျန်ရှိနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝိုင်းမော်မြို့နယ်၊ နတ်မြစ်ခတံတားအနီး၌ သတင်း အရ စောင့်ဆိုင်းစဉ် လထော်နန်အောင် မောင်းနှင်ပြီး ဇခုန်ဒန်ရိန် လိုက်ပါလာသော TOYOTA HILUX REVO မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၄၇ ဒသမ ၅၂ ကီလို (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁ ဒသမ ၁၈၈ ဘီလီယံ)နှင့် စိတ်ကြွဆေးပြား ၇ ဒသမ ၈ သိန်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁ ဒသမ ၁၇ ဘီလျံ) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် (၂ ဒသမ ၃၅၈) ဘီလျံ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများအား သယ်ဆောင်ခိုင်းသူမှာ နမ့်ခမ်းမြို့နယ်နေ ခေါင်ဒေါင်ဖြစ်ကာ ၎င်းအား ဖမ်းဆီးရန်ကျန်ရှိနေပြီး ဖမ်းဆီးရမိမူးယစ်ဆေးဝါးများအား နမ့်ခမ်းမှ ဝိုင်းမော်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိ၍ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က အသိပေးထားသည်။

Zawgyi Version:
ဝိုင္းေမာ္တြင္ ေငြက်ပ္ (၂.၃) ဘီလ်ံေက်ာ္ တန္ဖိုးရွိ ဘိန္းျဖဴ ႏွင့္ စိတ္ႂကြေဆးျပားမ်ား ဖမ္းဆီးရမိေသာ္လည္း ေစခိုင္း သူကို မမိေသး
ေစာ(NP News)- ႏိုဝင္ဘာ ၁၄
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ နမ့္ခမ္းမွ ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္သို႔ သယ္ေဆာင္ေရာင္းဝယ္မည့္ ေငြက်ပ္ (၂ ဒသမ ၃) ဘီလ်ံေက်ာ္ တန္ဖိုးရွိ ဘိန္းျဖဴ ၄၇ ကီလိုေက်ာ္ႏွင့္ စိတ္ႂကြေဆးျပား ၇ သိန္းေက်ာ္ သယ္ေဆာင္လာေသာ ေမာ္ေတာ္ယာဥ္တစ္စီးကို ၿပီးခဲ့သည့္ ေအာက္တိုဘာ ၃ဝ ရက္၊ မြန္းလြဲပိုင္းက ဖမ္းဆီးရမိခဲ့ၿပီး သယ္ေဆာင္ခိုင္းသူကို ဖမ္းဆီးရန္ က်န္ရွိေနေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သိရသည္။
ျဖစ္စဥ္မွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ဝိုင္းေမာ္ၿမိဳ႕နယ္၊ နတ္ျမစ္ခတံတားအနီး၌ သတင္း အရ ေစာင့္ဆိုင္းစဥ္ လေထာ္နန္ေအာင္ ေမာင္းႏွင္ၿပီး ဇခုန္ဒန္ရိန္ လိုက္ပါလာေသာ TOYOTA HILUX REVO ေမာ္ေတာ္ယာဥ္ကို စစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရသည္။
ထိုသို႔ရွာေဖြခဲ့ရာ ယာဥ္ေပၚမွ ဘိန္းျဖဴ ၄၇ ဒသမ ၅၂ ကီလို (ခန႔္မွန္းတန္ဖိုး ေငြက်ပ္ ၁ ဒသမ ၁၈၈ ဘီလီယံ)ႏွင့္ စိတ္ႂကြေဆးျပား ၇ ဒသမ ၈ သိန္း(ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၁ ဒသမ ၁၇ ဘီလ်ံ) စုစုေပါင္း ခန႔္မွန္းတန္ဖိုးေငြက်ပ္ (၂ ဒသမ ၃၅၈) ဘီလ်ံ ဘီလီယံတန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
စစ္ေဆးေဖာ္ထုတ္ခ်က္မ်ားအရ ဖမ္းဆီးရမိမူးယစ္ေဆးဝါးမ်ားအား သယ္ေဆာင္ခိုင္းသူမွာ နမ့္ခမ္းၿမိဳ႕နယ္ေန ေခါင္ေဒါင္ျဖစ္ကာ ၎အား ဖမ္းဆီးရန္က်န္ရွိေနၿပီး ဖမ္းဆီးရမိမူးယစ္ေဆးဝါးမ်ားအား နမ့္ခမ္းမွ ဝိုင္းေမာ္သို႔ သယ္ေဆာင္ေရာင္းဝယ္ျခင္းျဖစ္ေၾကာင္း သိရသည္။
၎တို႔အား မူးယစ္ေဆးဝါးႏွင့္စိတ္ကို ေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားရွိ၍ ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က အသိေပးထားသည္။

Related news

© 2021. All rights reserved.