စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်ခံရသူ (၅၃၀)ကျော် ရရှိ

270

စော (NP News) - နိုဝင်ဘာ ၁၄
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော်အတွက် အမှုထမ်းသူ၊ အကျိုးဆောင်သူများ၊ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သူ (၅၃၀)ကျော်ကို စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ကြောင်း ယနေ့ နိုဝင်ဘာ ၁၄ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ထားသည်။
ထိုသို့ ချီးမြှင့်ရာတွင် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ရရှိသူ (၃၄)ဦးရှိပြီး စာပေ ပရိယတ္တိ၊ သုခုမပညာ၊ ကခြင်း၊ သီခြင်း၊ ဂီတပညာအရပ်ရပ်တို့တွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူကို ချီးမြှင့်သည့် အလင်္ကာကျော်စွာဘွဲ့ကို ဂီတပညာရှင် စန္ဒရားတင်ဝင်းလှိုင်အပါအဝင် (၆)ဦး ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် သိပ္ပံပညာ၊ ကုန်ကူးသန်းရောင်းဝယ်ရေး နှင့် စက်မှုလက်မှုပညာရပ်များတွင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သည့်အတွက် ချီးမြှင့်သော သိပ္ပကျော်စွာဘွဲ့ကို မြန်မာသမိုင်းအဖွဲ့ဝင် ဦးမြဟန် အပါအဝင် (၁၇)ဦးရရှိခဲ့ကြောင်း သိရသည်။
အလားတူ အခြားစွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်ခံရသူ (၅၀၃)ဦးရှိခဲ့သည့်အနက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာစွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်များဖြစ်သော ရဲသူရတံဆိပ်ကို (၇)ဦး၊ ရဲဗလတံဆိပ်ကို (၁၂၂)ဦးရရှိခဲ့ပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတံဆိပ်ဖြစ်သည့် သီရိဇေယျကျော်တံဆိပ်ရရှိသူ ဂျပန်နိုင်ငံ၊ နာဂိုယာမြို့နှင့် ကိုဘေးမြို့မှ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်များဖြစ်သော Mr. Toshio Nishimura နှင့် Mr.Noriatsu Otomori တို့က ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်များဖြစ်သော စီမံထူးချွန်တံဆိပ် (ပထမဆင့်) ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးလှိုင်ဦးက ရရှိခဲ့ရာ စုစုပေါင်း (၁၀)ဦး ရရှိခဲ့ပြီး ဒုတိယဆင့် ရရှိသူ (၂၅)ဦး၊ တတိယဆင့်ကို (၁၅၀)ဦး ရရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
စြမ္းေဆာင္မႈဆိုင္ရာဂုဏ္ထူးေဆာင္ဘြဲ႕မ်ား၊ ဂုဏ္ထူးေဆာင္တံဆိပ္မ်ားခ်ီးျမႇင့္ခံရသူ (၅၃၀)ေက်ာ္ ရရွိ
ေစာ (NP News) - ႏိုဝင္ဘာ ၁၄
ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးက ႏိုင္ငံေတာ္အတြက္ အမႈထမ္းသူ၊ အက်ိဳးေဆာင္သူမ်ား၊ ႏိုင္ငံေတာ္ကာကြယ္ေရးႏွင့္လုံၿခဳံေရးတာဝန္မ်ားကို စြမ္းစြမ္းတမံထမ္းေဆာင္ခဲ့သူ (၅၃၀)ေက်ာ္ကို စြမ္းေဆာင္မႈဆိုင္ရာဂုဏ္ထူးေဆာင္ဘြဲ႕မ်ား၊ ဂုဏ္ထူးေဆာင္တံဆိပ္မ်ား ခ်ီးျမႇင့္အပ္ႏွင္းခဲ့ေၾကာင္း ယေန႔ ႏိုဝင္ဘာ ၁၄ ရက္ထုတ္ ႏိုင္ငံပိုင္သတင္းစာတြင္ ထုတ္ျပန္ထားသည္။
ထိုသို႔ ခ်ီးျမႇင့္ရာတြင္ စြမ္းေဆာင္မႈဆိုင္ရာ ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား ရရွိသူ (၃၄)ဦးရွိၿပီး စာေပ ပရိယတၱိ၊ သုခုမပညာ၊ ကျခင္း၊ သီျခင္း၊ ဂီတပညာအရပ္ရပ္တို႔တြင္ ထူးျခားေကာင္းမြန္စြာ တတ္ေျမာက္သူကို ခ်ီးျမႇင့္သည့္ အလကၤာေက်ာ္စြာဘြဲ႕ကို ဂီတပညာရွင္ စႏၵရားတင္ဝင္းလႈိင္အပါအဝင္ (၆)ဦး ရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ သိပၸံပညာ၊ ကုန္ကူးသန္းေရာင္းဝယ္ေရး ႏွင့္ စက္မႈလက္မႈပညာရပ္မ်ားတြင္ ထူးကဲေကာင္းမြန္စြာ ေဆာင္႐ြက္သည့္အတြက္ ခ်ီးျမႇင့္ေသာ သိပၸေက်ာ္စြာဘြဲ႕ကို ျမန္မာသမိုင္းအဖြဲ႕ဝင္ ဦးျမဟန္ အပါအဝင္ (၁၇)ဦးရရွိခဲ့ေၾကာင္း သိရသည္။
အလားတူ အျခားစြမ္းေဆာင္မႈဆိုင္ရာ ဂုဏ္ထူးေဆာင္တံဆိပ္မ်ားခ်ီးျမႇင့္ခံရသူ (၅၀၃)ဦးရွိခဲ့သည့္အနက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဆိုင္ရာစြမ္းရည္သတၱိဂုဏ္ထူးေဆာင္တံဆိပ္မ်ားျဖစ္ေသာ ရဲသူရတံဆိပ္ကို (၇)ဦး၊ ရဲဗလတံဆိပ္ကို (၁၂၂)ဦးရရွိခဲ့ၿပီး ႏိုင္ငံတကာပူးေပါင္းေဆာင္႐ြက္မႈတံဆိပ္ျဖစ္သည့္ သီရိေဇယ်ေက်ာ္တံဆိပ္ရရွိသူ ဂ်ပန္ႏိုင္ငံ၊ နာဂိုယာၿမိဳ႕ႏွင့္ ကိုေဘးၿမိဳ႕မွ ျမန္မာဂုဏ္ထူးေဆာင္ေကာင္စစ္ဝန္မ်ားျဖစ္ေသာ Mr. Toshio Nishimura ႏွင့္ Mr.Noriatsu Otomori တို႔က ရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ စြမ္းေဆာင္မႈဆိုင္ရာဂုဏ္ထူးေဆာင္တံဆိပ္မ်ားျဖစ္ေသာ စီမံထူးခြၽန္တံဆိပ္ (ပထမဆင့္) ကို ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္ ဦးလႈိင္ဦးက ရရွိခဲ့ရာ စုစုေပါင္း (၁၀)ဦး ရရွိခဲ့ၿပီး ဒုတိယဆင့္ ရရွိသူ (၂၅)ဦး၊ တတိယဆင့္ကို (၁၅၀)ဦး ရရွိခဲ့ေၾကာင္း သိရသည္။