အာဖဂန် ဘိန်းခင်းများတွင် CIA လျှို့ဝှက်အဖျက်အမှောက်ပုံစံမျိုး သမ္မတထရမ့် လက်ထက် တစ်ကျော့ပြန်လာမည်လား (ဘာသာပြန်ဆောင်းပါး)

520

Htay Oung (NP News) - နိုဝင်ဘာ ၁၄
အမေရိကန် ဗဟိုထောက်လှမ်းရေး CIA ဟာ အာဖဂန်နစ္စတန်ရဲ့ဘိန်းလုပ်ငန်းအထွက်နည်းစေရန် လျှို့ဝှက်စွာ အဖျက်အမှောက်ပြုလုပ်ခဲ့ကြောင်း၊ ဆယ်နှစ်ကျော်ကြာ အချိန်ယူပြီး တမင်ဖန်တီးထားတဲ့ အထူးဘိန်းစေ့ ဘီလီ ယံပေါင်းများစွာကို ဝေဟင်မှ ကြဲချခဲ့ဖူးတယ်လို့ “ဝါရှင်တန်ပို့စ်” က ၂ဝ၂၅ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်မှာ ရေးသားခဲ့ ပါတယ်။
အဲဒီ ဘိန်းစေ့တွေဟာ ဓါတ်ခွဲခန်းမှာ မျိုးရိုးဗီဇပြုပြင်ထားခြင်းမျိုးတော့ မဟုတ်ပါဘူး၊ အယ်ကာလွိုက်ဓါတုပစ္စည်း ပါဝင်မှုနည်းပါးအောင် မျိုးစပ်နည်းနဲ့ နှစ်ပေါင်းများစွာ တမင်မွေးယူထားတဲ့ ဘိန်းစေ့များဖြစ်ပါတယ်။ ဟီးရိုး အင်းလို့ ခေါ်တဲ့ ဘိန်းဖြူပြုလုပ်နိုင်လောက်တဲ့ ဓာတုပစ္စည်း မပါသလောက်ရှိတဲ့ အပင်များသာ ပေါက်လာနိုင်ပါတယ်။ CIA ရဲ့ လျှို့ဝှက်စစ်ဆင်ရေးဟာ ၂၀၀၄ ခုနှစ်ဝန်းကျင်မှ ၂၀၁၅ ခုနှစ်အထိကြာမြင့်ခဲ့ကြောင်း၊ ဘိန်း အများစု စိုက်ပျိုး လေ့ရှိတဲ့ အာဖဂန်တောင်ပိုင်းနဲ့ အရှေ့ပိုင်း ပြည်နယ်နှစ်ခုမှာဖြစ်ပြီး ပါကစ္စတန်နဲ့ထိစပ်နေတဲ့ နယ်စပ်ဒေသများမှာ အဓိက ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။
ရည်ရွယ်ချက်ကတော့ ညံ့ဖျင်းတဲ့အပင်သစ်တွေဟာ ဒေသခံဘိန်းပင်များနဲ့ ရောနှောပြီး ဘိန်းအထွက်နှုန်း လျော့နည်းစေရန်ဖြစ်ပါတယ်။ ဘိန်းဖြူဟာ တာလီဘန်တို့ရဲ့ဝင်ငွေရလမ်းဖြစ်နေပြီး မူးယစ်ဆေးရောင်း ဝယ်မှု ကြောင့် ဖြစ်ပေါ်လာတဲ့ အဂတိလိုက်စားမှုများကို လျှော့ချရန်လည်း ပါဝင်ပါတယ်။ အစီအစဉ်ဟာ အလွန် လျှို့ ဝှက်လွန်းတဲ့အတွက် အမေရိကန်အရာရှိအတော်များများနဲ့ အဲ့ဒီအချိန် အာဖဂန်မှာ အုပ်ချုပ်နေတဲ့ “ဟာမစ် ကာဇိုင်း” အစိုးရကိုပင် အသိမပေးခဲ့ဘူးလို့ ဆိုပါတယ်။ CIA ရဲ့ အထူးလျှို့ဝှက်လုပ်ပိုင်ခွင့် မူဘောင်အတွင်းမှာ သမ္မတ ဂျော့ဒဗလျူဘွတ်ရှ် ( သားဘွတ်ရှ်) က တရားဝင်အတည်ပြုခဲ့တယ်လို့ မစ်ရှင်အကြောင်း အသေးစိတ် သိရှိတဲ့ အမည်မဖော်လိုသူ သတင်းရင်းမြစ် ၁၄ ဦးက ပြောပါတယ်။
9/11 ဖြစ်စဉ်မှာ အဓိကတာဝန်ရှိသူ အယ်လ်ကိုင်ဒါခေါင်းဆောင် “အိုစမာဘင်လာဒင်” ကို လွှဲအပ်ရန် ငြင်းဆန် တဲ့ တာလီဘန် အစိုးရကို ပြစ်ဒဏ်ပေးဖို့အတွက် ၂၀၀၁-ခုနှစ် နိုဝင်ဘာလမှာ အမေရိကန်နဲ့ ညွန့်ပေါင်းတပ် များရဲ့ “အာဖဂန်ကျူးကျော်မှု စစ်ပွဲ” စတင်ခဲ့ပါတယ်။ ၃-နှစ်ကြာပြီးနောက် အမေရိကန် ကမကထပြုပြီး ဟာ မစ်ကာဇိုင်းဦးဆောင် အာဖဂန်သမ္မတနိုင်ငံကို တာလီဘန်အပါအဝင် ဂျီစတ်ဝါဒီစစ်သွေးကြွတို့က ပြင်းထန်စွာ တော်လှန်ဆန့်ကျင်ကြပါတယ်။
နှစ် ၂၀ ကြာ ပြင်းထန်တဲ့ စစ်ပွဲအတွင်း အမေရိကန်ဟာ “ပရီဒေတာ” လို အဆင့်မြင့်မောင်းသူမဲ့လေ ယာဉ်များ နဲ့ နောက်ဆုံးပေါ် ဒုံးကျည်များကို သုံးစွဲခဲ့ပါတယ်။ ဒါ့အပြင် “ဗုံးအားလုံးရဲ့ မိခင်” ခေါ် နျူကလီယာ မဟုတ်ပဲ အစွမ်းထက်ဆုံး ဗုံးများ အပါအဝင် ပေါက်ကွဲပစ္စည်း တန်ချိန် သန်းချီ ကြဲချခဲ့ပါတယ်။ အဲ့ဒီလို သမား ရိုးကျလက် နက်များကြားမှာ အထူးဖန်တီးထားတဲ့ ဘိန်းစေ့ ဘီလီယံပေါင်းများစွာလည်း ပါဝင်ခဲ့ပါတယ်
အဲဒီလိုလုပ်လို့ ဘယ်အတိုင်းအတာအထိ အောင်မြင်တယ်ဆိုတာ အမှန်မသိရှိရသေးပါဘူး၊ ကုန်ကျစရိတ်၊ ရလဒ် များနဲ့ စုစုပေါင်း အကြိမ်ဘယ်လောက်ပျံသန်းခဲ့တယ်ဆိုတာမျိုးလို အသေးစိတ်အချက်အလက် အားလုံးကိုလည်း လျှို့ဝှက်ထားဆဲဖြစ်ပါတယ်။ လက်တင်အမေရိကဒေသ မူးယစ်-ဒုစရိုက်ဂိုဏ်းများကို ပစ်မှတ်ထားတဲ့ အိမ်ဖြူ တော်ရဲ့ပိုမိုကျယ်ပြန့်တဲ့ “မူးယစ်ဆေးတိုက်ဖျက်ရေးစစ်ပွဲ’ မှာ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရှိရပြီး၊ ထရမ့် လက်ထက် လုံခြုံရေးအစီအစဉ်များ ပြန်လည်အသက်ဝင်ချိန်မှာ ယခုသတင်းပေါက်ကြားခြင်းနဲ့ တိုက်ဆိုင်နေပါ တယ်။
သမ္မတထရမ့်ဟာ အနောက်ကမ္ဘာခြမ်းရှိ မူးယစ်ဂိုဏ်းများကို စစ်ကြေညာခဲ့ပြီး ကာရစ်ဘီယံပင်လယ်နဲ့ အရှေ့ ပစိဖိတ်ရေပြင်ရှိ မူးယစ်မှောင်ခိုသံသယရှိဘုတ်များကို တိုက်ခိုက်ရန် ဆယ်ကြိမ်ကျော်အမိန့်ပေးခဲ့ပါတယ်။ မူးယစ် ဂိုဏ်းများကို အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ခဲ့ပြီး ရေတပ်နဲ့ လေတပ်ကိုလည်း ဒေသအတွင်း စိုးမိုးထားဖို့ အင်အားအလုံးအရင်းနဲ့ ရွှေ့ပြောင်းနေပါတယ်။ မူးယစ်ဆေးဝါး မှောင်ခိုသမားများနဲ့ ဒုစရိုက်သမားများအပေါ် ထောက်ခံသူတို့ကို တက်ကြွထက်သန်စွာ လျှို့ဝှက်အရေးယူမှုများ ပြုလုပ်ဖို့ CIA ကို ခွင့်ပြုထားပါတယ်။
ဒါပေမယ့် ရှေ့ယခင် မူးယစ်ဆေးဝါးစစ်ပွဲများမှာ အတွေ့အကြုံရှိခဲ့တဲ့ အရာရှိဟောင်းများရဲ့အဆိုအရ ယခု နောက်ဆုံးကြိုးပမ်းမှုကလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုတုန်းက အာဖဂန်ဘိန်းတိုက်ဖျက်ရေးနည်းတူ အောင် မြင်ရန် မသေမချာဖြစ်နေတယ်လို့ ဝါရှင်တန်ပို့စ်က ရေးပါတယ်။
အမေရိကန်ဟာ ၁၉၆၀-၁၉၇၅ ခုနှစ် အင်ဒိုချိုင်းနားစစ်ပွဲမှာ သမိုင်း စံချိန်တင်ဗုံးကြဲခဲ့ပါ တယ်။ ပထမနဲ့ ဒုတိ ယကမ္ဘာစစ်နှစ်ခုပေါင်းမှာ အမေရိကန်နဲ့ မဟာမိတ်များ ကြဲချခြင်းထက် အဆပေါင်းများစွာ ပိုမိုပြီး တန်ချိန် ၇.၅ သန်းအထိကြဲချခြင်းဟာ လူဖြူမဟုတ်ရဲ့ အာရှတိုက်သားများဖြစ်ခြင်းကြောင့် ဟုတ်-မဟုတ် ဝေဖန်စရာ ဖြစ်ခဲ့ပါ တယ်။ တစ်ပြိုင်တည်းမှာပဲ သစ်တောများကို အရွက်ကြွေကျစေတဲ့ “ဒိုင်အောက်ဆင်” (Agent Orange) နဲ့ ရန် သူ စပါးခင်း-စားနပ်ရိက္ခာများ သုံးစွဲမရအောင် “အာဆင်းနစ်အဆိပ်အခြေခံ” (Agent Blue) တို့ကို အသုံးပြုခဲ့ ဖူးပါတယ်။ ဒါပေမယ့် ရည်မှန်းချက် မအောင်မြင်ခဲ့ပါဘူး။
#HtayOung #OungMarine

Zawgyi Version:
အာဖဂန္ ဘိန္းခင္းမ်ားတြင္ CIA လွ်ိဳ႕ဝွက္အဖ်က္အေမွာက္ပုံစံမ်ိဳး သမၼတထရမ့္ လက္ထက္ တစ္ေက်ာ့ျပန္လာမည္ လား (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ႏိုဝင္ဘာ ၁၄
အေမရိကန္ ဗဟိုေထာက္လွမ္းေရး CIA ဟာ အာဖဂန္နစၥတန္ရဲ႕ဘိန္းလုပ္ငန္းအထြက္နည္းေစရန္ လွ်ိဳ႕ဝွက္စြာ အဖ်က္အေမွာက္ျပဳလုပ္ခဲ့ေၾကာင္း၊ ဆယ္ႏွစ္ေက်ာ္ၾကာ အခ်ိန္ယူၿပီး တမင္ဖန္တီးထားတဲ့ အထူးဘိန္းေစ့ ဘီလီ ယံေပါင္းမ်ားစြာကို ေဝဟင္မွ ႀကဲခ်ခဲ့ဖူးတယ္လို႔ “ဝါရွင္တန္ပို႔စ္” က ၂ဝ၂၅ ခုႏွစ္ ႏိုဝင္ဘာလ ၁၂ ရက္မွာ ေရးသားခဲ့ ပါတယ္။
အဲဒီ ဘိန္းေစ့ေတြဟာ ဓါတ္ခြဲခန္းမွာ မ်ိဳး႐ိုးဗီဇျပဳျပင္ထားျခင္းမ်ိဳးေတာ့ မဟုတ္ပါဘူး၊ အယ္ကာလြိဳက္ဓါတုပစၥည္း ပါဝင္မႈနည္းပါးေအာင္ မ်ိဳးစပ္နည္းနဲ႔ ႏွစ္ေပါင္းမ်ားစြာ တမင္ေမြးယူထားတဲ့ ဘိန္းေစ့မ်ားျဖစ္ပါတယ္။ ဟီး႐ိုး အင္းလို႔ ေခၚတဲ့ ဘိန္းျဖဴျပဳလုပ္ႏိုင္ေလာက္တဲ့ ဓာတုပစၥည္း မပါသေလာက္ရွိတဲ့ အပင္မ်ားသာ ေပါက္လာႏိုင္ပါတယ္။ CIA ရဲ႕ လွ်ိဳ႕ဝွက္စစ္ဆင္ေရးဟာ ၂၀၀၄ ခုႏွစ္ဝန္းက်င္မွ ၂၀၁၅ ခုႏွစ္အထိၾကာျမင့္ခဲ့ေၾကာင္း၊ ဘိန္း အမ်ားစု စိုက္ပ်ိဳး ေလ့ရွိတဲ့ အာဖဂန္ေတာင္ပိုင္းနဲ႔ အေရွ႕ပိုင္း ျပည္နယ္ႏွစ္ခုမွာျဖစ္ၿပီး ပါကစၥတန္နဲ႔ထိစပ္ေနတဲ့ နယ္စပ္ေဒသမ်ားမွာ အဓိက ျပဳလုပ္ခဲ့တယ္လို႔ သိရွိရပါတယ္။
ရည္႐ြယ္ခ်က္ကေတာ့ ညံ့ဖ်င္းတဲ့အပင္သစ္ေတြဟာ ေဒသခံဘိန္းပင္မ်ားနဲ႔ ေရာေႏွာၿပီး ဘိန္းအထြက္ႏႈန္း ေလ်ာ့နည္းေစရန္ျဖစ္ပါတယ္။ ဘိန္းျဖဴဟာ တာလီဘန္တို႔ရဲ႕ဝင္ေငြရလမ္းျဖစ္ေနၿပီး မူးယစ္ေဆးေရာင္း ဝယ္မႈ ေၾကာင့္ ျဖစ္ေပၚလာတဲ့ အဂတိလိုက္စားမႈမ်ားကို ေလွ်ာ့ခ်ရန္လည္း ပါဝင္ပါတယ္။ အစီအစဥ္ဟာ အလြန္ လွ်ိဳ႕ ဝွက္လြန္းတဲ့အတြက္ အေမရိကန္အရာရွိအေတာ္မ်ားမ်ားနဲ႔ အဲ့ဒီအခ်ိန္ အာဖဂန္မွာ အုပ္ခ်ဳပ္ေနတဲ့ “ဟာမစ္ ကာဇိုင္း” အစိုးရကိုပင္ အသိမေပးခဲ့ဘူးလို႔ ဆိုပါတယ္။ CIA ရဲ႕ အထူးလွ်ိဳ႕ဝွက္လုပ္ပိုင္ခြင့္ မူေဘာင္အတြင္းမွာ သမၼတ ေဂ်ာ့ဒဗလ်ဴဘြတ္ရွ္ ( သားဘြတ္ရွ္) က တရားဝင္အတည္ျပဳခဲ့တယ္လို႔ မစ္ရွင္အေၾကာင္း အေသးစိတ္ သိရွိတဲ့ အမည္မေဖာ္လိုသူ သတင္းရင္းျမစ္ ၁၄ ဦးက ေျပာပါတယ္။
9/11 ျဖစ္စဥ္မွာ အဓိကတာဝန္ရွိသူ အယ္လ္ကိုင္ဒါေခါင္းေဆာင္ “အိုစမာဘင္လာဒင္” ကို လႊဲအပ္ရန္ ျငင္းဆန္ တဲ့ တာလီဘန္ အစိုးရကို ျပစ္ဒဏ္ေပးဖို႔အတြက္ ၂၀၀၁-ခုႏွစ္ ႏိုဝင္ဘာလမွာ အေမရိကန္နဲ႔ ၫြန႔္ေပါင္းတပ္ မ်ားရဲ႕ “အာဖဂန္က်ဴးေက်ာ္မႈ စစ္ပြဲ” စတင္ခဲ့ပါတယ္။ ၃-ႏွစ္ၾကာၿပီးေနာက္ အေမရိကန္ ကမကထျပဳၿပီး ဟာ မစ္ကာဇိုင္းဦးေဆာင္ အာဖဂန္သမၼတႏိုင္ငံကို တာလီဘန္အပါအဝင္ ဂ်ီစတ္ဝါဒီစစ္ေသြးႂကြတို႔က ျပင္းထန္စြာ ေတာ္လွန္ဆန႔္က်င္ၾကပါတယ္။
ႏွစ္ ၂၀ ၾကာ ျပင္းထန္တဲ့ စစ္ပြဲအတြင္း အေမရိကန္ဟာ “ပရီေဒတာ” လို အဆင့္ျမင့္ေမာင္းသူမဲ့ေလ ယာဥ္မ်ား နဲ႔ ေနာက္ဆုံးေပၚ ဒုံးက်ည္မ်ားကို သုံးစြဲခဲ့ပါတယ္။ ဒါ့အျပင္ “ဗုံးအားလုံးရဲ႕ မိခင္” ေခၚ န်ဴကလီယာ မဟုတ္ပဲ အစြမ္းထက္ဆုံး ဗုံးမ်ား အပါအဝင္ ေပါက္ကြဲပစၥည္း တန္ခ်ိန္ သန္းခ်ီ ႀကဲခ်ခဲ့ပါတယ္။ အဲ့ဒီလို သမား ႐ိုးက်လက္ နက္မ်ားၾကားမွာ အထူးဖန္တီးထားတဲ့ ဘိန္းေစ့ ဘီလီယံေပါင္းမ်ားစြာလည္း ပါဝင္ခဲ့ပါတယ္
အဲဒီလိုလုပ္လို႔ ဘယ္အတိုင္းအတာအထိ ေအာင္ျမင္တယ္ဆိုတာ အမွန္မသိရွိရေသးပါဘူး၊ ကုန္က်စရိတ္၊ ရလဒ္ မ်ားနဲ႔ စုစုေပါင္း အႀကိမ္ဘယ္ေလာက္ပ်ံသန္းခဲ့တယ္ဆိုတာမ်ိဳးလို အေသးစိတ္အခ်က္အလက္ အားလုံးကိုလည္း လွ်ိဳ႕ဝွက္ထားဆဲျဖစ္ပါတယ္။ လက္တင္အေမရိကေဒသ မူးယစ္-ဒုစ႐ိုက္ဂိုဏ္းမ်ားကို ပစ္မွတ္ထားတဲ့ အိမ္ျဖဴ ေတာ္ရဲ႕ပိုမိုက်ယ္ျပန႔္တဲ့ “မူးယစ္ေဆးတိုက္ဖ်က္ေရးစစ္ပြဲ’ မွာ တစ္စိတ္တစ္ပိုင္းျဖစ္ေၾကာင္း သိရွိရၿပီး၊ ထရမ့္ လက္ထက္ လုံၿခဳံေရးအစီအစဥ္မ်ား ျပန္လည္အသက္ဝင္ခ်ိန္မွာ ယခုသတင္းေပါက္ၾကားျခင္းနဲ႔ တိုက္ဆိုင္ေနပါ တယ္။
သမၼတထရမ့္ဟာ အေနာက္ကမာၻျခမ္းရွိ မူးယစ္ဂိုဏ္းမ်ားကို စစ္ေၾကညာခဲ့ၿပီး ကာရစ္ဘီယံပင္လယ္နဲ႔ အေရွ႕ ပစိဖိတ္ေရျပင္ရွိ မူးယစ္ေမွာင္ခိုသံသယရွိဘုတ္မ်ားကို တိုက္ခိုက္ရန္ ဆယ္ႀကိမ္ေက်ာ္အမိန႔္ေပးခဲ့ပါတယ္။ မူးယစ္ ဂိုဏ္းမ်ားကို အၾကမ္းဖက္အဖြဲ႕မ်ားအျဖစ္ သတ္မွတ္ခဲ့ၿပီး ေရတပ္နဲ႔ ေလတပ္ကိုလည္း ေဒသအတြင္း စိုးမိုးထားဖို႔ အင္အားအလုံးအရင္းနဲ႔ ေ႐ႊ႕ေျပာင္းေနပါတယ္။ မူးယစ္ေဆးဝါး ေမွာင္ခိုသမားမ်ားနဲ႔ ဒုစ႐ိုက္သမားမ်ားအေပၚ ေထာက္ခံသူတို႔ကို တက္ႂကြထက္သန္စြာ လွ်ိဳ႕ဝွက္အေရးယူမႈမ်ား ျပဳလုပ္ဖို႔ CIA ကို ခြင့္ျပဳထားပါတယ္။
ဒါေပမယ့္ ေရွ႕ယခင္ မူးယစ္ေဆးဝါးစစ္ပြဲမ်ားမွာ အေတြ႕အႀကဳံရွိခဲ့တဲ့ အရာရွိေဟာင္းမ်ားရဲ႕အဆိုအရ ယခု ေနာက္ဆုံးႀကိဳးပမ္းမႈကလည္း လြန္ခဲ့တဲ့ ဆယ္စုႏွစ္ႏွစ္ခုတုန္းက အာဖဂန္ဘိန္းတိုက္ဖ်က္ေရးနည္းတူ ေအာင္ ျမင္ရန္ မေသမခ်ာျဖစ္ေနတယ္လို႔ ဝါရွင္တန္ပို႔စ္က ေရးပါတယ္။
အေမရိကန္ဟာ ၁၉၆၀-၁၉၇၅ ခုႏွစ္ အင္ဒိုခ်ိဳင္းနားစစ္ပြဲမွာ သမိုင္း စံခ်ိန္တင္ဗုံးႀကဲခဲ့ပါ တယ္။ ပထမနဲ႔ ဒုတိ ယကမာၻစစ္ႏွစ္ခုေပါင္းမွာ အေမရိကန္နဲ႔ မဟာမိတ္မ်ား ႀကဲခ်ျခင္းထက္ အဆေပါင္းမ်ားစြာ ပိုမိုၿပီး တန္ခ်ိန္ ၇.၅ သန္းအထိႀကဲခ်ျခင္းဟာ လူျဖဴမဟုတ္ရဲ႕ အာရွတိုက္သားမ်ားျဖစ္ျခင္းေၾကာင့္ ဟုတ္-မဟုတ္ ေဝဖန္စရာ ျဖစ္ခဲ့ပါ တယ္။ တစ္ၿပိဳင္တည္းမွာပဲ သစ္ေတာမ်ားကို အ႐ြက္ေႂကြက်ေစတဲ့ “ဒိုင္ေအာက္ဆင္” (Agent Orange) နဲ႔ ရန္ သူ စပါးခင္း-စားနပ္ရိကၡာမ်ား သုံးစြဲမရေအာင္ “အာဆင္းနစ္အဆိပ္အေျခခံ” (Agent Blue) တို႔ကို အသုံးျပဳခဲ့ ဖူးပါတယ္။ ဒါေပမယ့္ ရည္မွန္းခ်က္ မေအာင္ျမင္ခဲ့ပါဘူး။
#HtayOung #OungMarine