အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဆင်သင့်ဖြစ်ပြီလား

146

ရဲထက် (NP News) - နိုဝင်ဘာ ၁၄
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးအသင်းနဲ့ မန်စီးတီး အသင်းတို့ကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ရမှတ်(၆)မှတ်ဖြတ်ပြီး ဦးဆောင်ထားတာကို တွေ့ရ မှာဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုရဖို့အတွက်လည်း အကောင်းဆုံးအစုအဖွဲ့တစ်ခုကို ပြိုင်ဆိုင်ထားပါ တယ်။ ဒါကြောင့် NP News ကနေ ဒီရာသီ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီ ယံဆုရယူ အ တွက် အလားအလာနဲ့ ဖြစ်နိုင်ခြေသုံးသပ်ချက်တွေကို တင်ပြပေးချင်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ ပေးဂိုးအနည်းဆုံးအသင်း
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ပေးဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည် နေပြီး နောက်ဆုံးကန်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၄)ပွဲဆက် ပေးဂိုးမရှိတဲ့အသင်းဖြစ်ပြီး ဒီရာသီမှာ တစ် ဂိုးထက်ပိုပြီး ပေးလိုက်ရတဲ့ပွဲစဉ်မရှိခဲ့တာကို ကြည့်ရင် အာဆင်နယ်အသင်းရဲ့ ခံစစ်စွမ်းဆောင်ရည်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ပြင် အာဆင်နယ်အ သင်းဟာ အောက်တိုဘာလအတွင်းမှာ ပေးဂိုး(၁)ဂိုး သာခွင့်ပြုခဲ့ရတဲ့အပြင် ဒီသွင်းဂိုးကလည်း အာဆင်နယ်အသင်းရဲ့ဂိုးပေါက်ထဲကို ကန်သွင်းဖို့ခွင့်ပြုခဲ့ရတဲ့ တစ်ကြိမ်ပဲဖြစ်ပါတယ်။ ဒါက ဘာကိုဖော်ပြလဲဆိုရင် အာဆင်နယ်အသင်းရဲ့ခံစစ်ဟာ ဂိုးပေးရဖို့ နေနေ သာသာ ဂိုးပေါက်ကန်သွင်းယူဖို့ အခွင့်အရေးတောင်မပေးတဲ့အထိ မာကျောကျစ်လျစ်နေတာကို မြင် တွေ့ရမှာ ဖြစ်ပါတယ်။ အဓိကအားသာချက်အနေနဲ့ကတော့ နောက်တန်းခံစစ်မှာ ဆလီဘာနဲ့ဂါဘရီရယ် တို့ရဲ့ခြေစွမ်းဖြစ်ပြီး ပွဲတစ်ပွဲချင်းစီအလိုက် အတက်အဆင်းမှန် မှန်နဲ့ကစားတတ်သလို ပွဲကိုလုပ်အား နှုန်း ကောင်းကောင်းနဲ့ ဖြတ်ထုတ်မှုတွေက အာဆင်နယ်အသင်း ဂိုးမပေးရခြင်းတွေရဲ့ အဓိကသော့ချက် တစ် ခုပဲဖြစ်ပါတယ်။ ဒါ့ပြင် ဘေးနှစ်ဖက်က တင့်ဘားနဲ့ကာလာ ဖိုရီတို့ရဲ့ခြေစွမ်းကလည်း တိုက်စစ်ပိုင်းအထိ လိုက်ပါစီးမျောနိုင်စွမ်းရှိသလို လိုအပ်ရင် ဂိုးသွင်းယူပေးနိုင်ရုံသာမကဘဲ ဂိုးဖန်တီးမှုတွေကိုပါ လုပ် ဆောင်ထားနိုင်တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် အာဆင်နယ်ဂိုးသမား ဒေးဗစ်ယာယာရဲ့လက်စွမ်းကိုလည်း မဖြစ်မနေ ချီးကျူးရမှာဖြစ်ပြီး အာဆင်နယ်အသင်းပေးဂိုးမရှိဘဲ နိုင်ပွဲရခဲ့တဲ့ပွဲစဉ်တွေဟာ ဒေးဗစ် ယာ ယာရဲ့ ပုတ်ထုတ်ကာကွယ်မှုတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ပြောရရင် အာဆင်နယ်အသင်းရဲ့ ခံစစ် ကစားသမား အကုန်လုံးဟာ ဒီရာသီမှာ အကောင်းဆုံးပုံစံတစ်ခုနဲ့ ခြေစွမ်းပြနေတာဖြစ်ပြီး အသင်းရဲ့ ချန်ပီယံလမ်းကြောင်းအတွက် အဓိကထောက်တိုင်တွေပဲဖြစ်ပါတယ်။
နိုင်ပွဲဆာလောင်မှုနဲ့ ကံတရားရဲ့ ဖေးမမှု
ဒီရာသီ အာဆင်နယ်အသင်းရဲ့ပွဲစဉ်တွေကို ပြန်ကြည့်ရင် တစ်သင်းလုံးမှာ ကစားသမားကောင်း တွေရှိနေတယ်ဆိုတာထက် တစ်သင်းလုံးရဲ့ နိုင်ပွဲရယူ လိုတဲ့ခံယူချက်နဲ့ စိတ်ဓာတ်ပိုင်းတွေကြောင့်လို့ လည်းပြောလို့ရနေပါတယ်။ ပြောရရင် အာဆင်နယ်အသင်းဟာ နိုင်ပွဲတွေရနေတယ်ဆိုပေမယ့် တိုက်စစ် စွမ်းဆောင်ရည်ပိုင်းမှာ အရမ်းကြီးအားရစရာကောင်းလောက်အောင် ဂိုးတွေသွင်းယူနေတာမဟုတ်ဘဲ တစ်သင်းလုံးရဲ့ ကစားအားကောင်းမွန်မှု၊ ကွင်းလယ်နဲ့ ခံစစ်ပိုင်းက တစ်ပွဲလုံးကို အတင်အချမှန်မှန်နဲ့ ကစားထားနိုင်မှုတွေကြောင့်သာ နိုင်ပွဲတွေဆက်နေတာဖြစ်ပါတယ်။ ဒါတွေအားလုံးရဲ့ အဓိကအုတ်မြစ် က အာဆင်နယ်အသင်းသားတွေရဲ့ ဒီရာသီအတွက်ခံယူထားတဲ့ ချန်ပီယံစိတ်ဓာတ်ပိုင်းဖြစ်ပါတယ်။ ဒါ့ ပြင် နည်းပြ အာတီတာအနေနဲ့လည်း ကစားသမားတွေရဲ့အရည်အသွေးနဲ့ ကစားကွက်အခင်းအကျင်းကို လိုသလို အသုံးချကစားစေမှုတွေကလည်း အာဆင်နယ်အသင်းအတွက် အရေးပါတဲ့အရာတွေပဲဖြစ်ပါ တယ်။ အာဆင်နယ်အသင်းဟာ ဒီရာသီမှာ အဘက်ဘက်က ကောင်းမွန်ပြည့်စုံနေတဲ့အသင်းဖြစ်ပြီး ကိုယ်လုပ်ရမယ့်အလုပ်ကို အကောင်းဆုံးလုပ်ဆောင်နေတဲ့အသင်းလည်းဖြစ်ပါတယ်။ အရန်ကစားသမား အနေနဲ့ရော ပွဲထွက်ကစားသမားတွေအနေနဲ့ပါ အဘက်ဘက်ကပြောစရာမလိုအောင်ကောင်းတဲ့ အ သင်းလည်းဖြစ်ပြီး တစ်သင်းလုံးက တစ်သွေးတည်း တစ်သားတည်း ရှေ့ဆက်နေတဲ့အသင်းလည်း အ သင်းလည်းဖြစ်ပါတယ်။ ကံ၊ ဉာဏ်နဲ့ ဝီရိယအကောင်းဆုံးဖြစ်နေရုံသာမကဘဲ ကံတရားရဲ့ဖေးမမှုတွေက လည်း အာဆင်နယ်အသင်းဘက်မှာရှိနေပြန်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အာဆင်နယ်အသင်းကို အဓိ က ဖိအားပေးနေတဲ့အသင်းတွေအားလုံး ခြေစွမ်းပိုင်းကျဆင်းသွားသလို ရှုံးပွဲတွေ့သွားတာကြောင့်ပဲ ဖြစ် ပါတယ်။ အနီးကပ်ဆုံး ပြိုင်ဘက် လီဗာပူးလ်အသင်းဆိုရင် နိုင်ပွဲတွေပျောက်ဆုံးပြီး ရမှတ်တွေ ဆုံးရှုံးရ သလို စပါးစ်အသင်းကလည်း ချဲလ်ဆီးအသင်းကို ရှုံးပွဲတွေ့ခဲ့ပြီး ဘုန်းမောက်စ်အသင်းကပါ ရှုံးပွဲတွေ့ခဲ့ တာကိုကြည့်ရင် အာဆင်နယ်အ သင်းအတွက် ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ကံတရားရဲ့ ဖေးမမှုတွေပါ ပါလာပြီလို့ပြောလို့ရနေပါတယ်။ ဒါ့ပြင် အာဆင်နယ်အသင်းဟာ နည်းပြ အာတီတာ လက် ထက် အကောင်းဆုံးသောလူစာရင်း အစု အဖွဲ့နဲ့ ရာသီတစ်ခုကိုပုံဖော်ထားပြီး မဆုတ်မနစ် ကြိုးစားတဲ့ အသင်းရဲ့ကစားသမားတွေရဲ့စိတ်ဓာတ်နဲ့ ခံယူ ချက်ပိုင်းဟာ အမြင့်ဆုံးအခြေအနေကိုရောက်ရှိလာနေပြီ လို့ပြောလို့ရပါတယ်။ ဒါဟာ နည်းပြအာတီတာရဲ့ ခြေရာလက်ရာတွေကို အတိုင်းသား မြင်တွေ့ရမှာဖြစ် ပြီး အာဆင်နယ်အသင်းကို အနိမ့်ကျဆုံးအခြေအနေ ကနေ လက်ရှိကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ ရလဒ် တစ်ခုလို့လည်း ပြောလို့ရနေပါတယ်။ ဒါကြောင့် အာ ဆင်နယ်အသင်းဟာ ဒီကြိုးစားမှုတွေရဲ့အသီးအပွင့် တွေကိုခံစားရဖို့ အချိန်အခါကောင်းတစ်ခုကိုရောက် ရှိလာပြီလို့ပြောလို့ရနေသလို ကံတရားကပါမျက်နှာ သာပေးနေတာကြောင့် ဒီရာသီမှာ အာဆင်နယ်အ သင်းရဲ့ဆုဖလားကိုင်မြှောက်မှုတစ်ခုခုကို ကျိန်းသေ ပေါက်မြင်တွေ့ရမယ့် ရာသီတစ်ခုလို့လည်း ဆိုနိုင်ပါ တယ်။
ပြိုင်ဘက်အသင်းတွေအတွက် ကြောက်စရာ လူစာရင်းစုဖွဲ့မှု
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတွေမှာ ခြေစွမ်းပိုင်းက ချန်ပီယံဆုတွေနဲ့ထိုက်တန်တယ် ဆိုပေမယ့် ဒီဇင်ဘာပွဲကျပ်ကာလရောက်တိုင်း ခြေ ချော်တတ်တဲ့အသင်းဖြစ်တာကြောင့် ဒုတိယနေရာနဲ့ သာကျေနပ်ခဲ့ရတဲ့အပြင် အသင်းရဲ့အဓိကကစားသမားတွေ ဒဏ်ရာရတတ်သလို နိုင်ပွဲတွေလည်းပျောက် ဆုံးတတ်အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ အာဆင်နယ်အသင်းဟာ အကောင်းမွန်ဆုံးသော လူ စာရင်းစုဖွဲ့မှုတစ်ခုကိုပိုင်ဆိုင်ထားပြီး အရန်လူစာရင်းအရလည်း တောင့်တင်းမှုရှိနေတဲ့အသင်း တစ် သင်း ဖြစ်ပါတယ်။ လက်ရှိအသင်းရဲ့လူစာရင်းမှာ ဒဏ်ရာရကစားသမားဆိုတာ အိုဒီဂတ်၊ ဂျေဆု၊ ကိုင် ဟာဗက် နဲ့ နိုနီမက်ဒူရယ်ကေးတို့ရှိပြီး ဒီကစားသမားတွေကလည်း မကြာခင်မှာ အသင်းမှာ ပြန်လည် ပါဝင်လာနိုင်မှာဖြစ်တာကြောင့် ဒီဇင်ဘာပွဲကျပ်ကာလရောက်တိုင်း ခြေချော်တတ်မှုတွေကို ဒီရာသီမှာ အာဆင်နယ်အသင်းအနေနဲ့ အကောင်းဆုံးဖာထေးသွားနိုင်ဖို့ရှိနေပါတယ်။ ဒါကြောင့် ဒီရာသီမှာ အာ ဆင်နယ်အသင်းခြေချော်ဖို့ ထင်သလောက်မလွယ်ကူနိုင်တော့အနေအထားဖြစ်ပြီး ခံစစ်စုဖွဲ့မှု အား ကောင်းတဲ့အသင်းတစ်သင်းအတွက် ဒီလိုပွဲကျပ်ကာလတွေကို အနိုင်ယူကျော်ဖြတ်ပြဖို့ မခဲယဉ်းလောက် တဲ့အနေအထားမျိုးမှာရှိနေပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး(၇)ပွဲဆက်တိုက် နိုင်ပွဲရယူထားတဲ့အသင်းဖြစ်ပြီး အဲဒီ(၇)ပွဲမှာ ပေးဂိုးမရှိခဲ့သလို ပရီးယားလိဂ်နောက်ဆုံးပွဲစဉ်(၄)ပွဲမှာလည်း ဂိုးပေါက်ကန်သွင်းမှု တစ်ကြိမ် မှမပေးခဲ့တာက အာဆင်နယ်အသင်းအတွက် တကယ်ကိုကောင်းမွန်တဲ့စွမ်းဆောင်ရည်လို့ပြောလို့ရနေ ပါတယ်။ ဒါ့ပြင် ထောင့်ကန်ဘောတွေကနေလည်း သွင်းဂိုးတွေရယူထားတာကို မြင်တွေ့ရမှာဖြစ်ပြီး နောက်ဆုံးကန်ခဲ့တဲ့ (၁၀)ပွဲမှာ သွင်းဂိုး(၈)ဂိုးအထိ သွင်းယူးထားနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ အာ ဆင်နယ်အသင်းရဲ့ သွင်းဂိုးအားလုံးရဲ့ (၄၀)ရာခိုင်နှုန်းလောက်အထိရှိနေတဲ့ သွင်းဂိုး အရေအတွက်လည်း ဖြစ်ပါတယ်။ ဒါ့ပြင် အာဆင်နယ်အသင်း နောက်ထပ်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ် (၁၀) ပွဲကို ပြန် ကြည့်ရင် အသင်းကြီးတွေအနေနဲ့ ချဲလ် ဆီးအသင်းနဲ့ စပါးစ်အသင်းတို့ကိုရင်ဆိုင်ရမှာဖြစ်ပြီး လန်ဒန် ဒါဘီပြိုင်ပွဲတွေဖြစ်တာကြောင့် အာဆင်နယ်အသင်းရဲ့ ချန်ပီယံခြေစွမ်းကို ဒီပွဲစဉ်တွေမှာ မြင်တွေ့ရဖို့ရှိ နေပြီး အနိုင်ယူကျော်ဖြတ်ပြနိုင်ခဲ့ရင်တော့ ဒီရာသီမှာ အာဆင်နယ်အသင်းချန်ပီယံဖြစ်ဖို့ လုံလောက်တဲ့ ခြေစွမ်းခြေစမျိုးရှိနေပြီလို့ပြောလို့ရပါပြီ။ အရေးကြီးဆုံးအချက်ကတော့ လက်ရှိတည်ထားတဲ့ လူစား ရင်းကနေ အဓိကခံစစ်ကစားသမားတွေဖြစ်တဲ့ ဆလီဘာနဲ့ ဂါဘရီရယ်တို့သာ ဒဏ်ရာမရခဲ့ရင် အာဆင် နယ်အသင်းအတွက် ချန်ပီယံဖြစ်ဖို့အခွင့်အရေး ပိုများနိုင်ပြီး ဒီပြဿနာကိုသာကိုင်တွယ်နိုင်ခဲ့ရင်တော့ နည်းပြ အာတီတာနဲ့ အာဆင်နယ်အသင်းအတွက် ချန်ပီယံလမ်းကြောင်းပေါ်မှာ ဆုဖလားတွေကို စိန် ခေါ်လာနိုင်ဖို့ရှိနေပါတယ်။
ယုံကြည်ချက် ခိုင်မာမှုနဲ့ ချန်ပီယံဖြစ်နိုင်ခြေ အလားအလာ
အာဆင်နယ်အသင်းရဲ့ ကစားပုံကိုကြည့်ရင် အသင်းကြီးတွေနဲ့ပဲရင်ဆိုင်တဲ့နေရာမှာရော အသင်း ငယ်လေးတွေနဲ့ ရင်ဆိုင်ကစားရာမှာပါ တစ်ပွဲလုံးကို အားသာချက်ယူပြီးကစားတတ်သလို တစ်ဖက် အသင်းကို အကောင်းဆုံးရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိတာကို တွေ့မြင်ရမှာလည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီရာသီမှာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အသင်းရဲ့ပရိသတ်တွေရော ပြိုင်ဘက်အ သင်းပရိသတ်တွေကပါ ထင်ကြေးပေးမှုတွေ ရှိလာနေတာဖြစ်ပါတယ်။ ဒါ့ပြင် အရင်က အာဆင်နယ်အ သင်းဟာ နိုင်ပွဲတွေအတွက် စိတ်ပူပန်နေရတဲ့အနေအထားမျိုးတွေကနေ ပြောင်းပြန်အနေနဲ့ အာဆင် နယ်အသင်းကို ဘယ်အသင်းက ဂိုးသွင်းနိုင်မှာလဲဆိုတာကိုပါ မေးယူရလောက်အထိ ခြေစွမ်းပိုင်းတိုး တက်လာခဲ့တာဖြစ်ပါတယ်။ တိုက်စစ်ပိုင်းမှာလည်း သွင်းဂိုးတွေပုံမှန်ရနေသလို ကွင်းလယ်နဲ့ခံစစ်ပိုင်း လည်း အကောင်းမွန်ဆုံးသော လူစာရင်းကို ပိုင်ဆိုင်ထားတဲ့အာဆင်နယ်အသင်းအတွက် ဆုဖလားတွေနဲ့ လက်တစ်ကမ်းအလိုကို တဖြည်းဖြည်း ရောက်ရှိလာ နိုင်ခဲ့ပြီလို့ပြောလို့ရနေပြီပဲဖြစ်ပါတယ်။ အာဆင် နယ် အသင်းဟာ ဒဏ်ရာပြဿနာတွေသာ ဆိုးဆိုးရွားရွား မဖြစ်လာခဲ့ရင် ဒီရာသီမှာ ပြည်တွင်းဖလား တွေအပြင် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ အရေးပါအရာရောက်တဲ့အတိုင်းအတာအထိရောက်နိုင်သလို ချန်ပီယံဖြစ်နိုင်လောက်တဲ့ခြေစွမ်းမျိုးကို ပိုင်ဆိုင်ထားတာဖြစ်ပါ တယ်။ ဒါ့ပြင် အသင်းရဲ့ အဓိက ကစား သမားတွေဖြစ်တဲ့ အိုဒီဂတ်၊ ကိုင်ဟာဗက်နဲ့ နိုနီမက်ဒူရယ်ကေးတို့ပါ ပြန်ပါလာခဲ့ရင် အာဆင်နယ်အသင်း အတွက် ရွေးချယ်စရာတွေပိုများလာမှာဖြစ်သလို လူစာရင်းအရလည်း ပိုတောင့်တင်းသွားဖို့ရှိနေပါတယ်။ တကယ်လည်း အာဆင်နယ်အသင်းရဲ့ခြေစွမ်းဟာ ယုံကြည်မှုအတိုင်းအတာအရ ခိုင်မာမှုရှိနေသလို တည်တည်ငြိမ်ငြိမ်နဲ့ကစားတတ်တဲ့ကစားဟန်တစ်ခုကို မြင်တွေ့လာရတဲ့အပြင် တစ်ပွဲထက်တစ်ပွဲ ဒီ ထက်ပိုကောင်းလာဖို့ပဲရှိနေတဲ့ အာဆင်နယ်အသင်းအတွက် လာမယ့်ဒီဇင်ဘာပွဲကျပ်ကာလတွေကိုသာ အကောင်းဆုံးကျော်ဖြတ်ပြနိုင်ခဲ့ရင် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုရယူဖို့ မခက်ခဲနိုင်ဘူးလို့ထင်ပါတယ်။

Zawgyi Version:
အာဆင္နယ္အသင္း ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ အဆင္သင့္ျဖစ္ၿပီလား
ရဲထက္ (NP News) - ႏိုဝင္ဘာ ၁၄
အာဆင္နယ္အသင္းဟာ ဒီရာသီမွာ အဓိကၿပိဳင္ဘက္ေတြျဖစ္တဲ့ လီဗာပူးအသင္းနဲ႔ မန္စီးတီး အသင္းတို႔ကို ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ ရမွတ္(၆)မွတ္ျဖတ္ၿပီး ဦးေဆာင္ထားတာကို ေတြ႕ရ မွာျဖစ္ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံဆုရဖို႔အတြက္လည္း အေကာင္းဆုံးအစုအဖြဲ႕တစ္ခုကို ၿပိဳင္ဆိုင္ထားပါ တယ္။ ဒါေၾကာင့္ NP News ကေန ဒီရာသီ အာဆင္နယ္အသင္းရဲ႕ ပရီးမီးယားလိဂ္ခ်န္ပီ ယံဆုရယူ အ တြက္ အလားအလာနဲ႔ ျဖစ္ႏိုင္ေျခသုံးသပ္ခ်က္ေတြကို တင္ျပေပးခ်င္ပါတယ္။
ပရီးမီးယားလိဂ္ရဲ႕ ေပးဂိုးအနည္းဆုံးအသင္း
အာဆင္နယ္အသင္းဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ရဲ႕ ေပးဂိုးအနည္းဆုံးအသင္းအျဖစ္ ရပ္တည္ ေနၿပီး ေနာက္ဆုံးကန္ခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ (၄)ပြဲဆက္ ေပးဂိုးမရွိတဲ့အသင္းျဖစ္ၿပီး ဒီရာသီမွာ တစ္ ဂိုးထက္ပိုၿပီး ေပးလိုက္ရတဲ့ပြဲစဥ္မရွိခဲ့တာကို ၾကည့္ရင္ အာဆင္နယ္အသင္းရဲ႕ ခံစစ္စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ဒါ့ျပင္ အာဆင္နယ္အ သင္းဟာ ေအာက္တိုဘာလအတြင္းမွာ ေပးဂိုး(၁)ဂိုး သာခြင့္ျပဳခဲ့ရတဲ့အျပင္ ဒီသြင္းဂိုးကလည္း အာဆင္နယ္အသင္းရဲ႕ဂိုးေပါက္ထဲကို ကန္သြင္းဖို႔ခြင့္ျပဳခဲ့ရတဲ့ တစ္ႀကိမ္ပဲျဖစ္ပါတယ္။ ဒါက ဘာကိုေဖာ္ျပလဲဆိုရင္ အာဆင္နယ္အသင္းရဲ႕ခံစစ္ဟာ ဂိုးေပးရဖို႔ ေနေန သာသာ ဂိုးေပါက္ကန္သြင္းယူဖို႔ အခြင့္အေရးေတာင္မေပးတဲ့အထိ မာေက်ာက်စ္လ်စ္ေနတာကို ျမင္ ေတြ႕ရမွာ ျဖစ္ပါတယ္။ အဓိကအားသာခ်က္အေနနဲ႔ကေတာ့ ေနာက္တန္းခံစစ္မွာ ဆလီဘာနဲ႔ဂါဘရီရယ္ တို႔ရဲ႕ေျခစြမ္းျဖစ္ၿပီး ပြဲတစ္ပြဲခ်င္းစီအလိုက္ အတက္အဆင္းမွန္ မွန္နဲ႔ကစားတတ္သလို ပြဲကိုလုပ္အား ႏႈန္း ေကာင္းေကာင္းနဲ႔ ျဖတ္ထုတ္မႈေတြက အာဆင္နယ္အသင္း ဂိုးမေပးရျခင္းေတြရဲ႕ အဓိကေသာ့ခ်က္ တစ္ ခုပဲျဖစ္ပါတယ္။ ဒါ့ျပင္ ေဘးႏွစ္ဖက္က တင့္ဘားနဲ႔ကာလာ ဖိုရီတို႔ရဲ႕ေျခစြမ္းကလည္း တိုက္စစ္ပိုင္းအထိ လိုက္ပါစီးေမ်ာႏိုင္စြမ္းရွိသလို လိုအပ္ရင္ ဂိုးသြင္းယူေပးႏိုင္႐ုံသာမကဘဲ ဂိုးဖန္တီးမႈေတြကိုပါ လုပ္ ေဆာင္ထားႏိုင္တာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ အာဆင္နယ္ဂိုးသမား ေဒးဗစ္ယာယာရဲ႕လက္စြမ္းကိုလည္း မျဖစ္မေန ခ်ီးက်ဴးရမွာျဖစ္ၿပီး အာဆင္နယ္အသင္းေပးဂိုးမရွိဘဲ ႏိုင္ပြဲရခဲ့တဲ့ပြဲစဥ္ေတြဟာ ေဒးဗစ္ ယာ ယာရဲ႕ ပုတ္ထုတ္ကာကြယ္မႈေတြကို ျမင္ေတြ႕ရမွာပဲျဖစ္ပါတယ္။ ေျပာရရင္ အာဆင္နယ္အသင္းရဲ႕ ခံစစ္ ကစားသမား အကုန္လုံးဟာ ဒီရာသီမွာ အေကာင္းဆုံးပုံစံတစ္ခုနဲ႔ ေျခစြမ္းျပေနတာျဖစ္ၿပီး အသင္းရဲ႕ ခ်န္ပီယံလမ္းေၾကာင္းအတြက္ အဓိကေထာက္တိုင္ေတြပဲျဖစ္ပါတယ္။
ႏိုင္ပြဲဆာေလာင္မႈနဲ႔ ကံတရားရဲ႕ ေဖးမမႈ
ဒီရာသီ အာဆင္နယ္အသင္းရဲ႕ပြဲစဥ္ေတြကို ျပန္ၾကည့္ရင္ တစ္သင္းလုံးမွာ ကစားသမားေကာင္း ေတြရွိေနတယ္ဆိုတာထက္ တစ္သင္းလုံးရဲ႕ ႏိုင္ပြဲရယူ လိုတဲ့ခံယူခ်က္နဲ႔ စိတ္ဓာတ္ပိုင္းေတြေၾကာင့္လို႔ လည္းေျပာလို႔ရေနပါတယ္။ ေျပာရရင္ အာဆင္နယ္အသင္းဟာ ႏိုင္ပြဲေတြရေနတယ္ဆိုေပမယ့္ တိုက္စစ္ စြမ္းေဆာင္ရည္ပိုင္းမွာ အရမ္းႀကီးအားရစရာေကာင္းေလာက္ေအာင္ ဂိုးေတြသြင္းယူေနတာမဟုတ္ဘဲ တစ္သင္းလုံးရဲ႕ ကစားအားေကာင္းမြန္မႈ၊ ကြင္းလယ္နဲ႔ ခံစစ္ပိုင္းက တစ္ပြဲလုံးကို အတင္အခ်မွန္မွန္နဲ႔ ကစားထားႏိုင္မႈေတြေၾကာင့္သာ ႏိုင္ပြဲေတြဆက္ေနတာျဖစ္ပါတယ္။ ဒါေတြအားလုံးရဲ႕ အဓိကအုတ္ျမစ္ က အာဆင္နယ္အသင္းသားေတြရဲ႕ ဒီရာသီအတြက္ခံယူထားတဲ့ ခ်န္ပီယံစိတ္ဓာတ္ပိုင္းျဖစ္ပါတယ္။ ဒါ့ ျပင္ နည္းျပ အာတီတာအေနနဲ႔လည္း ကစားသမားေတြရဲ႕အရည္အေသြးနဲ႔ ကစားကြက္အခင္းအက်င္းကို လိုသလို အသုံးခ်ကစားေစမႈေတြကလည္း အာဆင္နယ္အသင္းအတြက္ အေရးပါတဲ့အရာေတြပဲျဖစ္ပါ တယ္။ အာဆင္နယ္အသင္းဟာ ဒီရာသီမွာ အဘက္ဘက္က ေကာင္းမြန္ျပည့္စုံေနတဲ့အသင္းျဖစ္ၿပီး ကိုယ္လုပ္ရမယ့္အလုပ္ကို အေကာင္းဆုံးလုပ္ေဆာင္ေနတဲ့အသင္းလည္းျဖစ္ပါတယ္။ အရန္ကစားသမား အေနနဲ႔ေရာ ပြဲထြက္ကစားသမားေတြအေနနဲ႔ပါ အဘက္ဘက္ကေျပာစရာမလိုေအာင္ေကာင္းတဲ့ အ သင္းလည္းျဖစ္ၿပီး တစ္သင္းလုံးက တစ္ေသြးတည္း တစ္သားတည္း ေရွ႕ဆက္ေနတဲ့အသင္းလည္း အ သင္းလည္းျဖစ္ပါတယ္။ ကံ၊ ဉာဏ္နဲ႔ ဝီရိယအေကာင္းဆုံးျဖစ္ေန႐ုံသာမကဘဲ ကံတရားရဲ႕ေဖးမမႈေတြက လည္း အာဆင္နယ္အသင္းဘက္မွာရွိေနျပန္ပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ အာဆင္နယ္အသင္းကို အဓိ က ဖိအားေပးေနတဲ့အသင္းေတြအားလုံး ေျခစြမ္းပိုင္းက်ဆင္းသြားသလို ရႈံးပြဲေတြ႕သြားတာေၾကာင့္ပဲ ျဖစ္ ပါတယ္။ အနီးကပ္ဆုံး ၿပိဳင္ဘက္ လီဗာပူးလ္အသင္းဆိုရင္ ႏိုင္ပြဲေတြေပ်ာက္ဆုံးၿပီး ရမွတ္ေတြ ဆုံးရႈံးရ သလို စပါးစ္အသင္းကလည္း ခ်ဲလ္ဆီးအသင္းကို ရႈံးပြဲေတြ႕ခဲ့ၿပီး ဘုန္းေမာက္စ္အသင္းကပါ ရႈံးပြဲေတြ႕ခဲ့ တာကိုၾကည့္ရင္ အာဆင္နယ္အ သင္းအတြက္ ဒီရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ ကံတရားရဲ႕ ေဖးမမႈေတြပါ ပါလာၿပီလို႔ေျပာလို႔ရေနပါတယ္။ ဒါ့ျပင္ အာဆင္နယ္အသင္းဟာ နည္းျပ အာတီတာ လက္ ထက္ အေကာင္းဆုံးေသာလူစာရင္း အစု အဖြဲ႕နဲ႔ ရာသီတစ္ခုကိုပုံေဖာ္ထားၿပီး မဆုတ္မနစ္ ႀကိဳးစားတဲ့ အသင္းရဲ႕ကစားသမားေတြရဲ႕စိတ္ဓာတ္နဲ႔ ခံယူ ခ်က္ပိုင္းဟာ အျမင့္ဆုံးအေျခအေနကိုေရာက္ရွိလာေနၿပီ လို႔ေျပာလို႔ရပါတယ္။ ဒါဟာ နည္းျပအာတီတာရဲ႕ ေျခရာလက္ရာေတြကို အတိုင္းသား ျမင္ေတြ႕ရမွာျဖစ္ ၿပီး အာဆင္နယ္အသင္းကို အနိမ့္က်ဆုံးအေျခအေန ကေန လက္ရွိကမာၻ႔အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းျဖစ္ေအာင္ ျပဳစုပ်ိဳးေထာင္ေပးခဲ့တဲ့ ရလဒ္ တစ္ခုလို႔လည္း ေျပာလို႔ရေနပါတယ္။ ဒါေၾကာင့္ အာ ဆင္နယ္အသင္းဟာ ဒီႀကိဳးစားမႈေတြရဲ႕အသီးအပြင့္ ေတြကိုခံစားရဖို႔ အခ်ိန္အခါေကာင္းတစ္ခုကိုေရာက္ ရွိလာၿပီလို႔ေျပာလို႔ရေနသလို ကံတရားကပါမ်က္ႏွာ သာေပးေနတာေၾကာင့္ ဒီရာသီမွာ အာဆင္နယ္အ သင္းရဲ႕ဆုဖလားကိုင္ေျမႇာက္မႈတစ္ခုခုကို က်ိန္းေသ ေပါက္ျမင္ေတြ႕ရမယ့္ ရာသီတစ္ခုလို႔လည္း ဆိုႏိုင္ပါ တယ္။
ၿပိဳင္ဘက္အသင္းေတြအတြက္ ေၾကာက္စရာ လူစာရင္းစုဖြဲ႕မႈ
အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီေတြမွာ ေျခစြမ္းပိုင္းက ခ်န္ပီယံဆုေတြနဲ႔ထိုက္တန္တယ္ ဆိုေပမယ့္ ဒီဇင္ဘာပြဲက်ပ္ကာလေရာက္တိုင္း ေျခ ေခ်ာ္တတ္တဲ့အသင္းျဖစ္တာေၾကာင့္ ဒုတိယေနရာနဲ႔ သာေက်နပ္ခဲ့ရတဲ့အျပင္ အသင္းရဲ႕အဓိကကစားသမားေတြ ဒဏ္ရာရတတ္သလို ႏိုင္ပြဲေတြလည္းေပ်ာက္ ဆုံးတတ္အသင္းျဖစ္ပါတယ္။ ဒါေပမဲ့ ဒီရာသီမွာေတာ့ အာဆင္နယ္အသင္းဟာ အေကာင္းမြန္ဆုံးေသာ လူ စာရင္းစုဖြဲ႕မႈတစ္ခုကိုပိုင္ဆိုင္ထားၿပီး အရန္လူစာရင္းအရလည္း ေတာင့္တင္းမႈရွိေနတဲ့အသင္း တစ္ သင္း ျဖစ္ပါတယ္။ လက္ရွိအသင္းရဲ႕လူစာရင္းမွာ ဒဏ္ရာရကစားသမားဆိုတာ အိုဒီဂတ္၊ ေဂ်ဆု၊ ကိုင္ ဟာဗက္ နဲ႔ ႏိုနီမက္ဒူရယ္ေကးတို႔ရွိၿပီး ဒီကစားသမားေတြကလည္း မၾကာခင္မွာ အသင္းမွာ ျပန္လည္ ပါဝင္လာႏိုင္မွာျဖစ္တာေၾကာင့္ ဒီဇင္ဘာပြဲက်ပ္ကာလေရာက္တိုင္း ေျခေခ်ာ္တတ္မႈေတြကို ဒီရာသီမွာ အာဆင္နယ္အသင္းအေနနဲ႔ အေကာင္းဆုံးဖာေထးသြားႏိုင္ဖို႔ရွိေနပါတယ္။ ဒါေၾကာင့္ ဒီရာသီမွာ အာ ဆင္နယ္အသင္းေျခေခ်ာ္ဖို႔ ထင္သေလာက္မလြယ္ကူႏိုင္ေတာ့အေနအထားျဖစ္ၿပီး ခံစစ္စုဖြဲ႕မႈ အား ေကာင္းတဲ့အသင္းတစ္သင္းအတြက္ ဒီလိုပြဲက်ပ္ကာလေတြကို အႏိုင္ယူေက်ာ္ျဖတ္ျပဖို႔ မခဲယဥ္းေလာက္ တဲ့အေနအထားမ်ိဳးမွာရွိေနပါတယ္။ ၿပိဳင္ပြဲစုံ ေနာက္ဆုံး(၇)ပြဲဆက္တိုက္ ႏိုင္ပြဲရယူထားတဲ့အသင္းျဖစ္ၿပီး အဲဒီ(၇)ပြဲမွာ ေပးဂိုးမရွိခဲ့သလို ပရီးယားလိဂ္ေနာက္ဆုံးပြဲစဥ္(၄)ပြဲမွာလည္း ဂိုးေပါက္ကန္သြင္းမႈ တစ္ႀကိမ္ မွမေပးခဲ့တာက အာဆင္နယ္အသင္းအတြက္ တကယ္ကိုေကာင္းမြန္တဲ့စြမ္းေဆာင္ရည္လို႔ေျပာလို႔ရေန ပါတယ္။ ဒါ့ျပင္ ေထာင့္ကန္ေဘာေတြကေနလည္း သြင္းဂိုးေတြရယူထားတာကို ျမင္ေတြ႕ရမွာျဖစ္ၿပီး ေနာက္ဆုံးကန္ခဲ့တဲ့ (၁၀)ပြဲမွာ သြင္းဂိုး(၈)ဂိုးအထိ သြင္းယူးထားႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။ ဒါဟာ အာ ဆင္နယ္အသင္းရဲ႕ သြင္းဂိုးအားလုံးရဲ႕ (၄၀)ရာခိုင္ႏႈန္းေလာက္အထိရွိေနတဲ့ သြင္းဂိုး အေရအတြက္လည္း ျဖစ္ပါတယ္။ ဒါ့ျပင္ အာဆင္နယ္အသင္း ေနာက္ထပ္ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ (၁၀) ပြဲကို ျပန္ ၾကည့္ရင္ အသင္းႀကီးေတြအေနနဲ႔ ခ်ဲလ္ ဆီးအသင္းနဲ႔ စပါးစ္အသင္းတို႔ကိုရင္ဆိုင္ရမွာျဖစ္ၿပီး လန္ဒန္ ဒါဘီၿပိဳင္ပြဲေတြျဖစ္တာေၾကာင့္ အာဆင္နယ္အသင္းရဲ႕ ခ်န္ပီယံေျခစြမ္းကို ဒီပြဲစဥ္ေတြမွာ ျမင္ေတြ႕ရဖို႔ရွိ ေနၿပီး အႏိုင္ယူေက်ာ္ျဖတ္ျပႏိုင္ခဲ့ရင္ေတာ့ ဒီရာသီမွာ အာဆင္နယ္အသင္းခ်န္ပီယံျဖစ္ဖို႔ လုံေလာက္တဲ့ ေျခစြမ္းေျခစမ်ိဳးရွိေနၿပီလို႔ေျပာလို႔ရပါၿပီ။ အေရးႀကီးဆုံးအခ်က္ကေတာ့ လက္ရွိတည္ထားတဲ့ လူစား ရင္းကေန အဓိကခံစစ္ကစားသမားေတြျဖစ္တဲ့ ဆလီဘာနဲ႔ ဂါဘရီရယ္တို႔သာ ဒဏ္ရာမရခဲ့ရင္ အာဆင္ နယ္အသင္းအတြက္ ခ်န္ပီယံျဖစ္ဖို႔အခြင့္အေရး ပိုမ်ားႏိုင္ၿပီး ဒီျပႆနာကိုသာကိုင္တြယ္ႏိုင္ခဲ့ရင္ေတာ့ နည္းျပ အာတီတာနဲ႔ အာဆင္နယ္အသင္းအတြက္ ခ်န္ပီယံလမ္းေၾကာင္းေပၚမွာ ဆုဖလားေတြကို စိန္ ေခၚလာႏိုင္ဖို႔ရွိေနပါတယ္။
ယုံၾကည္ခ်က္ ခိုင္မာမႈနဲ႔ ခ်န္ပီယံျဖစ္ႏိုင္ေျခ အလားအလာ
အာဆင္နယ္အသင္းရဲ႕ ကစားပုံကိုၾကည့္ရင္ အသင္းႀကီးေတြနဲ႔ပဲရင္ဆိုင္တဲ့ေနရာမွာေရာ အသင္း ငယ္ေလးေတြနဲ႔ ရင္ဆိုင္ကစားရာမွာပါ တစ္ပြဲလုံးကို အားသာခ်က္ယူၿပီးကစားတတ္သလို တစ္ဖက္ အသင္းကို အေကာင္းဆုံးရင္ဆိုင္တုံ႔ျပန္ႏိုင္စြမ္းရွိတာကို ေတြ႕ျမင္ရမွာလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီရာသီမွာ အာဆင္နယ္အသင္း ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ အသင္းရဲ႕ပရိသတ္ေတြေရာ ၿပိဳင္ဘက္အ သင္းပရိသတ္ေတြကပါ ထင္ေၾကးေပးမႈေတြ ရွိလာေနတာျဖစ္ပါတယ္။ ဒါ့ျပင္ အရင္က အာဆင္နယ္အ သင္းဟာ ႏိုင္ပြဲေတြအတြက္ စိတ္ပူပန္ေနရတဲ့အေနအထားမ်ိဳးေတြကေန ေျပာင္းျပန္အေနနဲ႔ အာဆင္ နယ္အသင္းကို ဘယ္အသင္းက ဂိုးသြင္းႏိုင္မွာလဲဆိုတာကိုပါ ေမးယူရေလာက္အထိ ေျခစြမ္းပိုင္းတိုး တက္လာခဲ့တာျဖစ္ပါတယ္။ တိုက္စစ္ပိုင္းမွာလည္း သြင္းဂိုးေတြပုံမွန္ရေနသလို ကြင္းလယ္နဲ႔ခံစစ္ပိုင္း လည္း အေကာင္းမြန္ဆုံးေသာ လူစာရင္းကို ပိုင္ဆိုင္ထားတဲ့အာဆင္နယ္အသင္းအတြက္ ဆုဖလားေတြနဲ႔ လက္တစ္ကမ္းအလိုကို တျဖည္းျဖည္း ေရာက္ရွိလာ ႏိုင္ခဲ့ၿပီလို႔ေျပာလို႔ရေနၿပီပဲျဖစ္ပါတယ္။ အာဆင္ နယ္ အသင္းဟာ ဒဏ္ရာျပႆနာေတြသာ ဆိုးဆိုး႐ြား႐ြား မျဖစ္လာခဲ့ရင္ ဒီရာသီမွာ ျပည္တြင္းဖလား ေတြအျပင္ ဥေရာပခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာပါ အေရးပါအရာေရာက္တဲ့အတိုင္းအတာအထိေရာက္ႏိုင္သလို ခ်န္ပီယံျဖစ္ႏိုင္ေလာက္တဲ့ေျခစြမ္းမ်ိဳးကို ပိုင္ဆိုင္ထားတာျဖစ္ပါ တယ္။ ဒါ့ျပင္ အသင္းရဲ႕ အဓိက ကစား သမားေတြျဖစ္တဲ့ အိုဒီဂတ္၊ ကိုင္ဟာဗက္နဲ႔ ႏိုနီမက္ဒူရယ္ေကးတို႔ပါ ျပန္ပါလာခဲ့ရင္ အာဆင္နယ္အသင္း အတြက္ ေ႐ြးခ်ယ္စရာေတြပိုမ်ားလာမွာျဖစ္သလို လူစာရင္းအရလည္း ပိုေတာင့္တင္းသြားဖို႔ရွိေနပါတယ္။ တကယ္လည္း အာဆင္နယ္အသင္းရဲ႕ေျခစြမ္းဟာ ယုံၾကည္မႈအတိုင္းအတာအရ ခိုင္မာမႈရွိေနသလို တည္တည္ၿငိမ္ၿငိမ္နဲ႔ကစားတတ္တဲ့ကစားဟန္တစ္ခုကို ျမင္ေတြ႕လာရတဲ့အျပင္ တစ္ပြဲထက္တစ္ပြဲ ဒီ ထက္ပိုေကာင္းလာဖို႔ပဲရွိေနတဲ့ အာဆင္နယ္အသင္းအတြက္ လာမယ့္ဒီဇင္ဘာပြဲက်ပ္ကာလေတြကိုသာ အေကာင္းဆုံးေက်ာ္ျဖတ္ျပႏိုင္ခဲ့ရင္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကိုရယူဖို႔ မခက္ခဲႏိုင္ဘူးလို႔ထင္ပါတယ္။