အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြီးကြောင့် ယူကရိန်း စွမ်းအင်နှင့်တရားရေးဝန်ကြီးများ ရာထူးကနေ နှုတ်ထွက်

 143

Pika (NP News) - နိုဝင်ဘာ ၁၄

ယူကရိန်းနိုင်ငံ၏ စွမ်းအင်နှင့် တရားရေးဝန်ကြီးများသည် ရာထူးမှနှုတ်ထွက်စာတင်ခဲ့ကြောင်း သိရသည်။ ယူကရိန်းနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ကျယ်ပြန့်သော အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်နေ သည်ဆိုသည့် စွပ်စွဲပြောဆိုချက်များနှင့်ပတ်သက်ပြီး စွမ်းအင်နှင့်တရားရေးဝန်ကြီးများက ပြန်လည်သုံးသပ်မှုများ ကို လုပ်ဆောင်သင့်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ပြန်ပြောကြားခဲ့ပြီးနောက် ၎င်းတို့၏ ရာထူးမှ နှုတ်ထွက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
ဇီလန်စကီး၏ အဓိကမိတ်ဖက်တစ်ဦးသည် အမေရိကန်ဒေါ်လာသန်း(၁၀၀)တန်ဖိုးရှိ အကျင့်ပျက်ခြစားမှု အစီအစဉ်ကို ကြိုးကိုင်ခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက အစောပိုင်းတွင် စွပ်စွဲပြောဆိုခဲ့ပြီး ရုရှား၏ တိုက်ခိုက်မှု များကြောင့် လျှပ်စစ်ဓါတ်အားပြတ်တောက်မှုများ ဖြစ်ပွားနေချိန်တွင် အများပြည်သူက စိတ်ဆိုးဒေါသဖြစ်မှုများ ရှိခဲ့ကြောင်း သိရသည်။
ယူကရိန်းနိုင်ငံသည် အကျင့်ပျက်ခြစားမှုဒဏ်ကို ကြာရှည်စွာခံစားနေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဥရောပသမဂ္ဂသို့ ဝင်ရောက်ခွင့်ရရန်အတွက် ကြိုးပမ်းမှုတွင် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို အဓိကလိုအပ်ချက်တစ်ခုအဖြစ် ရှုမြင်ထားကြကြောင်း သိရသည်။ ထို့ပြင် အကျင့်ပျက်ခြစားမှုများတွင် ပါဝင်ပတ်သက်ခဲ့ပြီး ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်များ ရရှိခဲ့သည်ဟု စွပ်စွဲပြောဆိုခံခဲ့ရသော တရားရေးဝန်ကြီး German Galushchenko နှင့် စွမ်းအင်ဝန်ကြီး Svitlana Grynchuk တို့သည် ရာထူးမှ နှုတ်ထွက်စာတင်သင့်ကြောင်း ဇီလန်စကီးက ထုတ်ပြန်ပြောကြားခဲ့သည်။ ဇီလန်စကီးက “စွမ်းအင်ဝန်ကြီးနဲ့ တရားရေးဝန်ကြီးတို့ဟာ သူတို့ရဲ့ရာထူးတွေမှာ ဆက်ရှိနေလို့မရပါဘူး” ဟု ပြောခဲ့သည်။ ဇီလန်စကီးက ယင်းကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် မကြာမီ German Galushchenko နှင့် Svitlana Grynchuk တို့က ရာထူးမှ နှုတ်ထွက်စာများကို တင်သွင်းခဲ့ကြခြင်းဖြစ်ကြောင်း ယူကရိန်းဝန်ကြီးချုပ် Yulia Svyrydenko က ပြောကြားခဲ့သည်။

Zawgyi Version:
အက်င့္ပ်က္ျခစားမႈ အရႈပ္ေတာ္ပုံႀကီးေၾကာင့္ ယူကရိန္း စြမ္းအင္ႏွင့္တရားေရးဝန္ႀကီးမ်ား ရာထူးကေန ႏႈတ္ထြက္
Pika (NP News) - ႏိုဝင္ဘာ ၁၄
ယူကရိန္းႏိုင္ငံ၏ စြမ္းအင္ႏွင့္ တရားေရးဝန္ႀကီးမ်ားသည္ ရာထူးမွႏႈတ္ထြက္စာတင္ခဲ့ေၾကာင္း သိရသည္။ ယူကရိန္းႏိုင္ငံ၏ စြမ္းအင္က႑တြင္ က်ယ္ျပန႔္ေသာ အက်င့္ပ်က္ျခစားမႈ အရႈပ္ေတာ္ပုံတြင္ ပါဝင္ပတ္သက္ေန သည္ဆိုသည့္ စြပ္စြဲေျပာဆိုခ်က္မ်ားႏွင့္ပတ္သက္ၿပီး စြမ္းအင္ႏွင့္တရားေရးဝန္ႀကီးမ်ားက ျပန္လည္သုံးသပ္မႈမ်ား ကို လုပ္ေဆာင္သင့္ေၾကာင္း ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ျပန္ေျပာၾကားခဲ့ၿပီးေနာက္ ၎တို႔၏ ရာထူးမွ ႏႈတ္ထြက္မႈ ထြက္ေပၚလာျခင္းျဖစ္သည္။
ဇီလန္စကီး၏ အဓိကမိတ္ဖက္တစ္ဦးသည္ အေမရိကန္ေဒၚလာသန္း(၁၀၀)တန္ဖိုးရွိ အက်င့္ပ်က္ျခစားမႈ အစီအစဥ္ကို ႀကိဳးကိုင္ခဲ့ေၾကာင္း စုံစမ္းစစ္ေဆးသူမ်ားက အေစာပိုင္းတြင္ စြပ္စြဲေျပာဆိုခဲ့ၿပီး ႐ုရွား၏ တိုက္ခိုက္မႈ မ်ားေၾကာင့္ လွ်ပ္စစ္ဓါတ္အားျပတ္ေတာက္မႈမ်ား ျဖစ္ပြားေနခ်ိန္တြင္ အမ်ားျပည္သူက စိတ္ဆိုးေဒါသျဖစ္မႈမ်ား ရွိခဲ့ေၾကာင္း သိရသည္။
ယူကရိန္းႏိုင္ငံသည္ အက်င့္ပ်က္ျခစားမႈဒဏ္ကို ၾကာရွည္စြာခံစားေနရသည့္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး ဥေရာပသမဂၢသို႔ ဝင္ေရာက္ခြင့္ရရန္အတြက္ ႀကိဳးပမ္းမႈတြင္ အက်င့္ပ်က္ျခစားမႈတိုက္ဖ်က္ေရးကို အဓိကလိုအပ္ခ်က္တစ္ခုအျဖစ္ ရႈျမင္ထားၾကေၾကာင္း သိရသည္။ ထို႔ျပင္ အက်င့္ပ်က္ျခစားမႈမ်ားတြင္ ပါဝင္ပတ္သက္ခဲ့ၿပီး ကိုယ္ေရးကိုယ္တာ အက်ိဳးအျမတ္မ်ား ရရွိခဲ့သည္ဟု စြပ္စြဲေျပာဆိုခံခဲ့ရေသာ တရားေရးဝန္ႀကီး German Galushchenko ႏွင့္ စြမ္းအင္ဝန္ႀကီး Svitlana Grynchuk တို႔သည္ ရာထူးမွ ႏႈတ္ထြက္စာတင္သင့္ေၾကာင္း ဇီလန္စကီးက ထုတ္ျပန္ေျပာၾကားခဲ့သည္။ ဇီလန္စကီးက “စြမ္းအင္ဝန္ႀကီးနဲ႔ တရားေရးဝန္ႀကီးတို႔ဟာ သူတို႔ရဲ႕ရာထူးေတြမွာ ဆက္ရွိေနလို႔မရပါဘူး” ဟု ေျပာခဲ့သည္။ ဇီလန္စကီးက ယင္းကဲ့သို႔ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ မၾကာမီ German Galushchenko ႏွင့္ Svitlana Grynchuk တို႔က ရာထူးမွ ႏႈတ္ထြက္စာမ်ားကို တင္သြင္းခဲ့ၾကျခင္းျဖစ္ေၾကာင္း ယူကရိန္းဝန္ႀကီးခ်ဳပ္ Yulia Svyrydenko က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.