ဗင်နီဇွဲလားနိုင်ငံကို စစ်ရေးနည်းလမ်းသုံးပြီးအရေးယူဆောင်ရွက်ရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး အကြံပြု တောင်းဆို

 57

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၅

အမေရိကန်ကာကွယ်ရေးဝန်ကြီးသည် ဗင်နီဇွဲလားနိုင်ငံကို စစ်ရေးနည်းလမ်းသုံးပြီး အရေးယူဆောင်ရွက်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို အကြံပြုပြောဆိုလိုက်ကြောင်း သိရသည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟတ်ဆီအပြင် စစ်ဦးစီးချုပ်ဖြစ်သူ ဒါန်ကိုင်နီကလည်း ဗင်နီဇွဲလားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်ရေးအရ တုံ့ပြန်ရန် တောင်းဆိုထားကြောင်း သိရသည်။ ပြီးခဲ့သောရက်ပိုင်းက ကျင်းပခဲ့သောအစည်းအဝေး အမေရိကန်ကာကွယ်ရေးဝန်ကြီး နှင့် အမေရိကန်စစ်ဦးစီးချုပ်တို့က အကြံပြုခဲ့ခြင်း ဖြစ်သော်လည်း အပြီးသတ်ဆုံးဖြတ်ခြင်းမျိုး မရှိသေးကြောင်း သိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင်က ဗင်နီဇွဲလားအစိုးရသည် မူးယစ်ဆေးဝါးလုပ်ငန်းများကို အားပေး ကူညီနေသလို သမ္မတ နီကိုလပ်မာဒူကိုကလည်း မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းများကို ဦးဆောင်နေကြောင်း မကြာသေးမီက စွပ်စွဲပြောဆိုထားသည်။ အမေရိကန်အစိုးရသည် လက်ရှိအချိန်တွင် ဗင်ဖွဲလား သမ္မတမာဒူရို နှင့် ပတ်သက်ပြီး သတင်းပေးနိုင်သူကို ဆုကြေးငွေ သန်း ၅၀ ပေးမည်ဟု သတင်းထုတ်ပြန်ထားသည်။ အမေရိကန် သမ္မတသည် ပြီးခဲ့သောလကလည်း ဗင်နီဇွဲလား မူးယစ်လုပ်ငန်းနှင့်ဆက်နွယ်သော သင်္ဘောများကို တိုက်ခိုက်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံက စစ်ရေး နည်းလမ်းအသုံးပြုဖွယ်ရှိသည်ဆိုသော သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ဗင်နီဇွဲလားနိုင်ငံသည် စစ်တပ်ကို အမြင့်ဆုံးတပ်လှန့်ထားကြောင်း သိရသည်။
အမေရိကန်စစ်တပ်သည် ပြီးခဲ့သည့် စက်တင်ဘာလနောက်ပိုင်းတည်းက နိုင်ငံတကာရေပိုင်နက်အတွင်းတွင် ဗင်နီဇွဲလား မူးယစ်ဆေးဝါးလုပ်ငန်းနှင့်ဆက်နွယ်သည်ဟုသံသယရှိသော သင်္ဘောပေါင်း ဒါဇင်ချီကို တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။ ဗင်နီဇွဲလား သမ္မတမာဒူရိုကတော့ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းများတွင် ပါဝင်ဆက်နွယ် မရှိကြောင်း ငြင်းဆန်ထားပြီး အမေရိကန်အစိုးရက ဗင်နီဇွဲလားနိုင်ငံတွင် အစိုးရအဖွဲ့အပြောင်းလဲဖြစ်စေမည့် စစ်ဆင်ရေးလုပ်ဆောင်ရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။
ဗင်နီဇွဲလား သမ္မတမာဒူရိုက ''ကျွန်တော်တို့ဟာဘယ်လိုအ‌ခြေနေမှာပဲဖြစ်ဖြစ် အမိနိုင်ငံကို ကာကွယ်သွားဖို့ အဆင်သင့်ရှိနေပါတယ်'' ဟု ပြောသည်။
ကာရေဗီယံပင်လယ်အတွင်းတွင် သင်္ဘောများကို တိုက်ခိုက်ခဲ့သော အမေရိကန်ရေတပ်၏ လုပ်ရပ်များကို ကိုလံဘီယာသမ္မတက လူသိရှင်ကြား ဝေဖန်ပြစ်တင်ထားကြောင်း သိရသည်။
ကိုလံဘီယာသမ္မတ ပီထရိုက ''အမေရိကန်သမ္မတဟာ ရက်စက်ကြမ်းကြုတ်တဲ့သူဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဟာ ကျွန်တော်တို့တွေကို စိုးရိမ်ကြောက်ရွံ့စေချင်တာ ကာရေဗီယံပင်လယ်အတွင်း တိုက်ခိုက်ခံရတဲ့ သင်္ဘောတွေ ဟာ မူးယစ်ဆေးဝါးလုပ်ငန်းတွေနဲ့ဆက်နွယ်မှု ရှိ/မရှိဆိုတာကို ကျွန်တော်မသိဘူး၊ ဒါပေမယ့် လုပ်ထုံးလုပ်နည်း အရဆိုရင် အဲဒီမူးယစ်ဆေးဝါးလုပ်ငန်းမှာ ပါဝင်နေသူတွေကိုလည်း ပြည်သူတွေကိုပဲ ဆက်ဆံရမယ်။ ဖမ်းဆီးထိန်းသိမ်းရမယ်'' ဟု ပြောသည်။

Zawgyi Version:
ဗင္နီဇြဲလားႏိုင္ငံကို စစ္ေရးနည္းလမ္းသုံးၿပီးအေရးယူေဆာင္႐ြက္ရန္ အေမရိကန္ကာကြယ္ေရးဝန္ႀကီး အႀကံျပဳ ေတာင္းဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁၅
အေမရိကန္ကာကြယ္ေရးဝန္ႀကီးသည္ ဗင္နီဇြဲလားႏိုင္ငံကို စစ္ေရးနည္းလမ္းသုံးၿပီး အေရးယူေဆာင္႐ြက္ရန္ အေမရိကန္သမၼတေဒၚနယ္ထရမ့္ကို အႀကံျပဳေျပာဆိုလိုက္ေၾကာင္း သိရသည္။ အေမရိကန္ကာကြယ္ေရးဝန္ႀကီး ဟတ္ဆီအျပင္ စစ္ဦးစီးခ်ဳပ္ျဖစ္သူ ဒါန္ကိုင္နီကလည္း ဗင္နီဇြဲလားႏိုင္ငံအတြင္းရွိ ပစ္မွတ္မ်ားကို ေလေၾကာင္း တိုက္ခိုက္မႈမ်ား အပါအဝင္ စစ္ေရးအရ တုံ႔ျပန္ရန္ ေတာင္းဆိုထားေၾကာင္း သိရသည္။ ၿပီးခဲ့ေသာရက္ပိုင္းက က်င္းပခဲ့ေသာအစည္းအေဝး အေမရိကန္ကာကြယ္ေရးဝန္ႀကီး ႏွင့္ အေမရိကန္စစ္ဦးစီးခ်ဳပ္တို႔က အႀကံျပဳခဲ့ျခင္း ျဖစ္ေသာ္လည္း အၿပီးသတ္ဆုံးျဖတ္ျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကိုယ္တိုင္က ဗင္နီဇြဲလားအစိုးရသည္ မူးယစ္ေဆးဝါးလုပ္ငန္းမ်ားကို အားေပး ကူညီေနသလို သမၼတ နီကိုလပ္မာဒူကိုကလည္း မူးယစ္ေဆးဝါးေမွာင္ခိုလုပ္ငန္းမ်ားကို ဦးေဆာင္ေနေၾကာင္း မၾကာေသးမီက စြပ္စြဲေျပာဆိုထားသည္။ အေမရိကန္အစိုးရသည္ လက္ရွိအခ်ိန္တြင္ ဗင္ဖြဲလား သမၼတမာဒူ႐ို ႏွင့္ ပတ္သက္ၿပီး သတင္းေပးႏိုင္သူကို ဆုေၾကးေငြ သန္း ၅၀ ေပးမည္ဟု သတင္းထုတ္ျပန္ထားသည္။ အေမရိကန္ သမၼတသည္ ၿပီးခဲ့ေသာလကလည္း ဗင္နီဇြဲလား မူးယစ္လုပ္ငန္းႏွင့္ဆက္ႏြယ္ေသာ သေဘၤာမ်ားကို တိုက္ခိုက္ရန္ ခြင့္ျပဳေပးခဲ့ေၾကာင္း သိရသည္။ အေမရိကန္ႏိုင္ငံက စစ္ေရး နည္းလမ္းအသုံးျပဳဖြယ္ရွိသည္ဆိုေသာ သတင္းမ်ား ထြက္ေပၚလာခဲ့ၿပီးေနာက္ ဗင္နီဇြဲလားႏိုင္ငံသည္ စစ္တပ္ကို အျမင့္ဆုံးတပ္လွန႔္ထားေၾကာင္း သိရသည္။
အေမရိကန္စစ္တပ္သည္ ၿပီးခဲ့သည့္ စက္တင္ဘာလေနာက္ပိုင္းတည္းက ႏိုင္ငံတကာေရပိုင္နက္အတြင္းတြင္ ဗင္နီဇြဲလား မူးယစ္ေဆးဝါးလုပ္ငန္းႏွင့္ဆက္ႏြယ္သည္ဟုသံသယရွိေသာ သေဘၤာေပါင္း ဒါဇင္ခ်ီကို တိုက္ခိုက္ခဲ့ ေၾကာင္း သိရသည္။ ဗင္နီဇြဲလား သမၼတမာဒူ႐ိုကေတာ့ မူးယစ္ေဆးဝါးေမွာင္ခိုလုပ္ငန္းမ်ားတြင္ ပါဝင္ဆက္ႏြယ္ မရွိေၾကာင္း ျငင္းဆန္ထားၿပီး အေမရိကန္အစိုးရက ဗင္နီဇြဲလားႏိုင္ငံတြင္ အစိုးရအဖြဲ႕အေျပာင္းလဲျဖစ္ေစမည့္ စစ္ဆင္ေရးလုပ္ေဆာင္ရန္ ရည္႐ြယ္ေနျခင္းျဖစ္ေၾကာင္း တုံ႔ျပန္ထားသည္။
ဗင္နီဇြဲလား သမၼတမာဒူ႐ိုက ''ကြၽန္ေတာ္တို႔ဟာဘယ္လိုအ‌ေျခေနမွာပဲျဖစ္ျဖစ္ အမိႏိုင္ငံကို ကာကြယ္သြားဖို႔ အဆင္သင့္ရွိေနပါတယ္'' ဟု ေျပာသည္။
ကာေရဗီယံပင္လယ္အတြင္းတြင္ သေဘၤာမ်ားကို တိုက္ခိုက္ခဲ့ေသာ အေမရိကန္ေရတပ္၏ လုပ္ရပ္မ်ားကို ကိုလံဘီယာသမၼတက လူသိရွင္ၾကား ေဝဖန္ျပစ္တင္ထားေၾကာင္း သိရသည္။
ကိုလံဘီယာသမၼတ ပီထ႐ိုက ''အေမရိကန္သမၼတဟာ ရက္စက္ၾကမ္းၾကဳတ္တဲ့သူျဖစ္ပါတယ္။ အေမရိကန္သမၼတ ဟာ ကြၽန္ေတာ္တို႔ေတြကို စိုးရိမ္ေၾကာက္႐ြံ႕ေစခ်င္တာ ကာေရဗီယံပင္လယ္အတြင္း တိုက္ခိုက္ခံရတဲ့ သေဘၤာေတြ ဟာ မူးယစ္ေဆးဝါးလုပ္ငန္းေတြနဲ႔ဆက္ႏြယ္မႈ ရွိ/မရွိဆိုတာကို ကြၽန္ေတာ္မသိဘူး၊ ဒါေပမယ့္ လုပ္ထုံးလုပ္နည္း အရဆိုရင္ အဲဒီမူးယစ္ေဆးဝါးလုပ္ငန္းမွာ ပါဝင္ေနသူေတြကိုလည္း ျပည္သူေတြကိုပဲ ဆက္ဆံရမယ္။ ဖမ္းဆီးထိန္းသိမ္းရမယ္'' ဟု ေျပာသည္။

Related news

© 2021. All rights reserved.