ဗုဒ္ဓဘာသာရဟန်းတော်များ အမေရိကန် မိုင်၂၃၀၀ ငြိမ်းချမ်းရေး ခြေလျင်ခရီး စတင်နေ

 582

HtayOung(NP News)-နိုဝင်ဘာ-၁၄

ဗုဒ္ဓဘာသာရဟန်းတော်တစ်စုတို့က အမေရိကန်တောင်ပိုင်း တက္ကဆက်ပြည်နယ်မှ အရှေ့ဖျား ဝါရှင်တန်ဒီစီ မြိုတော်အရောက် ငြိမ်းချမ်းရေးခရီးရဲ့ ပထမခြေလှမ်းများကို စတင်လိုက်ပြီလို့ “FWR” ဒေသန္တရ သတင်းစာ ( 27 October 2025) က ရေးပါတယ်။

ဖို့ဝါ့သ်မြို့လေးရဲ့ မြူဆိုင်းနေတဲ့ တနင်္ဂနွေနေ့ နံနက်စောစောပိုင်းမှာ ဗုဒ္ဓဘာသာရဟန်းတော် တစ်ဒါဇင်ကျော် တို့က ၎င်းတို့ သီတင်းသုံးရာ “စတော့ဆစ်” ရပ်ကွက် “ဟောင်ဒို ဝိပဿနာ ဗိမာန်စင်တာ” မှ ဝါရှင်တန်ဒီစီ မြို့ တော်အရောက် မိုင် ၂၃၀၀ ရှည်လျားတဲ့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ပွဲကို စတင်တော်မူခဲ့ကြပါတယ်။

ရက်ကွက်တွင်းနေ ကြည်ညိုသူများ၊ အခြားဘာသာရေးခေါင်းဆောင်များနဲ့ ဝိပဿနာရိပ်သာ ယောဂီတို့က ၁၁၀ ရက်ကြာ ယုံကြည်သက်ဝင်မှုခရီးကို ပို့ဆောင်ရန်အတွက် စုဝေးခဲ့ကြပါတယ်။ အမေရိကန်တစ်ဝှမ်းမှ ရဟန်းတော် ၁၉-ပါး ပါဝင်တဲ့ အဲ့ဒီအဖွဲ့ဟာ ပြည်နယ်ပေါင်း ၁၀ ခုကို ဖြတ်သန်းသွားစဉ် အခြားထောက်ခံသူ များလည်း ပူးပေါင်းပါဝင်ကြပါလိမ့်မယ်။ ပြည်နယ်မြို့တော်များ၊ သမိုင်းဝင်နေရာများနဲ့ ဒေသတွင်းမြို့များမှာ ခေတ္တရပ်နားစဉ် ငြိမ်းချမ်းရေး၊ ဆင်ခြင်တွေးတောမှုနှဲ့ လူ့အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုဆိုင်ရာ သတင်းစကားများကို မျှဝေကြဖို့ စီစဉ်ထားပါတယ်။

ဗုဒ္ဓဘာသာ ရဟန်းတော်များရဲ့ ငြိမ်းချမ်းရေး ခြေလျင်ခရီးဟာ အမေရိကန်နိုင်ငံမှာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး၊ ၂၀၁၉-ခုနှစ်မှာ ဗုဒ္ဓဘာသာ ရဟန်းတော်တစ်စုဟာ ကယ်လီဖိုးနီးယား စန်တာမော်နီကာမှ နယူး ယောက်မြို့အထိ ခြေလျင်ကြွချီခဲ့ကြဖူးပါတယ်။ ၂၀၂၄-ခုနှစ်မှာလည်း ရဟန်းတော်တစ်စုက ကီးဝက်စ်၊ နိုင်ရာ ဂရာရေတံခွန်နဲ့ နယူးယောက်မြို့များအထိ ငြိမ်းချမ်းရေး ခရီးရှည် လျှောက်ခဲ့ကြဖူးပါတယ်။

“ဘုန်းကြီးတို့ ငြိမ်းချမ်းရေး ချီတက်ဆန္ဒပြနေတာ မဟုတ်ပါဘူး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများရဲ့ ခြေလှမ်းကို ပြသလိုရင်းအပြင် တစ်ဦးတစ်ယောက်ချင်းစီမှာ ရှိနှင့်ပြီးသား ငြိမ်းချမ်းမှုကို စေ့ဆော်ရန် ဖြစ်ပါတယ်” “မျှော် လင့်ချက်ဟာ ရိုးရှင်းပေမယ့် အင်အားကြီးမားပါတယ်” လို့ ယခု လမ်းလျှောက်ပွဲမှာ ဒုတိယအကြိမ် ပါဝင်သူ “ဆရာတော် ငုယင်” (ကျူးနမ် ဘိက္ခူ) က မိန့်ပါတယ်။ “ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေးကို မရှာဖွေမီ ကိုယ် တိုင်အတွင်းသန္တာန်မှာ ငြိမ်းချမ်းရေးကို ရှာဖွေခြင်းဖြစ်တယ်” လို့ ဆိုပါတယ်။

လူမှုအသိုင်းအဝိုင်းခေါင်းဆောင်များက ရဟန်းတော်များရဲ့ ရဲစွမ်းသတ္တိကို ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ ခရစ် ယာန် သင်းအုပ်ဆရာ မိုက်ကယ်ဂျေမိုးကလည်း ရဟန်းတော်များ ဘေးကင်းရေးအတွက် ဆုတောင်းခဲ့ပြီး အမေ ရိကန်လူမျိုးတို့အနေနဲ့ မိမိတို့အိမ်နီးချင်းများအပေါ် နားလည်ခြင်းဖြင့် ငြိမ်းချမ်းရေးကို ဖန်တီးရန် တိုက်တွန်း လိုက်ပါတယ်။ အခြားသူများကလည်း သည်းခံယုံ တစ်ခုတည်းမဟုတ်ဘဲ မေတ္တာတရားသည် ကိုးကွယ်ရာ ဘာ သာတရားအားလုံးရဲ့ လမ်းညွှန်ုဖြစ်လျက်ရှိကြောင်း သတိပြုမိစရာဖြစ်ရပါတယ်။

အညိုရောင်၊ ရွှေဝါရောင်နဲ့ နီညိုရင့်ရောင် သင်္ကန်းများ ဝတ်ဆင်ရုံကာ စက္ခုအိန္ဒြေချလျက်ရှိတဲ့ ရဟန်းအချို့ဟာ အရှေ့ရို့စ်ဒေးလ်လမ်းပေါ် ကို ခြေဗလာဖြင့် လျှောက်လှမ်းခဲ့ကြပြီး ထောက်ခံသူများ၊ အစားအစာနဲ့ ထောက်ပံ့ ပစ္စည်းတင်ယာဉ်များက နောက်မှ လိုက်ပါလာကြပါတယ်။ ရဟန်းတော်တို့ဟာ ဝိနည်းတော်နဲ့အညီ တစ်နေ့ လျှင် ဆွမ်းတစ်နပ်သာ ဘုဉ်းပေးကြပြီး နှိမ့်ချခြင်း စည်းကမ်းသေဝပ်ခြင်းရဲ့ ပြယုဂ်အဖြစ် သစ်ပင် ဝါးပင်များ အောက်တွင်သာ ကျိန်းစက်ကြပါတယ်။

မြူများ ပျောက်ကွယ်သွားပြီး နေရောင်ခြည် ထွက်ပေါ်လာသည့်တိုင်အောင် ရဟန်းတော်များ တရွေ့ရွေ့ တန်းစီ ကြွချီသွားနေကြပုံဟာ ဒေသခံများအတွက် ဖူးမျှော်ကြည်ညိုလို့ မဝနိုင်အောင် ရှိရပါတယ်။ ဆရာတော် ငုယင်ကို မျက်စိအောက်က အပျောက်မခံတဲ့ အာဝုလေးလည်း ရဟန်းတော်များကြားမှာ တွေ့နေရပါတယ်။

ဗုဒ္ဓဘာသာ ရဟန်းတော်တစ်စုရဲ့ ငြိမ်းချမ်းရေးအတွက် ရှည်လျားတဲ့ ခရီးဟာ တရားဝင် စတင်လျှက်ရှိပြီး ယနေ့ ဆိုလျင် ရက်သတ္တ ၂-ပတ်ကျော် ၃ ပတ်နီးပါးမျှ ရှိနေပါပြီ။ ဆိုင်းတော်မူပါရန် တောင်းပန်တဲ့ ဒကာ ဒကာမအိမ် ရှေ့ မြက်ခင်းပြင်မှာ ခေတ္တ ရပ်နားတော်မူကြပြီး ဖြတ်သွား ဖြတ်လာသူများ မော်တော်ကားအချိုကလည်း ရဟန်းတော်များ ကြွချီသွားကြပုံကို ဓါတ်ပုံ ဗွီဒီယိုများ ရိုက်ကူးခွင့် ရရှိကြပါတယ်။

Zawgyi Version:
ဗုဒၶဘာသာရဟန္းေတာ္မ်ား အေမရိကန္ မိုင္၂၃၀၀ ၿငိမ္းခ်မ္းေရး ေျခလ်င္ခရီး စတင္ေန
HtayOung(NP News)-ႏိုဝင္ဘာ-၁၄

ဗုဒၶဘာသာရဟန္းေတာ္တစ္စုတို႔က အေမရိကန္ေတာင္ပိုင္း တကၠဆက္ျပည္နယ္မွ အေရွ႕ဖ်ား ဝါရွင္တန္ဒီစီ ၿမိဳေတာ္အေရာက္ ၿငိမ္းခ်မ္းေရးခရီးရဲ႕ ပထမေျခလွမ္းမ်ားကို စတင္လိုက္ၿပီလို႔ “FWR” ေဒသႏၲရ သတင္းစာ ( 27 October 2025) က ေရးပါတယ္။

ဖို႔ဝါ့သ္ၿမိဳ႕ေလးရဲ႕ ျမဴဆိုင္းေနတဲ့ တနဂၤေႏြေန႔ နံနက္ေစာေစာပိုင္းမွာ ဗုဒၶဘာသာရဟန္းေတာ္ တစ္ဒါဇင္ေက်ာ္ တို႔က ၎တို႔ သီတင္းသုံးရာ “စေတာ့ဆစ္” ရပ္ကြက္ “ေဟာင္ဒို ဝိပႆနာ ဗိမာန္စင္တာ” မွ ဝါရွင္တန္ဒီစီ ၿမိဳ႕ ေတာ္အေရာက္ မိုင္ ၂၃၀၀ ရွည္လ်ားတဲ့ ၿငိမ္းခ်မ္းေရးအတြက္ လမ္းေလွ်ာက္ပြဲကို စတင္ေတာ္မူခဲ့ၾကပါတယ္။

ရက္ကြက္တြင္းေန ၾကည္ညိဳသူမ်ား၊ အျခားဘာသာေရးေခါင္းေဆာင္မ်ားနဲ႔ ဝိပႆနာရိပ္သာ ေယာဂီတို႔က ၁၁၀ ရက္ၾကာ ယုံၾကည္သက္ဝင္မႈခရီးကို ပို႔ေဆာင္ရန္အတြက္ စုေဝးခဲ့ၾကပါတယ္။ အေမရိကန္တစ္ဝွမ္းမွ ရဟန္းေတာ္ ၁၉-ပါး ပါဝင္တဲ့ အဲ့ဒီအဖြဲ႕ဟာ ျပည္နယ္ေပါင္း ၁၀ ခုကို ျဖတ္သန္းသြားစဥ္ အျခားေထာက္ခံသူ မ်ားလည္း ပူးေပါင္းပါဝင္ၾကပါလိမ့္မယ္။ ျပည္နယ္ၿမိဳ႕ေတာ္မ်ား၊ သမိုင္းဝင္ေနရာမ်ားနဲ႔ ေဒသတြင္းၿမိဳ႕မ်ားမွာ ေခတၱရပ္နားစဥ္ ၿငိမ္းခ်မ္းေရး၊ ဆင္ျခင္ေတြးေတာမႈႏွဲ႔ လူ႔အဖြဲ႕အစည္းအတြင္း စည္းလုံးညီၫြတ္မႈဆိုင္ရာ သတင္းစကားမ်ားကို မွ်ေဝၾကဖို႔ စီစဥ္ထားပါတယ္။

ဗုဒၶဘာသာ ရဟန္းေတာ္မ်ားရဲ႕ ၿငိမ္းခ်မ္းေရး ေျခလ်င္ခရီးဟာ အေမရိကန္ႏိုင္ငံမွာ ပထမဆုံးအႀကိမ္ေတာ့ မဟုတ္ပါဘူး၊ ၂၀၁၉-ခုႏွစ္မွာ ဗုဒၶဘာသာ ရဟန္းေတာ္တစ္စုဟာ ကယ္လီဖိုးနီးယား စန္တာေမာ္နီကာမွ နယူး ေယာက္ၿမိဳ႕အထိ ေျခလ်င္ႂကြခ်ီခဲ့ၾကဖူးပါတယ္။ ၂၀၂၄-ခုႏွစ္မွာလည္း ရဟန္းေတာ္တစ္စုက ကီးဝက္စ္၊ ႏိုင္ရာ ဂရာေရတံခြန္နဲ႔ နယူးေယာက္ၿမိဳ႕မ်ားအထိ ၿငိမ္းခ်မ္းေရး ခရီးရွည္ ေလွ်ာက္ခဲ့ၾကဖူးပါတယ္။

“ဘုန္းႀကီးတို႔ ၿငိမ္းခ်မ္းေရး ခ်ီတက္ဆႏၵျပေနတာ မဟုတ္ပါဘူး၊ ဗုဒၶဘာသာ ဘုန္းေတာ္ႀကီးမ်ားရဲ႕ ေျခလွမ္းကို ျပသလိုရင္းအျပင္ တစ္ဦးတစ္ေယာက္ခ်င္းစီမွာ ရွိႏွင့္ၿပီးသား ၿငိမ္းခ်မ္းမႈကို ေစ့ေဆာ္ရန္ ျဖစ္ပါတယ္” “ေမွ်ာ္ လင့္ခ်က္ဟာ ႐ိုးရွင္းေပမယ့္ အင္အားႀကီးမားပါတယ္” လို႔ ယခု လမ္းေလွ်ာက္ပြဲမွာ ဒုတိယအႀကိမ္ ပါဝင္သူ “ဆရာေတာ္ ငုယင္” (က်ဴးနမ္ ဘိကၡဴ) က မိန႔္ပါတယ္။ “ကမာၻႀကီးအတြက္ ၿငိမ္းခ်မ္းေရးကို မရွာေဖြမီ ကိုယ္ တိုင္အတြင္းသႏၲာန္မွာ ၿငိမ္းခ်မ္းေရးကို ရွာေဖြျခင္းျဖစ္တယ္” လို႔ ဆိုပါတယ္။

လူမႈအသိုင္းအဝိုင္းေခါင္းေဆာင္မ်ားက ရဟန္းေတာ္မ်ားရဲ႕ ရဲစြမ္းသတၱိကို ခ်ီးက်ဴးဂုဏ္ျပဳခဲ့ၾကပါတယ္။ ခရစ္ ယာန္ သင္းအုပ္ဆရာ မိုက္ကယ္ေဂ်မိုးကလည္း ရဟန္းေတာ္မ်ား ေဘးကင္းေရးအတြက္ ဆုေတာင္းခဲ့ၿပီး အေမ ရိကန္လူမ်ိဳးတို႔အေနနဲ႔ မိမိတို႔အိမ္နီးခ်င္းမ်ားအေပၚ နားလည္ျခင္းျဖင့္ ၿငိမ္းခ်မ္းေရးကို ဖန္တီးရန္ တိုက္တြန္း လိုက္ပါတယ္။ အျခားသူမ်ားကလည္း သည္းခံယုံ တစ္ခုတည္းမဟုတ္ဘဲ ေမတၱာတရားသည္ ကိုးကြယ္ရာ ဘာ သာတရားအားလုံးရဲ႕ လမ္းၫႊႏ္ုျဖစ္လ်က္ရွိေၾကာင္း သတိျပဳမိစရာျဖစ္ရပါတယ္။

အညိဳေရာင္၊ ေ႐ႊဝါေရာင္နဲ႔ နီညိဳရင့္ေရာင္ သကၤန္းမ်ား ဝတ္ဆင္႐ုံကာ စကၡဳအိေျႏၵခ်လ်က္ရွိတဲ့ ရဟန္းအခ်ိဳ႕ဟာ အေရွ႕႐ို႕စ္ေဒးလ္လမ္းေပၚ ကို ေျခဗလာျဖင့္ ေလွ်ာက္လွမ္းခဲ့ၾကၿပီး ေထာက္ခံသူမ်ား၊ အစားအစာနဲ႔ ေထာက္ပံ့ ပစၥည္းတင္ယာဥ္မ်ားက ေနာက္မွ လိုက္ပါလာၾကပါတယ္။ ရဟန္းေတာ္တို႔ဟာ ဝိနည္းေတာ္နဲ႔အညီ တစ္ေန႔ လွ်င္ ဆြမ္းတစ္နပ္သာ ဘုဥ္းေပးၾကၿပီး ႏွိမ့္ခ်ျခင္း စည္းကမ္းေသဝပ္ျခင္းရဲ႕ ျပယုဂ္အျဖစ္ သစ္ပင္ ဝါးပင္မ်ား ေအာက္တြင္သာ က်ိန္းစက္ၾကပါတယ္။

ျမဴမ်ား ေပ်ာက္ကြယ္သြားၿပီး ေနေရာင္ျခည္ ထြက္ေပၚလာသည့္တိုင္ေအာင္ ရဟန္းေတာ္မ်ား တေ႐ြ႕ေ႐ြ႕ တန္းစီ ႂကြခ်ီသြားေနၾကပုံဟာ ေဒသခံမ်ားအတြက္ ဖူးေမွ်ာ္ၾကည္ညိဳလို႔ မဝႏိုင္ေအာင္ ရွိရပါတယ္။ ဆရာေတာ္ ငုယင္ကို မ်က္စိေအာက္က အေပ်ာက္မခံတဲ့ အာဝုေလးလည္း ရဟန္းေတာ္မ်ားၾကားမွာ ေတြ႕ေနရပါတယ္။

ဗုဒၶဘာသာ ရဟန္းေတာ္တစ္စုရဲ႕ ၿငိမ္းခ်မ္းေရးအတြက္ ရွည္လ်ားတဲ့ ခရီးဟာ တရားဝင္ စတင္လွ်က္ရွိၿပီး ယေန႔ ဆိုလ်င္ ရက္သတၱ ၂-ပတ္ေက်ာ္ ၃ ပတ္နီးပါးမွ် ရွိေနပါၿပီ။ ဆိုင္းေတာ္မူပါရန္ ေတာင္းပန္တဲ့ ဒကာ ဒကာမအိမ္ ေရွ႕ ျမက္ခင္းျပင္မွာ ေခတၱ ရပ္နားေတာ္မူၾကၿပီး ျဖတ္သြား ျဖတ္လာသူမ်ား ေမာ္ေတာ္ကားအခ်ိဳကလည္း ရဟန္းေတာ္မ်ား ႂကြခ်ီသြားၾကပုံကို ဓါတ္ပုံ ဗြီဒီယိုမ်ား ႐ိုက္ကူးခြင့္ ရရွိၾကပါတယ္။

Related news

© 2021. All rights reserved.