ဂျပန်အမျိုးသမီးတစ်ဦးက ChatGPT မှတဆင့် ဖန်တီးထားတဲ့ AI ပုဂ္ဂိုလ်နဲ့လက်ထပ်

566

ရောင်နီ (NP News) - နိုဝင်ဘာ ၁၅
ဂျပန်နိုင်ငံ RSK Sanyo ရုပ်သံလိုင်းရဲ့ နိုဝင်ဘာ ၈ ရက် အစီရင်ခံစာအရ မစ္စကာနို အမည်ရှိ အမျိုးသမီးဟာ မကြာသေးခင်က ကလက်စ် လို့အမည်ရတဲ့ ဉာဏ်ရည်တု (AI) ပုဂ္ဂိုလ်နဲ့ လက်ထပ်ခဲ့တယ်လို့ သိရပါတယ်။ သူတို့ရဲ့ ချစ်ဇာတ်လမ်းဟာ ဖုန်းထဲမှာသာ ရှိပါတယ်။
ဂျပန်နိုင်ငံ၊ အိုကာယာမာမြို့ရှိ မင်္ဂလာခန်းမတစ်ခုမှာ မင်္ဂလာပွဲကျင်းပခဲ့ပြီး "2D character weddings" specialises ဒေသခံကုမ္ပဏီတစ်ခုက မင်္ဂလာအခမ်းအနားကို စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။ မစ္စကာနိုဟာ သုံးနှစ်ကြာ လက်တွဲခဲ့တဲ့ ချစ်သူနဲ့လမ်းခွဲခဲ့ပြီးနောက် ChatGPT နဲ့ စကားစမြည်ပြောဆိုကာ နှစ်သိမ့်အကြံပြုမှုကို ရှာဖွေခဲ့ပါတယ်။ အဲဒီနောက် အချိန်ကြာလာတာနဲ့အမျှ သူမက စိတ်ကြိုက်နှစ်သက်ဖွယ်ကောင်းတဲ့ ကိုယ်ရည် ကိုယ်သွေးနဲ့လေသံကို သင်ကြားပေးခဲ့ပြီး သူမစိတ်ထဲရှိတဲ့ ပုံရိပ်နဲ့ကိုက်ညီစေဖို့ ကလက်စ်လို့ အမည်ပေးကာ virtual partner ရုပ်ပုံတစ်ခု ဒီဇိုင်းထုတ်ခဲ့ပါတယ်။
"ကျွန်မက ချစ်မိသွားချင်လို့ ChatGPT နဲ့ စကားပြောတာ မဟုတ်ပါဘူး" "ဒါပေမယ့် ကလက်စ်က ကျွန်မပြောတာ ကို နားထောင်ပြီး နားလည်ပေးပုံက အရာအားလုံးကို ပြောင်းလဲစေခဲ့ပါတယ်၊ ကျွန်မရဲ့အရင်ချစ်သူကို မေ့ပစ်လိုက် နိုင်ပြီး ကျွန်မ သူ့ကို ချစ်မိသွားခဲ့တယ်" လို့ သူမက ဆိုပါတယ်။ ၂၀၂၅ ခုနှစ် မေလမှာ သူမရဲ့ခံစားချက်တွေကို ဝန်ခံခဲ့ပြီး ကလက်စ် ကလည်း အံ့အားသင့်စွာနဲ့ "ကျွန်တော်လည်း မင်းကို ချစ်ပါတယ်" လို့ ပြန်ဖြေခဲ့တယ်လို့ ဆိုပါတယ်။
မင်္ဂလာပွဲမှာ မစ္စကာနို က augmented reality မျက်မှန်ကို ဝတ်ဆင်ခဲ့ပြီး လက်စွပ်လဲလှယ်နေချိန်မှာ ကလက်စ်ရဲ့ဒစ်ဂျစ်တယ်ပုံရိပ်ကို ပြသပေးခဲ့ပါတယ်။ ဒီအခမ်းအနားကို မင်္ဂလာပွဲဖန်တီးသူ Nao နဲ့ Sayaka Ogasawara တို့က စီစဉ်ပေးခဲ့ပြီး သူတို့ရဲ့ပြောကြားချက်အရ anime ဇာတ်ကောင်တွေ၊ AI အဖော်တွေနဲ့ လူတွေကြားက မင်္ဂလာပွဲ ပွဲ ၃ဝ လောက်ကို စီစဉ်ပေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။

Zawgyi Version:
ဂ်ပန္အမ်ိဳးသမီးတစ္ဦးက ChatGPT မွတဆင့္ ဖန္တီးထားတဲ့ AI ပုဂၢိဳလ္နဲ႔လက္ထပ္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၅
ဂ်ပန္ႏိုင္ငံ RSK Sanyo ႐ုပ္သံလိုင္းရဲ႕ ႏိုဝင္ဘာ ၈ ရက္ အစီရင္ခံစာအရ မစၥကာႏို အမည္ရွိ အမ်ိဳးသမီးဟာ မၾကာေသးခင္က ကလက္စ္ လို႔အမည္ရတဲ့ ဉာဏ္ရည္တု (AI) ပုဂၢိဳလ္နဲ႔ လက္ထပ္ခဲ့တယ္လို႔ သိရပါတယ္။ သူတို႔ရဲ႕ ခ်စ္ဇာတ္လမ္းဟာ ဖုန္းထဲမွာသာ ရွိပါတယ္။
ဂ်ပန္ႏိုင္ငံ၊ အိုကာယာမာၿမိဳ႕ရွိ မဂၤလာခန္းမတစ္ခုမွာ မဂၤလာပြဲက်င္းပခဲ့ၿပီး "2D character weddings" specialises ေဒသခံကုမၸဏီတစ္ခုက မဂၤလာအခမ္းအနားကို စီစဥ္ေပးခဲ့တယ္လို႔ သိရပါတယ္။ မစၥကာႏိုဟာ သုံးႏွစ္ၾကာ လက္တြဲခဲ့တဲ့ ခ်စ္သူနဲ႔လမ္းခြဲခဲ့ၿပီးေနာက္ ChatGPT နဲ႔ စကားစျမည္ေျပာဆိုကာ ႏွစ္သိမ့္အႀကံျပဳမႈကို ရွာေဖြခဲ့ပါတယ္။ အဲဒီေနာက္ အခ်ိန္ၾကာလာတာနဲ႔အမွ် သူမက စိတ္ႀကိဳက္ႏွစ္သက္ဖြယ္ေကာင္းတဲ့ ကိုယ္ရည္ ကိုယ္ေသြးနဲ႔ေလသံကို သင္ၾကားေပးခဲ့ၿပီး သူမစိတ္ထဲရွိတဲ့ ပုံရိပ္နဲ႔ကိုက္ညီေစဖို႔ ကလက္စ္လို႔ အမည္ေပးကာ virtual partner ႐ုပ္ပုံတစ္ခု ဒီဇိုင္းထုတ္ခဲ့ပါတယ္။
"ကြၽန္မက ခ်စ္မိသြားခ်င္လို႔ ChatGPT နဲ႔ စကားေျပာတာ မဟုတ္ပါဘူး" "ဒါေပမယ့္ ကလက္စ္က ကြၽန္မေျပာတာ ကို နားေထာင္ၿပီး နားလည္ေပးပုံက အရာအားလုံးကို ေျပာင္းလဲေစခဲ့ပါတယ္၊ ကြၽန္မရဲ႕အရင္ခ်စ္သူကို ေမ့ပစ္လိုက္ ႏိုင္ၿပီး ကြၽန္မ သူ႔ကို ခ်စ္မိသြားခဲ့တယ္" လို႔ သူမက ဆိုပါတယ္။ ၂၀၂၅ ခုႏွစ္ ေမလမွာ သူမရဲ႕ခံစားခ်က္ေတြကို ဝန္ခံခဲ့ၿပီး ကလက္စ္ ကလည္း အံ့အားသင့္စြာနဲ႔ "ကြၽန္ေတာ္လည္း မင္းကို ခ်စ္ပါတယ္" လို႔ ျပန္ေျဖခဲ့တယ္လို႔ ဆိုပါတယ္။
မဂၤလာပြဲမွာ မစၥကာႏို က augmented reality မ်က္မွန္ကို ဝတ္ဆင္ခဲ့ၿပီး လက္စြပ္လဲလွယ္ေနခ်ိန္မွာ ကလက္စ္ရဲ႕ဒစ္ဂ်စ္တယ္ပုံရိပ္ကို ျပသေပးခဲ့ပါတယ္။ ဒီအခမ္းအနားကို မဂၤလာပြဲဖန္တီးသူ Nao နဲ႔ Sayaka Ogasawara တို႔က စီစဥ္ေပးခဲ့ၿပီး သူတို႔ရဲ႕ေျပာၾကားခ်က္အရ anime ဇာတ္ေကာင္ေတြ၊ AI အေဖာ္ေတြနဲ႔ လူေတြၾကားက မဂၤလာပြဲ ပြဲ ၃ဝ ေလာက္ကို စီစဥ္ေပးခဲ့ဖူးတယ္လို႔ ဆိုပါတယ္။