အင်ဒိုနီးရှားမှာ မြေပြိုမှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၂၁ ဦး ပျောက်ဆုံးနေ

 121

ရောင်နီ (NP News) - နိုဝင်ဘာ ၁၅
အင်ဒိုနီးရှားနိုင်ငံမှာ မြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံးပြီး လူ၂၁ ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၁၄ ရက်မှာ ပြောကြားပါတယ်။
နိုဝင်ဘာ ၁၃ ရက်ညက ဗဟိုဂျာဗားပြည်နယ်၊ စီလာကပ်ခရိုင်ရှိ ကျေးရွာသုံးရွာမှာ မြေပြိုမှုဖြစ်ပွားခဲ့တာဖြစ် ပြီး သောကြာနေ့(နိုဝင်ဘာ ၁၄ ရက်) နံနက်အထိမှာတော့ လူ ၂၃ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ရာသီဥတုအခြေအနေကတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ဒေသအတော်များများမှာ လာမယ့် ရက်သတ္တပတ် တွေအတွင်း မိုးရွာသွန်းမှုမြင့်မားနိုင်တယ်လို့ မိုးဇလအေဂျင်စီက သတိပေးထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ နှစ်စဉ် မုတ်သုံရာသီဟာ နိုဝင်ဘာလမှ ဧပြီလအတွင်း ဖြစ်လေ့ရှိပြီး မြေပြိုခြင်း၊ ရေကြီးခြင်းနဲ့ ရေမှတစ်ဆင့် ကူးစက်ရောဂါ တွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။
နိုဝင်ဘာလအစောပိုင်းကလည်း အင်ဒိုနီးရှား ပါပူအာဒေသမှာ လျှပ်တပြတ် ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ရှစ်ဦး ပျောက်ဆုံးခဲ့ပါတယ်။

Zawgyi Version:
အင္ဒိုနီးရွားမွာ ေျမၿပိဳမႈေၾကာင့္ လူ ၂ ဦး ေသဆုံးၿပီး ၂၁ ဦး ေပ်ာက္ဆုံးေန
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၅
အင္ဒိုနီးရွားႏိုင္ငံမွာ ေျမၿပိဳမႈေၾကာင့္ လူ ၂ ဦးေသဆုံးၿပီး လူ၂၁ ဦးထက္မနည္း ေပ်ာက္ဆုံးေနတယ္လို႔ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ တာဝန္ရွိသူတစ္ဦးက ႏိုဝင္ဘာ ၁၄ ရက္မွာ ေျပာၾကားပါတယ္။
ႏိုဝင္ဘာ ၁၃ ရက္ညက ဗဟိုဂ်ာဗားျပည္နယ္၊ စီလာကပ္ခ႐ိုင္ရွိ ေက်း႐ြာသုံး႐ြာမွာ ေျမၿပိဳမႈျဖစ္ပြားခဲ့တာျဖစ္ ၿပီး ေသာၾကာေန႔(ႏိုဝင္ဘာ ၁၄ ရက္) နံနက္အထိမွာေတာ့ လူ ၂၃ ဦးကို အသက္ရွင္လ်က္ ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ရာသီဥတုအေျခအေနကေတာ့ အင္ဒိုနီးရွားႏိုင္ငံရဲ႕ေဒသအေတာ္မ်ားမ်ားမွာ လာမယ့္ ရက္သတၱပတ္ ေတြအတြင္း မိုး႐ြာသြန္းမႈျမင့္မားႏိုင္တယ္လို႔ မိုးဇလေအဂ်င္စီက သတိေပးထားပါတယ္။ အင္ဒိုနီးရွားႏိုင္ငံရဲ႕ ႏွစ္စဥ္ မုတ္သုံရာသီဟာ ႏိုဝင္ဘာလမွ ဧၿပီလအတြင္း ျဖစ္ေလ့ရွိၿပီး ေျမၿပိဳျခင္း၊ ေရႀကီးျခင္းနဲ႔ ေရမွတစ္ဆင့္ ကူးစက္ေရာဂါ ေတြ မၾကာခဏျဖစ္ပြားေလ့ရွိပါတယ္။
ႏိုဝင္ဘာလအေစာပိုင္းကလည္း အင္ဒိုနီးရွား ပါပူအာေဒသမွာ လွ်ပ္တျပတ္ ေရႀကီးမႈနဲ႔ ေျမၿပိဳမႈေတြေၾကာင့္ လူ ၁၅ ဦးထက္မနည္း ေသဆုံးခဲ့ၿပီး ရွစ္ဦး ေပ်ာက္ဆုံးခဲ့ပါတယ္။

Related news

© 2021. All rights reserved.