Apple က ဒေါ်လာ ၂၀၀ ကျော်မှ ၃ဝဝ ကျော်(မြန်မာငွေ ၈ သိန်းကျော်မှ ၁၂ သိန်းကျော်) ရှိ ဖုန်းထည့်အိတ်များ စတင်မိတ်ဆက်

282

ရောင်နီ (NP News) - နိုဝင်ဘာ ၁၅
နည်းပညာကုမ္ပဏီကြီး Apple က ဂျပန်ဖက်ရှင်အမှတ်တံဆိပ် Issey Miyake နဲ့ပူးပေါင်းပြီး ဒေါ်လာ ၂၀၀ ကျော်မှ ၃၀၀ ကျော်ကြား တန်ဖိုးရှိတဲ့ iPhone pocket(ဖုန်းထည့်အိတ်) ဒီဇိုင်းကို မိတ်ဆက်လာခဲ့ပါတယ်။
ဒီအကြောင်းကို နိုဝင်ဘာ ၁၁ ရက်နေ့က ၎င်းရဲ့ဝက်ဘ်ဆိုက်မှာ ကြေညာခဲ့တာဖြစ်ပြီး ထူးခြားတဲ့ 3D-knitted ပုံစံဖန်တီးထားတာကြောင့် ဘယ် iPhone အမျိုးအစားကိုမဆို ထည့်ပြီးယူဆောင်နိုင်တယ်လို့ ပြောကြားခဲ့ ပါတယ်။ iPhone Pocket ကို ပြင်သစ်၊ တရုတ်၊ အီတလီ၊ ဂျပန်၊ တောင်ကိုရီးယား၊ ယူကေ၊ အမေရိကန်နဲ့ စင်ကာပူရှိ Apple Store ဆိုင်တွေမှာ နိုဝင်ဘာ ၁၄ ရက်မှစ ရောင်းချပေးမယ်လို့ သိရပါတယ်။ အိတ်ရဲ့စတိုင်ဟာ ဖုန်းထည့်လိုက်တာနဲ့ ဖုန်းတဝက်က မသိမသာပေါ်လွင်နေမှာဖြစ်ပြီး လက်ကိုင်အိတ်ပေါ်မှာ ဖက်ရှင်တစ်ခုလို ချည်နှောင်ခြင်း (ဒါမှမဟုတ်) ဝတ်စားဆင်ယင်တဲ့ ဖက်ရှင်အလိုက် စိတ်ကြိုက်ပြင်ဆင်ကာ နည်းလမ်းအမျိုးမျိုးနဲ့ ဝတ်ဆင်နိုင်မှာ ဖစ်တယ်လို့ Apple က ဆိုပါတယ်။ ကြိုးအတို ဒီဇိုင်းအိတ်ကတော့ ဒေါ်လာ ၂၁၉ ကျသင့်မှာဖြစ်ပြီး ကြိုးရှည်ဒီဇိုင်းကတော့ ဒေါ်လာ ၃၂၉ ကျသင့်မယ်လို့ သိရပါတယ်။
ဖက်ရှင်ရဲ့ရည်ရွယ်ချက်ကတော့ "ကိုယ်ပိုင်နည်းလမ်းအတိုင်း iPhone ကို ဖက်ရှင်တစ်ခုလို ဝတ်ဆင် နိုင်ဖို့" ရည်ရွယ်တယ်လို့ Miyake Design Studio ဒီဇိုင်းဒါရိုက်တာ မစ္စတာ ယိုရှီယူကီ မီယာမာအီက ပြောကြားပါ တယ်။

Zawgyi Version:
Apple က ေဒၚလာ ၂၀၀ ေက်ာ္မွ ၃ဝဝ ေက်ာ္(ျမန္မာေငြ ၈ သိန္းေက်ာ္မွ ၁၂ သိန္းေက်ာ္) ရွိ ဖုန္းထည့္အိတ္မ်ား စတင္မိတ္ဆက္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၅
နည္းပညာကုမၸဏီႀကီး Apple က ဂ်ပန္ဖက္ရွင္အမွတ္တံဆိပ္ Issey Miyake နဲ႔ပူးေပါင္းၿပီး ေဒၚလာ ၂၀၀ ေက်ာ္မွ ၃၀၀ ေက်ာ္ၾကား တန္ဖိုးရွိတဲ့ iPhone pocket(ဖုန္းထည့္အိတ္) ဒီဇိုင္းကို မိတ္ဆက္လာခဲ့ပါတယ္။
ဒီအေၾကာင္းကို ႏိုဝင္ဘာ ၁၁ ရက္ေန႔က ၎ရဲ႕ဝက္ဘ္ဆိုက္မွာ ေၾကညာခဲ့တာျဖစ္ၿပီး ထူးျခားတဲ့ 3D-knitted ပုံစံဖန္တီးထားတာေၾကာင့္ ဘယ္ iPhone အမ်ိဳးအစားကိုမဆို ထည့္ၿပီးယူေဆာင္ႏိုင္တယ္လို႔ ေျပာၾကားခဲ့ ပါတယ္။ iPhone Pocket ကို ျပင္သစ္၊ တ႐ုတ္၊ အီတလီ၊ ဂ်ပန္၊ ေတာင္ကိုရီးယား၊ ယူေက၊ အေမရိကန္နဲ႔ စင္ကာပူရွိ Apple Store ဆိုင္ေတြမွာ ႏိုဝင္ဘာ ၁၄ ရက္မွစ ေရာင္းခ်ေပးမယ္လို႔ သိရပါတယ္။ အိတ္ရဲ႕စတိုင္ဟာ ဖုန္းထည့္လိုက္တာနဲ႔ ဖုန္းတဝက္က မသိမသာေပၚလြင္ေနမွာျဖစ္ၿပီး လက္ကိုင္အိတ္ေပၚမွာ ဖက္ရွင္တစ္ခုလို ခ်ည္ေႏွာင္ျခင္း (ဒါမွမဟုတ္) ဝတ္စားဆင္ယင္တဲ့ ဖက္ရွင္အလိုက္ စိတ္ႀကိဳက္ျပင္ဆင္ကာ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ဝတ္ဆင္ႏိုင္မွာ ဖစ္တယ္လို႔ Apple က ဆိုပါတယ္။ ႀကိဳးအတို ဒီဇိုင္းအိတ္ကေတာ့ ေဒၚလာ ၂၁၉ က်သင့္မွာျဖစ္ၿပီး ႀကိဳးရွည္ဒီဇိုင္းကေတာ့ ေဒၚလာ ၃၂၉ က်သင့္မယ္လို႔ သိရပါတယ္။
ဖက္ရွင္ရဲ႕ရည္႐ြယ္ခ်က္ကေတာ့ "ကိုယ္ပိုင္နည္းလမ္းအတိုင္း iPhone ကို ဖက္ရွင္တစ္ခုလို ဝတ္ဆင္ ႏိုင္ဖို႔" ရည္႐ြယ္တယ္လို႔ Miyake Design Studio ဒီဇိုင္းဒါ႐ိုက္တာ မစၥတာ ယိုရွီယူကီ မီယာမာအီက ေျပာၾကားပါ တယ္။