YouTube စူပါစတား MrBeast က ဆော်ဒီအာရေဗီးယားမှာ Pop-up park ဖွင့်လှစ်

275

ရောင်နီ (NP News) - နိုဝင်ဘာ ၁၅
Youtube မှာ subscriber သန်း ၄၅၀ ကျော်ရှိတဲ့ ကမ္ဘာ့ follower အများဆုံး YouTuber "MrBeast" ဟာ နိုဝင်ဘာ ၁၃ ရက်က ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ရီယာ့ဒ်မှာ MrBeast စတိုင် ဂိမ်းပရိုဂရမ်တွေနဲ့ Beast Land ယာယီအပန်းဖြေဥယျာဉ်တစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။
Beast Land မှာ ခွန်အားနဲ့ ဉာဏ်ရည်သုံး စွန့်စား ကစားရမယ့် စိန်ခေါ်မှုတွေလည်း ပါဝင်ပြီး ကစားသမားတွေအတွက် ဆုကြေးငွေကိုလည်း ရိုင်ယယ် ၁ သန်းထိ ထားရှိပေးထားပါတယ်။ ဆော်ဒီအာရေဗီးယား နိုင်ငံဟာ ရေနံကို အဓိက မှီခိုနေရတဲ့ စီးပွားရေးအခြေအနေနဲ့ မတူညီတဲ့ စီးပွားရေး ပုံစံပြောင်းလဲပြီး ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ကြိုးပမ်းနေချိန်မှာ MrBeast ရဲ့ Beast Land ဖွင့်လှစ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၇ ရက်အထိ ဖွင့်လှစ်ထားမယ်လို့ သိရပါတယ်။ Mr Beast ရဲ့ပရိသတ်အများစုဟာလည်း မြောက်အမေရိကပြင်ပကဖြစ်ပြီး အရှေ့အလယ်ပိုင်းနိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေးဗီးယားဟာ ပရိသတ်အများဆုံး ရှိတယ်လို့ သိရပါတယ်။
Beast Land ဖွင့်ပွဲကို မီးတောက်တွေ၊ လေဆာရောင်ခြည်တွေ၊ စက္ကူစတွေနဲ့ ဒရုန်းတွေ ဝန်းရံပြီး ခမ်းခမ်းနားနား ပြုလုပ်ခဲ့တာတွေ့ရပါတယ်။ Beast Land က ကစားပွဲတွေမှာ လာရောက်ကစားသူတွေအနေနဲ့ နေ့စဉ် အမှတ်အများဆုံးရရှိသူဟာ ရိုင်ယယ် ၇၀၀၀ (စင်ကာပူဒေါ်လာ ၂၄၃၀) ရရှိမှာဖြစ်ပြီး ၄၅ ရက်အတွင်း အမှတ်အများဆုံးရရှိသူဟာ ရိုင်ယယ် တစ်သန်း ရရှိမယ်လို့ ဆုကြေးငွေ ကြေညာထားပါတယ်။
Mr Beast ဟာ ၂၀၂၃ ခုနှစ် ကမ္ဘာ့ဩဇာအရှိဆုံးပုဂ္ဂိုလ်များထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး သူ့ရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ (စင်ကာပူဒေါ်လာ ၆၅၀ သန်း) ခန့်ရှိတယ်လို့ ဆိုကြပါတယ်။

Zawgyi Version:
YouTube စူပါစတား MrBeast က ေဆာ္ဒီအာေရဗီးယားမွာ Pop-up park ဖြင့္လွစ္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၅
Youtube မွာ subscriber သန္း ၄၅၀ ေက်ာ္ရွိတဲ့ ကမာၻ႔ follower အမ်ားဆုံး YouTuber "MrBeast" ဟာ ႏိုဝင္ဘာ ၁၃ ရက္က ေဆာ္ဒီအာေရးဗီးယားႏိုင္ငံ၊ ရီယာ့ဒ္မွာ MrBeast စတိုင္ ဂိမ္းပ႐ိုဂရမ္ေတြနဲ႔ Beast Land ယာယီအပန္းေျဖဥယ်ာဥ္တစ္ခုကို ဖြင့္လွစ္ခဲ့ပါတယ္။
Beast Land မွာ ခြန္အားနဲ႔ ဉာဏ္ရည္သုံး စြန႔္စား ကစားရမယ့္ စိန္ေခၚမႈေတြလည္း ပါဝင္ၿပီး ကစားသမားေတြအတြက္ ဆုေၾကးေငြကိုလည္း ႐ိုင္ယယ္ ၁ သန္းထိ ထားရွိေပးထားပါတယ္။ ေဆာ္ဒီအာေရဗီးယား ႏိုင္ငံဟာ ေရနံကို အဓိက မွီခိုေနရတဲ့ စီးပြားေရးအေျခအေနနဲ႔ မတူညီတဲ့ စီးပြားေရး ပုံစံေျပာင္းလဲၿပီး ခရီးသြားေတြကို ဆြဲေဆာင္ႏိုင္ဖို႔ ႀကိဳးပမ္းေနခ်ိန္မွာ MrBeast ရဲ႕ Beast Land ဖြင့္လွစ္ျဖစ္ခဲ့တာျဖစ္ပါတယ္။ ဒီဇင္ဘာ ၂၇ ရက္အထိ ဖြင့္လွစ္ထားမယ္လို႔ သိရပါတယ္။ Mr Beast ရဲ႕ပရိသတ္အမ်ားစုဟာလည္း ေျမာက္အေမရိကျပင္ပကျဖစ္ၿပီး အေရွ႕အလယ္ပိုင္းႏိုင္ငံျဖစ္တဲ့ ေဆာ္ဒီအာေရးဗီးယားဟာ ပရိသတ္အမ်ားဆုံး ရွိတယ္လို႔ သိရပါတယ္။
Beast Land ဖြင့္ပြဲကို မီးေတာက္ေတြ၊ ေလဆာေရာင္ျခည္ေတြ၊ စကၠဴစေတြနဲ႔ ဒ႐ုန္းေတြ ဝန္းရံၿပီး ခမ္းခမ္းနားနား ျပဳလုပ္ခဲ့တာေတြ႕ရပါတယ္။ Beast Land က ကစားပြဲေတြမွာ လာေရာက္ကစားသူေတြအေနနဲ႔ ေန႔စဥ္ အမွတ္အမ်ားဆုံးရရွိသူဟာ ႐ိုင္ယယ္ ၇၀၀၀ (စင္ကာပူေဒၚလာ ၂၄၃၀) ရရွိမွာျဖစ္ၿပီး ၄၅ ရက္အတြင္း အမွတ္အမ်ားဆုံးရရွိသူဟာ ႐ိုင္ယယ္ တစ္သန္း ရရွိမယ္လို႔ ဆုေၾကးေငြ ေၾကညာထားပါတယ္။
Mr Beast ဟာ ၂၀၂၃ ခုႏွစ္ ကမာၻ႔ဩဇာအရွိဆုံးပုဂၢိဳလ္မ်ားထဲက တစ္ဦးအျဖစ္ သတ္မွတ္ခံထားရသူျဖစ္ၿပီး သူ႔ရဲ႕ ပိုင္ဆိုင္မႈဟာ အေမရိကန္ေဒၚလာ သန္း ၅၀၀ (စင္ကာပူေဒၚလာ ၆၅၀ သန္း) ခန႔္ရွိတယ္လို႔ ဆိုၾကပါတယ္။