ရန်ကုန်တွင် ရွေးကောက်ပွဲ မဲဆွယ်ဆိုင်းဘုတ်ဖျက်ဆီးသူ(၄) ဦးဖမ်းဆီးခံရ

169

သက်ပိုင် (NP News) - နိုဝင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲ မဲဆွယ် ဆိုင်းဘုတ်များကို ဖျက်ဆီးသူ(၄) ဦးအား ဖမ်းဆီးအရေးယူထားကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့(နိုဝင်ဘာလ ၁၄ ရက်) နံနက် (၃)နာရီကျော် ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ လေးထောင့်ကန်လမ်းနှင့် ဦးဘဟန်လမ်းထောင့်ရှိ ပန်းခြံတွင် စိုက်ထူထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ် (၁) ခု၊ ဗိုလ်ကံညွန့်ရပ်ကွက်ရှိ လေးထောင့်ကန်လမ်းနှင့် ဇမ္ဗူဒိပ်လမ်းထောင့်တွင် စိုက်ထူထားသည့် ပြည်သူ့ပါတီဆိုင်းဘုတ် (၁) ခု၊ သုမင်္ဂလာရပ်ကွက်ရှိ လေးထောင့်ကန်လမ်း နှင့် သုမင်္ဂလာလမ်းထောင့်(ဇဝနလမ်းဆုံ)တွင် စိုက်ထူထားသည့် ပြည်သူ့ပါတီဆိုင်းဘုတ် (၁) ခုနှင့် ပြည်သူ့ရှေ့ဆောင်ပါတီ ဆိုင်းဘုတ် (၁) ခုတို့ ဖြိုလှဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့သူများမှာ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်အောင် ရပ်ကွက်နေ ရွှေလင်းဦး(၂၀)နှစ်၊ ဗိုလ်ကံညွန့်ရပ်ကွက်နေ ခိုင်မင်းကို(၂၀)နှစ်၊ ရန်အောင်ရပ်ကွက်နေ စွမ်းထက်အောင်(၁၉)နှစ် နှင့် ရန်အောင်ရပ်ကွက်တွင်ပင် နေထိုင်သူ ချစ်လင်းကို(၂၈)နှစ်တို့ဖြစ်ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးခြင်းမပြုနိုင်စေရန် စိုက်ထူထား သော ပါတီကိုယ်စားလှယ်လောင်းများ၏ ပါတီဆိုင်းဘုတ်များအားဖျက်ဆီးပြီး ခြိမ်းခြောက်ဟန့်တားခြင်းများ ပြုလုပ်ခဲ့သူ ချစ်လင်းကိုပါ (၄) ဦးအား သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် (ပ)၂၃၉/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် အမှုဖွင့်ပြီး ထိရောက်သောပြစ်ဒဏ်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် (၂၀၂၅) ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများ အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္တြင္ ေ႐ြးေကာက္ပြဲ မဲဆြယ္ဆိုင္းဘုတ္ဖ်က္ဆီးသူ(၄) ဦးဖမ္းဆီးခံရ
သက္ပိုင္ (NP News) - ႏိုဝင္ဘာ ၁၅
ရန္ကုန္တိုင္းေဒသႀကီး၊ သကၤန္းကြၽန္းၿမိဳ႕နယ္တြင္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၏ ေ႐ြးေကာက္ပြဲ မဲဆြယ္ ဆိုင္းဘုတ္မ်ားကို ဖ်က္ဆီးသူ(၄) ဦးအား ဖမ္းဆီးအေရးယူထားေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာ ေရးေကာ္မရွင္၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ယမန္ေန႔(ႏိုဝင္ဘာလ ၁၄ ရက္) နံနက္ (၃)နာရီေက်ာ္ ခန႔္က ရန္ကုန္တိုင္းေဒသႀကီး၊ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ေလးေထာင့္ကန္ရပ္ကြက္၊ ေလးေထာင့္ကန္လမ္းႏွင့္ ဦးဘဟန္လမ္းေထာင့္ရွိ ပန္းၿခံတြင္ စိုက္ထူထားသည့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဆိုင္းဘုတ္ (၁) ခု၊ ဗိုလ္ကံၫြန႔္ရပ္ကြက္ရွိ ေလးေထာင့္ကန္လမ္းႏွင့္ ဇမၺဴဒိပ္လမ္းေထာင့္တြင္ စိုက္ထူထားသည့္ ျပည္သူ႔ပါတီဆိုင္းဘုတ္ (၁) ခု၊ သုမဂၤလာရပ္ကြက္ရွိ ေလးေထာင့္ကန္လမ္း ႏွင့္ သုမဂၤလာလမ္းေထာင့္(ဇဝနလမ္းဆုံ)တြင္ စိုက္ထူထားသည့္ ျပည္သူ႔ပါတီဆိုင္းဘုတ္ (၁) ခုႏွင့္ ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဆိုင္းဘုတ္ (၁) ခုတို႔ ၿဖိဳလွဲဖ်က္ဆီးခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
ကိုယ္စားလွယ္ေလာင္းမ်ား၏ မဲဆြယ္ဆိုင္းဘုတ္ကို ဖ်က္ဆီးခဲ့သူမ်ားမွာ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ရန္ေအာင္ ရပ္ကြက္ေန ေ႐ႊလင္းဦး(၂၀)ႏွစ္၊ ဗိုလ္ကံၫြန႔္ရပ္ကြက္ေန ခိုင္မင္းကို(၂၀)ႏွစ္၊ ရန္ေအာင္ရပ္ကြက္ေန စြမ္းထက္ေအာင္(၁၉)ႏွစ္ ႏွင့္ ရန္ေအာင္ရပ္ကြက္တြင္ပင္ ေနထိုင္သူ ခ်စ္လင္းကို(၂၈)ႏွစ္တို႔ျဖစ္ၾကေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထိုသို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားအား ဥပေဒႏွင့္အညီ မဲဆြယ္စည္း႐ုံးျခင္းမျပဳႏိုင္ေစရန္ စိုက္ထူထား ေသာ ပါတီကိုယ္စားလွယ္ေလာင္းမ်ား၏ ပါတီဆိုင္းဘုတ္မ်ားအားဖ်က္ဆီးၿပီး ၿခိမ္းေျခာက္ဟန႔္တားျခင္းမ်ား ျပဳလုပ္ခဲ့သူ ခ်စ္လင္းကိုပါ (၄) ဦးအား သဃၤန္းကြၽန္းၿမိဳ႕မရဲစခန္းတြင္ (ပ)၂၃၉/၂၀၂၅၊ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရးဥပေဒပုဒ္မ ၂၄(က) ျဖင့္ အမႈဖြင့္ၿပီး ထိေရာက္ေသာျပစ္ဒဏ္ရရွိေရးအတြက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔အျပင္ (၂၀၂၅) ခုႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲက်င္းပမႈကို ပ်က္ျပားေစရန္ ရည္႐ြယ္၍ လူမႈကြန္ရက္စာမ်က္ႏွာမ်ား၊ အမ်ားျပည္သူဆိုင္ရာေနရာမ်ား၌ ေဟာေျပာျခင္း၊ ေျပာဆိုျခင္း၊ စည္း႐ုံးလႈံ႕ေဆာ္ျခင္း၊ ဆႏၵျပျခင္း၊ စာေရးသားျခင္း၊ ႐ုပ္ပုံပိုစတာမ်ားခ်ိတ္ဆြဲျခင္း စသည္တို႔ျဖင့္ ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္းမ်ား၊ ေ႐ြးေကာက္ပြဲဆိုင္ရာလုပ္ငန္းစဥ္မ်ားအား ထိခိုက္ပ်က္စီးေအာင္ ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္း ျပဳလုပ္သူမ်ား အား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ ဟန႔္တားျခင္းမွ ကာကြယ္ေပးေရးဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။