ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယူကရိန်းကငြင်းဆိုနေသမျှတစ်လျှောက်လုံး တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ရုရှားပြော

86

Pika (NP News) - နိုဝင်ဘာ ၁၅
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ယူကရိန်းကငြင်းဆိုခဲ့တာကြောင့် ရုရှားရဲ့ရည်မှန်းချက်တွေအောင်မြင်စေဖို့အတွက် စစ်ရေးနည်းလမ်းတွေနဲ့ဆက်လက်လုပ်ဆောင်တာလွဲပြီး အခြားရွေးချယ်စရာမရှိတော့ဘူးလို့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အစ္စတန်ဘူလ်မြို့မှာ ဆွေးနွေးပွဲ သုံးကြိမ်လုပ်ဆောင်ခဲ့ပြီးနောက် ရုရှားနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေကို ယူကရိန်းက စွန့်လွှတ်လိုက်ပြီလို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဆာဂေးကစ်လစ်ဆာက ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် ဒီမစ်ထရီပက်စကော့ဗ်ရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ရုရှားနဲ့ ယူကရိန်းတို့ကြား အစ္စတန်ဘူလ်မြို့မှာလုပ်ဆောင်ခဲ့တဲ့ ဆွေးနွေးပွဲတွေဟာ တိုးတက်မှုအနည်းငယ်သာ ရှိခဲ့တာကြောင့် ဒီလိုမျိုးရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဆာဂေးကစ်လစ်ဆာက ပြောကြားခဲ့ပါတယ်။ ဒီမစ်ထရီပက်စကော့ဗ်က “ယူကရိန်းဘက်က ထုတ်ပြန်ချက်တွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဆက်လက် မလုပ်ဆောင်လိုတဲ့အခြေအနေတွေကို တရားဝင်ဖြစ်စေပါတယ်။ဒါက တကယ်ကိုဝမ်းနည်းစရာပါပဲ။ ဆွေးနွေးပွဲကို ဆက်လက်လုပ်ဆောင်မယ့်အခြေအနေတွေ မရှိတော့တာကြောင့် ရုရှားကစစ်ရေးနည်းလမ်းတွေကို ဆက်လုပ်ရုံ ကလွဲပြီး အခြားရွေးချယ်စရာမရှိတော့ပါဘူး” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ယူကရိန်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဆောင်ဖို့ မကြာခင်အချိန်အတွင်း တွန်းအားပေးခံရနိုင် ကြောင်း နဲ့ ယူကရိန်းအစိုးရရဲ့အနေအထားက နေ့စဉ်နဲ့အမျှ ပိုမိုဆိုးရွားလာမှာကို တွေ့မြင်လာရလိမ့်မယ်လို့ ဒီမစ်ထရီပက်စကော့ဗ်က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို ယူကရိန္းကျငင္းဆိုေနသမွ်တစ္ေလွ်ာက္လုံး တိုက္ခိုက္မႈေတြ ဆက္လက္လုပ္ေဆာင္ သြားမယ္လို႔ ႐ုရွားေျပာ
Pika (NP News) - ႏိုဝင္ဘာ ၁၅
ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကို ယူကရိန္းကျငင္းဆိုခဲ့တာေၾကာင့္ ႐ုရွားရဲ႕ရည္မွန္းခ်က္ေတြေအာင္ျမင္ေစဖို႔အတြက္ စစ္ေရးနည္းလမ္းေတြနဲ႔ဆက္လက္လုပ္ေဆာင္တာလြဲၿပီး အျခားေ႐ြးခ်ယ္စရာမရွိေတာ့ဘူးလို႔ ႐ုရွားအစိုးရ ေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အစၥတန္ဘူလ္ၿမိဳ႕မွာ ေဆြးေႏြးပြဲ သုံးႀကိမ္လုပ္ေဆာင္ခဲ့ၿပီးေနာက္ ႐ုရွားနဲ႔တိုက္႐ိုက္ေဆြးေႏြးမႈေတြကို ယူကရိန္းက စြန႔္လႊတ္လိုက္ၿပီလို႔ ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးကစ္လစ္ဆာက ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ ဒီမစ္ထရီပက္စေကာ့ဗ္ရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
႐ုရွားနဲ႔ ယူကရိန္းတို႔ၾကား အစၥတန္ဘူလ္ၿမိဳ႕မွာလုပ္ေဆာင္ခဲ့တဲ့ ေဆြးေႏြးပြဲေတြဟာ တိုးတက္မႈအနည္းငယ္သာ ရွိခဲ့တာေၾကာင့္ ဒီလိုမ်ိဳးရပ္ဆိုင္းဖို႔ ဆုံးျဖတ္လိုက္တာျဖစ္တယ္လို႔ ဆာေဂးကစ္လစ္ဆာက ေျပာၾကားခဲ့ပါတယ္။ ဒီမစ္ထရီပက္စေကာ့ဗ္က “ယူကရိန္းဘက္က ထုတ္ျပန္ခ်က္ေတြက ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကို ဆက္လက္ မလုပ္ေဆာင္လိုတဲ့အေျခအေနေတြကို တရားဝင္ျဖစ္ေစပါတယ္။ဒါက တကယ္ကိုဝမ္းနည္းစရာပါပဲ။ ေဆြးေႏြးပြဲကို ဆက္လက္လုပ္ေဆာင္မယ့္အေျခအေနေတြ မရွိေတာ့တာေၾကာင့္ ႐ုရွားကစစ္ေရးနည္းလမ္းေတြကို ဆက္လုပ္႐ုံ ကလြဲၿပီး အျခားေ႐ြးခ်ယ္စရာမရွိေတာ့ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ယူကရိန္းက ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြလုပ္ေဆာင္ဖို႔ မၾကာခင္အခ်ိန္အတြင္း တြန္းအားေပးခံရႏိုင္ ေၾကာင္း နဲ႔ ယူကရိန္းအစိုးရရဲ႕အေနအထားက ေန႔စဥ္နဲ႔အမွ် ပိုမိုဆိုး႐ြားလာမွာကို ေတြ႕ျမင္လာရလိမ့္မယ္လို႔ ဒီမစ္ထရီပက္စေကာ့ဗ္က ေျပာၾကားခဲ့ပါတယ္။