စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးအသစ်တစ်ခုကို အမေရိကန် စတင်

84

Pika (NP News) - နိုဝင်ဘာ ၁၅
ဗင်နီဇွဲလားနိုင်ငံနဲ့တင်းမာမှုတွေ ဆက်လက်ရှိနေပေမယ့်လည်း မူးယစ်မှောင်ခိုသမားတွေကိုဆန့်ကျင်တဲ့ စစ်ဘက်ဆိုင်ရာစစ်ဆင်ရေးတစ်ခုကို အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီတီဟတ်ဆတ်က ထုတ်ပြန်ကြေညာခဲ့ပါ တယ်။ ပီတီဟတ်ဆတ်က “ဒီနေ့မှာတော့ မူးယစ်မှောင်ခိုသမားတွေကို ဆန့်ကျင်တဲ့စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေး တစ်ခုကို ထုတ်ပြန်ကြေညာလိုက်ပါပြီ။ ဒီမစ်ရှင်ဟာ ကျွန်တော်တို့ရဲ့မွေးရပ်မြေကို ကာကွယ်ပြီး ကမ္ဘာမြေကြီးပေါ် ကနေ မူးယစ်ဆေးဝါးသမားတွေကိုဖယ်ရှားပစ်ပြီးတော့ ပြည်သူတွေကိုသတ်ပစ်နေတဲ့ မူးယစ်ဆေးဝါးတွေကန ကျွန်တော်တို့ရဲ့မွေးရပ်မြေကြီးကို လုံခြုံပါစေလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း ကာရေဘီယံပင်လယ်ပြင်မှာ မူးယစ်မှောင်ခိုသင်္ဘောတွေကို တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင် သွားမှာလား၊မလုပ်ဘူးလား ဆိုတဲ့အသေးစိတ်အချက်အလက်တွေကို ပီတီဟတ်ဆတ်က ထုတ်ဖော်ပြောဆိုခဲ့တာ မျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာကနေစတင်ပြီး အမေရိကန်စစ်တပ်ဟာ မူးယစ်မှောင်ခိုသင်္ဘောအစီးရေ(၂ဝ)စီးလောက်ကို ဖျက်ဆီးပစ်ခဲ့ပြီး အနည်းဆုံးလူ(၈ဝ)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် ဗင်နီဇွဲလားနိုင်ငံအတွင်းကို တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့အတွက် စဉ်းစားနေတာမျိုးမရှိဘူးလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
စစ္ဘက္ဆိုင္ရာ စစ္ဆင္ေရးအသစ္တစ္ခုကို အေမရိကန္ စတင္
Pika (NP News) - ႏိုဝင္ဘာ ၁၅
ဗင္နီဇြဲလားႏိုင္ငံနဲ႔တင္းမာမႈေတြ ဆက္လက္ရွိေနေပမယ့္လည္း မူးယစ္ေမွာင္ခိုသမားေတြကိုဆန႔္က်င္တဲ့ စစ္ဘက္ဆိုင္ရာစစ္ဆင္ေရးတစ္ခုကို အေမရိကန္ကာကြယ္ေရးဝန္ႀကီး ပီတီဟတ္ဆတ္က ထုတ္ျပန္ေၾကညာခဲ့ပါ တယ္။ ပီတီဟတ္ဆတ္က “ဒီေန႔မွာေတာ့ မူးယစ္ေမွာင္ခိုသမားေတြကို ဆန႔္က်င္တဲ့စစ္ဘက္ဆိုင္ရာ စစ္ဆင္ေရး တစ္ခုကို ထုတ္ျပန္ေၾကညာလိုက္ပါၿပီ။ ဒီမစ္ရွင္ဟာ ကြၽန္ေတာ္တို႔ရဲ႕ေမြးရပ္ေျမကို ကာကြယ္ၿပီး ကမာၻေျမႀကီးေပၚ ကေန မူးယစ္ေဆးဝါးသမားေတြကိုဖယ္ရွားပစ္ၿပီးေတာ့ ျပည္သူေတြကိုသတ္ပစ္ေနတဲ့ မူးယစ္ေဆးဝါးေတြကန ကြၽန္ေတာ္တို႔ရဲ႕ေမြးရပ္ေျမႀကီးကို လုံၿခဳံပါေစလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း ကာေရဘီယံပင္လယ္ျပင္မွာ မူးယစ္ေမွာင္ခိုသေဘၤာေတြကို တိုက္ခိုက္မႈေတြ တိုးျမႇင့္လုပ္ေဆာင္ သြားမွာလား၊မလုပ္ဘူးလား ဆိုတဲ့အေသးစိတ္အခ်က္အလက္ေတြကို ပီတီဟတ္ဆတ္က ထုတ္ေဖာ္ေျပာဆိုခဲ့တာ မ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။
ၿပီးခဲ့တဲ့ စက္တင္ဘာကေနစတင္ၿပီး အေမရိကန္စစ္တပ္ဟာ မူးယစ္ေမွာင္ခိုသေဘၤာအစီးေရ(၂ဝ)စီးေလာက္ကို ဖ်က္ဆီးပစ္ခဲ့ၿပီး အနည္းဆုံးလူ(၈ဝ)ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ ဗင္နီဇြဲလားႏိုင္ငံအတြင္းကို တိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔အတြက္ စဥ္းစားေနတာမ်ိဳးမရွိဘူးလို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ ရက္ပိုင္းမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။