ဒေါ်သက်သက်ခိုင်၏ အသနားခံစာ UEC ပယ်ချ

 306

သက်ပိုင် (NP News) - နိုဝင်ဘာ ၁၅

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံသို့ တင်ပြထားသည့် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဌ ဒေါ်သက်သက်ခိုင်၏ အသနားခံစာ ပယ်ချခံရကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးစောဟန်အေးက NP News သို့ပြောသည်။
ဒေါ်သက်သက်ခိုင်အနေဖြင့် လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နှင့်ငြိစွန်းသဖြင့် ကိုယ်စားလှယ်လောင်း စာရင်းမှ ပယ်ဖျက်ခြင်းခံခဲ့ရမှု အပေါ် UEC ထံသို့ အသနားခံစာ တင်ပြခဲ့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းက ပယ်ချခံရကြောင်းကို ပြန်လည်ကြားသိခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အသနားခံစာက ပယ်ချခံရပါတယ်။ ကျွန်တော်တို့လည်း ဒီရက်ပိုင်းထဲမှာပဲ သိရတာပါ။ နှစ်ရက် သုံးရက်လောက်ပဲ ရှိပါသေးတယ်။လက်ရှိမှာ ကိုယ်စားလှယ်လောင်းအဖြစ်ပဲ ယှဉ်ပြိုင်လို့ မရတော့တာပါ။ လက်ရှိလည်း ပါတီဥက္ကဋ္ဌ ဖြစ်တဲ့အတွက်ကြောင့်မို့ ပါတီမဲဆွယ်ကမ်ပိန်းတွေကတော့ သူအားလုံးလုပ်လို့ ရပါတယ်” ဟု ဦးစောဟန်အေးက ပြောသည်။
ပြည်သူရှေ့ဆောင်ပါတီ(PPP)အနေဖြင့် ဥက္ကဋ္ဌဖြစ်သူ ဒေါ်သက်သက်ခိုင်တစ်ဦးသာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရခြင်းသာဖြစ်ပြီး ကျန်သည့်ကိုယ်စားလှယ်လောင်းအားလုံး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ဒေါ်သက်သက်ခိုင်အနေဖြင့်လည်း ပါတီရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စရပ်များကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“သူက ကမ်ပိန်းကိစ္စတွေကတော့ ဆက်ပြီးဆောင်ရွက်သွားမှာပါ။ ပါတီဥက္ကဋ္ဌ အနေနဲ့ သူနယ်တွေ သွားတာတွေ၊ ပြည်နယ်တိုင်းတွေ လှည့်ပြီးတော့ ဆောင်ရွက်သွားမှာပါ။ ဥက္ကဋ္ဌကြီးပြိုင်လို့မရတာနဲ့ ပါတီက ပျက်သွားပြီ၊ ပါတီကပြိုင်လို့မရဘူးဆိုတဲ့ ကောလဟာတွေက မမှန်ကန်ပါဘူး” ဟု ဦးစောဟန်အေးက ရှင်းပြသည်။
လွှတ်တော်အလိုက် မဲဆန္ဒနယ်အသီးသီးတွင် အမည်စာရင်းတင်သွင်းသည့် ကိုယ်စားလှယ်လောင်း ၅၀၂၃ ဦးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိသည့်အတွက် ဒေါ်သက်သက်ခိုင် အပါအဝင် ကိုယ်စားလှယ်လောင်း ၈၆ ဦးမှာ ပယ်ဖျက်ခြင်းခံခဲ့ရသည်။

Zawgyi Version:
ေဒၚသက္သက္ခိုင္၏ အသနားခံစာ UEC ပယ္ခ်
သက္ပိုင္ (NP News) - ႏိုဝင္ဘာ ၁၅
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ UEC ထံသို႔ တင္ျပထားသည့္ ျပည္သူ႔ေရွ႕ေဆာင္ပါတီ(PPP) ဥကၠဌ ေဒၚသက္သက္ခိုင္၏ အသနားခံစာ ပယ္ခ်ခံရေၾကာင္း ပါတီေျပာေရးဆိုခြင့္ရွိသူ ဦးေစာဟန္ေအးက NP News သို႔ေျပာသည္။
ေဒၚသက္သက္ခိုင္အေနျဖင့္ လႊတ္ေတာ္ေ႐ြးေကာက္ပြဲဥပေဒပုဒ္မ ၈ (ဃ) ပါ ျပ႒ာန္းခ်က္ႏွင့္ၿငိစြန္းသျဖင့္ ကိုယ္စားလွယ္ေလာင္း စာရင္းမွ ပယ္ဖ်က္ျခင္းခံခဲ့ရမႈ အေပၚ UEC ထံသို႔ အသနားခံစာ တင္ျပခဲ့ေသာ္လည္း ၿပီးခဲ့သည့္ရက္ပိုင္းက ပယ္ခ်ခံရေၾကာင္းကို ျပန္လည္ၾကားသိခဲ့ရျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။

“အသနားခံစာက ပယ္ခ်ခံရပါတယ္။ ကြၽန္ေတာ္တို႔လည္း ဒီရက္ပိုင္းထဲမွာပဲ သိရတာပါ။ ႏွစ္ရက္ သုံးရက္ေလာက္ပဲ ရွိပါေသးတယ္။လက္ရွိမွာ ကိုယ္စားလွယ္ေလာင္းအျဖစ္ပဲ ယွဥ္ၿပိဳင္လို႔ မရေတာ့တာပါ။ လက္ရွိလည္း ပါတီဥကၠ႒ ျဖစ္တဲ့အတြက္ေၾကာင့္မို႔ ပါတီမဲဆြယ္ကမ္ပိန္းေတြကေတာ့ သူအားလုံးလုပ္လို႔ ရပါတယ္” ဟု ဦးေစာဟန္ေအးက ေျပာသည္။
ျပည္သူေရွ႕ေဆာင္ပါတီ(PPP)အေနျဖင့္ ဥကၠ႒ျဖစ္သူ ေဒၚသက္သက္ခိုင္တစ္ဦးသာ ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္မရျခင္းသာျဖစ္ၿပီး က်န္သည့္ကိုယ္စားလွယ္ေလာင္းအားလုံး ေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္းႏွင့္ ေဒၚသက္သက္ခိုင္အေနျဖင့္လည္း ပါတီေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးကိစၥရပ္မ်ားကို ဆက္လက္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“သူက ကမ္ပိန္းကိစၥေတြကေတာ့ ဆက္ၿပီးေဆာင္႐ြက္သြားမွာပါ။ ပါတီဥကၠ႒ အေနနဲ႔ သူနယ္ေတြ သြားတာေတြ၊ ျပည္နယ္တိုင္းေတြ လွည့္ၿပီးေတာ့ ေဆာင္႐ြက္သြားမွာပါ။ ဥကၠ႒ႀကီးၿပိဳင္လို႔မရတာနဲ႔ ပါတီက ပ်က္သြားၿပီ၊ ပါတီကၿပိဳင္လို႔မရဘူးဆိုတဲ့ ေကာလဟာေတြက မမွန္ကန္ပါဘူး” ဟု ဦးေစာဟန္ေအးက ရွင္းျပသည္။
လႊတ္ေတာ္အလိုက္ မဲဆႏၵနယ္အသီးသီးတြင္ အမည္စာရင္းတင္သြင္းသည့္ ကိုယ္စားလွယ္ေလာင္း ၅၀၂၃ ဦးတြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ၊ သက္ဆိုင္ရာလႊတ္ေတာ္ ေ႐ြးေကာက္ပြဲ ဥပေဒ၊ နည္းဥပေဒမ်ားႏွင့္ ညီၫြတ္မႈမရွိသည့္အတြက္ ေဒၚသက္သက္ခိုင္ အပါအဝင္ ကိုယ္စားလွယ္ေလာင္း ၈၆ ဦးမွာ ပယ္ဖ်က္ျခင္းခံခဲ့ရသည္။

Related news

© 2021. All rights reserved.