ခရိုအေးရှားနိုင်ငံမှာ တူရကီမီးသတ်လေယာဉ်တစ်စင်း ပျက်ကျ

 215

Pika (NP News) - နိုဝင်ဘာ ၁၅

တူရကီမီးသတ်လေယာဉ်တစ်စင်းဟာ ခရိုအေးရှားနိုင်ငံမှာပျက်ကျခဲ့ပြီး လေယာဉ်မှူးသေဆုံးသွားခဲ့တယ်လို့ တူရကီသစ်တောဝန်ကြီး Ibrahim Yumakli က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ လူ(၂ဝ)ဦးကို သေဆုံးစေခဲ့တဲ့ တူရကီစစ်ဘက်ဆိုင်ရာလေယာဉ်ပျက်ကျမှုအပြီး အချိန်(၂)ရက်လောက်အကြာမှာ ယခုလိုပျက်ကျမှု ထပ်မံဖြစ်ပွား ခဲ့တာဖြစ်ပါတယ်။
တူရကီမီးသတ်လေယာဉ်နှစ်စင်းဟာ တူရကီနိုင်ငံကို ပြန်လာဖို့ကြိုးပမ်းစဉ်အချိန်အတွင်း လေကြောင်း ထိန်းချုပ်ရေးစင်တာနဲ့အဆက်အသွယ်ပြတ်သွားခဲ့ပြီး တစ်စီးကခရိုအေးရှားလေဆိပ်မှာ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပေမယ့် အခြားတစ်စီးက ပျက်ကျသွားခဲ့တာဖြစ်တယ်လို့ Ibrahim Yumakli က ပြောကြားခဲ့ပါ တယ်။ Ibrahim Yumakli က “ခရိုအေးရှားမြို့ ဆန်ဂျီအနီးမှာ တူရကီမီးသတ်လေယာဉ်တစ်စင်းရဲ့ အပျက်အစီးတွေ ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွင်း သေဆုံးသွားခဲ့တဲ့လေယာဉ်မှူးအတွက် တကယ်ကို စိတ်မကောင်း ဖြစ်မိပါတယ်” လို့ ပြောခဲ့ပါတယ်။
တူရကီစစ်ဘက်ဆိုင်ရာကုန်တင်လေယာဉ်တစ်စင်းဟာ အဇာဘိုင်ဂျန်-ဂျော်ဂျီယာနယ်စပ်အနီးမှာ ပျက်ကျသွားခဲ့ တယ်လို့ တူရကီကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ တူရကီစစ်ဘက် ဆိုင်ရာကုန်တင်လေယာဉ် C-130 ဟာ အဇာဘိုင်ဂျန်နိုင်ငံကနေ ပျံတက်ခဲ့ပြီး တူရကီနိုင်ငံကို ပြန်လာနေတဲ့လမ်းမှာ ပျက်ကျသွားခဲ့တာဖြစ်တယ်လို့ တူရကီကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ခ႐ိုေအးရွားႏိုင္ငံမွာ တူရကီမီးသတ္ေလယာဥ္တစ္စင္း ပ်က္က်
Pika (NP News) - ႏိုဝင္ဘာ ၁၅
တူရကီမီးသတ္ေလယာဥ္တစ္စင္းဟာ ခ႐ိုေအးရွားႏိုင္ငံမွာပ်က္က်ခဲ့ၿပီး ေလယာဥ္မႉးေသဆုံးသြားခဲ့တယ္လို႔ တူရကီသစ္ေတာဝန္ႀကီး Ibrahim Yumakli က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ လူ(၂ဝ)ဦးကို ေသဆုံးေစခဲ့တဲ့ တူရကီစစ္ဘက္ဆိုင္ရာေလယာဥ္ပ်က္က်မႈအၿပီး အခ်ိန္(၂)ရက္ေလာက္အၾကာမွာ ယခုလိုပ်က္က်မႈ ထပ္မံျဖစ္ပြား ခဲ့တာျဖစ္ပါတယ္။
တူရကီမီးသတ္ေလယာဥ္ႏွစ္စင္းဟာ တူရကီႏိုင္ငံကို ျပန္လာဖို႔ႀကိဳးပမ္းစဥ္အခ်ိန္အတြင္း ေလေၾကာင္း ထိန္းခ်ဳပ္ေရးစင္တာနဲ႔အဆက္အသြယ္ျပတ္သြားခဲ့ၿပီး တစ္စီးကခ႐ိုေအးရွားေလဆိပ္မွာ ေအာင္ျမင္စြာ ဆင္းသက္ႏိုင္ခဲ့ေပမယ့္ အျခားတစ္စီးက ပ်က္က်သြားခဲ့တာျဖစ္တယ္လို႔ Ibrahim Yumakli က ေျပာၾကားခဲ့ပါ တယ္။ Ibrahim Yumakli က “ခ႐ိုေအးရွားၿမိဳ႕ ဆန္ဂ်ီအနီးမွာ တူရကီမီးသတ္ေလယာဥ္တစ္စင္းရဲ႕ အပ်က္အစီးေတြ ကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ ဒီျဖစ္ရပ္အတြင္း ေသဆုံးသြားခဲ့တဲ့ေလယာဥ္မႉးအတြက္ တကယ္ကို စိတ္မေကာင္း ျဖစ္မိပါတယ္” လို႔ ေျပာခဲ့ပါတယ္။
တူရကီစစ္ဘက္ဆိုင္ရာကုန္တင္ေလယာဥ္တစ္စင္းဟာ အဇာဘိုင္ဂ်န္-ေဂ်ာ္ဂ်ီယာနယ္စပ္အနီးမွာ ပ်က္က်သြားခဲ့ တယ္လို႔ တူရကီကာကြယ္ေရးဝန္ႀကီးဌာနက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ တူရကီစစ္ဘက္ ဆိုင္ရာကုန္တင္ေလယာဥ္ C-130 ဟာ အဇာဘိုင္ဂ်န္ႏိုင္ငံကေန ပ်ံတက္ခဲ့ၿပီး တူရကီႏိုင္ငံကို ျပန္လာေနတဲ့လမ္းမွာ ပ်က္က်သြားခဲ့တာျဖစ္တယ္လို႔ တူရကီကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.