လုံခြုံရေးဆိုင်ရာများဆောင်ရွက်ရန် သီပေါတံတားကို ယာယီပိတ်ထားဟုဆို

679

Pearl (NP News) - နိုဝင်ဘာ ၁၅
လုံခြုံရေးဆိုင်ရာများဆောင်ရွက်ရန် သီပေါတံတားကို ယာယီပိတ်ထားကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် နီးစပ် သူများထံမှ NP News ၏ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။
ပြီးခဲ့သည့်အောက်တိုဘာလ (၁၆)ရက်မှစ၍ သီပေါမြို့ကို တပ်မတော်က အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး သီပေါနှင့် လားရှိုးကို ဆက်သွယ်ထားသည့် သီပေါတံတားကို ခရီးသည်ကားများ၊ ကုန်ကားများ ပုံမှန်ဖြတ်သန်း သွားလာခွင့်ပြုခဲ့ပြီးနောက် နိုဝင်ဘာလ(၁၄)ရက်၊ မနက်ပိုင်းက အဆိုပါ တံတားအသုံးပြုခွင့်ကို ယာယီပိတ်ထားခဲ့ ကြောင်း သိရသည်။
“သီပေါမြို့နယ် လားရှိုးကို ဆက်သွယ်ပေးထားတဲ့ တံတားတစ်ခုပေါ့။ ဒုဌဝတီမြစ်ကို ဖြတ်ထားတဲ့တံတား တစ်စင်း ပေါ့ ။ နိုဝင်ဘာလ(၁၄)ရက်၊ မနက် (၆)နာရီကစပြီးပိတ်လိုက်တာ။ ဆိုင်ကယ်တွေ၊ ကားတွေကတော့ ပေးမဖြတ် ဘူး။ လမ်းလျှောက်ပြီး ဖြတ်သန်းသွားလာခွင့်ပြုတယ်။ ဒါကတော့ လက်ရှိအနေအထားပေါ့။ လက်ရှိ သီပေါနဲ့ လားရှိုးသွားတဲ့အခါမှာ ကုန်တင်ကားတွေ နဲ့ ခရီးသည်ယာဉ်တွေ ခတ္တပိတ်သွားတာပေါ့” ဟု လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။
လုံခြုံရေးဆိုင်ရာအခြေအနေအချို့ကြောင့် အဆိုပါ သီပေါတံတားကို ယာယီပိတ်ထားခြင်းမျိုးဖြစ်ပြီး ဒေသခံများ အနေဖြင့် တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်ရန်မလိုကြောင်းလည်း သိရသည်။
“အကြောင်းအရင်းကတော့ ဒေသနယ်မြေအခြေအနေနဲ့ လုံခြုံရေးအခြေအနေအရပေါ့။ စိုးရိမ်စရာ တိုက်ပွဲဖြစ်မယ့် အနေအထားကို သွားတာမဟုတ်ဘူး။ နယ်မြေစိုးမိုးရေး ကိစ္စလေး တစ်ခုအတွက် ယာယီပိတ်ထားတဲ့သဘောပါပဲ။ ဒီကိစ္စကို အမြန်ဆုံးပြန်လည်ဖြေရှင်းအောင်လည်း သက်ဆိုင်ရာက ဆောင်ရွက်ပေးဖို့ရှိတယ်။ လောလောဆယ် တော့ တခြားအကြောင်းအရင်းလေးတွေ ရှိလို့ပါ။ ဘယ်တော့ ပြန်ဖွင့်မလဲဆိုတာတော့ ပြောရခက်တယ်။ ပြောနိုင် တာက တိုက်ပွဲဖြစ်ဖို့ပိတ်လိုက်တဲ့သဘောမျိုးမဟုတ်ဘူး။ လုံခြုံရေးကိစ္စရယ်၊ စီးပွားရေး ကိစ္စပေါ့နောက် လောင်းကစားဝိုင်းကိစ္စ ။ ဒါတွေကြောင့်ပါပဲ။ လိုင်းပေါ်က ကောလဟာလ ပြောသလို တိုက်ပွဲဖြစ်မှာမို့ ပိတ်တာမျိုး မဟုတ်ဘူး။ လောင်းကစားဝိုင်းတွေ ကိစ္စကိုလည်း ညှိနှိုင်းနေပါတယ်။ အမြန်ဆုံးပြေလည်သွားပါလိမ့်မယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
လုံၿခဳံေရးဆိုင္ရာမ်ားေဆာင္႐ြက္ရန္ သီေပါတံတားကို ယာယီပိတ္ထားဟုဆို
Pearl (NP News) - ႏိုဝင္ဘာ ၁၅
လုံၿခဳံေရးဆိုင္ရာမ်ားေဆာင္႐ြက္ရန္ သီေပါတံတားကို ယာယီပိတ္ထားေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ႏွင့္ နီးစပ္ သူမ်ားထံမွ NP News ၏ ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ေအာက္တိုဘာလ (၁၆)ရက္မွစ၍ သီေပါၿမိဳ႕ကို တပ္မေတာ္က အျပည့္အဝျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး သီေပါႏွင့္ လားရႈိးကို ဆက္သြယ္ထားသည့္ သီေပါတံတားကို ခရီးသည္ကားမ်ား၊ ကုန္ကားမ်ား ပုံမွန္ျဖတ္သန္း သြားလာခြင့္ျပဳခဲ့ၿပီးေနာက္ ႏိုဝင္ဘာလ(၁၄)ရက္၊ မနက္ပိုင္းက အဆိုပါ တံတားအသုံးျပဳခြင့္ကို ယာယီပိတ္ထားခဲ့ ေၾကာင္း သိရသည္။
“သီေပါၿမိဳ႕နယ္ လားရႈိးကို ဆက္သြယ္ေပးထားတဲ့ တံတားတစ္ခုေပါ့။ ဒုဌဝတီျမစ္ကို ျဖတ္ထားတဲ့တံတား တစ္စင္း ေပါ့ ။ ႏိုဝင္ဘာလ(၁၄)ရက္၊ မနက္ (၆)နာရီကစၿပီးပိတ္လိုက္တာ။ ဆိုင္ကယ္ေတြ၊ ကားေတြကေတာ့ ေပးမျဖတ္ ဘူး။ လမ္းေလွ်ာက္ၿပီး ျဖတ္သန္းသြားလာခြင့္ျပဳတယ္။ ဒါကေတာ့ လက္ရွိအေနအထားေပါ့။ လက္ရွိ သီေပါနဲ႔ လားရႈိးသြားတဲ့အခါမွာ ကုန္တင္ကားေတြ နဲ႔ ခရီးသည္ယာဥ္ေတြ ခတၱပိတ္သြားတာေပါ့” ဟု လုံၿခဳံေရးတပ္ဖြဲ႕ဝင္ မ်ားႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ေျပာသည္။
လုံၿခဳံေရးဆိုင္ရာအေျခအေနအခ်ိဳ႕ေၾကာင့္ အဆိုပါ သီေပါတံတားကို ယာယီပိတ္ထားျခင္းမ်ိဳးျဖစ္ၿပီး ေဒသခံမ်ား အေနျဖင့္ တိုက္ပြဲမ်ားျဖစ္ပြားမည္ကို စိုးရိမ္ရန္မလိုေၾကာင္းလည္း သိရသည္။
“အေၾကာင္းအရင္းကေတာ့ ေဒသနယ္ေျမအေျခအေနနဲ႔ လုံၿခဳံေရးအေျခအေနအရေပါ့။ စိုးရိမ္စရာ တိုက္ပြဲျဖစ္မယ့္ အေနအထားကို သြားတာမဟုတ္ဘူး။ နယ္ေျမစိုးမိုးေရး ကိစၥေလး တစ္ခုအတြက္ ယာယီပိတ္ထားတဲ့သေဘာပါပဲ။ ဒီကိစၥကို အျမန္ဆုံးျပန္လည္ေျဖရွင္းေအာင္လည္း သက္ဆိုင္ရာက ေဆာင္႐ြက္ေပးဖို႔ရွိတယ္။ ေလာေလာဆယ္ ေတာ့ တျခားအေၾကာင္းအရင္းေလးေတြ ရွိလို႔ပါ။ ဘယ္ေတာ့ ျပန္ဖြင့္မလဲဆိုတာေတာ့ ေျပာရခက္တယ္။ ေျပာႏိုင္ တာက တိုက္ပြဲျဖစ္ဖို႔ပိတ္လိုက္တဲ့သေဘာမ်ိဳးမဟုတ္ဘူး။ လုံျခဳံေရးကိစၥရယ္၊ စီးပြားေရး ကိစၥေပါ့ေနာက္ ေလာင္းကစားဝိုင္းကိစၥ ။ ဒါေတြေၾကာင့္ပါပဲ။ လိုင္းေပၚက ေကာလဟာလ ေျပာသလို တိုက္ပြဲျဖစ္မွာမို႔ ပိတ္တာမ်ိဳး မဟုတ္ဘူး။ ေလာင္းကစားဝိုင္းေတြ ကိစၥကိုလည္း ညႇိႏႈိင္းေနပါတယ္။ အျမန္ဆုံးေျပလည္သြားပါလိမ့္မယ္” ဟု ၎က ဆက္လက္ေျပာသည္။