လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများပိုင်ကုမ္ပဏီတစ်ခုအား YSX စာရင်းဝင် အကြိုစျေးကွက်တွင် မှတ်ပုံတင်ခွင့်ပြု

 133

ပြည့်ဖြိုး (NP News) - နိုဝင်ဘာ ၁၅
လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့်သက်ဆိုင်သည့် အများပိုင်ကုမ္ပဏီလီမိတက်ဖြစ်သည့် ဂျီဘီအက်(စ်) ကုမ္ပဏီကို YSX ကနေ စာရင်းဝင် အကြိုစျေးကွက်တွင် ယခုတစ်ပတ်အတွင်း မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း သိရသည်။
"ရန်ကုန် စတော့အိတ်ချိန်းဟာ G.B.S Agricultural Services Public Co.,Ltd ကနေ တင်ပြလာတဲ့ လျှောက်လွှာ တွေ ကိုစိစစ်ခဲ့ပြီးနောက် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရဲ့ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၃)၊ အပိုဒ်(၆)နဲ့အညီ ကော်မရှင်အတည်ပြုချက်အရ စာရင်းဝင် အကြိုဈေးကွက် (Pre-Listing Board-PLB) တွင် မှတ်ပုံတင်ဖို့ ခွင့်ပြုလိုက်တာဖြစ်ပါတယ်" ဟု YSX မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အခြေခံဈေးနှုန်း (Base Price) ကို မှတ်ပုံတင်သည့်ရက် (Registration Date) မတိုင်မီ ရန်ကုန်စတော့အိတ်ချိန်း ဝက်ဘ်ဆိုဒ်(Website) မှာ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ကုမ္ပဏီ၏ စတော့အိပ်ချိန်တွင် မှတ်ပုံတင်မည့်ရက် (Registration Date) ကို ရင်းနှီးမြှုပ်နှံသူတွေအတွက် ထပ်မံ ကြေညာပေးသွားမည်ဟု သိရသည်။
ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်သည် (၂၀၁၅) ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊အစုရှယ်ယာရှင် (၃၀၀) ဦး၊ အစုရှယ်ယာအရေအတွက် (၉၄,၈၈၈) ခု နှင့် ထည့်ဝင်ထားသည့်မတည်ရင်းနှီးငွေ စုစုပေါင်း (၉၄၈,၈၈၀,၀၀၀) ကျပ်ဖြင့် စတင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း အစုရှယ်ယာရှင် (၂၃၂) ဦး၊ အစုရှယ်ယာ အရေအတွက် (၃,၅၂၇,၆၁၂) စု နဲ့ စုစုပေါင်း မတည်ရင်းနှီးငွေ (၃၅,၂၇၆,၁၂၀,၀၀၀) ကျပ်အထိ တိုးမြှင့်ထည့်ဝင်ထားနိုင်ခဲ့ကြောင်း သိရသည်။
ဂျီဘီအက်(စ်)သည် တောင်သူများ အကျိုးစီးပွားအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်အကောင်အထည်ဖော်ရန် ရည်ရွယ်ပြီးမတည် တည်ထောင်ခဲ့သော အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီအနေဖြင့် လယ်ယာမြေစမ်းသပ်စစ်ဆေးပေးခြင်း၊ သီးနှံများသိုလှောင်ပေးခြင်း၊ ဓါတ်မြေသြဇာများ ရောင်းချပေးခြင်း၊ လယ်ယာသုံးစက်ယန္တယားများ ဌားရမ်းပေးခြင်း အပါအဝင် လယ်ယာမြေလုပ်ငန်းနှင့် သက်ဆိုင်သောဝန်ဆောင်မှုလုပ်ငန်းများကိုလုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
လယ္ယာဝန္ေဆာင္မႈလုပ္ငန္းအမ်ားပိုင္ကုမၸဏီတစ္ခုအား YSX စာရင္းဝင္ အႀကိဳေစ်းကြက္တြင္ မွတ္ပုံတင္ခြင့္ျပဳ
ျပည့္ၿဖိဳး (NP News) - ႏိုဝင္ဘာ ၁၅
လယ္ယာဝန္ေဆာင္မႈလုပ္ငန္းအမ်ားႏွင့္သက္ဆိုင္သည့္ အမ်ားပိုင္ကုမၸဏီလီမိတက္ျဖစ္သည့္ ဂ်ီဘီအက္(စ္) ကုမၸဏီကို YSX ကေန စာရင္းဝင္ အႀကိဳေစ်းကြက္တြင္ ယခုတစ္ပတ္အတြင္း မွတ္ပုံတင္ခြင့္ျပဳလိုက္ေၾကာင္း သိရသည္။
"ရန္ကုန္ စေတာ့အိတ္ခ်ိန္းဟာ G.B.S Agricultural Services Public Co.,Ltd ကေန တင္ျပလာတဲ့ ေလွ်ာက္လႊာ ေတြ ကိုစိစစ္ခဲ့ၿပီးေနာက္ ေငြေခ်းသက္ေသခံလက္မွတ္လုပ္ငန္းႀကီးၾကပ္ေရးေကာ္မရွင္ရဲ႕ အမိန႔္ေၾကာ္ျငာစာအမွတ္ (၁/၂၀၂၃)၊ အပိုဒ္(၆)နဲ႔အညီ ေကာ္မရွင္အတည္ျပဳခ်က္အရ စာရင္းဝင္ အႀကိဳေဈးကြက္ (Pre-Listing Board-PLB) တြင္ မွတ္ပုံတင္ဖို႔ ခြင့္ျပဳလိုက္တာျဖစ္ပါတယ္" ဟု YSX မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
အေျခခံေဈးႏႈန္း (Base Price) ကို မွတ္ပုံတင္သည့္ရက္ (Registration Date) မတိုင္မီ ရန္ကုန္စေတာ့အိတ္ခ်ိန္း ဝက္ဘ္ဆိုဒ္(Website) မွာ ထုတ္ျပန္ေၾကညာေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။
ကုမၸဏီ၏ စေတာ့အိပ္ခ်ိန္တြင္ မွတ္ပုံတင္မည့္ရက္ (Registration Date) ကို ရင္းႏွီးျမႇဳပ္ႏွံသူေတြအတြက္ ထပ္မံ ေၾကညာေပးသြားမည္ဟု သိရသည္။
ဂ်ီဘီအက္(စ္)လယ္ယာဝန္ေဆာင္မႈလုပ္ငန္းအမ်ားႏွင့္သက္ဆိုင္ေသာကုမၸဏီလီမိတက္သည္ (၂၀၁၅) ခုႏွစ္၊ ႏိုဝင္ဘာလ ၆ ရက္တြင္ စတင္တည္ေထာင္ခဲ့ျခင္းျဖစ္ၿပီး၊အစုရွယ္ယာရွင္ (၃၀၀) ဦး၊ အစုရွယ္ယာအေရအတြက္ (၉၄,၈၈၈) ခု ႏွင့္ ထည့္ဝင္ထားသည့္မတည္ရင္းႏွီးေငြ စုစုေပါင္း (၉၄၈,၈၈၀,၀၀၀) က်ပ္ျဖင့္ စတင္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
လက္ရွိအခ်ိန္တြင္ ၂၀၂၅ ခုႏွစ္၊ ဇြန္လအတြင္း အစုရွယ္ယာရွင္ (၂၃၂) ဦး၊ အစုရွယ္ယာ အေရအတြက္ (၃,၅၂၇,၆၁၂) စု နဲ႔ စုစုေပါင္း မတည္ရင္းႏွီးေငြ (၃၅,၂၇၆,၁၂၀,၀၀၀) က်ပ္အထိ တိုးျမႇင့္ထည့္ဝင္ထားႏိုင္ခဲ့ေၾကာင္း သိရသည္။
ဂ်ီဘီအက္(စ္)သည္ ေတာင္သူမ်ား အက်ိဳးစီးပြားအတြက္ အက်ိဳးတူ ပူးေပါင္းေဆာင္႐ြက္အေကာင္အထည္ေဖာ္ရန္ ရည္႐ြယ္ၿပီးမတည္ တည္ေထာင္ခဲ့ေသာ အမ်ားႏွင့္သက္ဆိုင္သည့္ ကုမၸဏီတစ္ခုျဖစ္ေၾကာင္း သိရသည္။
ကုမၸဏီအေနျဖင့္ လယ္ယာေျမစမ္းသပ္စစ္ေဆးေပးျခင္း၊ သီးႏွံမ်ားသိုေလွာင္ေပးျခင္း၊ ဓါတ္ေျမၾသဇာမ်ား ေရာင္းခ်ေပးျခင္း၊ လယ္ယာသုံးစက္ယႏၲယားမ်ား ဌားရမ္းေပးျခင္း အပါအဝင္ လယ္ယာေျမလုပ္ငန္းႏွင့္ သက္ဆိုင္ေသာဝန္ေဆာင္မႈလုပ္ငန္းမ်ားကိုလုပ္ကိုင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.