ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် ဆောင်ရွက်ကြရန်ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ပြော

 161

သက်ပိုင် (NP News) - နိုဝင်ဘာ ၁၅

ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ(၁၄)ရက် မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ကချင်ပြည်နယ်ဟုဆိုသော်လည်း တိုင်းဒေသကြီး/ပြည်နယ်များနည်းတူ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြသည်ကို တွေ့ရှိရကြောင်း၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေးသည် အရေးကြီးပြီး ဒို့တာဝန်အရေး(၃)ပါးတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးဟု ပါရှိကြောင်း နှင့် တိုင်းရင်းသားများအနေဖြင့် မိမိတို့စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို မပျောက်ပျက်အောင် နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်နေသကဲ့သို့ အားလုံးကလည်း အလေးထားထိန်းသိမ်းကြရမည် ဖြစ်ပြီး လိုအပ်သည်များကိုလည်း ဝန်ကြီးဌာနထံ တင်ပြဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ထို့အပြင် တိုင်းရင်းသားဒေသများတွင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက် များစွာရှိနေသည့်အတွက် ငြိမ်းချမ်းရေးရရှိရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် အရေးကြီးကြောင်းနှင့် ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပြီး သို့မှသာ မိမိတို့တိုင်းပြည်တိုးတက်အောင် လုပ်ဆောင်နိုင်မည်ဖြစ်သည့်အတွက် တိုင်းရင်းသားအားလုံးက ဝိုင်းဝန်းပူးပေါင်းကြရန်ကိုလည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
ၿငိမ္းခ်မ္းေရးရရွိေရးအတြက္ ႏိုင္ငံေရးနည္းလမ္းျဖင့္ ေဆာင္႐ြက္ၾကရန္ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ေျပာ
သက္ပိုင္ (NP News) - ႏိုဝင္ဘာ ၁၅
ၿငိမ္းခ်မ္းေရးရရွိေရးအတြက္ ႏိုင္ငံေရးနည္းလမ္းျဖင့္ ေဆာင္႐ြက္ၾကရန္လိုေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္အဖြဲ႕ဝင္နယ္စပ္ေရးရာဝန္ႀကီးဌာနႏွင့္ တိုင္းရင္းသားလူမ်ိဳးမ်ားေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္က ေျပာသည္။
ၿပီးခဲ့သည့္ ႏိုဝင္ဘာလ(၁၄)ရက္ မြန္းလြဲပိုင္းက ျမစ္ႀကီးနားၿမိဳ႕ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕႐ုံး မလိခခန္းမ၌ ျပည္နယ္အတြင္းရွိ တိုင္းရင္းသားစာေပႏွင့္ ယဥ္ေက်းမႈအသင္းအဖြဲ႕မ်ားႏွင့္ေတြ႕ဆုံစဥ္ ယခုကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ကခ်င္ျပည္နယ္ဟုဆိုေသာ္လည္း တိုင္းေဒသႀကီး/ျပည္နယ္မ်ားနည္းတူ တိုင္းရင္းသားေပါင္းစုံ စုေပါင္းေနထိုင္ၾကသည္ကို ေတြ႕ရွိရေၾကာင္း၊ တိုင္းရင္းသားအားလုံး စည္းလုံးညီၫြတ္ေရးသည္ အေရးႀကီးၿပီး ဒို႔တာဝန္အေရး(၃)ပါးတြင္ ျပည္ေထာင္စုမၿပိဳကြဲေရး၊ တိုင္းရင္းသား စည္းလုံးညီၫြတ္မႈမၿပိဳကြဲေရးဟု ပါရွိေၾကာင္း ႏွင့္ တိုင္းရင္းသားမ်ားအေနျဖင့္ မိမိတို႔စာေပ၊ ယဥ္ေက်းမႈ၊ ဓေလ့ထုံးစံမ်ားကို မေပ်ာက္ပ်က္ေအာင္ ႏိုင္ငံေတာ္က ျဖည့္ဆည္းေဆာင္႐ြက္ေနသကဲ့သို႔ အားလုံးကလည္း အေလးထားထိန္းသိမ္းၾကရမည္ ျဖစ္ၿပီး လိုအပ္သည္မ်ားကိုလည္း ဝန္ႀကီးဌာနထံ တင္ျပေဆာင္႐ြက္ၾကရန္ လိုအပ္ေၾကာင္း ေျပာၾကားခဲ့သည္ဟု သိရသည္။
ထို႔အျပင္ တိုင္းရင္းသားေဒသမ်ားတြင္ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေျခခံလိုအပ္ခ်က္ မ်ားစြာရွိေနသည့္အတြက္ ၿငိမ္းခ်မ္းေရးရရွိေရးႏွင့္ တိုင္းရင္းသား စည္းလုံးညီၫြတ္ေရးသည္ အေရးႀကီးေၾကာင္းႏွင့္ ၿငိမ္းခ်မ္းေရးရရွိေရးအတြက္ ႏိုင္ငံေရးနည္းလမ္းျဖင့္ ေဆာင္႐ြက္ၾကရန္ လိုအပ္မည္ျဖစ္ၿပီး သို႔မွသာ မိမိတို႔တိုင္းျပည္တိုးတက္ေအာင္ လုပ္ေဆာင္ႏိုင္မည္ျဖစ္သည့္အတြက္ တိုင္းရင္းသားအားလုံးက ဝိုင္းဝန္းပူးေပါင္းၾကရန္ကိုလည္း ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.