G20 ထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတအပြင် အမေရိကန်သမ္မတနှင့် ရုရှားသမ္မတလည်း တက်ရောက်ဖွယ်မရှိဟုဆို

 251

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၅

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တောင်အာဖရိကနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် G20 ထိပ်သီးအစည်း အဝေးကိုတက်ရောက်မည်မဟုတ်ဘဲ ၎င်းအစားဝန်ကြီးချုပ်ဖြစ်သူက တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
G20 ထိပ်သီးအစည်းအဝေးကို တောင်အာဖရိကနိုင်ငံ ဂျိုနသန်ဘတ်မြို့တွင် နိုဝင်ဘာလ၊ (၂၂)ရက် နှင့် (၂၃)ရက် တို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ တောင်အာဖရိကနိုင်ငံသည် လက်ရှိအချိန်တွင် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့်အတွက် ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခြင်းဖြစ်ပြီး အာဖရိကတိုက် အတွင်းရှိနိုင်ငံများထဲတွင် G20 ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရသော ပထမဆုံးနိုင်ငံဖြစ် လာခဲ့ကြောင်းသိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ‘ဝန်ကြီးချုပ်ပဲ G20 ထိပ်သီးအစည်း အဝေးကိုတက် ရောက်မှာဖြစ်တယ်။ တရုတ်အစိုးရဟာ တောင်အာဖရိကနိုင်ငံက G20 အဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ်တာဝန်ယူခြင်းကို ထောက်ခံမယ်။ ကမ္ဘာ့စီးပွားရေးပွင့်လင်းဖို့၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် သက်ဆိုင်ရာနိုင်ငံအားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့လည်း အဆင်သင့်ရှိပါတယ်။ ထိပ်သီးအစည်းအဝေးကို အာဖရိကတိုက်အတွင်း ပထမဆုံးအကြိမ်ကျင်းပ ခွင့်ရတာက သမိုင်းဝင်တိုးတက်မှုတစ်ခုလည်းဖြစ်ပါတယ်’ ဟုပြောသည်။ တောင်အာဖရိကနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် G20 ထိပ်သီး အစည်းအဝေးကို တောင်အာဖရိကနိုင်ငံအပြင် အခြားအဖွဲ့ဝင် (၁၉)နိုင်ငံမှ နိုင်ငံ့ခေါင်း ဆောင်များအပြင် ဥရောပသဂ္ဂအဖွဲ့ နှင့် အာဖရိကသမဂ္ဂအဖွဲ့တို့လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
G20 အဖွဲ့ ထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတအပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လည်း တက် ရောက်ဖွယ်မရှိကြောင်း သတင်းများထွက်ပေါ်နေသည်။
အမေရိကန်နိုင်ငံသည် တောင်အာဖရိကနိုင်ငံကို အမေရိကန်ဆန့်ကျင်ရေးနိုင်ငံဖြစ်ကြောင်း ဝေဖန်ခဲ့ဖူးပြီး G20 အဖွဲ့ထိပ်သီးအစည်းအဝေးကို အမေရိကန်အစိုးရအဖွဲ့တာဝန်ရှိသူများတက်ရောက် မည်မဟုတ်ဘဲ သပိတ်မှောက် မည်ဟု သိရသည်။ တောင်အာဖရိကသမ္မတ ရာမာဖိုဆာကတော့ ထိပ်သီးအစည်းအဝေးကို သပိတ်မှောက်ရန်ဆုံးဖြတ်သည့် အမေရိကန်၏ဆုံးဖြတ်ချက်က ကြီးမားသော ဆုံးရှုံးမှုဖြစ်ကြောင်း ပြောကြားသည်။
G20 ထိပ်သီးအစည်းအဝေးတွင် အမေရိကန်သမ္မတနှင့် ရုရှားသမ္မတတို့တွေ့ဆုံဆွေးနွေး ဖွယ်ရှိသည်ဟု အစောပိုင်းက သတင်းများထွက်ပေါ်ခဲ့သော်လည်း ရုရှားသမ္မတပူတင်ကလည်း ကိုယ်တိုင် တက်ရောက်မည်မဟုတ်ဘဲ အစည်းအဝေးကိုအစိုးရကိုယ်စားလှယ်အဖွဲ့သာ စေလွှတ်ဖွယ်ရှိနေသည်။

Zawgyi Version:
G20 ထိပ္သီးအစည္းအေဝးကို တ႐ုတ္သမၼတအျပင္ အေမရိကန္သမၼတႏွင့္ ႐ုရွားသမၼတလည္း တက္ေရာက္ဖြယ္မရွိဟုဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁၅
တ႐ုတ္သမၼတ ရွီက်င့္ဖ်င္သည္ ေတာင္အာဖရိကႏိုင္ငံကအိမ္ရွင္အျဖစ္လက္ခံက်င္းပမည့္ G20 ထိပ္သီးအစည္း အေဝးကိုတက္ေရာက္မည္မဟုတ္ဘဲ ၎အစားဝန္ႀကီးခ်ဳပ္ျဖစ္သူက တက္ေရာက္မည္ျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခား ေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္လိုက္သည္။
G20 ထိပ္သီးအစည္းအေဝးကို ေတာင္အာဖရိကႏိုင္ငံ ဂ်ိဳနသန္ဘတ္ၿမိဳ႕တြင္ ႏိုဝင္ဘာလ၊ (၂၂)ရက္ ႏွင့္ (၂၃)ရက္ တို႔တြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။ ေတာင္အာဖရိကႏိုင္ငံသည္ လက္ရွိအခ်ိန္တြင္ အလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူေနသည့္အတြက္ ထိပ္သီးအစည္းအေဝးကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ရျခင္းျဖစ္ၿပီး အာဖရိကတိုက္ အတြင္းရွိႏိုင္ငံမ်ားထဲတြင္ G20 ထိပ္သီးအစည္းအေဝးကို အိမ္ရွင္အျဖစ္လက္ခံက်င္းပခြင့္ရေသာ ပထမဆုံးႏိုင္ငံျဖစ္ လာခဲ့ေၾကာင္းသိရသည္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူက ‘ဝန္ႀကီးခ်ဳပ္ပဲ G20 ထိပ္သီးအစည္း အေဝးကိုတက္ ေရာက္မွာျဖစ္တယ္။ တ႐ုတ္အစိုးရဟာ ေတာင္အာဖရိကႏိုင္ငံက G20 အဖြဲ႕ရဲ႕ ဥကၠ႒အျဖစ္တာဝန္ယူျခင္းကို ေထာက္ခံမယ္။ ကမာၻ႔စီးပြားေရးပြင့္လင္းဖို႔၊ ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ သက္ဆိုင္ရာႏိုင္ငံအားလုံးနဲ႔ ပူးေပါင္း ေဆာင္႐ြက္ဖို႔လည္း အဆင္သင့္ရွိပါတယ္။ ထိပ္သီးအစည္းအေဝးကို အာဖရိကတိုက္အတြင္း ပထမဆုံးအႀကိမ္က်င္းပ ခြင့္ရတာက သမိုင္းဝင္တိုးတက္မႈတစ္ခုလည္းျဖစ္ပါတယ္’ ဟုေျပာသည္။ ေတာင္အာဖရိကႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပမည့္ G20 ထိပ္သီး အစည္းအေဝးကို ေတာင္အာဖရိကႏိုင္ငံအျပင္ အျခားအဖြဲ႕ဝင္ (၁၉)ႏိုင္ငံမွ ႏိုင္ငံ့ေခါင္း ေဆာင္မ်ားအျပင္ ဥေရာပသဂၢအဖြဲ႕ ႏွင့္ အာဖရိကသမဂၢအဖြဲ႕တို႔လည္း တက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။
G20 အဖြဲ႕ ထိပ္သီးအစည္းအေဝးကို တ႐ုတ္သမၼတအျပင္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္လည္း တက္ ေရာက္ဖြယ္မရွိေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။
အေမရိကန္ႏိုင္ငံသည္ ေတာင္အာဖရိကႏိုင္ငံကို အေမရိကန္ဆန႔္က်င္ေရးႏိုင္ငံျဖစ္ေၾကာင္း ေဝဖန္ခဲ့ဖူးၿပီး G20 အဖြဲ႕ထိပ္သီးအစည္းအေဝးကို အေမရိကန္အစိုးရအဖြဲ႕တာဝန္ရွိသူမ်ားတက္ေရာက္ မည္မဟုတ္ဘဲ သပိတ္ေမွာက္ မည္ဟု သိရသည္။ ေတာင္အာဖရိကသမၼတ ရာမာဖိုဆာကေတာ့ ထိပ္သီးအစည္းအေဝးကို သပိတ္ေမွာက္ရန္ဆုံးျဖတ္သည့္ အေမရိကန္၏ဆုံးျဖတ္ခ်က္က ႀကီးမားေသာ ဆုံးရႈံးမႈျဖစ္ေၾကာင္း ေျပာၾကားသည္။
G20 ထိပ္သီးအစည္းအေဝးတြင္ အေမရိကန္သမၼတႏွင့္ ႐ုရွားသမၼတတို႔ေတြ႕ဆုံေဆြးေႏြး ဖြယ္ရွိသည္ဟု အေစာပိုင္းက သတင္းမ်ားထြက္ေပၚခဲ့ေသာ္လည္း ႐ုရွားသမၼတပူတင္ကလည္း ကိုယ္တိုင္ တက္ေရာက္မည္မဟုတ္ဘဲ အစည္းအေဝးကိုအစိုးရကိုယ္စားလွယ္အဖြဲ႕သာ ေစလႊတ္ဖြယ္ရွိေနသည္။

Related news

© 2021. All rights reserved.