ဗြိတိန်နိုင်ငံ၏ တစ်ခုတည်းသော စိမ်းလန်းသည့် ဥရောပမြို့တော် ဘရစ္စတို

85

NP News - နိုဝင်ဘာ ၁၅
ဘရစ္စတိုမြို့သည် အင်္ဂလန်နိုင်ငံအနောက်တောင်ပိုင်းတွင်တည်ရှိသောမြို့တစ်မြို့ဖြစ်ပြီး ဗြိတိန်နိုင်ငံ၏ တစ်ခု တည်းသော စိမ်းလန်းသည့်ဥရောပမြို့တော်ဖြစ်ကာ ကမ္ဘာတစ်ဝန်းတွင် နေထိုင်ရန်အကောင်းဆုံးမြို့များထဲမှ တစ်မြို့ အဖြစ် သတ်မှတ်ခံထားရသည်။ ထို့ပြင် ဘရစ္စတိုမြို့ကို ကလေးများအတွက်အဆင်ပြေသောလမ်းများအတွက် ဥရောပ ထိပ်တန်း(၁၀)မြို့ထဲမှတစ်မြို့နှင့် ဗြိတိန်နိုင်ငံတွင်းတွင် ကြင်နာမှုအရှိဆုံးမြို့များထဲမှ တစ်မြို့အဖြစ် အဆင့် သတ်မှတ် ခံထားရကြောင်း လည်းသိရသည်။ ဘရစ္စတိုမြို့ကို အာဗွန်မြစ်ပတ် လယ်တွင်တည်ဆောက်ထားပြီး ဒေသတွင်းတွင် လူဦးရေအထူထပ်ဆုံးမြို့တစ်မြို့ဖြစ်ကာ စုစုပေါင်း နေထိုင်သူလူဦးရေမှာ (၄၈၃၀ဝဝ)ဦးရှိကြောင်း သိရသည်။ ဘရစ္စ တိုမြို့သည် အင်္ဂလန်နိုင်ငံတောင် ပိုင်းတွင် လန်ဒန်မြို့ပြီးလျှင် ဒုတိယမြောက်အကြီး ဆုံးမြို့တစ်မြို့ဖြစ် ကြောင်းလည်း သိရသည်။
သမိုင်းကြောင်း
သံခေတ်တောင်ကုန်းခံတပ်များနှင့် ရောမပုံစံအဆောက်အအုံများကို ဖရိုးနှင့်အာဗွန် မြစ်တို့ဆုံရာနေရာ အနီးတွင်တည်ဆောက်ခဲ့သည်။ (၁၁၅၅)ခုနှစ်တွင် ဘရစ္စတိုမြို့သည် တော်ဝင်ဖွဲ့ စည်းပုံအခြေခံဥပဒေကိုလက်ခံရရှိခဲ့ပြီး (၁၃၇၃)ခုနှစ်တွင် ကောင်တီကော်ပိုရိတ်ဖြစ်လာခဲ့ကြောင်း သိရသည်။ (၁၃)ရာစုမှ(၁၈)ရာစုနှစ်အထိ ဘရစ္စ တိုမြို့သည် အခွန်ရရှိမှုတွင် ထိပ်တန်းအင်္ဂလိပ်မြို့ သုံးမြို့ထဲမှ တစ်မြို့အဖြစ်ပါဝင်ခဲ့ကြောင်းသိရသည်။ ထို့ပြင် အဓိကဆိပ်ကမ်း တစ်ခုဖြစ်သော ဘရစ္စတိုသည် ကမ္ဘာသစ်သို့ စူးစမ်းလေ့လာရေးခရီး စဉ်များအတွက် အစောပိုင်းအစပြုရာနေရာတစ်ခု လည်းဖြစ်သည်။ ဘရစ္စတိုမြို့၏ ကျွန်ကုန်ကူးမှုထိပ် တန်းဖြစ်ခဲ့သည့်အချိန် (၁၇၀ဝ)ပြည့်နှစ်မှ (၁၈၀၇)ခုနှစ်အတွင်း ကျွန်သယ်သင်္ဘော(၂၀ဝဝ)ကျော်သည် အာဖရိကတိုက်မှ လူပေါင်း(၅)သိန်း ခန့်ကို အမေရိကတိုက်သို့ ကျွန်အဖြစ် ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ဘရစ္စတိုမြို့၏ခေတ်မီစီးပွားရေးကို ဖန်တီး မှုမီဒီယာ၊ အီလက်ထရွန်နစ်နှင့် အာကာသယာဉ်လုပ် ငန်းများတွင် တည်ဆောက်ထားပြီး မြို့လယ်တွင်ရှိ သောဆိပ်ကမ်းများကို ယဉ်ကျေးမှုနှင့် အမွေအနှစ် ဆိုင်ရာနေရာများအဖြစ် ပြန်လည်တည်ဆောက်ခဲ့ကြောင်းသိရသည်။ ဘရစ္စတိုမြို့တွင် Royal West of England Academy အနုပညာပြခန်း၊ Arnolfini အနုပညာပြခန်း၊ Ashton Gateအားကစားကွင်း နှင့် Memorial Ground အားကစားကွင်းတို့အပါအဝင် အနုပညာနှင့်အားကစားအဖွဲ့အစည်းများနှင့် သက်ဆိုင်သည့်နေရာ အများအပြားရှိကြောင်းသိရ သည်။ ဘရစ္စတိုမြို့ တွင် တက္ကသိုလ်နှစ်ခုရှိပြီး ယင်းတက္ကသိုလ်နှစ်ခုမှာ ဘရစ္စတိုတက္ကသိုလ်နှင့် West of England တက္ကသိုလ်တို့ဖြစ်ကြောင်းသိရ သည်။ ထို့ပြင် ဘရစ္စတိုလေဆိပ်တွင် ကမ္ဘာအနှံ့သို့ထွက်သော လေကြောင်းလိုင်းများရှိပြီး အဓိကရထားဘူတာများ ဖြစ်သော Bristol Temple Meads နှင့် Bristol Parkway တို့မှတစ်ဆင့် ဗြိတိန်နိုင်ငံ၏ ကျန်ဒေသများသို့ ချိတ်ဆက်မှုများ လုပ်ဆောင်ထားကြောင်းသိရသည်။
စီးပွားရေး
ဘရစ္စတိုမြို့တွင် ရှည်လျားသောကုန်သွယ် ရေးသမိုင်းကြောင်းရှိပြီး ယခင်ကသိုးမွေးအထည်များ ကိုတင်ပို့ပြီး ငါး၊ ဝိုင်၊ ကောက်ပဲသီးနှံနှင့် နို့ထွက်ပစ္စည်း များကိုတင်သွင်းခဲ့ကာ နောက်ပိုင်းတွင် ဆေးရွက်ကြီး၊ အပူပိုင်းဒေသ သစ်သီး ဝလံများနှင့် လယ်ယာထွက် ကုန်များကို တင်သွင်းခဲ့ကြောင်းသိရသည်။ ဘရစ္စတိုမြို့၏ အဓိကတင်သွင်းမှုများမှာ မော် တော်ယာဉ်များ၊ ကောက်ပဲသီးနှံ၊ သစ်၊ လယ်ယာထွက်ကုန်များနှင့် ရေနံထွက်ပစ္စည်းများဖြစ်သည်။ ဘရစ္စတိုမြို့၏စီးပွား ရေးသည် အာကာသ၊ ကာကွယ်ရေး၊ မီဒီယာ၊ သတင်းအချက်အလက်နည်းပညာ၊ ငွေကြေးဝန်ဆောင်မှုနှင့် ခရီးသွား လုပ်ငန်းများအပေါ်တွင်လည်း မှီခိုအားထားနေရသည်။ ကာကွယ်ရေးဝန်ကြီးဌာန MoD ၏ ဝယ်ယူရေးအမှု ဆောင်အဖွဲ့ သည် နောက်ပိုင်းတွင် ကာကွယ်ရေးပစ္စည်းဝယ်ယူရေးအေဂျင်စီနှင့် ကာကွယ်ရေးပစ္စည်းနှင့်ထောက်ပံ့ရေးအဖွဲ့အစည်း အဖြစ် လူသိများလာခဲ့ပြီး (၁၉၉၅)ခုနှစ်တွင် ၎င်းတို့၏ဌာနချုပ်ကို ဖီလ်တန်မြို့မှ Abbey Wood ဧရိယာသို့ ပြောင်းရွှေ့ခဲ့ ကြောင်းသိရသည်။ အဆိုပါအဖွဲ့အစည်းတွင် ဝန်ထမ်းဦးရေ (၁၂၀ဝဝ)မှ(၁၃၀ဝဝ)ခန့်ရှိပြီး ကာကွယ်ရေးပစ္စည်းများကို ဝယ်ယူကာ ပံ့ပိုးမှုများ လုပ်ဆောင်ပေးကြောင်းသိရသည်။
ဗြိတိန်နိုင်ငံ၏ ရေပန်းအစားဆုံး ခရီးသွားနေရာများထဲမှတစ်ခုဖြစ်သော ဘရစ္စတိုမြို့ကို ကမ္ဘာ့ ထိပ်တန်း(၁၀) မြို့ထဲမှတစ်မြို့အဖြစ် (၂၀ဝ၉)ခုနှစ်တွင် နိုင်ငံတကာခရီးသွားထုတ်ဝေသူ Dorling Kindersley က ရွေးချယ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် Globalization and World Cities Research Network က ဘရစ္စတိုမြို့ကို ဂမ်မာအဆင့်ရှိ ကမ္ဘာလုံး ဆိုင်ရာမြို့တစ်မြို့အဖြစ် အဆင့်သတ်မှတ်ခဲ့ကြောင်း လည်းသိရသည်။ (၂၀၁၇)ခုနှစ်တွင် ဘရစ္စတိုမြို့ ၏ဂျီဒီပီမှာ ပေါင် (၈၈ ဒသမ ၄၄၈)ဘီလျံရှိခဲ့ပြီး တစ်ဦးချင်းဂျီဒီပီမှာပေါင် (၄၆၀ဝဝ)ဖြစ်ကာ တစ်နိုင်ငံလုံးပျမ်းမျှထက် (၆၅)ရာခိုင်နှုန်း ပိုများကြောင်းသိရသည်။ (၂၀၁၁)ခုနှစ်သန်းခေါင်စာရင်းအရ ဘရစ္စတိုမြို့၏ အလုပ်လက်မဲ့နှုန်းမှာ (၃)ရာခိုင်နှုန်းသာရှိ ကြောင်းလည်းသိရသည်။
ဘရစ္စတိုမြို့၏ စီးပွားရေးသည် ဆိပ်ကမ်းများအပေါ်တွင် မှီခိုအားထားမှုမရှိတော့သော်လည်း ၎င်းသည် ဗြိတိန် နိုင်ငံတွင်းတွင် ကားများအများဆုံး တင်သွင်းသည့်မြို့တစ်မြို့အဖြစ် ရပ်တည်လျက်ရှိသည်။ နောက်ပိုင်းတွင် ဆေးရွက် ကြီးတင်သွင်းမှုနှင့် ဆေးလိပ်ထုတ်လုပ်မှုရပ်တန့်သွားခဲ့သော်လည်း ဝိုင်နှင့်အရက်များတင်သွင်းမှုမှာ ဆက်လက်တည်ရှိ လျက်ရှိကြောင်းသိရသည်။ ငွေကြေးဝန်ဆောင်မှုကသည် ဘရစ္စတိုမြို့တွင် အလုပ်သမား (၅၉၀ဝဝ)ဦးကို အလုပ်ခန့်အပ် ထားပြီး မိုက်ခရို အီလက်ထရွန်နစ်နှင့် ဆီလီကွန်ဒီဇိုင်းကုမ္ပဏီ(၅၀)ခန့်သည် လူပေါင်း (၅၀ဝဝ)ခန့်ကိုအလုပ်ခန့်အပ် ထားကြောင်းသိရသည်။
(၂၀)ရာစုအတွင်း ဘရစ္စတိုမြို့၏ထုတ်လုပ်မှုလုပ်ငန်းများသည် ဖီလ်တန်မြို့တွင် Bristol Aeroplane Company မှ လေယာဉ်ထုတ်လုပ်မှု နှင့် Bristol Aero Engines ကုမ္ပဏီက လေယာဉ် အင်ဂျင်ထုတ်လုပ်မှုတို့ပါဝင်သည်အထိ တိုးချဲ့လာခဲ့ ကြောင်းသိရသည်။ Bristol Aeroplane ကုမ္ပဏီသည် ပထမကမ္ဘာစစ်အတွင်း Bristol Fighter လေယာဉ်နှင့် ဒုတိယကမ္ဘာစစ်အတွင်း Blenheim နှင့် Beaufighter လေယာဉ်တို့အတွက် လူသိများ ကြောင်းသိရသည်။
(၂၀ဝ၅)ခုနှစ်တွင် ဘရစ္စတိုမြို့ကို အင်္ဂလန်၏ သိပ္ပံမြို့တော်ခြောက်မြို့ထဲမှ တစ်မြို့အဖြစ် ဗြိတိန်အစိုးရက သတ်မှတ်ခဲ့ကြောင်းသိရသည်။ပေါင်သန်း(၅၀ဝ)တန်ဈေးဝယ်စင်တာ Cabot Circus ကို (၂၀ဝ၈)ခုနှစ်တွင်ဖွင့်လှစ်ခဲ့ပြီး ဘရစ္စ တိုမြို့သည် အင်္ဂလန်၏ ထိပ်တန်းလက်လီရောင်း ချမှုနေရာ ဆယ်ခုအနက် တစ်ခုဖြစ်လိမ့်မည်ဟု ဆောက်လုပ် ရေးသမားများနှင့် နိုင်ငံရေးသမားများ ကခန့်မှန်းခဲ့ကြသည်။ ထို့ပြင် ဘရစ္စတိုမြို့သည် ဗြိတိန်တစ်နိုင်ငံလုံးထက် တစ်ဦး ချင်းချမ်းသာကြွယ်ဝမှုပိုမိုမြင့်မားသည့် တစ်ခုတည်းသောမြို့ကြီးဖြစ် ကြောင်းလည်းသိရသည်။ (၂၀၁၂)ခုနှစ်မှ (၂၀၂၀) ပြည့်နှစ်အတွင်း ဘရစ္စတိုမြို့တွင် ဗြိတိန်တွင် အကြီးဆုံးလည်ပတ်နေသော ငွေကြေးတစ်ခုဖြစ်သည့် ဘရစ္စတိုပေါင်ရှိခဲ့ပြီး လည်ပတ်မှုမရပ်ဆိုင်းမီအချိန်အထိ စတာလင်ပေါင်နှင့်နှိုင်းယှဉ်နိုင်သည်အထိ မြင့်မားခဲ့ကြောင်းသိရသည်။

Zawgyi Version:
ၿဗိတိန္ႏိုင္ငံ၏ တစ္ခုတည္းေသာ စိမ္းလန္းသည့္ ဥေရာပၿမိဳ႕ေတာ္ ဘရစၥတို
NP News - ႏိုဝင္ဘာ ၁၅
ဘရစၥတိုၿမိဳ႕သည္ အဂၤလန္ႏိုင္ငံအေနာက္ေတာင္ပိုင္းတြင္တည္ရွိေသာၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ၿဗိတိန္ႏိုင္ငံ၏ တစ္ခု တည္းေသာ စိမ္းလန္းသည့္ဥေရာပၿမိဳ႕ေတာ္ျဖစ္ကာ ကမာၻတစ္ဝန္းတြင္ ေနထိုင္ရန္အေကာင္းဆုံးၿမိဳ႕မ်ားထဲမွ တစ္ၿမိဳ႕ အျဖစ္ သတ္မွတ္ခံထားရသည္။ ထို႔ျပင္ ဘရစၥတိုၿမိဳ႕ကို ကေလးမ်ားအတြက္အဆင္ေျပေသာလမ္းမ်ားအတြက္ ဥေရာပ ထိပ္တန္း(၁၀)ၿမိဳ႕ထဲမွတစ္ၿမိဳ႕ႏွင့္ ၿဗိတိန္ႏိုင္ငံတြင္းတြင္ ၾကင္နာမႈအရွိဆုံးၿမိဳ႕မ်ားထဲမွ တစ္ၿမိဳ႕အျဖစ္ အဆင့္ သတ္မွတ္ ခံထားရေၾကာင္း လည္းသိရသည္။ ဘရစၥတိုၿမိဳ႕ကို အာဗြန္ျမစ္ပတ္ လယ္တြင္တည္ေဆာက္ထားၿပီး ေဒသတြင္းတြင္ လူဦးေရအထူထပ္ဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ကာ စုစုေပါင္း ေနထိုင္သူလူဦးေရမွာ (၄၈၃၀ဝဝ)ဦးရွိေၾကာင္း သိရသည္။ ဘရစၥ တိုၿမိဳ႕သည္ အဂၤလန္ႏိုင္ငံေတာင္ ပိုင္းတြင္ လန္ဒန္ၿမိဳ႕ၿပီးလွ်င္ ဒုတိယေျမာက္အႀကီး ဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ ေၾကာင္းလည္း သိရသည္။
သမိုင္းေၾကာင္း
သံေခတ္ေတာင္ကုန္းခံတပ္မ်ားႏွင့္ ေရာမပုံစံအေဆာက္အအုံမ်ားကို ဖ႐ိုးႏွင့္အာဗြန္ ျမစ္တို႔ဆုံရာေနရာ အနီးတြင္တည္ေဆာက္ခဲ့သည္။ (၁၁၅၅)ခုႏွစ္တြင္ ဘရစၥတိုၿမိဳ႕သည္ ေတာ္ဝင္ဖြဲ႕ စည္းပုံအေျခခံဥပေဒကိုလက္ခံရရွိခဲ့ၿပီး (၁၃၇၃)ခုႏွစ္တြင္ ေကာင္တီေကာ္ပိုရိတ္ျဖစ္လာခဲ့ေၾကာင္း သိရသည္။ (၁၃)ရာစုမွ(၁၈)ရာစုႏွစ္အထိ ဘရစၥ တိုၿမိဳ႕သည္ အခြန္ရရွိမႈတြင္ ထိပ္တန္းအဂၤလိပ္ၿမိဳ႕ သုံးၿမိဳ႕ထဲမွ တစ္ၿမိဳ႕အျဖစ္ပါဝင္ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ အဓိကဆိပ္ကမ္း တစ္ခုျဖစ္ေသာ ဘရစၥတိုသည္ ကမာၻသစ္သို႔ စူးစမ္းေလ့လာေရးခရီး စဥ္မ်ားအတြက္ အေစာပိုင္းအစျပဳရာေနရာတစ္ခု လည္းျဖစ္သည္။ ဘရစၥတိုၿမိဳ႕၏ ကြၽန္ကုန္ကူးမႈထိပ္ တန္းျဖစ္ခဲ့သည့္အခ်ိန္ (၁၇၀ဝ)ျပည့္ႏွစ္မွ (၁၈၀၇)ခုႏွစ္အတြင္း ကြၽန္သယ္သေဘၤာ(၂၀ဝဝ)ေက်ာ္သည္ အာဖရိကတိုက္မွ လူေပါင္း(၅)သိန္း ခန႔္ကို အေမရိကတိုက္သို႔ ကြၽန္အျဖစ္ ပို႔ေဆာင္ေပးခဲ့ေၾကာင္းသိရသည္။
ဘရစၥတိုၿမိဳ႕၏ေခတ္မီစီးပြားေရးကို ဖန္တီး မႈမီဒီယာ၊ အီလက္ထ႐ြန္နစ္ႏွင့္ အာကာသယာဥ္လုပ္ ငန္းမ်ားတြင္ တည္ေဆာက္ထားၿပီး ၿမိဳ႕လယ္တြင္ရွိ ေသာဆိပ္ကမ္းမ်ားကို ယဥ္ေက်းမႈႏွင့္ အေမြအႏွစ္ ဆိုင္ရာေနရာမ်ားအျဖစ္ ျပန္လည္တည္ေဆာက္ခဲ့ေၾကာင္းသိရသည္။ ဘရစၥတိုၿမိဳ႕တြင္ Royal West of England Academy အႏုပညာျပခန္း၊ Arnolfini အႏုပညာျပခန္း၊ Ashton Gateအားကစားကြင္း ႏွင့္ Memorial Ground အားကစားကြင္းတို႔အပါအဝင္ အႏုပညာႏွင့္အားကစားအဖြဲ႕အစည္းမ်ားႏွင့္ သက္ဆိုင္သည့္ေနရာ အမ်ားအျပားရွိေၾကာင္းသိရ သည္။ ဘရစၥတိုၿမိဳ႕ တြင္ တကၠသိုလ္ႏွစ္ခုရွိၿပီး ယင္းတကၠသိုလ္ႏွစ္ခုမွာ ဘရစၥတိုတကၠသိုလ္ႏွင့္ West of England တကၠသိုလ္တို႔ျဖစ္ေၾကာင္းသိရ သည္။ ထို႔ျပင္ ဘရစၥတိုေလဆိပ္တြင္ ကမာၻအႏွံ႔သို႔ထြက္ေသာ ေလေၾကာင္းလိုင္းမ်ားရွိၿပီး အဓိကရထားဘူတာမ်ား ျဖစ္ေသာ Bristol Temple Meads ႏွင့္ Bristol Parkway တို႔မွတစ္ဆင့္ ၿဗိတိန္ႏိုင္ငံ၏ က်န္ေဒသမ်ားသို႔ ခ်ိတ္ဆက္မႈမ်ား လုပ္ေဆာင္ထားေၾကာင္းသိရသည္။
စီးပြားေရး
ဘရစၥတိုၿမိဳ႕တြင္ ရွည္လ်ားေသာကုန္သြယ္ ေရးသမိုင္းေၾကာင္းရွိၿပီး ယခင္ကသိုးေမြးအထည္မ်ား ကိုတင္ပို႔ၿပီး ငါး၊ ဝိုင္၊ ေကာက္ပဲသီးႏွံႏွင့္ ႏို႔ထြက္ပစၥည္း မ်ားကိုတင္သြင္းခဲ့ကာ ေနာက္ပိုင္းတြင္ ေဆး႐ြက္ႀကီး၊ အပူပိုင္းေဒသ သစ္သီး ဝလံမ်ားႏွင့္ လယ္ယာထြက္ ကုန္မ်ားကို တင္သြင္းခဲ့ေၾကာင္းသိရသည္။ ဘရစၥတိုၿမိဳ႕၏ အဓိကတင္သြင္းမႈမ်ားမွာ ေမာ္ ေတာ္ယာဥ္မ်ား၊ ေကာက္ပဲသီးႏွံ၊ သစ္၊ လယ္ယာထြက္ကုန္မ်ားႏွင့္ ေရနံထြက္ပစၥည္းမ်ားျဖစ္သည္။ ဘရစၥတိုၿမိဳ႕၏စီးပြား ေရးသည္ အာကာသ၊ ကာကြယ္ေရး၊ မီဒီယာ၊ သတင္းအခ်က္အလက္နည္းပညာ၊ ေငြေၾကးဝန္ေဆာင္မႈႏွင့္ ခရီးသြား လုပ္ငန္းမ်ားအေပၚတြင္လည္း မွီခိုအားထားေနရသည္။ ကာကြယ္ေရးဝန္ႀကီးဌာန MoD ၏ ဝယ္ယူေရးအမႈ ေဆာင္အဖြဲ႕ သည္ ေနာက္ပိုင္းတြင္ ကာကြယ္ေရးပစၥည္းဝယ္ယူေရးေအဂ်င္စီႏွင့္ ကာကြယ္ေရးပစၥည္းႏွင့္ေထာက္ပံ့ေရးအဖြဲ႕အစည္း အျဖစ္ လူသိမ်ားလာခဲ့ၿပီး (၁၉၉၅)ခုႏွစ္တြင္ ၎တို႔၏ဌာနခ်ဳပ္ကို ဖီလ္တန္ၿမိဳ႕မွ Abbey Wood ဧရိယာသို႔ ေျပာင္းေ႐ႊ႕ခဲ့ ေၾကာင္းသိရသည္။ အဆိုပါအဖြဲ႕အစည္းတြင္ ဝန္ထမ္းဦးေရ (၁၂၀ဝဝ)မွ(၁၃၀ဝဝ)ခန႔္ရွိၿပီး ကာကြယ္ေရးပစၥည္းမ်ားကို ဝယ္ယူကာ ပံ့ပိုးမႈမ်ား လုပ္ေဆာင္ေပးေၾကာင္းသိရသည္။
ၿဗိတိန္ႏိုင္ငံ၏ ေရပန္းအစားဆုံး ခရီးသြားေနရာမ်ားထဲမွတစ္ခုျဖစ္ေသာ ဘရစၥတိုၿမိဳ႕ကို ကမာၻ႔ ထိပ္တန္း(၁၀) ၿမိဳ႕ထဲမွတစ္ၿမိဳ႕အျဖစ္ (၂၀ဝ၉)ခုႏွစ္တြင္ ႏိုင္ငံတကာခရီးသြားထုတ္ေဝသူ Dorling Kindersley က ေ႐ြးခ်ယ္ခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ Globalization and World Cities Research Network က ဘရစၥတိုၿမိဳ႕ကို ဂမ္မာအဆင့္ရွိ ကမာၻလုံး ဆိုင္ရာၿမိဳ႕တစ္ၿမိဳ႕အျဖစ္ အဆင့္သတ္မွတ္ခဲ့ေၾကာင္း လည္းသိရသည္။ (၂၀၁၇)ခုႏွစ္တြင္ ဘရစၥတိုၿမိဳ႕ ၏ဂ်ီဒီပီမွာ ေပါင္ (၈၈ ဒသမ ၄၄၈)ဘီလ်ံရွိခဲ့ၿပီး တစ္ဦးခ်င္းဂ်ီဒီပီမွာေပါင္ (၄၆၀ဝဝ)ျဖစ္ကာ တစ္ႏိုင္ငံလုံးပ်မ္းမွ်ထက္ (၆၅)ရာခိုင္ႏႈန္း ပိုမ်ားေၾကာင္းသိရသည္။ (၂၀၁၁)ခုႏွစ္သန္းေခါင္စာရင္းအရ ဘရစၥတိုၿမိဳ႕၏ အလုပ္လက္မဲ့ႏႈန္းမွာ (၃)ရာခိုင္ႏႈန္းသာရွိ ေၾကာင္းလည္းသိရသည္။
ဘရစၥတိုၿမိဳ႕၏ စီးပြားေရးသည္ ဆိပ္ကမ္းမ်ားအေပၚတြင္ မွီခိုအားထားမႈမရွိေတာ့ေသာ္လည္း ၎သည္ ၿဗိတိန္ ႏိုင္ငံတြင္းတြင္ ကားမ်ားအမ်ားဆုံး တင္သြင္းသည့္ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ ရပ္တည္လ်က္ရွိသည္။ ေနာက္ပိုင္းတြင္ ေဆး႐ြက္ ႀကီးတင္သြင္းမႈႏွင့္ ေဆးလိပ္ထုတ္လုပ္မႈရပ္တန႔္သြားခဲ့ေသာ္လည္း ဝိုင္ႏွင့္အရက္မ်ားတင္သြင္းမႈမွာ ဆက္လက္တည္ရွိ လ်က္ရွိေၾကာင္းသိရသည္။ ေငြေၾကးဝန္ေဆာင္မႈကသည္ ဘရစၥတိုၿမိဳ႕တြင္ အလုပ္သမား (၅၉၀ဝဝ)ဦးကို အလုပ္ခန႔္အပ္ ထားၿပီး မိုက္ခ႐ို အီလက္ထ႐ြန္နစ္ႏွင့္ ဆီလီကြန္ဒီဇိုင္းကုမၸဏီ(၅၀)ခန႔္သည္ လူေပါင္း (၅၀ဝဝ)ခန႔္ကိုအလုပ္ခန႔္အပ္ ထားေၾကာင္းသိရသည္။
(၂၀)ရာစုအတြင္း ဘရစၥတိုၿမိဳ႕၏ထုတ္လုပ္မႈလုပ္ငန္းမ်ားသည္ ဖီလ္တန္ၿမိဳ႕တြင္ Bristol Aeroplane Company မွ ေလယာဥ္ထုတ္လုပ္မႈ ႏွင့္ Bristol Aero Engines ကုမၸဏီက ေလယာဥ္ အင္ဂ်င္ထုတ္လုပ္မႈတို႔ပါဝင္သည္အထိ တိုးခ်ဲ႕လာခဲ့ ေၾကာင္းသိရသည္။ Bristol Aeroplane ကုမၸဏီသည္ ပထမကမာၻစစ္အတြင္း Bristol Fighter ေလယာဥ္ႏွင့္ ဒုတိယကမာၻစစ္အတြင္း Blenheim ႏွင့္ Beaufighter ေလယာဥ္တို႔အတြက္ လူသိမ်ား ေၾကာင္းသိရသည္။
(၂၀ဝ၅)ခုႏွစ္တြင္ ဘရစၥတိုၿမိဳ႕ကို အဂၤလန္၏ သိပၸံၿမိဳ႕ေတာ္ေျခာက္ၿမိဳ႕ထဲမွ တစ္ၿမိဳ႕အျဖစ္ ၿဗိတိန္အစိုးရက သတ္မွတ္ခဲ့ေၾကာင္းသိရသည္။ေပါင္သန္း(၅၀ဝ)တန္ေဈးဝယ္စင္တာ Cabot Circus ကို (၂၀ဝ၈)ခုႏွစ္တြင္ဖြင့္လွစ္ခဲ့ၿပီး ဘရစၥ တိုၿမိဳ႕သည္ အဂၤလန္၏ ထိပ္တန္းလက္လီေရာင္း ခ်မႈေနရာ ဆယ္ခုအနက္ တစ္ခုျဖစ္လိမ့္မည္ဟု ေဆာက္လုပ္ ေရးသမားမ်ားႏွင့္ ႏိုင္ငံေရးသမားမ်ား ကခန႔္မွန္းခဲ့ၾကသည္။ ထို႔ျပင္ ဘရစၥတိုၿမိဳ႕သည္ ၿဗိတိန္တစ္ႏိုင္ငံလုံးထက္ တစ္ဦး ခ်င္းခ်မ္းသာႂကြယ္ဝမႈပိုမိုျမင့္မားသည့္ တစ္ခုတည္းေသာၿမိဳ႕ႀကီးျဖစ္ ေၾကာင္းလည္းသိရသည္။ (၂၀၁၂)ခုႏွစ္မွ (၂၀၂၀) ျပည့္ႏွစ္အတြင္း ဘရစၥတိုၿမိဳ႕တြင္ ၿဗိတိန္တြင္ အႀကီးဆုံးလည္ပတ္ေနေသာ ေငြေၾကးတစ္ခုျဖစ္သည့္ ဘရစၥတိုေပါင္ရွိခဲ့ၿပီး လည္ပတ္မႈမရပ္ဆိုင္းမီအခ်ိန္အထိ စတာလင္ေပါင္ႏွင့္ႏႈိင္းယွဥ္ႏိုင္သည္အထိ ျမင့္မားခဲ့ေၾကာင္းသိရသည္။