နျူကလီးယားလက်နက်ထိန်းချုပ်ရေးစာချုပ်သက်တမ်းတိုးရန် အဆိုပြုချက်ကို လက်ခံရန် အမေရိကန်ကို ရုရှား တိုက်တွန်း

 118

Pika (NP News) - နိုဝင်ဘာ ၁၅
လာမည့်နှစ် ဖေဖော်ဝါရီလ(၅)ရက်တွင် သက်တမ်းကုန်ဆုံးမည့် နျူကလီးယားလက်နက်ထိန်း ချုပ်ရေးစာချုပ် ကို တစ်နှစ်သက်တမ်းတိုးရန် အဆိုပြုချက်ကိုလက်ခံရန် အမေရိကန်ကို ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေးလာရော့ဗ်က တိုက်တွန်းခဲ့ကြောင်းသိရသည်။ (၂၀၁၀)ပြည့်နှစ်တွင်လက်မှတ်ရေးထိုးခဲ့သော နျူကလီးယားလက်နက်ထိန်းချုပ် ရေး စာချုပ်သည် နျူကလီးယားထိပ်ဖူးအရေအတွက်ကို (၁၅၅၀)ပြည့်နှစ်အထိသတ်မှတ်ထားပြီး နျူကလီး ယားထိပ်ဖူး တပ်ဒုံးကျည်များနှင့်လောင်ချာများအပြင် ကြီးမားသောဗုံးကြဲလေယာဉ်များကို ကန့်သတ်ထား ကြောင်းသိရသည်။
ထို့ပြင် စစ်လက်နက်ပစ္စည်းပိုင်ဆိုင်မှုနှင့်‌ နောက်ထပ်တင်းမာမှုများကိုရှောင်ရှားရန် လိုအပ်မှုများကို ကိုးကားပြီး နျူကလီးယားလက်နက်ထိန်းချုပ် ရေးစာချုပ်ကို တစ်နှစ်သက်တမ်းတိုးရန် ရုရှားသမ္မတ ပူတင်က ပြီးခဲ့သည့် စက်တင် ဘာလတွင် အဆိုပြုခဲ့ကြောင်း သိရသည်။ ပူတင်၏ အဆိုပြုချက်များနှင့်ပတ်သက်ပြီး ကမ်းလှမ်းချက်များသည် စားပွဲဝိုင်း ပေါ်တွင် ရှိနေဆဲဖြစ်ကြောင်း ဆာဂေးလာရော့ဗ်က မှတ်ချက် ပြုပြောဆိုခဲ့သည်။
ဆာဂေးလာရော့ဗ်က ‘စိတ်အေးအေးထားပြီး နျူကလီးယားလက်နက်ထိန်းချုပ်ရေးစာချုပ်ကို တစ်နှစ်သက် တမ်းတိုးကြရအောင်။ ကမ္ဘာလုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် အင်အားကြီးနိုင်ငံတွေရဲ့တာ ဝန်အထူးသဖြင့် နျူကလီး ယားစစ်ပွဲကို ကာကွယ်တား ဆီးရာမှာ တာဝန်ယူမှုကို ထည့်သွင်းစဉ်းစားကြဖို့လို ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ အဆင်သင့်ဖြစ် နေပါပြီ’ဟုပြောဆိုခဲ့သည်။
ထို့ပြင် နျူကလီးယားထိန်းချုပ်ရေးစာချုပ် ကိုသက်တမ်းတိုးမည့်အဆိုပြုချက်ကို လက်ခံခြင်းရှိ/ မရှိကို လာမည့်နှစ် ဖေဖော်ဝါရီလ(၅)ရက်မတိုင်မီ အချိန်အတွင်း မည်သည့်အချိန်တွင်မဆို ထုတ်ပြန်ကြေ ညာနိုင်ကြောင်း ဆာဂေးလာရော့ဗ်က ထုတ်ဖော်ပြောဆိုခဲ့သည်။ ဆာဂေးလာရော့ဗ်က ‘အမေရိကန်သမ္မတ ဟောင်း ဂျိုးဘိုင်ဒန် တုန်းက လည်း စာချုပ်သက်တမ်း မကုန်ဆုံးခင် ရက်ပိုင်းအလိုလောက်ကျမှ သက်တမ်း တိုးတာကို လုပ်ခဲ့တာပါ’ ဟုပြောဆိုခဲ့သည်။

Zawgyi Version:
န်ဴကလီးယားလက္နက္ထိန္းခ်ဳပ္ေရးစာခ်ဳပ္သက္တမ္းတိုးရန္ အဆိုျပဳခ်က္ကို လက္ခံရန္ အေမရိကန္ကို ႐ုရွား တိုက္တြန္း
Pika (NP News) - ႏိုဝင္ဘာ ၁၅
လာမည့္ႏွစ္ ေဖေဖာ္ဝါရီလ(၅)ရက္တြင္ သက္တမ္းကုန္ဆုံးမည့္ န်ဴကလီးယားလက္နက္ထိန္း ခ်ဳပ္ေရးစာခ်ဳပ္ ကို တစ္ႏွစ္သက္တမ္းတိုးရန္ အဆိုျပဳခ်က္ကိုလက္ခံရန္ အေမရိကန္ကို ႐ုရွားႏိုင္ငံျခားေရး ဝန္ႀကီး ဆာေဂးလာေရာ့ဗ္က တိုက္တြန္းခဲ့ေၾကာင္းသိရသည္။ (၂၀၁၀)ျပည့္ႏွစ္တြင္လက္မွတ္ေရးထိုးခဲ့ေသာ န်ဴကလီးယားလက္နက္ထိန္းခ်ဳပ္ ေရး စာခ်ဳပ္သည္ န်ဴကလီးယားထိပ္ဖူးအေရအတြက္ကို (၁၅၅၀)ျပည့္ႏွစ္အထိသတ္မွတ္ထားၿပီး န်ဴကလီး ယားထိပ္ဖူး တပ္ဒုံးက်ည္မ်ားႏွင့္ေလာင္ခ်ာမ်ားအျပင္ ႀကီးမားေသာဗုံးႀကဲေလယာဥ္မ်ားကို ကန႔္သတ္ထား ေၾကာင္းသိရသည္။
ထို႔ျပင္ စစ္လက္နက္ပစၥည္းပိုင္ဆိုင္မႈႏွင့္‌ ေနာက္ထပ္တင္းမာမႈမ်ားကိုေရွာင္ရွားရန္ လိုအပ္မႈမ်ားကို ကိုးကားၿပီး န်ဴကလီးယားလက္နက္ထိန္းခ်ဳပ္ ေရးစာခ်ဳပ္ကို တစ္ႏွစ္သက္တမ္းတိုးရန္ ႐ုရွားသမၼတ ပူတင္က ၿပီးခဲ့သည့္ စက္တင္ ဘာလတြင္ အဆိုျပဳခဲ့ေၾကာင္း သိရသည္။ ပူတင္၏ အဆိုျပဳခ်က္မ်ားႏွင့္ပတ္သက္ၿပီး ကမ္းလွမ္းခ်က္မ်ားသည္ စားပြဲဝိုင္း ေပၚတြင္ ရွိေနဆဲျဖစ္ေၾကာင္း ဆာေဂးလာေရာ့ဗ္က မွတ္ခ်က္ ျပဳေျပာဆိုခဲ့သည္။
ဆာေဂးလာေရာ့ဗ္က ‘စိတ္ေအးေအးထားၿပီး န်ဴကလီးယားလက္နက္ထိန္းခ်ဳပ္ေရးစာခ်ဳပ္ကို တစ္ႏွစ္သက္ တမ္းတိုးၾကရေအာင္။ ကမာၻလုံၿခဳံေရးနဲ႔ တည္ၿငိမ္ေရးအတြက္ အင္အားႀကီးႏိုင္ငံေတြရဲ႕တာ ဝန္အထူးသျဖင့္ န်ဴကလီး ယားစစ္ပြဲကို ကာကြယ္တား ဆီးရာမွာ တာဝန္ယူမႈကို ထည့္သြင္းစဥ္းစားၾကဖို႔လို ပါတယ္။ ကြၽန္ေတာ္တို႔ဘက္ကေတာ့ အဆင္သင့္ျဖစ္ ေနပါၿပီ’ဟုေျပာဆိုခဲ့သည္။
ထို႔ျပင္ န်ဴကလီးယားထိန္းခ်ဳပ္ေရးစာခ်ဳပ္ ကိုသက္တမ္းတိုးမည့္အဆိုျပဳခ်က္ကို လက္ခံျခင္းရွိ/ မရွိကို လာမည့္ႏွစ္ ေဖေဖာ္ဝါရီလ(၅)ရက္မတိုင္မီ အခ်ိန္အတြင္း မည္သည့္အခ်ိန္တြင္မဆို ထုတ္ျပန္ေၾက ညာႏိုင္ေၾကာင္း ဆာေဂးလာေရာ့ဗ္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ဆာေဂးလာေရာ့ဗ္က ‘အေမရိကန္သမၼတ ေဟာင္း ဂ်ိဳးဘိုင္ဒန္ တုန္းက လည္း စာခ်ဳပ္သက္တမ္း မကုန္ဆုံးခင္ ရက္ပိုင္းအလိုေလာက္က်မွ သက္တမ္း တိုးတာကို လုပ္ခဲ့တာပါ’ ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.