တရုတ်တိုင်ပေအရေးတွင် ပါဝင်စွက်ဖက်မည်ဆိုပါက ဂျပန်နိုင်ငံ အကြီးအကျယ်ရှုံးနိမ့်မည်ဟု တရုတ်စစ်တပ် သတိပေး

 54

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၆

တရုတ်တိုင်ပေအရေးတွင် ဂျပန်နိုင်ငံက ပါဝင်စွက်ဖက်ရန်ကြိုးပမ်းမည်ဆိုလျှင် ဂျပန်နိုင်ငံအနေဖြင့် အကြီး အကျယ်ရှုံးနိမ့်မှုများရင်ဆိုင်ရဖွယ်ရှိနေကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက သတိပေးလိုက်သည်။ တရုတ်တိုင် ပေနှင့်ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်အသစ်က မကြာသေးမီက မှတ်ချက်ပြုပြောခဲ့ရာ တရုတ်နှင့် ဂျပန်နိုင်ငံကြား အပြန် အလှန်ဝေဖန်ပြစ်တင်မှုများ မြင့်တက်လျက်ရှိနေကြောင်း သိရသည်။
တရုတ်နိုင်ငံက တရုတ်တိုင်ပေကို တိုက်ခိုက်လာမည်ဆိုလျှင် ဂျပန်နိုင်ငံကလည်း စစ်ရေး နည်းလမ်းဖြင့် ပြန်လည်လက်တုံ့ပြန်ပေးမည်ဟု ဂျပန်ဝန်ကြီးချုပ်အသစ်က ပြောဆိုခဲ့သည်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူကလည်း ဂျပန်ဝန်ကြီးချုပ်၏မှတ်ချက် စကားသည် တာဝန်မဲ့ပြီးအလွန်အန္တရာယ်များကြောင်း ဝေဖန်ခဲ့သည်။ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက “ဂျပန် နိုင်ငံဟာအတိတ်သမိုင်းက ဖြစ်ခဲ့တဲ့အရာတွေကို သင်ခန်းစာယူတာမျိုးပျက်ကွက်ရင်၊ ဒါမှမဟုတ် ထိုင်ဝမ် အရေးကို အင်အားသုံးဖို့ ကြိုးပမ်းလာမယ်ဆိုရင် ဂျပန်နိုင်ငံဟာ အကြီးအကျယ် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ရမယ်။ ကြီးမားတဲ့ပေးဆပ်မှု တွေရင် ဆိုင်ရမယ်’’ဟုသတိပေးပြောဆိုခဲ့သည်။
ထို့ပြင် တရုတ်အစိုးရသည် ဂျပန်ဝန်ကြီး ချုပ်၏မှတ်ချက်စကားနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံ အမတ်ကြီးကို ဆင့်ခေါ်ပြီး သတိပေးခြင်းများလည်း လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ဂျပန်နိုင်ငံ အိုဆာကာမြို့ရှိ တရုတ်သံတမန်တစ်ဦးကလည်း ဂျပန်ဝန်ကြီးချုပ်ကို ခေါင်းဖြတ်ရမည်ဟု တုံ့ပြန်ပြောဆိုခြင်းများရှိခဲ့ရာ ဂျပန်အစိုးရက လည်း ခေါ်ယူသတိပေးခြင်းများရှိခဲ့ကြောင်းသိရသည်။
တရုတ်နိုင်ငံပိုင် သတင်းမီဒီယာများကလည်း ဂျပန်ဝန်ကြီးချုပ်၏ပြောဆိုချက်များနှင့်ပတ်သက်ပြီး ဝေဖန်ပြစ် တင်မှုများရှိခဲ့သည်။ ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်ကာလအတွင်း တရုတ်နိုင်ငံကို သိမ်းယူခဲ့ဖူးရာ နှစ်နိုင်ငံကြား တင်းမာမှုများရှိခဲ့ကြောင်း သိရသည်။ အထူးသဖြင့် ဂျပန်အစိုးရအဖွဲ့ဝန်ကြီး ချုပ်များက ဒုတိယကမ္ဘာစစ်ကာလအတွင်း ကျဆုံးခဲ့သော ဂျပန်စစ်သားများမြှုပ်နှံထားသည့် သူရဲကောင်း ဗိမာန်သို့ သွားရောက်ချိန်တိုင်း တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့က ကန့်ကွက်ပြောဆိုခြင်းများရှိခဲ့သည်။ ဂျပန်ဝန်ကြီးချုပ်အသစ်သည် သူရဲကောင်း ဗိမာန်သို့ သွားရောက်လည်ပတ်ခဲ့ဖူးသူဖြစ်ရာ နှစ် နိုင်ငံကြားတင်းမာမှုများ ပိုမိုဖြစ်လာဖွယ်ရှိနေကြောင်း သိရသည်။
ဂျပန်နိုင်ငံသည် ပြီးခဲ့သောနှစ်အတွင်း စစ်ရေးတည်ဆောက်မှုများ ပိုမိုလုပ်ဆောင်ခဲ့ရာခါးသီး သောအိမ်နီးချင်း နိုင်ငံကြား အငြင်းပွားမှုများဖြစ်လာလျက်ရှိနေကြောင်း သိရသည်။

Zawgyi Version:
တ႐ုတ္တိုင္ေပအေရးတြင္ ပါဝင္စြက္ဖက္မည္ဆိုပါက ဂ်ပန္ႏိုင္ငံ အႀကီးအက်ယ္ရႈံးနိမ့္မည္ဟု တ႐ုတ္စစ္တပ္ သတိေပး
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁၆
တ႐ုတ္တိုင္ေပအေရးတြင္ ဂ်ပန္ႏိုင္ငံက ပါဝင္စြက္ဖက္ရန္ႀကိဳးပမ္းမည္ဆိုလွ်င္ ဂ်ပန္ႏိုင္ငံအေနျဖင့္ အႀကီး အက်ယ္ရႈံးနိမ့္မႈမ်ားရင္ဆိုင္ရဖြယ္ရွိေနေၾကာင္း တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနက သတိေပးလိုက္သည္။ တ႐ုတ္တိုင္ ေပႏွင့္ပတ္သက္ၿပီး ဂ်ပန္ဝန္ႀကီးခ်ဳပ္အသစ္က မၾကာေသးမီက မွတ္ခ်က္ျပဳေျပာခဲ့ရာ တ႐ုတ္ႏွင့္ ဂ်ပန္ႏိုင္ငံၾကား အျပန္ အလွန္ေဝဖန္ျပစ္တင္မႈမ်ား ျမင့္တက္လ်က္ရွိေနေၾကာင္း သိရသည္။
တ႐ုတ္ႏိုင္ငံက တ႐ုတ္တိုင္ေပကို တိုက္ခိုက္လာမည္ဆိုလွ်င္ ဂ်ပန္ႏိုင္ငံကလည္း စစ္ေရး နည္းလမ္းျဖင့္ ျပန္လည္လက္တုံ႔ျပန္ေပးမည္ဟု ဂ်ပန္ဝန္ႀကီးခ်ဳပ္အသစ္က ေျပာဆိုခဲ့သည္။
တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာန ေျပာေရး ဆိုခြင့္ရွိသူကလည္း ဂ်ပန္ဝန္ႀကီးခ်ဳပ္၏မွတ္ခ်က္ စကားသည္ တာဝန္မဲ့ၿပီးအလြန္အႏၲရာယ္မ်ားေၾကာင္း ေဝဖန္ခဲ့သည္။ တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက “ဂ်ပန္ ႏိုင္ငံဟာအတိတ္သမိုင္းက ျဖစ္ခဲ့တဲ့အရာေတြကို သင္ခန္းစာယူတာမ်ိဳးပ်က္ကြက္ရင္၊ ဒါမွမဟုတ္ ထိုင္ဝမ္ အေရးကို အင္အားသုံးဖို႔ ႀကိဳးပမ္းလာမယ္ဆိုရင္ ဂ်ပန္ႏိုင္ငံဟာ အႀကီးအက်ယ္ ရႈံးနိမ့္မႈနဲ႔ ရင္ဆိုင္ရမယ္။ ႀကီးမားတဲ့ေပးဆပ္မႈ ေတြရင္ ဆိုင္ရမယ္’’ဟုသတိေပးေျပာဆိုခဲ့သည္။
ထို႔ျပင္ တ႐ုတ္အစိုးရသည္ ဂ်ပန္ဝန္ႀကီး ခ်ဳပ္၏မွတ္ခ်က္စကားႏွင့္ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံဆိုင္ရာ ဂ်ပန္သံ အမတ္ႀကီးကို ဆင့္ေခၚၿပီး သတိေပးျခင္းမ်ားလည္း လုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။ ဂ်ပန္ႏိုင္ငံ အိုဆာကာၿမိဳ႕ရွိ တ႐ုတ္သံတမန္တစ္ဦးကလည္း ဂ်ပန္ဝန္ႀကီးခ်ဳပ္ကို ေခါင္းျဖတ္ရမည္ဟု တုံ႔ျပန္ေျပာဆိုျခင္းမ်ားရွိခဲ့ရာ ဂ်ပန္အစိုးရက လည္း ေခၚယူသတိေပးျခင္းမ်ားရွိခဲ့ေၾကာင္းသိရသည္။
တ႐ုတ္ႏိုင္ငံပိုင္ သတင္းမီဒီယာမ်ားကလည္း ဂ်ပန္ဝန္ႀကီးခ်ဳပ္၏ေျပာဆိုခ်က္မ်ားႏွင့္ပတ္သက္ၿပီး ေဝဖန္ျပစ္ တင္မႈမ်ားရွိခဲ့သည္။ ဂ်ပန္ႏိုင္ငံသည္ ဒုတိယကမာၻစစ္ကာလအတြင္း တ႐ုတ္ႏိုင္ငံကို သိမ္းယူခဲ့ဖူးရာ ႏွစ္ႏိုင္ငံၾကား တင္းမာမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။ အထူးသျဖင့္ ဂ်ပန္အစိုးရအဖြဲ႕ဝန္ႀကီး ခ်ဳပ္မ်ားက ဒုတိယကမာၻစစ္ကာလအတြင္း က်ဆုံးခဲ့ေသာ ဂ်ပန္စစ္သားမ်ားျမႇဳပ္ႏွံထားသည့္ သူရဲေကာင္း ဗိမာန္သို႔ သြားေရာက္ခ်ိန္တိုင္း ေတာင္ကိုရီးယားႏွင့္ တ႐ုတ္ႏိုင္ငံတို႔က ကန႔္ကြက္ေျပာဆိုျခင္းမ်ားရွိခဲ့သည္။ ဂ်ပန္ဝန္ႀကီးခ်ဳပ္အသစ္သည္ သူရဲေကာင္း ဗိမာန္သို႔ သြားေရာက္လည္ပတ္ခဲ့ဖူးသူျဖစ္ရာ ႏွစ္ ႏိုင္ငံၾကားတင္းမာမႈမ်ား ပိုမိုျဖစ္လာဖြယ္ရွိေနေၾကာင္း သိရသည္။
ဂ်ပန္ႏိုင္ငံသည္ ၿပီးခဲ့ေသာႏွစ္အတြင္း စစ္ေရးတည္ေဆာက္မႈမ်ား ပိုမိုလုပ္ေဆာင္ခဲ့ရာခါးသီး ေသာအိမ္နီးခ်င္း ႏိုင္ငံၾကား အျငင္းပြားမႈမ်ားျဖစ္လာလ်က္ရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.