ဘင်္ဂလားဒေ့ရှ်အိမ်စောင့်အစိုးရအဖွဲ့၏ စွဲချက်များကို ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ ဝေဖန်ပြစ်တင်

150

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၆
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက ပြီးခဲ့သောနှစ်က ၎င်းကို ဝန်ကြီးချုပ်ရာ ထူးမှပြုတ်ကျစေခဲ့ သော ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူ များအားလူသားအပေါ် ကျူးလွန်သောရာဇဝတ်မှု များကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲ ချက်များကို ငြင်းဆန်ပယ်ချလိုက်ကြောင်းသိရသည်။ ရှိတ်ဟာစီနာသည်ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချခံရပြီးနောက် ပြည်ပထွက်ပြေးနောက် ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သော ဘီဘီစီသတင်းဌာနနှင့် အင်တာဗျူးအစီအစဉ်တွင် ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်အိမ်စောင့်အစိုးရအဖွဲ့က ရှိတ်ဟာစီနာသည် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန် အတွင်း ဖြစ်ပွားခဲ့သောဆန္ဒပြပွဲတွင် ဆန္ဒပြသူအများ အပြားသေဆုံးစေခဲ့ခြင်း၏နောက်ကွယ်၌ အဓိကပါဝင်နေသူဖြစ် ကြောင်းစွပ်စွဲကာ လူသားအပေါ် ကျူးလွန်သောရာဇဝတ်မှုကျူးလွန်ခဲ့ဟု စွပ်စွဲကာ အထူးတရားရုံးနှင့်စုံစမ်းစစ်ဆေး လျက်ရှိနေကြောင်း သိရသည်။
ရှိတ်ဟာစီနာသည် ပြီးခဲ့သည့် (၂၀၂၄)ခုနှစ် ဩဂုတ် (၅)ရက်တွင် ပြည်ပနိုင်ငံကိုထွက်ပြေးခဲ့ပြီး ၎င်းအပေါ် အမှုဖွင့်ကာစုံစမ်းစစ်ဆေးခြင်းများအပေါ်လည်းဝေဖန်ပြစ်တင်ခဲ့ကြောင်းသိရသည်။ ရှိတ်ဟာစီနာက သူ့မျက်ကွယ်တွင် ရုံးတင်စစ်ဆေး ခြင်းများသည် ရယ်စရာဟာသများသာဖြစ်ပြီး ၎င်း၏ ပြိုင်ဘက်နိုင်ငံရေးသမားများက ထိန်းချုပ်ထား သည့် သားပိုက်ကောင်တရားရုံး၏ ရယ်စရာကောင်းသောလုပ်ရပ်များဖြစ်ကြောင်း ဝေဖန်ထားသည်။ ဘင်္ဂလား ဒေ့ရှ်အိမ် စောင့်အစိုးရအဖွဲ့၏ အစိုးရရှေ့နေများသည် ရှိတ်ဟာစီနာကို သေဒဏ်ပေးနိုင်ရန် ကြိုးပမ်းနေပြီး လာမည့်နိုဝင်ဘာ (၁၇)ရက်တွင် အထူးတရားရုံးမှ ရှိတ်ဟာစီနာအပေါ် စွဲဆိုထားသည့်အမှုများအတွက် စီရင်ချက်ချမှတ်သွားမည်ဖြစ် ကြောင်းသိရသည်။ ရှိတ်ဟာစီနာက ‘လက်နက်မဲ့ပြည်သူတွေကို ပစ်ခတ်ဖြိုခွင်းဖို့ ကျွန်မအနေနဲ့ အမိန့်ပေးခဲ့တာမျိုး ဘယ်တုန်း ကမှ မရှိခဲ့ဘူး’ ဟုပြောသည်။
ရုံးတင်စစ်ဆေးမှုသည် ‘ကြိုတင်သတ်မှတ်ထားသော အပြစ်ရှိကြောင်း စီရင်ချက်ချရန်’ ရည်ရွယ်ထားခြင်းသာ ဖြစ်ကြောင်း ရှိတ်ဟာစီနာက ထပ်မံဝေဖန်ခဲ့သည်။ လက်ရှိအချိန်တွင် ရှိတ်ဟာ စီနာ၏အမှုကို စီရင်ချက်ချမှတ်မည့် အထူးတရားရုံး ဝန်းကျင်နားတွင် လုံခြု့ရေးတင်းကြပ်ထားကြောင်းသိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရှိတ်ဟာစီနာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန် (၂၀၂၄)ခုနှစ် အတွင်းက ဖြစ်ပွားခဲ့သောဆန္ဒပြပွဲအတွင်း အနည်း ဆုံးလူပေါင်း (၁၄၀ဝ)ကျော်သေဆုံးခဲ့ရကြောင်း ကုလသမဂ္ဂ လူအခွင့်ရေး စုံစမ်းရေးတာဝန်ရှိသူများက ပြောသည်။ ဘင်္ဂလားဒေ့ရှ် အိမ်စောင့်အစိုးရအဖွဲ့သည် ရှိတ်ဟာစီနာကို စွဲဆိုထားသည့်အမှုများနှင့်ပတ်သက်ပြီး မိခင်နိုင်ငံသို့ ပြန်လာကာအမှု ရင်ဆိုင်ရန် တောင်းဆိုထားသော်လည်း ရှိတ်ဟာစီနာက ငြင်း ဆန်ပယ်ချထားကြောင်း သိရသည်။

Zawgyi Version:
ဘဂၤလားေဒ့ရွ္အိမ္ေစာင့္အစိုးရအဖြဲ႕၏ စြဲခ်က္မ်ားကို ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာ ေဝဖန္ျပစ္တင္
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁၆
ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာက ၿပီးခဲ့ေသာႏွစ္က ၎ကို ဝန္ႀကီးခ်ဳပ္ရာ ထူးမွျပဳတ္က်ေစခဲ့ ေသာ ဆႏၵျပပြဲအတြင္း ဆႏၵျပသူ မ်ားအားလူသားအေပၚ က်ဴးလြန္ေသာရာဇဝတ္မႈ မ်ားက်ဴးလြန္ခဲ့သည္ဆိုေသာ စြပ္စြဲ ခ်က္မ်ားကို ျငင္းဆန္ပယ္ခ်လိုက္ေၾကာင္းသိရသည္။ ရွိတ္ဟာစီနာသည္ဝန္ႀကီးခ်ဳပ္ရာထူးမွ ျဖဳတ္ခ်ခံရၿပီးေနာက္ ျပည္ပထြက္ေျပးေနာက္ ပထမဆုံးအႀကိမ္ျပဳလုပ္ခဲ့ေသာ ဘီဘီစီသတင္းဌာနႏွင့္ အင္တာဗ်ဴးအစီအစဥ္တြင္ ထည့္သြင္း ေျပာဆိုခဲ့ျခင္းျဖစ္သည္။ ဘဂၤလားေဒ့ရွ္အိမ္ေစာင့္အစိုးရအဖြဲ႕က ရွိတ္ဟာစီနာသည္ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္ အတြင္း ျဖစ္ပြားခဲ့ေသာဆႏၵျပပြဲတြင္ ဆႏၵျပသူအမ်ား အျပားေသဆုံးေစခဲ့ျခင္း၏ေနာက္ကြယ္၌ အဓိကပါဝင္ေနသူျဖစ္ ေၾကာင္းစြပ္စြဲကာ လူသားအေပၚ က်ဴးလြန္ေသာရာဇဝတ္မႈက်ဴးလြန္ခဲ့ဟု စြပ္စြဲကာ အထူးတရား႐ုံးႏွင့္စုံစမ္းစစ္ေဆး လ်က္ရွိေနေၾကာင္း သိရသည္။
ရွိတ္ဟာစီနာသည္ ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္ ဩဂုတ္ (၅)ရက္တြင္ ျပည္ပႏိုင္ငံကိုထြက္ေျပးခဲ့ၿပီး ၎အေပၚ အမႈဖြင့္ကာစုံစမ္းစစ္ေဆးျခင္းမ်ားအေပၚလည္းေဝဖန္ျပစ္တင္ခဲ့ေၾကာင္းသိရသည္။ ရွိတ္ဟာစီနာက သူ႔မ်က္ကြယ္တြင္ ႐ုံးတင္စစ္ေဆး ျခင္းမ်ားသည္ ရယ္စရာဟာသမ်ားသာျဖစ္ၿပီး ၎၏ ၿပိဳင္ဘက္ႏိုင္ငံေရးသမားမ်ားက ထိန္းခ်ဳပ္ထား သည့္ သားပိုက္ေကာင္တရား႐ုံး၏ ရယ္စရာေကာင္းေသာလုပ္ရပ္မ်ားျဖစ္ေၾကာင္း ေဝဖန္ထားသည္။ ဘဂၤလား ေဒ့ရွ္အိမ္ ေစာင့္အစိုးရအဖြဲ႕၏ အစိုးရေရွ႕ေနမ်ားသည္ ရွိတ္ဟာစီနာကို ေသဒဏ္ေပးႏိုင္ရန္ ႀကိဳးပမ္းေနၿပီး လာမည့္ႏိုဝင္ဘာ (၁၇)ရက္တြင္ အထူးတရား႐ုံးမွ ရွိတ္ဟာစီနာအေပၚ စြဲဆိုထားသည့္အမႈမ်ားအတြက္ စီရင္ခ်က္ခ်မွတ္သြားမည္ျဖစ္ ေၾကာင္းသိရသည္။ ရွိတ္ဟာစီနာက ‘လက္နက္မဲ့ျပည္သူေတြကို ပစ္ခတ္ၿဖိဳခြင္းဖို႔ ကြၽန္မအေနနဲ႔ အမိန႔္ေပးခဲ့တာမ်ိဳး ဘယ္တုန္း ကမွ မရွိခဲ့ဘူး’ ဟုေျပာသည္။
႐ုံးတင္စစ္ေဆးမႈသည္ ‘ႀကိဳတင္သတ္မွတ္ထားေသာ အျပစ္ရွိေၾကာင္း စီရင္ခ်က္ခ်ရန္’ ရည္႐ြယ္ထားျခင္းသာ ျဖစ္ေၾကာင္း ရွိတ္ဟာစီနာက ထပ္မံေဝဖန္ခဲ့သည္။ လက္ရွိအခ်ိန္တြင္ ရွိတ္ဟာ စီနာ၏အမႈကို စီရင္ခ်က္ခ်မွတ္မည့္ အထူးတရား႐ုံး ဝန္းက်င္နားတြင္ လုံျခဳ႕ေရးတင္းၾကပ္ထားေၾကာင္းသိရသည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ ရွိတ္ဟာစီနာ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္ (၂၀၂၄)ခုႏွစ္ အတြင္းက ျဖစ္ပြားခဲ့ေသာဆႏၵျပပြဲအတြင္း အနည္း ဆုံးလူေပါင္း (၁၄၀ဝ)ေက်ာ္ေသဆုံးခဲ့ရေၾကာင္း ကုလသမဂၢ လူအခြင့္ေရး စုံစမ္းေရးတာဝန္ရွိသူမ်ားက ေျပာသည္။ ဘဂၤလားေဒ့ရွ္ အိမ္ေစာင့္အစိုးရအဖြဲ႕သည္ ရွိတ္ဟာစီနာကို စြဲဆိုထားသည့္အမႈမ်ားႏွင့္ပတ္သက္ၿပီး မိခင္ႏိုင္ငံသို႔ ျပန္လာကာအမႈ ရင္ဆိုင္ရန္ ေတာင္းဆိုထားေသာ္လည္း ရွိတ္ဟာစီနာက ျငင္း ဆန္ပယ္ခ်ထားေၾကာင္း သိရသည္။