အနောက်အုပ်စု၏ စစ်ရေးခြိမ်းခြောက်မှုများအတွက် ပြင်ဆင်ထားကြောင်း ရုရှားအစိုးရပြော

 134

Pika (NP News) - နိုဝင်ဘာ ၁၆

ရုရှားနဲ့အလားအလာရှိတဲ့ထိပ်တိုက်တွေ့ဆုံမှုတွေအတွက် အနောက်အုပ်စုနိုင်ငံတွေက လက်နက်တွေတပ် ဆင်နေတာကို ရုရှားအစိုးရက သတိထားမိကြောင်းနှင့် ယင်းကဲ့သို့သော အခြေအနေများအတွက် အပြည့်အဝပြင် ဆင်ထားကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ထုတ်ပြန်ပြောကြားခဲ့သည်။
ဥရောပ၏ အလျင်အမြန် စစ်ရေးအင်အား တိုးချဲ့မှုများကြောင့် ရုရှားနှင့် အနောက်အုပ်စုနိုင်ငံများအကြား တိုက်ရိုက်ပဋိပက္ခတစ်ခုဖြစ်လာနိုင်ခြေပိုများလာနေကြောင်း သတိပေးခဲ့သော ဆာဘီးယား သမ္မတ Aleksandar Vucic ၏ ပြောဆိုချက်များကို ဒီမစ်ထရီပက်စကော့ဗ်က ထောက်ခံခဲ့ကြောင်းလည်း သိရသည်။
ဒီမစ်ထရီပက်စကော့ဗ်က ‘အနောက်အုပ် စုနိုင်ငံတွေမှာ စစ်ရေးဆန်တဲ့သဘောထားတွေ ရှင်းရှင်းလင်းလင်း ရှိနေပြီး အဲဒါက လုံးဝမကောင်းပါဘူး။ ဒီလိုမျိုးအန္တရာယ်တွေရှိနေတာကို ကျွန်တော်တို့ အမြဲ တမ်းသတိထားမိပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့အကျိုးစီးပွားနဲ့ လုံခြုံရေးကိုကာကွယ်ဖို့လို အပ်တဲ့အစီအစဉ်တွေအားလုံးကို ကြိုတင် လုပ်ဆောင် ထားပါတယ်’ဟုပြောဆိုခဲ့သည်။
ထို့ပြင် ယူရိုဘီလျံရာချီပါဝင်သည့် ဥရောပသမဂ္ဂ၏ လက်နက်တပ်ဆင်ရေးလှုပ်ရှားမှုများသည် ရုရှား၏ခြိမ်း ခြောက်မှုများကိုတန်ပြန်ရန်အတွက် လုပ်ဆောင်နေခြင်းဖြစ်သည်ဆိုသည့်အချက်မှာ သိသာထင်ရှားကြောင်း လေ့လာ သုံးသပ်သူများကပြော ကြားထားသည်။ သို့သော်လည်း ဥရောပသမဂ္ဂသည် အစုအဖွဲ့၏စီးပွားရေး ပြဿနာများနှင့် လူမှုရေးဆိုင် ရာမကျေနပ်မှုများထံမှ ပြည်သူလူထု၏ အမြင်အာရုံ ကိုလွှဲပြောင်းနိုင်စေရန် လုပ်ရပ်တစ်ခုအဖြစ် ရုရှားက ခြိမ်းခြောက်မှုများရှိနေသည်ဟု လုပ်ကြံပြောဆိုနေ ကြောင်း ရုရှားအစိုးရက ထုတ်ပြန်ပြောကြားခဲ့သည်။
ဒီမစ်ထရီပက်စကော့ဗ်က ‘သူတို့က စစ်ရေးဘတ်ဂျက်တွေကို ထပ်ပြီးတိုးနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ညှဉ်းပန်းနှိပ်စက်နေကြပါတယ်။ ပိုလန် နိုင်ငံဟာ ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီရဲ့ (၅) ရာခိုင်နှုန်းနီးပါး အထိတိုးမြှင့် ထားပြီး တခြားနိုင်ငံတွေကလည်း အဲဒီလိုမျိုးလိုက်လုပ်ပြီးတော့ သူတို့ရဲ့ကိုယ်ပိုင်စီးပွားရေးတွေကို သတ်ပစ်နေကြပါ တယ်’ ဟု ပြောဆိုခဲ့သည်။

Zawgyi Version:
အေနာက္အုပ္စု၏ စစ္ေရးၿခိမ္းေျခာက္မႈမ်ားအတြက္ ျပင္ဆင္ထားေၾကာင္း ႐ုရွားအစိုးရေျပာ
Pika (NP News) - ႏိုဝင္ဘာ ၁၆
႐ုရွားနဲ႔အလားအလာရွိတဲ့ထိပ္တိုက္ေတြ႕ဆုံမႈေတြအတြက္ အေနာက္အုပ္စုႏိုင္ငံေတြက လက္နက္ေတြတပ္ ဆင္ေနတာကို ႐ုရွားအစိုးရက သတိထားမိေၾကာင္းႏွင့္ ယင္းကဲ့သို႔ေသာ အေျခအေနမ်ားအတြက္ အျပည့္အဝျပင္ ဆင္ထားေၾကာင္း ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ထုတ္ျပန္ေျပာၾကားခဲ့သည္။
ဥေရာပ၏ အလ်င္အျမန္ စစ္ေရးအင္အား တိုးခ်ဲ႕မႈမ်ားေၾကာင့္ ႐ုရွားႏွင့္ အေနာက္အုပ္စုႏိုင္ငံမ်ားအၾကား တိုက္႐ိုက္ပဋိပကၡတစ္ခုျဖစ္လာႏိုင္ေျခပိုမ်ားလာေနေၾကာင္း သတိေပးခဲ့ေသာ ဆာဘီးယား သမၼတ Aleksandar Vucic ၏ ေျပာဆိုခ်က္မ်ားကို ဒီမစ္ထရီပက္စေကာ့ဗ္က ေထာက္ခံခဲ့ေၾကာင္းလည္း သိရသည္။
ဒီမစ္ထရီပက္စေကာ့ဗ္က ‘အေနာက္အုပ္ စုႏိုင္ငံေတြမွာ စစ္ေရးဆန္တဲ့သေဘာထားေတြ ရွင္းရွင္းလင္းလင္း ရွိေနၿပီး အဲဒါက လုံးဝမေကာင္းပါဘူး။ ဒီလိုမ်ိဳးအႏၲရာယ္ေတြရွိေနတာကို ကြၽန္ေတာ္တို႔ အၿမဲ တမ္းသတိထားမိပါတယ္။ အဲဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔ရဲ႕အက်ိဳးစီးပြားနဲ႔ လုံၿခဳံေရးကိုကာကြယ္ဖို႔လို အပ္တဲ့အစီအစဥ္ေတြအားလုံးကို ႀကိဳတင္ လုပ္ေဆာင္ ထားပါတယ္’ဟုေျပာဆိုခဲ့သည္။
ထို႔ျပင္ ယူ႐ိုဘီလ်ံရာခ်ီပါဝင္သည့္ ဥေရာပသမဂၢ၏ လက္နက္တပ္ဆင္ေရးလႈပ္ရွားမႈမ်ားသည္ ႐ုရွား၏ၿခိမ္း ေျခာက္မႈမ်ားကိုတန္ျပန္ရန္အတြက္ လုပ္ေဆာင္ေနျခင္းျဖစ္သည္ဆိုသည့္အခ်က္မွာ သိသာထင္ရွားေၾကာင္း ေလ့လာ သုံးသပ္သူမ်ားကေျပာ ၾကားထားသည္။ သို႔ေသာ္လည္း ဥေရာပသမဂၢသည္ အစုအဖြဲ႕၏စီးပြားေရး ျပႆနာမ်ားႏွင့္ လူမႈေရးဆိုင္ ရာမေက်နပ္မႈမ်ားထံမွ ျပည္သူလူထု၏ အျမင္အာ႐ုံ ကိုလႊဲေျပာင္းႏိုင္ေစရန္ လုပ္ရပ္တစ္ခုအျဖစ္ ႐ုရွားက ၿခိမ္းေျခာက္မႈမ်ားရွိေနသည္ဟု လုပ္ႀကံေျပာဆိုေန ေၾကာင္း ႐ုရွားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့သည္။
ဒီမစ္ထရီပက္စေကာ့ဗ္က ‘သူတို႔က စစ္ေရးဘတ္ဂ်က္ေတြကို ထပ္ၿပီးတိုးႏိုင္ဖို႔အတြက္ ကိုယ့္ကိုယ္ကိုယ္ ညႇဥ္းပန္းႏွိပ္စက္ေနၾကပါတယ္။ ပိုလန္ ႏိုင္ငံဟာ ကာကြယ္ေရးအသုံးစရိတ္ကို ဂ်ီဒီပီရဲ႕ (၅) ရာခိုင္ႏႈန္းနီးပါး အထိတိုးျမႇင့္ ထားၿပီး တျခားႏိုင္ငံေတြကလည္း အဲဒီလိုမ်ိဳးလိုက္လုပ္ၿပီးေတာ့ သူတို႔ရဲ႕ကိုယ္ပိုင္စီးပြားေရးေတြကို သတ္ပစ္ေနၾကပါ တယ္’ ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.