ဩစတြေးလျ၌ နတ်ဆိုးကဲ့သို့ဦးချိုများပါသော ပျားမျိုးစိတ်တွေ့ရှိ

 265

Pika (NP News) - နိုဝင်ဘာ ၁၆

ဩစတြေးလျနိုင်ငံအနောက်ပိုင်းတွင် ပျားမျိုးစိတ်အသစ်တစ်ခုကို သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါပျားမျိုးစိတ်၏ ပျားအမများသည် နတ်ဆိုးကဲ့သို့ဦးချိုများရှိသောကြောင့် လူစီဖာဟုအမည် ပေးထား ကြောင်းသိရသည်။ Megachile (Hackeriapis) lucifer ဟုအမည်ပေးထားသော ပျားမျိုးစိတ်ကိုရှာဖွေတွေ့ ရှိခြင်းအား Curtin တက္ကသိုလ်ကထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါပျားမျိုးစိတ်၏အသွင်အပြင်များကြောင့် နတ်ဆိုးလူစီဖာ၏အမည်ကိုပေးရန် အကြံဉာဏ်ရခဲ့ခြင်း ဖြစ် ကြောင်း Curtin တက္ကသိုလ်သုတေသီ Kit Prendergast ကပြောကြားခဲ့သည်။ Kit Prendergast က “ဒီနာမည်က ဒီပျားမျိုးစိတ်နဲ့ လုံးဝကိုကိုက်ညီပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း နတ်ဆိုးလူစီဖာဇာတ်ကောင်ရဲ့ အမာခံပရိသတ် တစ်ဦးပဲ ဖြစ်ပါတယ်။ ဒီပျားမျိုးစိတ်ရဲ့ဦးခေါင်းပေါ်မှာ အလွန်သေးငယ်တဲ့ဦးချိုလေးတွေရှိပါတယ်”ဟုပြောဆိုခဲ့သည်။
(၂၀၁၉)ခုနှစ်တွင် မျိုးတုံးလုနီးပါးဖြစ်နေသော တောပန်းတစ်မျိုးကို စစ်တမ်းကောက်ယူနေစဉ် အချိန်အတွင်း အဆိုပါပျားမျိုးစိတ်ကို ပထမဆုံးရှာဖွေ တွေ့ရှိခဲ့ပြီး ၎င်း၏ ထူးခြားသောအင်္ဂါရပ်များကြောင့် အံ့အားသင့်ခဲ့ရကြောင်း Kit Prendergast က ထုတ်ပြန်ပြောကြားခဲ့သည်။ မျိုးရိုးဗီဇ ခွဲခြမ်းစိတ်ဖြာမှုများအရ အဆိုပါပျားမျိုးစိတ်သည် နှစ်ပေါင်း(၂၀) ကျော်အတွင်းလေ့လာခဲ့သောပျားမျိုးစိတ်များတွင် ပထမဆုံးသော မျိုးစိတ်အသစ်ဖြစ်သည်ကို ရှာဖွေဖော်ထုတ် တွေ့ရှိခဲ့ ကြောင်း Kit Prendergast က ပြောကြားခဲ့သည်။
ထို့ပြင် ဒီအန်အေဘားကုတ်က ယင်းပျားမျိုး စိတ်သည် အဓိကဒေတာဘေ့စ်များ သို့မဟုတ် ပြတိုက်စုဆောင်းမှု များတွင် ပါဝင်ခြင်းမျိုးမရှိသည့် ထူးခြားသော ပထမဆုံးပျားမျိုးစိတ်တစ်ခုဖြစ်သည်ကို အတည်ပြုခဲ့ကြောင်း Kit Prendergast က ပြောကြားခဲ့သည်။

Zawgyi Version:
ဩစေၾတးလ်၌ နတ္ဆိုးကဲ့သို႔ဦးခ်ိဳမ်ားပါေသာ ပ်ားမ်ိဳးစိတ္ေတြ႕ရွိ
Pika (NP News) - ႏိုဝင္ဘာ ၁၆
ဩစေၾတးလ်ႏိုင္ငံအေနာက္ပိုင္းတြင္ ပ်ားမ်ိဳးစိတ္အသစ္တစ္ခုကို သိပၸံပညာရွင္မ်ားက ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သိရသည္။ အဆိုပါပ်ားမ်ိဳးစိတ္၏ ပ်ားအမမ်ားသည္ နတ္ဆိုးကဲ့သို႔ဦးခ်ိဳမ်ားရွိေသာေၾကာင့္ လူစီဖာဟုအမည္ ေပးထား ေၾကာင္းသိရသည္။ Megachile (Hackeriapis) lucifer ဟုအမည္ေပးထားေသာ ပ်ားမ်ိဳးစိတ္ကိုရွာေဖြေတြ႕ ရွိျခင္းအား Curtin တကၠသိုလ္ကထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။
အဆိုပါပ်ားမ်ိဳးစိတ္၏အသြင္အျပင္မ်ားေၾကာင့္ နတ္ဆိုးလူစီဖာ၏အမည္ကိုေပးရန္ အႀကံဉာဏ္ရခဲ့ျခင္း ျဖစ္ ေၾကာင္း Curtin တကၠသိုလ္သုေတသီ Kit Prendergast ကေျပာၾကားခဲ့သည္။ Kit Prendergast က “ဒီနာမည္က ဒီပ်ားမ်ိဳးစိတ္နဲ႔ လုံးဝကိုကိုက္ညီပါတယ္။ ကြၽန္မကိုယ္တိုင္ကလည္း နတ္ဆိုးလူစီဖာဇာတ္ေကာင္ရဲ႕ အမာခံပရိသတ္ တစ္ဦးပဲ ျဖစ္ပါတယ္။ ဒီပ်ားမ်ိဳးစိတ္ရဲ႕ဦးေခါင္းေပၚမွာ အလြန္ေသးငယ္တဲ့ဦးခ်ိဳေလးေတြရွိပါတယ္”ဟုေျပာဆိုခဲ့သည္။
(၂၀၁၉)ခုႏွစ္တြင္ မ်ိဳးတုံးလုနီးပါးျဖစ္ေနေသာ ေတာပန္းတစ္မ်ိဳးကို စစ္တမ္းေကာက္ယူေနစဥ္ အခ်ိန္အတြင္း အဆိုပါပ်ားမ်ိဳးစိတ္ကို ပထမဆုံးရွာေဖြ ေတြ႕ရွိခဲ့ၿပီး ၎၏ ထူးျခားေသာအဂၤါရပ္မ်ားေၾကာင့္ အံ့အားသင့္ခဲ့ရေၾကာင္း Kit Prendergast က ထုတ္ျပန္ေျပာၾကားခဲ့သည္။ မ်ိဳး႐ိုးဗီဇ ခြဲျခမ္းစိတ္ျဖာမႈမ်ားအရ အဆိုပါပ်ားမ်ိဳးစိတ္သည္ ႏွစ္ေပါင္း(၂၀) ေက်ာ္အတြင္းေလ့လာခဲ့ေသာပ်ားမ်ိဳးစိတ္မ်ားတြင္ ပထမဆုံးေသာ မ်ိဳးစိတ္အသစ္ျဖစ္သည္ကို ရွာေဖြေဖာ္ထုတ္ ေတြ႕ရွိခဲ့ ေၾကာင္း Kit Prendergast က ေျပာၾကားခဲ့သည္။
ထို႔ျပင္ ဒီအန္ေအဘားကုတ္က ယင္းပ်ားမ်ိဳး စိတ္သည္ အဓိကေဒတာေဘ့စ္မ်ား သို႔မဟုတ္ ျပတိုက္စုေဆာင္းမႈ မ်ားတြင္ ပါဝင္ျခင္းမ်ိဳးမရွိသည့္ ထူးျခားေသာ ပထမဆုံးပ်ားမ်ိဳးစိတ္တစ္ခုျဖစ္သည္ကို အတည္ျပဳခဲ့ေၾကာင္း Kit Prendergast က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.