ဗင်နီဇွဲလားအစိုးရက စစ်တပ်ကို အမြင့်ဆုံးသတိပေးချက်အဆင့်တွင် ထားရှိ

 141

Pika (NP News) - နိုဝင်ဘာ ၁၆

အမေရိကန်က စစ်ရေးတည်ဆောက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာမှုနှင့်အတူ ဗင်နီဇွဲလား စစ်တပ်ကို အမြင့်ဆုံးသတိပေးချက်အဆင့်တွင် ထားရှိထားကြောင်း ဗင်နီဇွဲလားကာကွယ်ရေးဝန်ကြီး ပက်ဒရီနိုလိုပက်စ်က ထုတ်ပြန်ကြေညာခဲ့သည်။
ကာရေဘီယံပင်လယ်ပြင်တွင် အမေရိကန်က စစ်ရေးတည်ဆောက်မှုများကို အရှိန်မြှင့်လုပ် ဆောင်လာခြင်း ကိုတုံ့ပြန်သည့်အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြီးမားသည့်စစ်တပ်ဖြန့်ကြက် ချထားမှုများလုပ်ဆောင်ရန် အမိန့်ပေးထားကြောင်း ပက်ဒရီ နိုလိုပက်စ်ကပြောကြားခဲ့သည်။ ထို့ပြင် စစ်ဘက်ဆိုင် ရာဝန်ထမ်း (၂)သိန်းနီးပါးကို တပ်သား သစ်စုဆောင်းထားပြီး အပြည့်အဝစစ်ဆင်ရေး အဆင်သင့်ဖြစ်မှုအခြေအနေတွင်ထားရှိခဲ့ကြောင်း ပက်ဒရီနိုလို ပက်စ်က ထုတ်ပြန်ကြေညာခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံ၏ ကာကွယ်ရေးပိုင်းကို သေချာစေရန်အတွက် စစ်ရေးလေ့ကျင့်မှုများလုပ် ဆောင်ရန် ကြည်း၊ ရေ၊ လေနှင့် အရန်တပ်ဖွဲ့များကို အမိန့်ပေးထားကြောင်း ပက်ဒရီနိုလိုပက်စ်ကပြောကြားခဲ့သည်။ အမေရိကန်လေ ယာဉ်တင်သင်္ဘော USS Gerald R. Ford နှင့် အခြားစစ်သင်္ဘော သုံးစင်းသည် အမေရိကန်တောင်ပိုင်း ကွပ်ကဲမှုဌာန ချုပ်ကကြီးကြပ်သောဧရိယာ သို့ဝင်ရောက်ခဲ့ကြောင်း အမေရိကန်က ထုတ်ပြန်ကြေညာပြီးနောက် မကြာမီ ပက်ဒရီနိုလို ပက်စ်၏ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ရေတပ်သား (၄၀ဝဝ) ခန့်ပါဝင်သော အမေရိကန်ရေတပ်၏ အကြီးဆုံးနှင့်ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော USS Gerald R. Ford ကို မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုလမ်းကြောင်းကို နှောင့်ယှက်ရန် မစ်ရှင်၏တစ်စိတ် တစ်ပိုင်းအဖြစ် ဥရောပရေပိုင်နက်မှ လက်တင်အမေရိကသို့ ပြန် လည်နေရာချထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ ပြင် လေယာဉ်တင်သင်္ဘော USS Gerald R. Ford ရောက်ရှိလာမှုကြောင့် ကာရေဘီယံဒေသတွင် အမေရိကန်စစ်တပ်၏ တည်ရှိမှုကို ဝန်ထမ်း (၁၅၀ဝဝ) ခန့်အထိ တိုးမြှင့်နိုင်ခဲ့သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လာခဲ့ကြောင်း သိရ သည်။

Zawgyi Version:
ဗင္နီဇြဲလားအစိုးရက စစ္တပ္ကို အျမင့္ဆုံးသတိေပးခ်က္အဆင့္တြင္ ထားရွိ
Pika (NP News) - ႏိုဝင္ဘာ ၁၆
အေမရိကန္က စစ္ေရးတည္ေဆာက္မႈမ်ားကို အရွိန္ျမႇင့္လုပ္ေဆာင္လာမႈႏွင့္အတူ ဗင္နီဇြဲလား စစ္တပ္ကို အျမင့္ဆုံးသတိေပးခ်က္အဆင့္တြင္ ထားရွိထားေၾကာင္း ဗင္နီဇြဲလားကာကြယ္ေရးဝန္ႀကီး ပက္ဒရီႏိုလိုပက္စ္က ထုတ္ျပန္ေၾကညာခဲ့သည္။
ကာေရဘီယံပင္လယ္ျပင္တြင္ အေမရိကန္က စစ္ေရးတည္ေဆာက္မႈမ်ားကို အရွိန္ျမႇင့္လုပ္ ေဆာင္လာျခင္း ကိုတုံ႔ျပန္သည့္အေနျဖင့္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ႀကီးမားသည့္စစ္တပ္ျဖန႔္ၾကက္ ခ်ထားမႈမ်ားလုပ္ေဆာင္ရန္ အမိန႔္ေပးထားေၾကာင္း ပက္ဒရီ ႏိုလိုပက္စ္ကေျပာၾကားခဲ့သည္။ ထို႔ျပင္ စစ္ဘက္ဆိုင္ ရာဝန္ထမ္း (၂)သိန္းနီးပါးကို တပ္သား သစ္စုေဆာင္းထားၿပီး အျပည့္အဝစစ္ဆင္ေရး အဆင္သင့္ျဖစ္မႈအေျခအေနတြင္ထားရွိခဲ့ေၾကာင္း ပက္ဒရီႏိုလို ပက္စ္က ထုတ္ျပန္ေၾကညာခဲ့သည္။
ဗင္နီဇြဲလားႏိုင္ငံ၏ ကာကြယ္ေရးပိုင္းကို ေသခ်ာေစရန္အတြက္ စစ္ေရးေလ့က်င့္မႈမ်ားလုပ္ ေဆာင္ရန္ ၾကည္း၊ ေရ၊ ေလႏွင့္ အရန္တပ္ဖြဲ႕မ်ားကို အမိန႔္ေပးထားေၾကာင္း ပက္ဒရီႏိုလိုပက္စ္ကေျပာၾကားခဲ့သည္။ အေမရိကန္ေလ ယာဥ္တင္သေဘၤာ USS Gerald R. Ford ႏွင့္ အျခားစစ္သေဘၤာ သုံးစင္းသည္ အေမရိကန္ေတာင္ပိုင္း ကြပ္ကဲမႈဌာန ခ်ဳပ္ကႀကီးၾကပ္ေသာဧရိယာ သို႔ဝင္ေရာက္ခဲ့ေၾကာင္း အေမရိကန္က ထုတ္ျပန္ေၾကညာၿပီးေနာက္ မၾကာမီ ပက္ဒရီႏိုလို ပက္စ္၏ေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
ေရတပ္သား (၄၀ဝဝ) ခန႔္ပါဝင္ေသာ အေမရိကန္ေရတပ္၏ အႀကီးဆုံးႏွင့္ေခတ္အမီဆုံး ေလယာဥ္တင္သေဘၤာ USS Gerald R. Ford ကို မူးယစ္ေဆးဝါးေရာင္းဝယ္ေဖာက္ကားမႈလမ္းေၾကာင္းကို ေႏွာင့္ယွက္ရန္ မစ္ရွင္၏တစ္စိတ္ တစ္ပိုင္းအျဖစ္ ဥေရာပေရပိုင္နက္မွ လက္တင္အေမရိကသို႔ ျပန္ လည္ေနရာခ်ထားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ ျပင္ ေလယာဥ္တင္သေဘၤာ USS Gerald R. Ford ေရာက္ရွိလာမႈေၾကာင့္ ကာေရဘီယံေဒသတြင္ အေမရိကန္စစ္တပ္၏ တည္ရွိမႈကို ဝန္ထမ္း (၁၅၀ဝဝ) ခန႔္အထိ တိုးျမႇင့္ႏိုင္ခဲ့သည္ဆိုသည့္ သတင္းမ်ားလည္း ထြက္ေပၚလာခဲ့ေၾကာင္း သိရ သည္။

Related news

© 2021. All rights reserved.