ကမ္ဘာတစ်ဝန်းတွင် အမေရိကန်ဒေါ်လာ သန်း (၈၀) ဖြင့် ပွဲဦးထွက်ခဲ့သည့် Predator: Badlands ရုပ်ရှင်ဇာတ်ကား

95

Pika (NP News) - နိုဝင်ဘာ ၁၆
(၂၀၂၅)ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်တွင်ထွက်ရှိခဲ့သော Predator: Badlands ရုပ်ရှင် ဇာတ်ကားသည် မြောက် အမေရိကရုပ်ရှင်ရုံများတွင် အမေရိကန်ဒေါ်လာသန်း(၄၀)ဖြင့်ပွဲဦးထွက်ခဲ့ပြီး မျှော်မှန်းထားသည်ထက် ပိုမိုကောင်း မွန်သော ရလဒ်တစ်ခုကိုရရှိခဲ့ကြောင်းသိရသည်။ ထို့ပြင် Predator: Badlands ရုပ်ရှင်ဇာတ်ကားကို ယှဉ်ပြိုင်နိုင်သည့် ရုပ်ရှင်အသစ်များမှာ အနည်းငယ်သာရှိခဲ့ကြောင်း သိရသည်။
Predator: Badlands ရုပ်ရှင်ဇာတ် ကား၏ ပွဲဦးထွက်ဝင်ငွေ အမေရိကန်ဒေါ်လာသန်း (၄၀)သည် (၂၀ဝ၄)ခုနှစ်ထွက် Alien Vs Predator ရုပ်ရှင်ဇာတ်ကား၏ ပွဲဦးထွက်ဝင်ငွေ အမေရိကန်ဒေါ်လာ (၃၈ ဒသမ ၃)သန်း ကျော် ကျော်တက်သွားခဲ့ပြီး စိတ်ကူးယဉ်ဂြိုဟ်သား ဇာတ်ကားအတွက် အမြင့်ဆုံး စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ကြောင်း သိရသည်။ Dan Trachtenberg ရေးသားပြီး ဒါရိုက်တာလုပ်ထားသော Predator: Badlands ရုပ်ရှင်ဇာတ်ကားသည် Walt Disney ကုမ္ပဏီ၏ (၂၀)ရာစုစတူဒီယိုအတွက် ပြည်ပတွင် အမေရိကန်ဒေါ်လာသန်း(၄၀) ထပ်မံရရှိခဲ့ကြောင်း သိရသည်။ Predator: Badlands ရုပ်ရှင်ဇာတ် ကားသည် ဘတ်ဂျက် အမေရိကန်ဒေါ်လာ(၁၀၅)သန်းဖြင့် Predator ရုပ်ရှင်များတွင် ကုန်ကျစရိတ် အများဆုံး ရုပ်ရှင်တစ်ခုလည်းဖြစ်သည်။
Predator: Badlands ရုပ်ရှင်ဇာတ်ကားသည် (၁၉၈၇) ခုနှစ်တွင်စတင်ခဲ့သော Predator ရုပ်ရှင်စီးရီး၏ (၈)ခုမြောက်ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်သည်။ ထို့ပြင် Predator: Badlands ရုပ်ရှင် ဇာတ်ကားကို ရုပ်ရှင်ကြည့်သူများက အဆင့် A ပေးခဲ့ကြောင်းသိရသည်။

Zawgyi Version:
ကမာၻတစ္ဝန္းတြင္ အေမရိကန္ေဒၚလာ သန္း (၈၀) ျဖင့္ ပြဲဦးထြက္ခဲ့သည့္ Predator: Badlands ႐ုပ္ရွင္ဇာတ္ကား
Pika (NP News) - ႏိုဝင္ဘာ ၁၆
(၂၀၂၅)ခုႏွစ္၊ ႏိုဝင္ဘာလ(၇)ရက္တြင္ထြက္ရွိခဲ့ေသာ Predator: Badlands ႐ုပ္ရွင္ ဇာတ္ကားသည္ ေျမာက္ အေမရိက႐ုပ္ရွင္႐ုံမ်ားတြင္ အေမရိကန္ေဒၚလာသန္း(၄၀)ျဖင့္ပြဲဦးထြက္ခဲ့ၿပီး ေမွ်ာ္မွန္းထားသည္ထက္ ပိုမိုေကာင္း မြန္ေသာ ရလဒ္တစ္ခုကိုရရွိခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ Predator: Badlands ႐ုပ္ရွင္ဇာတ္ကားကို ယွဥ္ၿပိဳင္ႏိုင္သည့္ ႐ုပ္ရွင္အသစ္မ်ားမွာ အနည္းငယ္သာရွိခဲ့ေၾကာင္း သိရသည္။
Predator: Badlands ႐ုပ္ရွင္ဇာတ္ ကား၏ ပြဲဦးထြက္ဝင္ေငြ အေမရိကန္ေဒၚလာသန္း (၄၀)သည္ (၂၀ဝ၄)ခုႏွစ္ထြက္ Alien Vs Predator ႐ုပ္ရွင္ဇာတ္ကား၏ ပြဲဦးထြက္ဝင္ေငြ အေမရိကန္ေဒၚလာ (၃၈ ဒသမ ၃)သန္း ေက်ာ္ ေက်ာ္တက္သြားခဲ့ၿပီး စိတ္ကူးယဥ္ၿဂိဳဟ္သား ဇာတ္ကားအတြက္ အျမင့္ဆုံး စံခ်ိန္သစ္တစ္ခုကို တင္ႏိုင္ခဲ့ေၾကာင္း သိရသည္။ Dan Trachtenberg ေရးသားၿပီး ဒါ႐ိုက္တာလုပ္ထားေသာ Predator: Badlands ႐ုပ္ရွင္ဇာတ္ကားသည္ Walt Disney ကုမၸဏီ၏ (၂၀)ရာစုစတူဒီယိုအတြက္ ျပည္ပတြင္ အေမရိကန္ေဒၚလာသန္း(၄၀) ထပ္မံရရွိခဲ့ေၾကာင္း သိရသည္။ Predator: Badlands ႐ုပ္ရွင္ဇာတ္ ကားသည္ ဘတ္ဂ်က္ အေမရိကန္ေဒၚလာ(၁၀၅)သန္းျဖင့္ Predator ႐ုပ္ရွင္မ်ားတြင္ ကုန္က်စရိတ္ အမ်ားဆုံး ႐ုပ္ရွင္တစ္ခုလည္းျဖစ္သည္။
Predator: Badlands ႐ုပ္ရွင္ဇာတ္ကားသည္ (၁၉၈၇) ခုႏွစ္တြင္စတင္ခဲ့ေသာ Predator ႐ုပ္ရွင္စီးရီး၏ (၈)ခုေျမာက္႐ုပ္ရွင္ဇာတ္ကားျဖစ္ၿပီး သိပၸံစိတ္ကူးယဥ္ဇာတ္ကားေကာင္းတစ္ကားလည္းျဖစ္သည္။ ထို႔ျပင္ Predator: Badlands ႐ုပ္ရွင္ ဇာတ္ကားကို ႐ုပ္ရွင္ၾကည့္သူမ်ားက အဆင့္ A ေပးခဲ့ေၾကာင္းသိရသည္။