အင်ဒိုနီးရှားနိုင်ငံမှာ မီနီဘတ်စ်ကားတစ်စီး ချောက်ထဲကို ထိုးကျခဲ့ပြီး အနည်းဆုံးလူ(၅)ဦးသေဆုံး

148

Pika (NP News) - နိုဝင်ဘာ ၁၆
အင်ဒိုနီးရှားနိုင်ငံ အပန်းဖြေကျွန်းဘာလီမှာ မီနီဘတ်စ်ကားတစ်စီး ချောက်ထဲကိုထိုးကျသွားခဲ့ပြီးနောက် တရုတ် ခရီးသွားအနည်းဆုံး(၅)ဦးသေဆုံးခဲ့ပြီး အခြားလူ(၈)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံသား(၁၃)ဦးဟာ အဲဒီမီနီဘတ်စ်ကားကို ငှားရမ်းခဲ့တာဖြစ်ပြီး Denpasar မြို့ကနေ Buleleng ဒေသကို သွားလာနေစဉ်အချိန်အတွင်း ယခုလိုချောက်ထဲကို ထိုးကျမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသခံရဲတပ်ဖွဲ့မှူး Widwan Sutadi က ပြောကြားခဲ့ပါတယ်။ Widwan Sutadi က “မီနီဘတ်စ်ကားယာဉ်မောင်းဟာ ယာဉ်ကိုထိန်းချုပ်နိုင်တာ မျိုးမရှိတော့မှုနဲ့အတူ သစ်ပင်တစ်ပင်ကို ဝင်တိုက်မိခဲ့ပြီး အခြားကားတစ်စီးနဲ့တိုက်မိတာကို ရှောင်ရှားဖို့အတွက် ဘယ်ဖက်ကိုကွေ့လိုက်တဲ့အချိန်မှာ ချောက်ထဲကိုထိုးကျသွားခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။
မတော်တမှုဖြစ်ပွားခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးရုံကို ချက်ချင်းပို့ဆောင်ခဲ့ပေမယ့်လည်း လူ(၅)ဦး က ဆေးရုံမှာဆေးကုသမှုတွေ ခံယူနေစဉ်အချိန်အတွင်း သေဆုံးသွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီဖြစ်ရပ်အတွင်း ယာဉ်မောင်းကတော့ အသက်ရှင်လွတ်မြောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့တယ် လို့လည်း သိရပါတယ်။ ဒါ့ပြင် ယာဉ်မောင်းက အိပ်ငိုက်သွားတာလား ဒါမှမဟုတ် အရက်သေစာသောက်စားထား သလားဆိုတဲ့အချက်နဲ့ မီနီဘတ်စ်ကားက စက်ပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်ခဲ့တာလားဆိုတဲ့အသေးစိတ်အချက် အလက်တွေကို ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့လည်း Widwan Sutadi က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
အင္ဒိုနီးရွားႏိုင္ငံမွာ မီနီဘတ္စ္ကားတစ္စီး ေခ်ာက္ထဲကို ထိုးက်ခဲ့ၿပီး အနည္းဆုံးလူ(၅)ဦးေသဆုံး
Pika (NP News) - ႏိုဝင္ဘာ ၁၆
အင္ဒိုနီးရွားႏိုင္ငံ အပန္းေျဖကြၽန္းဘာလီမွာ မီနီဘတ္စ္ကားတစ္စီး ေခ်ာက္ထဲကိုထိုးက်သြားခဲ့ၿပီးေနာက္ တ႐ုတ္ ခရီးသြားအနည္းဆုံး(၅)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၈)ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ တာဝန္ရွိသူေတြက ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။
တ႐ုတ္ႏိုင္ငံသား(၁၃)ဦးဟာ အဲဒီမီနီဘတ္စ္ကားကို ငွားရမ္းခဲ့တာျဖစ္ၿပီး Denpasar ၿမိဳ႕ကေန Buleleng ေဒသကို သြားလာေနစဥ္အခ်ိန္အတြင္း ယခုလိုေခ်ာက္ထဲကို ထိုးက်မႈျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ ေဒသခံရဲတပ္ဖြဲ႕မႉး Widwan Sutadi က ေျပာၾကားခဲ့ပါတယ္။ Widwan Sutadi က “မီနီဘတ္စ္ကားယာဥ္ေမာင္းဟာ ယာဥ္ကိုထိန္းခ်ဳပ္ႏိုင္တာ မ်ိဳးမရွိေတာ့မႈနဲ႔အတူ သစ္ပင္တစ္ပင္ကို ဝင္တိုက္မိခဲ့ၿပီး အျခားကားတစ္စီးနဲ႔တိုက္မိတာကို ေရွာင္ရွားဖို႔အတြက္ ဘယ္ဖက္ကိုေကြ႕လိုက္တဲ့အခ်ိန္မွာ ေခ်ာက္ထဲကိုထိုးက်သြားခဲ့တာပါ” လို႔ ေျပာခဲ့ပါတယ္။
မေတာ္တမႈျဖစ္ပြားခဲ့ၿပီးေနာက္ ထိခိုက္ဒဏ္ရာရရွိသူေတြကို ေဆး႐ုံကို ခ်က္ခ်င္းပို႔ေဆာင္ခဲ့ေပမယ့္လည္း လူ(၅)ဦး က ေဆး႐ုံမွာေဆးကုသမႈေတြ ခံယူေနစဥ္အခ်ိန္အတြင္း ေသဆုံးသြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီျဖစ္ရပ္အတြင္း ယာဥ္ေမာင္းကေတာ့ အသက္ရွင္လြတ္ေျမာက္ခဲ့ၿပီး ထိခိုက္ဒဏ္ရာ အနည္းငယ္သာ ရရွိခဲ့တယ္ လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ယာဥ္ေမာင္းက အိပ္ငိုက္သြားတာလား ဒါမွမဟုတ္ အရက္ေသစာေသာက္စားထား သလားဆိုတဲ့အခ်က္နဲ႔ မီနီဘတ္စ္ကားက စက္ပိုင္းဆိုင္ရာခ်ိဳ႕ယြင္းမႈျဖစ္ခဲ့တာလားဆိုတဲ့အေသးစိတ္အခ်က္ အလက္ေတြကို ဆက္လက္စုံစမ္းစစ္ေဆးသြားမယ္လို႔လည္း Widwan Sutadi က ေျပာၾကားခဲ့ပါတယ္။