အမေရိကန်နဲ့ ထိပ်သီးအစည်းအဝေးလုပ်ဆောင်ဖို့ လမ်းဖွင့်ထားဆဲဖြစ်တယ်လို့ ရုရှားအစိုးရပြော

57

Pika (NP News) - နိုဝင်ဘာ ၁၆
ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့မှာ အမေရိကန်နဲ့ထိပ်သီးဆွေးနွေးပွဲတစ်ခုလုပ်ဆောင်ဖို့ အကြံညဏ်ကို လမ်းဖွင့်ထား ဆဲဖြစ်တယ်လို့ ရုရှားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတပူတင်တို့ကြား ယခင်က လုပ်ဆောင်ခဲ့တဲ့ဆွေးနွေးပွဲအတွင်း ရရှိခဲ့တဲ့သဘောတူညီချက်တွေကို မှန်ကန်စွာပြင်ဆင်ခဲ့မယ်ဆိုရင် နောက်ထပ်ထိပ်သီးဆွေးနွေးပွဲလုပ်ဆောင်မယ့် အကြံဥာဏ်ကို ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ရုရှားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် လိုအပ်လာမယ်ဆိုရင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုတို့ကြား ဆက်သွယ်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ပြောကြားခဲ့ပါတယ်။ စီစဉ်ထားတဲ့ထိပ်သီးအစည်းအဝေးတစ်ခုကို အမေရိကန်နဲ့ရုရှားတို့က ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ကြေညာခဲ့ပေမယ့်လည်း အချိန်တွေမဖြုန်းတီးချင်တော့ဘူးလို့ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် မကြာခင်မှာပဲ တွေ့ဆုံမှုလုပ်ဆောင်မယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ တယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်မှာတော့ အမေရိကန်နဲ့ရုရှားတို့ဟာ နျူကလီးယားစမ်းသပ်မှုအစီအစဉ်တွေနဲ့ပတ်သက်ပြီး အပြန် အလှန်ပြစ်တင်ဝေဖန်မှုတွေကို လုပ်ဆောင်လျက်ရှိတယ်လို့လည်း သိရပါတယ်။ နျူကလီးယားစမ်းသပ်မှုတွေ တားမြစ်တဲ့စာချုပ်ကို အမေရိကန်က မချိုးဖောက်သရွေ့ ရုရှားကလည်း မချိုးဖောက်ဘူးလို့ ရုရှားအစိုးရက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္နဲ႔ ထိပ္သီးအစည္းအေဝးလုပ္ေဆာင္ဖို႔ လမ္းဖြင့္ထားဆဲျဖစ္တယ္လို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - ႏိုဝင္ဘာ ၁၆
ဟန္ေဂရီႏိုင္ငံ ဘူဒါပတ္စ္ၿမိဳ႕မွာ အေမရိကန္နဲ႔ထိပ္သီးေဆြးေႏြးပြဲတစ္ခုလုပ္ေဆာင္ဖို႔ အႀကံညဏ္ကို လမ္းဖြင့္ထား ဆဲျဖစ္တယ္လို႔ ႐ုရွားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံ အလက္စကာျပည္နယ္မွာ အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ ႐ုရွားသမၼတပူတင္တို႔ၾကား ယခင္က လုပ္ေဆာင္ခဲ့တဲ့ေဆြးေႏြးပြဲအတြင္း ရရွိခဲ့တဲ့သေဘာတူညီခ်က္ေတြကို မွန္ကန္စြာျပင္ဆင္ခဲ့မယ္ဆိုရင္ ေနာက္ထပ္ထိပ္သီးေဆြးေႏြးပြဲလုပ္ေဆာင္မယ့္ အႀကံဥာဏ္ကို ဆက္လက္အေကာင္အထည္ေဖာ္သြားမယ္လို႔ ႐ုရွားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ လိုအပ္လာမယ္ဆိုရင္ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္နဲ႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုတို႔ၾကား ဆက္သြယ္မႈေတြကို ဆက္လက္လုပ္ေဆာင္သြားမယ္လို႔လည္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာက ေျပာၾကားခဲ့ပါတယ္။ စီစဥ္ထားတဲ့ထိပ္သီးအစည္းအေဝးတစ္ခုကို အေမရိကန္နဲ႔႐ုရွားတို႔က ၿပီးခဲ့တဲ့လမွာ ထုတ္ျပန္ေၾကညာခဲ့ေပမယ့္လည္း အခ်ိန္ေတြမျဖဳန္းတီးခ်င္ေတာ့ဘူးလို႔ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ မၾကာခင္မွာပဲ ေတြ႕ဆုံမႈလုပ္ေဆာင္မယ့္ အစီအစဥ္ကို ဖ်က္သိမ္းခဲ့ တယ္လို႔လည္း သိရပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ အေမရိကန္နဲ႔႐ုရွားတို႔ဟာ န်ဴကလီးယားစမ္းသပ္မႈအစီအစဥ္ေတြနဲ႔ပတ္သက္ၿပီး အျပန္ အလွန္ျပစ္တင္ေဝဖန္မႈေတြကို လုပ္ေဆာင္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။ န်ဴကလီးယားစမ္းသပ္မႈေတြ တားျမစ္တဲ့စာခ်ဳပ္ကို အေမရိကန္က မခ်ိဳးေဖာက္သေ႐ြ႕ ႐ုရွားကလည္း မခ်ိဳးေဖာက္ဘူးလို႔ ႐ုရွားအစိုးရက ၿပီးခဲ့တဲ့ ရက္ပိုင္းမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။