မြောက်ကိုရီးယားစစ်သားတွေက မိုင်းရှင်းလင်းရေးလုပ်ငန်းတွေမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ရုရှားပြော

 41

Pika (NP News) - နိုဝင်ဘာ ၁၆

အနောက်ဘက်ကာ့စ်ဒေသမှာ ယူကရိန်းရဲ့ကျူးကျော်တိုက်ခိုက်မှုတွေကို တွန်းလှန်ရာမှာ ရုရှားကိုကူညီပေးခဲ့တဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေဟာ လက်ရှိအချိန်မှာ မိုင်းရှင်းလင်းရေးလိုမျိုး အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်လုပ်ဆောင်ပေးနေတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးထားတဲ့ အပြန်အလှန်ကာကွယ်ရေးသဘောတူညီချက်အရ မြောက်ကိုရီးယားဟာ ကာ့စ်ဒေသမှာ ရုရှားတပ်ဖွဲ့တွေနဲ့အတူ ပါဝင်တိုက်ခိုက်ပေးဖို့အတွက် စစ်သား(၁၄၀၀၀)ဦးကို စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ ရုရှားနဲ့ယူကရိန်းကြားဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း မြောက်ကိုရီးယားစစ်သား(၆၀၀၀)ကျော် ကျဆုံးခဲ့တယ်လို့ တောင်ကိုရီးယား၊ယူကရိန်းနဲ့ အနောက်အုပ်စုသတင်းရင်းမြစ်တွေက ထုတ်ပြန်ပြောကြားထားပါ တယ်။ ရုရှားရဲ့မိုင်းရှင်းလင်းရေးကဏ္ဍတွေမှာ မြောက်ကိုရီးယားစစ်သားတွေပါဝင်လာမှုဟာ နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာဆက်ဆံရေးတွေကို ပိုမိုတိုးတက်စေလိုတဲ့ နှစ်ဖက်စလုံးရဲ့ဆန္ဒတွေကို မီးမောင်းထိုးပြနေတယ်လို့ လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ရုရှားနဲ့မြောက်ကိုရီးယားတို့ရဲ့စစ်ဘက်ဆိုင်ရာဆက်ဆံရေးတွေက အဆက်မပြတ်တိုးတက်သွားလိမ့်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ပြောကြားခဲ့ပြီးနောက် ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ယခုလိုထုတ်ပြန်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။
ရုရှားကို မြောက်ကိုရီးယားစစ်သားတွေစေလွှတ်ကူညီပေးမှုကြောင့် အပြန်အလှန်အနေနဲ့ အဆင့်မြင်နည်းပညာ တွေကို မြောက်ကိုရီးယားက လက်ခံရရှိခဲ့တယ်လို့ အနောက်အုပ်စုက ပြီးခဲ့တဲ့လတွေအတွင်း ထုတ်ပြန်ပြောကြား ခဲ့ပါတယ်။

Zawgyi Version:
ေျမာက္ကိုရီးယားစစ္သားေတြက မိုင္းရွင္းလင္းေရးလုပ္ငန္းေတြမွာ အဓိကအခန္းက႑ကေန ပါဝင္ေနတယ္လို႔ ႐ုရွားေျပာ
Pika (NP News) - ႏိုဝင္ဘာ ၁၆
အေနာက္ဘက္ကာ့စ္ေဒသမွာ ယူကရိန္းရဲ႕က်ဴးေက်ာ္တိုက္ခိုက္မႈေတြကို တြန္းလွန္ရာမွာ ႐ုရွားကိုကူညီေပးခဲ့တဲ့ ေျမာက္ကိုရီးယားတပ္ဖြဲ႕ဝင္ေတြဟာ လက္ရွိအခ်ိန္မွာ မိုင္းရွင္းလင္းေရးလိုမ်ိဳး အေရးႀကီးတဲ့အခန္းက႑ကေန ပါဝင္လုပ္ေဆာင္ေပးေနတယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ႏွစ္ႏိုင္ငံၾကား လက္မွတ္ေရးထိုးထားတဲ့ အျပန္အလွန္ကာကြယ္ေရးသေဘာတူညီခ်က္အရ ေျမာက္ကိုရီးယားဟာ ကာ့စ္ေဒသမွာ ႐ုရွားတပ္ဖြဲ႕ေတြနဲ႔အတူ ပါဝင္တိုက္ခိုက္ေပးဖို႔အတြက္ စစ္သား(၁၄၀၀၀)ဦးကို ေစလႊတ္ခဲ့တယ္လို႔ သိရပါတယ္။ ႐ုရွားနဲ႔ယူကရိန္းၾကားျဖစ္ပြားေနတဲ့တိုက္ပြဲေတြအတြင္း ေျမာက္ကိုရီးယားစစ္သား(၆၀၀၀)ေက်ာ္ က်ဆုံးခဲ့တယ္လို႔ ေတာင္ကိုရီးယား၊ယူကရိန္းနဲ႔ အေနာက္အုပ္စုသတင္းရင္းျမစ္ေတြက ထုတ္ျပန္ေျပာၾကားထားပါ တယ္။ ႐ုရွားရဲ႕မိုင္းရွင္းလင္းေရးက႑ေတြမွာ ေျမာက္ကိုရီးယားစစ္သားေတြပါဝင္လာမႈဟာ ႏွစ္ႏိုင္ငံၾကား စစ္ဘက္ဆိုင္ရာဆက္ဆံေရးေတြကို ပိုမိုတိုးတက္ေစလိုတဲ့ ႏွစ္ဖက္စလုံးရဲ႕ဆႏၵေတြကို မီးေမာင္းထိုးျပေနတယ္လို႔ လည္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
႐ုရွားနဲ႔ေျမာက္ကိုရီးယားတို႔ရဲ႕စစ္ဘက္ဆိုင္ရာဆက္ဆံေရးေတြက အဆက္မျပတ္တိုးတက္သြားလိမ့္မယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းက ၿပီးခဲ့တဲ့လမွာ ထုတ္ျပန္ေျပာၾကားခဲ့ၿပီးေနာက္ ႐ုရွားကာကြယ္ေရး ဝန္ႀကီးဌာနက ယခုလိုထုတ္ျပန္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။
႐ုရွားကို ေျမာက္ကိုရီးယားစစ္သားေတြေစလႊတ္ကူညီေပးမႈေၾကာင့္ အျပန္အလွန္အေနနဲ႔ အဆင့္ျမင္နည္းပညာ ေတြကို ေျမာက္ကိုရီးယားက လက္ခံရရွိခဲ့တယ္လို႔ အေနာက္အုပ္စုက ၿပီးခဲ့တဲ့လေတြအတြင္း ထုတ္ျပန္ေျပာၾကား ခဲ့ပါတယ္။

Related news

© 2021. All rights reserved.