KK Park ရှိ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အပြတ်ရှင်းမည်

252

သန့်ဇင် (NP News) - နိုဝင်ဘာ ၁၆
မြန်မာ-ထိုင်းနယ်စပ်အနီးရှိ KK Park နေရာမှ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အပြီးပြတ်ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့(နိုဝင်ဘာ ၁၅ ရက်)၊ နံနက်ပိုင်းက ဘားအံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးစဉ်အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ KK Park နေရာ အား တပ်မတော်အနေဖြင့် ရှင်းလင်းဆောင်ရွက်နေပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အပြီးပြတ်ရှင်းလင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ကရင်ပြည်နယ်သည် နိုင်ငံလွတ်လပ်ရေးရပြီးချိန်ကတည်းက လက်နက်ကိုင်သောင်းကျန်းမှုများကြောင့် တည်ငြိမ်အေးချမ်းမှုများပျက်ယွင်းပြီး ပြည်နယ်အတွင်း နေထိုင်သည့် ပြည်သူများထိခိုက်သကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း ထိခိုက်မှုများရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ကရင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုပျက်ယွင်းအောင် လုပ်ဆောင်နေသူများသည် ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများပင်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
တည်ငြိမ်အေးချမ်းမှုရှိမှသာ ပညာသင်ကြားနိုင်မည်၊ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြည်နယ်၏ဖွံ့ဖြိုးတိုးတက်မှုကို ဖျက်စီးနေသည့် တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင်ဆောင်ရွက်နေမှုများကို ပြည်နယ်အတွင်း နေထိုင်ကြသူများအနေဖြင့် နည်းလမ်းပေါင်းစုံဖြင့် ကာကွယ်ဆောင်ရွက်သွားကြရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
နိုင်ငံတော်အနေဖြင့် ကရင်ပြည်နယ်အတွင်း ဒေသတည်ငြိမ်အေးချမ်းမှုပျက်ယွင်းအောင် လုပ်ဆောင်နေမှုများကို ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

Zawgyi Version:
KK Park ရွိ အြန္လိုင္းေငြေၾကးလိမ္လည္မႈႏွင့္ အြန္လိုင္းေလာင္းကစားလုပ္ငန္းမ်ားကို အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ အျပတ္ရွင္းမည္
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၁၆
ျမန္မာ-ထိုင္းနယ္စပ္အနီးရွိ KK Park ေနရာမွ အြန္လိုင္းေငြေၾကးလိမ္လည္မႈႏွင့္ အြန္လိုင္းေလာင္းကစားလုပ္ငန္းမ်ားကို အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ အၿပီးျပတ္ရွင္းလင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရး ေကာ္မရွင္ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယမန္ေန႔(ႏိုဝင္ဘာ ၁၅ ရက္)၊ နံနက္ပိုင္းက ဘားအံၿမိဳ႕ရွိ ျပည္နယ္အဆင့္ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာမ်ား ေဆြးေႏြးစဥ္အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အြန္လိုင္းေငြေၾကးလိမ္လည္မႈႏွင့္ အြန္လိုင္းေလာင္းကစားလုပ္ငန္းမ်ား လုပ္ေဆာင္လ်က္ရွိသည့္ ျမန္မာ-ထိုင္းနယ္စပ္အနီးရွိ KK Park ေနရာ အား တပ္မေတာ္အေနျဖင့္ ရွင္းလင္းေဆာင္႐ြက္ေနၿပီး အမ်ိဳးသားေရးတာဝန္တစ္ရပ္အေနျဖင့္ အၿပီးျပတ္ရွင္းလင္းေဆာင္ ႐ြက္သြားမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ကရင္ျပည္နယ္သည္ ႏိုင္ငံလြတ္လပ္ေရးရၿပီးခ်ိန္ကတည္းက လက္နက္ကိုင္ေသာင္းက်န္းမႈမ်ားေၾကာင့္ တည္ၿငိမ္ေအးခ်မ္းမႈမ်ားပ်က္ယြင္းၿပီး ျပည္နယ္အတြင္း ေနထိုင္သည့္ ျပည္သူမ်ားထိခိုက္သကဲ့သို႔ ႏိုင္ငံေတာ္အေနျဖင့္လည္း ထိခိုက္မႈမ်ားရွိေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ကရင္ျပည္နယ္တည္ၿငိမ္ေအးခ်မ္းမႈပ်က္ယြင္းေအာင္ လုပ္ေဆာင္ေနသူမ်ားသည္ ကရင္ျပည္နယ္အတြင္းရွိ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားပင္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
တည္ၿငိမ္ေအးခ်မ္းမႈရွိမွသာ ပညာသင္ၾကားႏိုင္မည္၊ ျပည္သူမ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကို ေဆာင္႐ြက္ႏိုင္မည္၊ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျပည္နယ္၏ဖြံ႕ၿဖိဳးတိုးတက္မႈကို ဖ်က္စီးေနသည့္ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ယြင္းေအာင္ေဆာင္႐ြက္ေနမႈမ်ားကို ျပည္နယ္အတြင္း ေနထိုင္ၾကသူမ်ားအေနျဖင့္ နည္းလမ္းေပါင္းစုံျဖင့္ ကာကြယ္ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ႏိုင္ငံေတာ္အေနျဖင့္ ကရင္ျပည္နယ္အတြင္း ေဒသတည္ၿငိမ္ေအးခ်မ္းမႈပ်က္ယြင္းေအာင္ လုပ္ေဆာင္ေနမႈမ်ားကို ရွင္းလင္းေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။