လားရှိုးနှင့် သီပေါကြားတွင် လုံခြုံရေးတင်းကြပ်ထားပြီး MNDAA အဖွဲ့များဆုတ်ခွာရန် ဆက်လက်ညှိနှိုင်းနေ

 380

Pearl(NP News)-နိုဝင်ဘာ ၁၆
သီပေါမြို့အနီးတွင် လုံခြုံရေးများတင်း ကြပ်ထားပြီး MNDAA အဖွဲ့များဆုတ်ခွာရန် ဆက်လက်ညှိနှိုင်း နေကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် နီးစပ်သူများထံ NP News က ဆက်သွယ်မေးမြန်း ထားချက်များအရ သိရသည်။
MNDAA အဖွဲ့များအနေဖြင့် ရှမ်းပြည် နယ်မြောက်ပိုင်း သီပေါမြို့နှင့် နမ့်လန်ကြား လားရှိုး မြို့နှင့် သီပေါမြို့ကြား ရှိ ၎င်းတို့ ထိန်းချုပ်ထားသည့် ဒေသများမှ ဆုတ်ခွာရန် ပြီးခဲ့သည့် နိုဝင်ဘာလ၊ (၁၀) ရက်က တပ်မတော်နှင့် MNDAA ကြား ဆွေးနွေးညှိနှိုင်းမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ရက်ပိုင်းက ပုံမှန်တွေ့ဆုံမှု လားရှိုးမှာလုပ်တယ်။ တပ်မတော်ဘက်က ဟိုရ၊ နမ့် ပေါင်နဲ့ နမ့်လန်၊ သီပေါကနေ MNDAA ကိုပြန် ဆုတ်ဖို့ပြောတယ်။ မပြေမလည်ဖြစ်ခဲ့ပြီးနောက် နိုဝင်ဘာလ၊ (၁၂) ရက်လောက်မှာ သိန္နီဘက်က ကိုးကန့်အင်အား တချို့ကို ဟိုရ၊ နမ့်ပေါင်နဲ့ သီပေါ ဘက်ကို အင်အားဖြည့်တင်းခဲ့တယ်။ နိုဝင်ဘာလ (၁၄) ရက်မှာ လားရှိုးဘက်အထွက်ကို MNDAA က ကတ္တရာပုံးတွေချပြီး လမ်းပိတ်ဆို့မှုလုပ်တယ်။ အလားတူ ဟိုရ၊ နမ့်ပေါင်၊ လားရှိုးလမ်းနဲ့ နမ့်လန် - လားရှိုးလမ်းကိုလည်း ပိတ်လိုက်တယ်။ ညှိနှိုင်း လွယ်ရင် သုံးရက်လောက်တော့ကြာလိမ့်မယ်။ ညှိမရ ရင်တော့ ဘာဆက်ဖြစ်မယ်မသိပါဘူး။ ကျွန်တော့်အ ထင်တော့ ညှိလို့ရလိမ့်မယ်ထင်တယ်” ဟု လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။
MNDAA အဖွဲ့အနေဖြင့် သီပေါမြို့နှင့် နမ့်လန်ကြား၊ လားရှိုးမြို့နှင့် သီပေါမြို့ကြားရှိ လမ်းပိုင်းအချို့ကို ပိတ်ဆို့မှုများဆောင်ရွက်ခဲ့ပြီး တပ်မတော်အနေဖြင့်လည်း မိုင်းရယ်မြို့နှင့် ကောင်းလန်းရွာကြားရှိ စစ်ဆေးရေး ဂိတ် အချို့ကိုလည်း ကောင်း၊ သီပေါနှင့်လားရှိုးကို ဆက်သွယ်ထားသည့် သီပေါတံတား၌ ခရီးသည်ကားများ၊ ကုန်ကားများ ဖြတ် သန်းသွားလာခွင့်ကိုလည်းကောင်း နိုဝင်ဘာ (၁၄) ရက်၊ နံနက်ပိုင်းက စတင်ပိတ်ထားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တပ်မတော်နှင့် MNDAA အဖွဲ့ကြား ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်နေပြီး ဒေသခံများ အနေဖြင့် တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်းရန်မလိုကြောင်းလည်း သိရသည်။
“လောလောဆယ်ပြောရခက်တဲ့အနေ အထားတစ်ခုဖြစ်နေတာပေါ့။ စစ်ရေးတင်းမာတာမျိုး တော့ မဟုတ်ဘူး။ လက်ရှိတော့ မိုင်းရယ်၊ ဟိုရတို့ နမ့်လန်ဒီဘက်ခြမ်းတို့ကတော့ MNDAA က ရှိတာပေါ့။ ဆွေးနွေးမှုမှာ အခက်အခဲ တွေရှိတဲ့အခါ မဆုတ်နိုင်ဘူးဖြစ်နေတယ်။ နိုဝင်ဘာလ၊ (၁၅)ရက်မှာ ပြန်ဆုတ်မယ်လို့လည်း ကြားတယ်။ ဘယ်ထိဆုတ် မလဲတော့ တပ်မတော်နဲ့ ညှိနှိုင်းထားတဲ့အတိုင်းပဲဆိုတော့ ပြောရခက်တာပေါ့။ စိုးရိမ်စရာတို့ တိုက်ပွဲဖြစ်စရာတော့ မရှိပါဘူး။ ဒီဒေသတွေက ရွေးကောက်ပွဲ ကျင်းပရမယ့် ဒေသတွေလည်းဖြစ်နေတာပေါ့။ သူတို့ ဆွေးနွေးနေတုန်းပေါ့။ တိုက်ပွဲပြန်လည်ဖြစ်ပွားစရာအကြောင်းကတော့ မရှိသလောက် ရာခိုင်နှုန်းနည်းပါတယ်” ဟု အခြားသတင်း ရင်းမြစ် တစ်ဦးက NP News သို့ ပြောသည်။

Zawgyi Version:
လားရႈိးႏွင့္ သီေပါၾကားတြင္ လုံၿခဳံေရးတင္းၾကပ္ထားၿပီး MNDAA အဖြဲ႕မ်ားဆုတ္ခြာရန္ ဆက္လက္ညႇိႏႈိင္းေန
Pearl(NP News)-ႏိုဝင္ဘာ ၁၆
သီေပါၿမိဳ႕အနီးတြင္ လုံၿခဳံေရးမ်ားတင္း ၾကပ္ထားၿပီး MNDAA အဖြဲ႕မ်ားဆုတ္ခြာရန္ ဆက္လက္ညႇိႏႈိင္း ေနေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္ မ်ားႏွင့္ နီးစပ္သူမ်ားထံ NP News က ဆက္သြယ္ေမးျမန္း ထားခ်က္မ်ားအရ သိရသည္။
MNDAA အဖြဲ႕မ်ားအေနျဖင့္ ရွမ္းျပည္ နယ္ေျမာက္ပိုင္း သီေပါၿမိဳ႕ႏွင့္ နမ့္လန္ၾကား လားရႈိး ၿမိဳ႕ႏွင့္ သီေပါၿမိဳ႕ၾကား ရွိ ၎တို႔ ထိန္းခ်ဳပ္ထားသည့္ ေဒသမ်ားမွ ဆုတ္ခြာရန္ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ၊ (၁၀) ရက္က တပ္မေတာ္ႏွင့္ MNDAA ၾကား ေဆြးေႏြးညႇိႏႈိင္းမႈမ်ားေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
“ၿပီးခဲ့တဲ့ရက္ပိုင္းက ပုံမွန္ေတြ႕ဆုံမႈ လားရႈိးမွာလုပ္တယ္။ တပ္မေတာ္ဘက္က ဟိုရ၊ နမ့္ ေပါင္နဲ႔ နမ့္လန္၊ သီေပါကေန MNDAA ကိုျပန္ ဆုတ္ဖို႔ေျပာတယ္။ မေျပမလည္ျဖစ္ခဲ့ၿပီးေနာက္ ႏိုဝင္ဘာလ၊ (၁၂) ရက္ေလာက္မွာ သိႏၷီဘက္က ကိုးကန႔္အင္အား တခ်ိဳ႕ကို ဟိုရ၊ နမ့္ေပါင္နဲ႔ သီေပါ ဘက္ကို အင္အားျဖည့္တင္းခဲ့တယ္။ ႏိုဝင္ဘာလ (၁၄) ရက္မွာ လားရႈိးဘက္အထြက္ကို MNDAA က ကတၱရာပုံးေတြခ်ၿပီး လမ္းပိတ္ဆို႔မႈလုပ္တယ္။ အလားတူ ဟိုရ၊ နမ့္ေပါင္၊ လားရႈိးလမ္းနဲ႔ နမ့္လန္ - လားရႈိးလမ္းကိုလည္း ပိတ္လိုက္တယ္။ ညႇိႏႈိင္း လြယ္ရင္ သုံးရက္ေလာက္ေတာ့ၾကာလိမ့္မယ္။ ညႇိမရ ရင္ေတာ့ ဘာဆက္ျဖစ္မယ္မသိပါဘူး။ ကြၽန္ေတာ့္အ ထင္ေတာ့ ညႇိလို႔ရလိမ့္မယ္ထင္တယ္” ဟု လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ေျပာသည္။
MNDAA အဖြဲ႕အေနျဖင့္ သီေပါၿမိဳ႕ႏွင့္ နမ့္လန္ၾကား၊ လားရႈိးၿမိဳ႕ႏွင့္ သီေပါၿမိဳ႕ၾကားရွိ လမ္းပိုင္းအခ်ိဳ႕ကို ပိတ္ဆို႔မႈမ်ားေဆာင္႐ြက္ခဲ့ၿပီး တပ္မေတာ္အေနျဖင့္လည္း မိုင္းရယ္ၿမိဳ႕ႏွင့္ ေကာင္းလန္း႐ြာၾကားရွိ စစ္ေဆးေရး ဂိတ္ အခ်ိဳ႕ကိုလည္း ေကာင္း၊ သီေပါႏွင့္လားရႈိးကို ဆက္သြယ္ထားသည့္ သီေပါတံတား၌ ခရီးသည္ကားမ်ား၊ ကုန္ကားမ်ား ျဖတ္ သန္းသြားလာခြင့္ကိုလည္းေကာင္း ႏိုဝင္ဘာ (၁၄) ရက္၊ နံနက္ပိုင္းက စတင္ပိတ္ထားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ တပ္မေတာ္ႏွင့္ MNDAA အဖြဲ႕ၾကား ေဆြးေႏြးမႈမ်ား ဆက္လက္ေဆာင္႐ြက္ေနၿပီး ေဒသခံမ်ား အေနျဖင့္ တိုက္ပြဲမ်ားျဖစ္ပြားမည္ကို စိုးရိမ္းရန္မလိုေၾကာင္းလည္း သိရသည္။
“ေလာေလာဆယ္ေျပာရခက္တဲ့အေန အထားတစ္ခုျဖစ္ေနတာေပါ့။ စစ္ေရးတင္းမာတာမ်ိဳး ေတာ့ မဟုတ္ဘူး။ လက္ရွိေတာ့ မိုင္းရယ္၊ ဟိုရတို႔ နမ့္လန္ဒီဘက္ျခမ္းတို႔ကေတာ့ MNDAA က ရွိတာေပါ့။ ေဆြးေႏြးမႈမွာ အခက္အခဲ ေတြရွိတဲ့အခါ မဆုတ္ႏိုင္ဘူးျဖစ္ေနတယ္။ ႏိုဝင္ဘာလ၊ (၁၅)ရက္မွာ ျပန္ဆုတ္မယ္လို႔လည္း ၾကားတယ္။ ဘယ္ထိဆုတ္ မလဲေတာ့ တပ္မေတာ္နဲ႔ ညႇိႏႈိင္းထားတဲ့အတိုင္းပဲဆိုေတာ့ ေျပာရခက္တာေပါ့။ စိုးရိမ္စရာတို႔ တိုက္ပြဲျဖစ္စရာေတာ့ မရွိပါဘူး။ ဒီေဒသေတြက ေ႐ြးေကာက္ပြဲ က်င္းပရမယ့္ ေဒသေတြလည္းျဖစ္ေနတာေပါ့။ သူတို႔ ေဆြးေႏြးေနတုန္းေပါ့။ တိုက္ပြဲျပန္လည္ျဖစ္ပြားစရာအေၾကာင္းကေတာ့ မရွိသေလာက္ ရာခိုင္ႏႈန္းနည္းပါတယ္” ဟု အျခားသတင္း ရင္းျမစ္ တစ္ဦးက NP News သို႔ ေျပာသည္။

Related news

© 2021. All rights reserved.