အစ္စတန်ဘူလ်မှာ လမ်းဘေးအစားအစာ အဆိပ်သင့်မှုကြောင့် မိခင်နဲ့ကလေးနှစ်ဦး သေဆုံး

150

ရောင်နီ (NP News) - နိုဝင်ဘာ ၁၆
တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ရှိ လူကြိုက်များတဲ့ ခရီးသွားနေရာတစ်ခုမှာ လမ်းဘေးအစားအစာတွေ စားသုံးပြီးနောက် မိခင်နဲ့ ကလေး ၂ ဦး အစာအဆိပ်သင့် သံသယနဲ့ သေဆုံးသွားခဲ့တယ်လို့ တူရကီအရာရှိတွေနဲ့ မီဒီယာက သောကြာနေ့ (နိုဝင်ဘာ ၁၄ ရက်) မှာ ပြောကြားခဲ့ပါတယ်။
သေဆုံးသူတွေဟာ ဂျာမနီမှာ နေထိုင်တဲ့ တူရကီမိသားစု ဖြစ်ပြီး အစ္စတန်ဘူလ်ကို အားလပ်ရက် ခရီးထွက်လာခဲ့ရင်းက အခုလို ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အစ္စတန်ဘူလ် ဘောစ်ဖိုးရက်စ် မြစ်ရဲ့ တံတားအနီး၊ အော်တာကေ ရေကမ်းနားရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ လူကြိုက်များတဲ့ လမ်းဘေးအစားအစာများစွာ စားသုံးပြီးနောက် ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၂ ရက်) နေမကောင်းစဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တမိသားစုလုံး ဖျားနာခဲ့တာကြောင့် ဆေးရုံကို အမြန်ပို့ခဲ့ရပေမယ့် အသက်ခြောက်နှစ်နဲ့ သုံးနှစ်အရွယ် ကလေးနှစ်ယောက် အရင်သေဆုံးသွားခဲ့တယ်လို့ အစ္စတန်ဘူလ်ရဲ့ ဒေသဆိုင်ရာ ကျန်းမာရေး အကြီးအကဲ အဗ္ဗဒူလာ အမ်မရီ ဂူနာက ကြာသပတေးနေ့(နိုဝင်ဘာ ၁၃ ရက်) နေ့က ပြောကြားခဲ့ပါတယ်။ မိခင်နဲ့ ဖခင် နှစ်ယောက်လုံးဟာလည်း အထူးကြပ်မတ် ကုသဆောင်မှာ ကုသမှု ခံယူခဲ့ရပြီး မိခင်ဖြစ်သူ ထပ်မံသေဆုံးသွားခဲ့တယ်လို့ တရားရေးဝန်ကြီး ယီလ်မတ်ဇ် တန်က သောကြာနေ့(နိုဝင်ဘာ ၁၄ ရက်နေ့) မှာ ပြောကြားတယ်။ ၎င်းတို့ မိသားစု စားသောက်ခဲ့တဲ့ နေရာတွေကနေ နမူနာတွေ ရယူခဲ့ပြီး လူလေးယောက်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ မီဒီယာသတင်းတွေအရ ၎င်းတို့ မိသားစုဟာ လမ်းဘေးဈေးသည်တွေ ရောင်းချလေ့ ရှိတဲ့ လူကြိုက်များတဲ့ မုန့်တစ်မျိုးဖြစ်တဲ့ မုတ်ကောင်ကို ထမင်းနဲ့ စားသုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် "ကမ်ပီရ်" လို့ခေါ်တဲ့ အစာသွတ်ထားတဲ့ အာလူးကြော်ကိုလည်း စားသုံးခဲ့တဲ့အပြင် သိုးအူတွေနဲ့ ပြုလုပ်ထားတဲ့ လူကြိုက်များတဲ့ ဟင်းလျာ kokorec ကိုလည်း စားသုံးခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
အစၥတန္ဘူလ္မွာ လမ္းေဘးအစားအစာ အဆိပ္သင့္မႈေၾကာင့္ မိခင္နဲ႔ကေလးႏွစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၆
တူရကီႏိုင္ငံ၊ အစၥတန္ဘူလ္ၿမိဳ႕ရွိ လူႀကိဳက္မ်ားတဲ့ ခရီးသြားေနရာတစ္ခုမွာ လမ္းေဘးအစားအစာေတြ စားသုံးၿပီးေနာက္ မိခင္နဲ႔ ကေလး ၂ ဦး အစာအဆိပ္သင့္ သံသယနဲ႔ ေသဆုံးသြားခဲ့တယ္လို႔ တူရကီအရာရွိေတြနဲ႔ မီဒီယာက ေသာၾကာေန႔ (ႏိုဝင္ဘာ ၁၄ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။
ေသဆုံးသူေတြဟာ ဂ်ာမနီမွာ ေနထိုင္တဲ့ တူရကီမိသားစု ျဖစ္ၿပီး အစၥတန္ဘူလ္ကို အားလပ္ရက္ ခရီးထြက္လာခဲ့ရင္းက အခုလို ျဖစ္ခဲ့တာ ျဖစ္ပါတယ္။ အစၥတန္ဘူလ္ ေဘာစ္ဖိုးရက္စ္ ျမစ္ရဲ႕ တံတားအနီး၊ ေအာ္တာေက ေရကမ္းနားရပ္ကြက္ရွိ စားေသာက္ဆိုင္တစ္ဆိုင္မွာ လူႀကိဳက္မ်ားတဲ့ လမ္းေဘးအစားအစာမ်ားစြာ စားသုံးၿပီးေနာက္ ဗုဒၶဟူးေန႔ (ႏိုဝင္ဘာ ၁၂ ရက္) ေနမေကာင္းစျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ တမိသားစုလုံး ဖ်ားနာခဲ့တာေၾကာင့္ ေဆး႐ုံကို အျမန္ပို႔ခဲ့ရေပမယ့္ အသက္ေျခာက္ႏွစ္နဲ႔ သုံးႏွစ္အ႐ြယ္ ကေလးႏွစ္ေယာက္ အရင္ေသဆုံးသြားခဲ့တယ္လို႔ အစၥတန္ဘူလ္ရဲ႕ ေဒသဆိုင္ရာ က်န္းမာေရး အႀကီးအကဲ အဗၺဒူလာ အမ္မရီ ဂူနာက ၾကာသပေတးေန႔(ႏိုဝင္ဘာ ၁၃ ရက္) ေန႔က ေျပာၾကားခဲ့ပါတယ္။ မိခင္နဲ႔ ဖခင္ ႏွစ္ေယာက္လုံးဟာလည္း အထူးၾကပ္မတ္ ကုသေဆာင္မွာ ကုသမႈ ခံယူခဲ့ရၿပီး မိခင္ျဖစ္သူ ထပ္မံေသဆုံးသြားခဲ့တယ္လို႔ တရားေရးဝန္ႀကီး ယီလ္မတ္ဇ္ တန္က ေသာၾကာေန႔(ႏိုဝင္ဘာ ၁၄ ရက္ေန႔) မွာ ေျပာၾကားတယ္။ ၎တို႔ မိသားစု စားေသာက္ခဲ့တဲ့ ေနရာေတြကေန နမူနာေတြ ရယူခဲ့ၿပီး လူေလးေယာက္ကို ဖမ္းဆီးထားတယ္လို႔ သိရပါတယ္။ မီဒီယာသတင္းေတြအရ ၎တို႔ မိသားစုဟာ လမ္းေဘးေဈးသည္ေတြ ေရာင္းခ်ေလ့ ရွိတဲ့ လူႀကိဳက္မ်ားတဲ့ မုန႔္တစ္မ်ိဳးျဖစ္တဲ့ မုတ္ေကာင္ကို ထမင္းနဲ႔ စားသုံးခဲ့တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ "ကမ္ပီရ္" လို႔ေခၚတဲ့ အစာသြတ္ထားတဲ့ အာလူးေၾကာ္ကိုလည္း စားသုံးခဲ့တဲ့အျပင္ သိုးအူေတြနဲ႔ ျပဳလုပ္ထားတဲ့ လူႀကိဳက္မ်ားတဲ့ ဟင္းလ်ာ kokorec ကိုလည္း စားသုံးခဲ့တယ္လို႔ သိရပါတယ္။