ဂင်းနစ်စံချိန်သစ် ၂ ခု ထပ်မံ ချိုးဖျက်နိုင်ခဲ့ပြီး ဂင်းနစ်မှတ်တမ်း အများဆုံးရရှိတဲ့ တစ်ကိုယ်တော်အဆိုတော်ဖြစ်လာတဲ့ BLACKPINK အဖွဲ့ဝင် ရိုစ့်

172

ရောင်နီ (NP News) - နိုဝင်ဘာ ၁၆
တောင်ကိုရီးယား အမျိုးသမီး K Pop အဖွဲ့ BLACKPINK ရဲ့ အဖွဲ့ဝင် ရိုစ့်ဟာ နောက်ထပ် ဂင်းနစ်စံချိန်သစ် ၂ ခုကို ချိုးဖျက်ပြီး K-pop သမိုင်းမှာ အခြားတောင်ကိုရီးယား အဆိုတော်တွေ တစ်ယောက်မှ မရရှိခဲ့ဖူးတဲ့ အောင်မြင်မှုကို ရရှိခဲ့ပါတယ်။
ဒီဆယ်စုနှစ်ရဲ့အထူးချွန်ဆုံး တစ်ကိုယ်တော်အဆိုတော်တွေထဲက တစ်ယောက်အဖြစ် လုပ်ငန်းကျွမ်းကျင် သူတွေက အသိအမှတ်ပြုထားတဲ့ ရိုစ့် ဟာ သူမရဲ့ "Rosie" အယ်လ်ဘမ်မှာ ပါဝင်တဲ့သီချင်းတွေနဲ့ main charts တွေကို လွှမ်းမိုးထားနိုင်ခဲ့ပြီး နိုင်ငံတကာက ချီးကျူးဂုဏ်ပြုမှုတွေကို ရရှိခဲ့ပါတယ်။ အခုဆိုရင် သူမဟာ ဂုဏ်သိက္ခာ ကြီးမားလှတဲ့ ဂရမ်မီဆုပေးပွဲမှာ အကြီးမားဆုံး ဆုအမျိုးအစား ၄ ခုထဲက ၂ ခုဖြစ်တဲ့ "Record of the Year" နဲ့ "Song of the Year" နှစ်ခုလုံးအတွက် ဆန်ကာတင် ရွေးချယ်ခံထားရတာဖြစ်ပြီး အဲဒီအတွက် Guinness World Records နှစ်ခု ထပ်မံ ရရှိခဲ့ပါတယ်။ အခုထိ ရိုစ့် ရရှိခဲ့တဲ့ ဂင်းနစ်စံချိန်တွေကတော့
- K-pop အနုပညာရှင်တစ်ဦး အနေနဲ့ ၂၄ နာရီအတွင်း ကြည့်ရှုမှု ၄၁.၆ သန်း ရရှိခဲ့ပြီး ကြည့်ရှုမှု အများဆုံး YouTube MV (On the Ground)
- တစ်ကိုယ်တော်အဆိုတော်အနေနဲ့ရော၊ အဖွဲ့ရဲ့အစိတ်အပိုင်းအနေနဲ့ပါ Billboard Global 200 နဲ့ Billboard Global Excl မှာ နံပါတ် ၁ ရရှိခဲ့တဲ့ ပထမဆုံးအနုပညာရှင် (On The Ground)
- Billboard 200 မှာ အမြင့်ဆုံးအဆင့်ဝင်ခဲ့တဲ့ အမျိုးသမီး K-pop အနုပညာရှင် (Rosie Album)
- Billboard Radio Songs Top 10 ဝင်ရောက်ခဲ့တဲ့ ပထမဆုံး အမျိုးသမီး အဆိုတော် (APT)
- Apple Music Global Top 100 ဇယားမှာ နံပါတ် ၁ ရရှိခဲ့တဲ့ ပထမဆုံး K-pop အနုပညာရှင်- APT
- Spotify မှာ အမြန်ဆုံး stream ၁ ဘီလီယံရောက်ရှိခဲ့တဲ့ K-Pop သီချင်း(APT)
- Record of the year ဆုအတွက် Grammy ဆန်ကာတင်စာရင်းသွင်းခံရတဲ့ ပထမဆုံး K-pop အနုပညာရှင်
- Song of the year ဆု အတွက် Grammy ဆန်ကာတင် ဝင်ခဲ့တဲ့ ပထမဆုံး K-pop အနုပညာရှင်ပဲ ဖြစ်ပါတယ်။
ဒီအောင်မြင်မှုနဲ့အတူ ရိုစ့် ဟာ BTS ရဲ့အဖွဲ့ဝင် ဂျောင်ကုကို ကျော်ဖြတ်ပြီး Guinness World Records အများဆုံး ရရှိထားတဲ့ ကိုရီးယားတစ်ကိုယ်တော် အဆိုတော်ဖြစ်လာခဲ့ပါတယ်။

Zawgyi Version:
ဂင္းနစ္စံခ်ိန္သစ္ ၂ ခု ထပ္မံ ခ်ိဳးဖ်က္ႏိုင္ခဲ့ၿပီး ဂင္းနစ္မွတ္တမ္း အမ်ားဆုံးရရွိတဲ့ တစ္ကိုယ္ေတာ္အဆိုေတာ္ျဖစ္လာ တဲ့ BLACKPINK အဖြဲ႕ဝင္ ႐ိုစ့္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၆
ေတာင္ကိုရီးယား အမ်ိဳးသမီး K Pop အဖြဲ႕ BLACKPINK ရဲ႕ အဖြဲ႕ဝင္ ႐ိုစ့္ဟာ ေနာက္ထပ္ ဂင္းနစ္စံခ်ိန္သစ္ ၂ ခုကို ခ်ိဳးဖ်က္ၿပီး K-pop သမိုင္းမွာ အျခားေတာင္ကိုရီးယား အဆိုေတာ္ေတြ တစ္ေယာက္မွ မရရွိခဲ့ဖူးတဲ့ ေအာင္ျမင္မႈကို ရရွိခဲ့ပါတယ္။
ဒီဆယ္စုႏွစ္ရဲ႕အထူးခြၽန္ဆုံး တစ္ကိုယ္ေတာ္အဆိုေတာ္ေတြထဲက တစ္ေယာက္အျဖစ္ လုပ္ငန္းကြၽမ္းက်င္ သူေတြက အသိအမွတ္ျပဳထားတဲ့ ႐ိုစ့္ ဟာ သူမရဲ႕ "Rosie" အယ္လ္ဘမ္မွာ ပါဝင္တဲ့သီခ်င္းေတြနဲ႔ main charts ေတြကို လႊမ္းမိုးထားႏိုင္ခဲ့ၿပီး ႏိုင္ငံတကာက ခ်ီးက်ဴးဂုဏ္ျပဳမႈေတြကို ရရွိခဲ့ပါတယ္။ အခုဆိုရင္ သူမဟာ ဂုဏ္သိကၡာ ႀကီးမားလွတဲ့ ဂရမ္မီဆုေပးပြဲမွာ အႀကီးမားဆုံး ဆုအမ်ိဳးအစား ၄ ခုထဲက ၂ ခုျဖစ္တဲ့ "Record of the Year" နဲ႔ "Song of the Year" ႏွစ္ခုလုံးအတြက္ ဆန္ကာတင္ ေ႐ြးခ်ယ္ခံထားရတာျဖစ္ၿပီး အဲဒီအတြက္ Guinness World Records ႏွစ္ခု ထပ္မံ ရရွိခဲ့ပါတယ္။ အခုထိ ႐ိုစ့္ ရရွိခဲ့တဲ့ ဂင္းနစ္စံခ်ိန္ေတြကေတာ့
- K-pop အႏုပညာရွင္တစ္ဦး အေနနဲ႔ ၂၄ နာရီအတြင္း ၾကည့္ရႈမႈ ၄၁.၆ သန္း ရရွိခဲ့ၿပီး ၾကည့္ရႈမႈ အမ်ားဆုံး YouTube MV (On the Ground)
- တစ္ကိုယ္ေတာ္အဆိုေတာ္အေနနဲ႔ေရာ၊ အဖြဲ႕ရဲ႕အစိတ္အပိုင္းအေနနဲ႔ပါ Billboard Global 200 နဲ႔ Billboard Global Excl မွာ နံပါတ္ ၁ ရရွိခဲ့တဲ့ ပထမဆုံးအႏုပညာရွင္ (On The Ground)
- Billboard 200 မွာ အျမင့္ဆုံးအဆင့္ဝင္ခဲ့တဲ့ အမ်ိဳးသမီး K-pop အႏုပညာရွင္ (Rosie Album)
- Billboard Radio Songs Top 10 ဝင္ေရာက္ခဲ့တဲ့ ပထမဆုံး အမ်ိဳးသမီး အဆိုေတာ္ (APT)
- Apple Music Global Top 100 ဇယားမွာ နံပါတ္ ၁ ရရွိခဲ့တဲ့ ပထမဆုံး K-pop အႏုပညာရွင္- APT
- Spotify မွာ အျမန္ဆုံး stream ၁ ဘီလီယံေရာက္ရွိခဲ့တဲ့ K-Pop သီခ်င္း(APT)
- Record of the year ဆုအတြက္ Grammy ဆန္ကာတင္စာရင္းသြင္းခံရတဲ့ ပထမဆုံး K-pop အႏုပညာရွင္
- Song of the year ဆု အတြက္ Grammy ဆန္ကာတင္ ဝင္ခဲ့တဲ့ ပထမဆုံး K-pop အႏုပညာရွင္ပဲ ျဖစ္ပါတယ္။
ဒီေအာင္ျမင္မႈနဲ႔အတူ ႐ိုစ့္ ဟာ BTS ရဲ႕အဖြဲ႕ဝင္ ေဂ်ာင္ကုကို ေက်ာ္ျဖတ္ၿပီး Guinness World Records အမ်ားဆုံး ရရွိထားတဲ့ ကိုရီးယားတစ္ကိုယ္ေတာ္ အဆိုေတာ္ျဖစ္လာခဲ့ပါတယ္။