(၁၀)ရက်ကျော်အထိ မလွတ်မြောက်သေးသော အိန္ဒိယ-မြန်မာ သာသနာပြုနေဆရာတော်အတွက် ရွှေတိဂုံဘုရား ရင်ပြင် ဆုတောင်း မေတ္တာပို့သပွဲ ပြုလုပ်

271

သန့်ဇင်(NP News)-နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် PDF အဖွဲ့၏ ဖမ်းဆီးခံရခြင်းကြောင့် (၁၀)ရက်ကျော်အထိ မလွတ်မြောက်သေးသော အိန္ဒိယ-မြန်မာ သာသနာပြုနေသည့်ဆရာတော်အတွက် ရွှေတိဂုံဘုရားရင်ပြင်တွင် ဆုတောင်း မေတ္တာပို့သပွဲ ပြုလုပ်ခဲ့ကြောင်း ဦးစီးဆောင်ရွက်ခဲ့သည့် သံဃာတော်တစ်ပါးက NP News ကိုမိန့်ကြားသည်။
လွတ်မြောက်ရေးဆုတောင်းမေတ္တာပို့သပွဲကို ယနေ့(နိုဝင်ဘာ ၁၆ရက်)၊ နံနက် ၆ နာရီက ရွှေတိဂုံဘုရားရင်ပြင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သံဃာတော်နှင့် လူပုဂ္ဂိုလ်အချို့လည်း တက်ရောက် ဆုတောင်းခဲ့ကြောင်း သိရသည်။
“လူတွေလည်းလာကြပါတယ်။ ဒါပေမဲ့ တစ်ခုပြောပြချင်တာက ဘုန်းဘုန်းတို့ ဆုတောင်းမေတ္တာပို့ဖို့ဆောင်ရွက်နေတဲ့အချိန်မှာပဲ ဂေါပကအဖွဲ့က တာဝန်ရှိသူတွေတားဆီးတဲ့အတွက်ကြောင့် ဘုန်းဘုန်းတို့ မလုပ်ခဲ့ရဘူး။ ကိုယ့်ဟာကိုပဲ ဒီဘက်မှာ ဆုတောင်းမေတ္တာပို့ဖို့ ဆောင်ရွက်ခဲ့ရတယ်။ အောင်မြေမှာမလုပ်ခဲ့ရဘူးပေါ့။ အဓိကကတော့ ဘုန်းဘုန်းတို့လုပ်နိုင်တာလေး ဆောင်ရွက်တာပေါ့နော်” ဦးစီး ဆောင်ရွက်ခဲ့သည့် သံဃာတော်တစ်ပါးက မိန့်ကြားသည်။
အိန္ဒိယ-မြန်မာသာသနာပြု၊ ဝင်းဝင်းနို့ဆီကျောင်း ဆရာတော်ဒေါက်တာဝိသုတအပါအဝင် တပည့်ကိုရင်တစ်ပါးနှင့် အမျိုးသမီး တစ်ဦး တို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၅)ရက်က ရွှေဘိုမြို့အနောက် ဘက်၊ ကင်းဗျားရွာအနီးတွင် PDF အဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် (၁၀)ရက်ကျော်အထိ ဖမ်းဆီးခံထားရသော ဆရာတော်အတွက် လူပျောက်တိုင်ချက်ဖွင့်ခြင်းကို ဆရာတော်၏ မိသားစုဝင် များက ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
ရွှေတိဂုံဘုရားရင်ပြင်တွင် ကျင်းပခဲ့သော ဆုတောင်းမေတ္တာပို့သပွဲသည် ဖမ်းဆီးခံထားရသော ဆရာတော်လွှတ်မြောက်ရေးနှင့် သံဃာတော်များအတွက် အလားတူဖြစ်စဉ်မျိုးထပ်မံမဖြစ်စေရန် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးစီးဆောင်ရွက်ခဲ့သည့် သံဃာတော်တစ်ပါး က မိန့်ကြားခဲ့သည်။
“ဆရာတော်ကြီးမြန်မြန်လေးလွတ်ဖို့အတွက်ကို ဆုတောင်းပေးတာပေါ့။ ဘုန်းကြီးတို့ သံဃာပိုင်းကလုပ်ရင် အဲဒီအပိုင်းတစ်ပိုင်းရှိတယ်။ နောက်ပြီး သက်ဆိုင်ရာကနေ အမှုဖွင့်ပြီးတော့ လူပျောက်ဘာညာနဲ့ တရားစွဲဆိုဖို့အတွက်ကလည်း သံဃာတွေအတွက်က မအပ်စပ် ဘူးပေါ့နော်။ အဲဒီလိုဆိုတော့ လူပုဂ္ဂိုလ်အနေနဲ့ ဆောင်ရွက်တာက ပိုပြီးသင့်လျှော်တယ်။ ဘုန်းဘုန်းတို့ကတော့ ဆုတောင်းမေတ္တာပို့တာ လောက်ပဲ ဆောင်ရွက်နိုင်တာပေါ့လေ”ဟု ဦးစီးဆောင်ရွက်ခဲ့သည့် သံဃာတော်တစ်ပါးက မိန့်ကြားခဲ့သည်

Zawgyi Version:
(၁၀)ရက္ေက်ာ္အထိ မလြတ္ေျမာက္ေသးေသာ အိႏၵိယ-ျမန္မာ သာသနာျပဳေနဆရာေတာ္အတြက္ ေ႐ႊတိဂုံဘုရား ရင္ျပင္ ဆုေတာင္း ေမတၱာပို႔သပြဲ ျပဳလုပ္
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၁၆
စစ္ကိုင္တိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕နယ္တြင္ PDF အဖြဲ႕၏ ဖမ္းဆီးခံျခင္းေၾကာင့္ (၁၀)ရက္ေက်ာ္အထိ မလြတ္ေျမာက္ေသးေသာ အိႏၵိယ-ျမန္မာ သာသနာျပဳေနဆရာေတာ္အတြက္ ေ႐ႊတိဂုံဘုရားရင္ျပင္ ဆုေတာင္း ေမတၱာပို႔သပြဲ ျပဳလုပ္ခဲ့ေၾကာင္း ဦးစီးေဆာင္႐ြက္ခဲ့သည့္ သံဃာေတာ္တစ္ပါးက NP News ကိုမိန႔္ၾကားသည္။
လြတ္ေျမာက္ေရးဆုေတာင္းေမတၱာပို႔သပြဲကို ယေန႔(ႏိုဝင္ဘာ ၁၆ရက္)၊ နံနက္ ၆ နာရီက ေ႐ႊတိဂုံဘုရားရင္ျပင္တြင္ ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး သံဃာေတာ္ႏွင့္ လူပုဂၢိဳလ္အခ်ိဳ႕လည္း တက္ေရာက္ ဆုေတာင္းခဲ့ေၾကာင္း သိရသည္။
“လူေတြလည္းလာၾကပါတယ္။ ဒါေပမဲ့ တစ္ခုေျပာျပခ်င္တာက ဘုန္းဘုန္းတို႔ ဆုေတာင္းေမတၱာပို႔ဖို႔ေဆာင္႐ြက္ေနတဲ့အခ်ိန္မွာပဲ ေဂါပကအဖြဲ႕က တာဝန္ရွိသူေတြတားဆီးတဲ့အတြက္ေၾကာင့္ ဘုန္းဘုန္းတို႔ မလုပ္ခဲ့ရဘူး။ ကိုယ့္ဟာကိုပဲ ဒီဘက္မွာ ဆုေတာင္းေမတၱာပို႔ဖို႔ ေဆာင္႐ြက္ခဲ့ရတယ္။ ေအာင္ေျမမွာမလုပ္ခဲ့ရဘူးေပါ့။ အဓိကကေတာ့ ဘုန္းဘုန္းတို႔လုပ္ႏိုင္တာေလး ေဆာင္႐ြက္တာေပါ့ေနာ္” ဦးစီး ေဆာင္႐ြက္ခဲ့သည့္ သံဃာေတာ္တစ္ပါးက မိန႔္ၾကားသည္။
အိႏၵိယ-ျမန္မာသာသနာျပဳ၊ ဝင္းဝင္းႏို႔ဆီေက်ာင္း ဆရာေတာ္ေဒါက္တာဝိသုတအပါအဝင္ တပည့္ကိုရင္တစ္ပါးႏွင့္ အမ်ိဳးသမီး တစ္ဦး တို႔ကို ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ (၅)ရက္က ေ႐ႊဘိုၿမိဳ႕အေနာက္ ဘက္၊ ကင္းဗ်ား႐ြာအနီးတြင္ PDF အဖြဲ႕က ဖမ္းဆီးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ (၁၀)ရက္ေက်ာ္အထိ ဖမ္းဆီးခံထားရေသာ ဆရာေတာ္အတြက္ လူေပ်ာက္တိုင္ခ်က္ဖြင့္ျခင္းကို ဆရာေတာ္၏ မိသားစုဝင္ မ်ားက ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။
ေ႐ႊတိဂုံဘုရားရင္ျပင္တြင္ က်င္းပခဲ့ေသာ ဆုေတာင္းေမတၱာပို႔သပြဲသည္ ဖမ္းဆီးခံထားရေသာ ဆရာေတာ္လႊတ္ေျမာက္ေရးႏွင့္ သံဃာေတာ္မ်ားအတြက္ အလားတူျဖစ္စဥ္မ်ိဳးထပ္မံမျဖစ္ေစရန္ ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း ဦးစီးေဆာင္႐ြက္ခဲ့သည့္ သံဃာေတာ္တစ္ပါး က မိန႔္ၾကားခဲ့သည္။
“ဆရာေတာ္ႀကီးျမန္ျမန္ေလးလႊတ္ဖို႔အတြက္ကို ဆုေတာင္းေပးတာေပါ့။ ဘုန္းႀကီးတို႔ သံဃာပိုင္းကလုပ္ရင္ အဲဒီအပိုင္းတစ္ပိုင္းရွိတယ္။ ေနာက္ၿပီး သက္ဆိုင္ရာကေန အမႈဖြင့္ၿပီးေတာ့ လူေပ်ာက္ဘာညာနဲ႔ တရားစြဲဆိုဖို႔အတြက္ကလည္း သံဃာေတြအတြက္က မအက္စပ္ ဘူးေပါ့ေနာ္။ အဲဒီလိုဆိုေတာ့ လူပုဂၢိဳလ္အေနနဲ႔ ေဆာင္႐ြက္တာက ပိုၿပီးသင့္ေလွ်ာ္တယ္။ ဘုန္းဘုန္းတို႔ကေတာ့ ဆုေတာင္းေမတၱာပို႔တာ ေလာက္ပဲ ေဆာင္႐ြက္ႏိုင္တာေပါ့ေလ”ဟု ဦးစီးေဆာင္႐ြက္ခဲ့သည့္ သံဃာေတာ္တစ္ပါးက မိန႔္ၾကားခဲ့သည္