တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်

 214

ပြည့်ဖြိုး(NP News)-နိုဝင်ဘာ ၁၆
ပြည်တွင်းဈေးကွက်အတွင်း အပြောင်းအလဲ နည်းပါးသော်လည်း ဒေါ်လာဈေးနှင့်ရွှေဈေးများမှာ အတက်အကျ အနည်းငယ်ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ ပြည်တွင်းပြင်ပငွေလဲဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေးမှာ နိုဝင်ဘာ (၅)ရက်က တစ်ဒေါ် လာလျှင် (၄၀၅၅)ကျပ်အထိကျဆင်းခဲ့သော်လည်း လက်ရှိ နိုဝင်ဘာ (၁၁) ရက်တွင် တစ်ဒေါ်လာ လျှင် (၄၀၇၀) ကျပ်အထိ ပြန်လည်မြင့်တက်လာကြောင်း သိရသည်။
ပြည်တွင်းရွှေဈေးသည်လည်း ကမ္ဘာ့ရွှေဈေးပေါ် မူတည်၍ တစ်ပတ်အတွင်း အခေါက်ရွှေတစ်ကျပ်သား လျှင် (၄၅)သိန်းဝန်းကျင်မှ (၄၇)သိန်းအထိ ပြန်လည် မြင့်တက်လာသည်။ ကမ္ဘာ့ရွှေဈေးသည်လည်း တစ်အောင်စလျှင် (၄၁၄၅)ဒေါ်လာဝန်းကျင်အထိ ပြန်လည်မြင့်တက်နေရာ ပြည်တွင်းရွှေဈေးမှာ အမြင့်ပိုင်းတွင် ဆက်လက်ရပ် တည်နေခြင်းဖြစ်သည်။
အမေရိကန် အထက်လွှတ်တော်နှင့်အောက်လွှတ် တော်သဘောတူညီချက်များရရှိသဖြင့် ဖက်ဒရယ်အ စိုးရဆိုင် ရာလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်မည်ဖြစ်ရာ ကမ္ဘာ့စီးပွားရေးဈေးကွက်အတွင်း အပြောင်းအလဲများဖြစ်ပေါ်လာနိုင် သည်။ လတ်တလောတွင် ကမ္ဘာ့ရွှေဈေးကွက်သည် ဝယ်လိုအားကောင်းမွန်နေ ပြီး ဈေးနှုန်းများလည်း မြင့်တက်နေ ခြင်းဖြစ်သည်။
စက်သုံးဆီနှင့် စားသုံးဆီဈေးများ တည်ငြိမ်နေပြီး အထွေထွေစားသောက်ကုန်များမှာ ဈေးနှုန်းအ မြင့်ပိုင်းတွင် ဆက်လက်ရပ်တည်နေကြောင်းသိရသည်။ ပြည်ပပို့ကုန်လုပ်ငန်းများတွင် ဆန်ဈေးကွက် နှင့်ပဲဈေးကွက်မှာ ဆက်လက် ကောင်းမွန်နေပြီး မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်မှ ဆန်တင်ပို့မှုမြှင့်တင်ရန် ကြိုးပမ်းနေကြောင်းသိရသည်။ ပဲဈေး ကွက်တွင် အိန္ဒိယနိုင်ငံဘက်မှ မြန်မာပြည်ကတင်ပို့သော စားတော်ပဲများကို အခွန်တိုးမြှင့်ကြောင်းသတင်းများ ထွက် ပေါ်နေသည်။ ပဲတီစိမ်းကို တရုတ်ပြည်သို့တင် ပို့မှုသည် လတ်တလောတွင် တရုတ်ဘက်မှ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းများပါဝင်ခြင်းကြောင့် တင်သွင်းမှုခေတ္တရပ်ဆိုင်းထားကြောင်း ကြေညာထားရာ ဈေးကွက်သက် ရောက်မှုရှိလာနိုင်သည်။ ပြည်တွင်းလုပ်သားဈေးကွက်အတွင်း အလုပ်အကိုင် ရရှိမှုကောင်းမွန်နေပြီး အထူးသဖြင့် အထည်ချုပ်လုပ် ငန်းများတွင် အလုပ်အကိုင်နှင့်ကျွမ်းကျင်လုပ်သားများ ဆက်လက်ထိန်းသိမ်းထားနိုင်ကြောင်းသိရ သည်။ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အလုပ် သမားအသစ်များကို အထည်ချုပ်သင်တန်းများဖွင့် လှစ်ပေးကာ စက်ရုံများသို့ ပြန်လည် အလုပ်သွင်းပေး နေခြင်းကြောင့် အလုပ်အကိုင်သစ်များနှင့် ကျွမ်းကျင် လုပ်သားရှားပါးမှု ကိုဖြေရှင်းပေးနိုင်ကြောင်းသိရသည်။
အထည်ချုပ်လုပ်ငန်းသည် (၁၀)နှစ်တာစီမံ ကိန်းဖြင့် ဖွံ့ဖြိုးတိုးတက်ရန် ရေရှည်ရည်မှန်းချက်ထား ပြီး အကောင်အထည်ဖော်နေကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှသိရသည်။ လက်ရှိအချိန်တွင် အထည်ချုပ်လုပ်ငန်းမှ ပြည်ပသို့ ကုန်စည်တင်ပို့မှုမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းငါးထောင်ခန့်ရှိကြောင်း လည်းသိရသည်။ ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများတွင် အထည်ချုပ် စက်ရုံများ အများအပြားတည်ရှိသော်လည်း လက်ရှိ အချိန်တွင် ပဲခူတိုင်းနှင့်ဧရာဝတီတိုင်းကဲ့သို့ လူဦးရေ ထူထပ်သောမြို့ကြီးများတွင် အထည်ချုပ်စက်ရုံသစ် များ တည်ထောင်လာကြသည်။

ရွှေ၊ ငွေလဲဈေးနှုန်းနှင့် စက်သုံးဆီဈေးကွက်
ပြီးခဲ့သည့် နိုဝင်ဘာလ (၅) ရက် ပြည်တွင်းရွှေ ပေါက်ဈေးတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် (၈၅)သိန်း(၈) သောင်းဝန်းကျင်ရှိကြောင်း ဈေးကွက် အတွင်းမှသိရသည်။
ယခုတစ်ပတ် ရွှေဈေးကွက်ဖွင့်ချိန်တွင်လည်း ရွှေဈေးများ ဆက်လက်ကျဆင်းခြင်းမရှိဘဲ ရွှေတစ် အောင်စလျှင် ဒေါ်လာ (၄၀၄၂) ဖြင့် ဈေးကွက်ဖွင့်နေ ဆဲဖြစ်သည်။ လက်ရှိ နိုဝင်ဘာလ(၁၁)ရက်တွင် တစ်အောင်စလျှင် (၄၁၄၅) ဒေါ်လာဖြစ်ပြီး အခေါက်ရွှေ တစ်ကျပ်သားလျှင် (၈၇)သိန်းဝန်းကျင် ပေါက်ဈေးရှိ ကြောင်းသိရသည်။
ကမ္ဘာ့ရွှေဈေးသည် ယခုနှစ်အကုန် ဒီဇင်ဘာလအထိ ဆက်လက်မြင့်တက်နိုင်ကြောင်း နိုင်ငံတကာ ရွှေလုပ် ငန်းရှင်များက ခန့်မှန်းထားကြရာ ပြည်တွင်း ရွှေဈေးသည်လည်းလိုက်ပါ မြင့်တက်နေဦးမည်ဖြစ်သည်။ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်း (၆၀) ကျပ်ဝန်း ကျင်သတ်မှတ်ထားပြီး ရွှေလုပ် ငန်းရှင်များအသင်း၏ ရွှေရည်ညွှန်းဈေးနှုန်းနှင့် ပြင်ပရွှေဈေးကွက်သည် ကွာဟဆဲဖြစ်သည်။
ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲမြန်ဆန်သောကြောင့် ပြည်တွင်းရွှေဈေးကွက်၌ အရောင်း အဝယ်ပြု လုပ်ရာတွင် ရောင်းမှားဝယ်မှားမဖြစ်စေရန် ဂရုစိုက်သင့်ကြောင်း ရွှေကုန်သည်များက သတိပေး ပြောကြားထားသည်။ ပြည်တွင်း ငွေလဲဈေးကွက်တွင်လည်း ပြီးခဲ့သည့်နိုဝင်ဘာလ (၅) ရက်က အမေရိကန် တစ်ဒေါ်လာလျှင် (၄၀၇၀)ကျပ် ခန့်ပေါက်ဈေးရှိခဲ့ပြီး လက်ရှိ နိုဝင်ဘာလ (၁၁)ရက်တွင် အမေရိကန်တစ် ဒေါ်လာလျှင် (၄၀၇၀) ကျပ်ဝန်းကျင်ပေါက် ဈေးရှိကာ အတက်အကျအနည်းငယ်ဖြင့် တည်ငြိမ်နေကြောင်း ဈေးကွက်အတွင်းမှသိရသည်။
စက်သုံးဆီဈေးကွက်အတွင်း စက်သုံးဆီဈေး နှုန်းများသည် လက်ရှိ စက်တင်ဘာလ (၁၁) ရက် တွင် ဒီဇယ်တစ်လီတာလျှင် (၂၅၁၀) ကျပ်၊ ပရီမီယံဒီ ဇယ်တစ်လီတာလျှင် (၃၀၄၅)ကျပ်၊ ဓာတ်ဆီအောက် တိန်း (၉၂) တစ်လီတာလျှင် (၂၆၁၀) ကျပ်၊ ဓာတ်ဆီ အောက်တိန်း (၉၅)တစ်လီတာလျှင် (၂၆၈၅)ကျပ် ဖြစ်ကြောင်းသိရသည်။ စက်သုံးဆီဈေးမှာ လွန်ခဲ့သည့်နှစ်နှစ်အတွင်း အနိမ့်ဆုံးဈေးတန်းသို့ရောက်ရှိနေပြီး ဗဟိုဘဏ်ကလည်း စက်သုံးဆီ တင်သွင်းသူများ အတွက် နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေး နေခြင်းကြောင့်ဖြစ်သည်။
လတ်တလောတွင် စက်သုံးဆီတင်သွင်းမှုမှာ ဈေးကွက်လိုအပ်ချက်ပြည့်မီအောင် တင်သွင်းနိုင်သ ဖြင့် ခွဲတမ်းဖြင့် ရောင်းချခြင်းများ၊ တန်းစီဝယ်ယူရမှု များမရှိတော့ကြောင်း ဈေးကွက်အတွင်းမှသိရသည်။ စက်သုံးဆီဈေးကျ ဆင်းခြင်းသည် အခြေခံကုန်ဈေး နှုန်းကျဆင်းစေရန် အထောက်အကူပြုနိုင်သော်လည်း လတ်တလောငွေကြေး ဖောင်းပွမှုနှင့် ကုန်သွယ်မှုအခက်အခဲများကြောင့် အထွေထွေကုန်ဈေးနှုန်းမှာ အမြင့်ပိုင်းတွင် ဆက်လက်ရပ်တည် နေသည်။

ပြည်ပသို့ တင်ပို့မှုမြင့်တက်နေသည့် ဆန်နှင့်ပဲ ဈေးကွက်
ယခုဘဏ္ဍာနှစ် ဒုတိယခြောက်လတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် (၁၈)သိန်းတင်ပို့ရန်လျာထား ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲများ တိုးမြှင့်တင်ပို့နိုင်ရန်ဆောင် ရွက်လျက်ရှိရာ ယခုဘဏ္ဍာနှစ် ပထမခြောက်လအ တွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် (၁၂)သိန်းတင်ပို့ရန်လျာ ထားသည့်အနက် စက်တင်ဘာလ (၃၀) ရက်အထိ လျာထားချက်အတိုင်း ပြည့်မီစွာတင်ပို့နိုင်ခဲ့ ကာ ပို့ ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၄၀၈) သန်းခန့်ရရှိခဲ့ သည်။
(၂၀၂၅)ခုနှစ် အောက်တိုဘာလမှ (၂၀၂၆)ခု နှစ် မတ်လကုန်အထိ ဒုတိယခြောက်လတာကာလအ တွင်း တစ်လလျှင် ဆန်နှင့်ဆန်ကွဲတန်ချိန် သုံးသိန်းနှုန်းဖြင့် စုစုပေါင်းတန်ချိန် (၁၈)သိန်းတင်ပို့ရန်လျာ ထားကြောင်းသိရ သည်။ ယခုဘဏ္ဍာနှစ်တွင် ဆန်နှင့် ဆန်ကွဲတန်ချိန်သုံးသန်းတင်ပို့ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ပို့ကုန် ကုမ္ပဏီများက ကြိုးပမ်းဆောင်ရွက်လျက်ပြီး ဒုတိယခြောက်လတွင် တစ်လလျှင် တန်ချိန်သုံးသိန်းဝန်းကျင်အထိ တိုးမြှင့်တင်ပို့ မည်ဖြစ်သည်။
(၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်က ဆန်နှင့်ဆန်ကွဲ တန်ချိန် ( ၂ ဒသမ ၄၈) သန်း တင်ပို့နိုင်ခဲ့ကြောင်း၊ ပြည် တွင်း ဆန်၊ စပါးဈေးကွက်တွင် အချို့ဒေသများ၌ ကောက်စောစပါးများ စတင်ပေါ်ထွက်နေပြီဖြစ်၍ စပါးစိုက်တောင်သူ များအတွက် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ဆန်၊ စပါးဝယ်ယူရေးများကို ဆောင်ရွက်ရန် ညီနောင်အသင်း အဖွဲ့ များ၊ ကုန်စည်ဒိုင်များ၊ ကုမ္ပဏီများ၊ ဆန်စက်များနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ပြည်တွင်းစိုက် ပဲမျိုးစုံကို ပြည်ပနိုင်ငံအသီးသီးသို့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်းပေါင်း (၁၅၀ဝ) ဝန်းကျင်အထိ နှစ်စဉ်ရရှိနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှသိရ သည်။ နိုင်ငံအတွင်း လယ်ယာထွက် ကုန်၊ ဆန် နှင့် ပဲမျိုးစုံ တင်ပို့မှုများအနက် နိုင်ငံခြား ဝင်ငွေ၏ (၃၈) ရာခိုင်နှုန်းကို နှစ်စဉ် ပဲမျိုးစုံတင်ပို့မှုမှ ကန်ဒေါ်လာသန်းပေါင်း (၁၀ဝဝ) ကျော်မှ (၁၅၀ဝ) ခန့်အထိရရှိနေခြင်းကြောင့် ပဲမျိုးစုံသီးနှံသည် တောင် သူများအတွက် ဝင်ငွေရသီးနှံဖြစ်နေကြောင်းသိရသည်။
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများအကြားတွင် ပဲမျိုးစုံအများဆုံးစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံတစ်ခုဖြစ်ပြီး နှစ်စဉ်စပါးစိုက်ဧက (၁၇) သန်းကျော်နှင့် ပဲမျိုးစုံစိုက်ဧက (၁၀) သန်းကျော်ရှိကြောင်းသိရသည်။ ထို့ကြောင့် ပဲမျိုးစုံ စိုက်ပျိုးမှုသည် စပါးပြီးလျှင် ဒုတိယအရေးကြီးသည့် သီးနှံဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံးအနေဖြင့်လည်း လယ်ယာ စိုက်ပျိုးထုတ်လုပ်မှု၏ သုံးပုံတစ်ပုံခန့်ကို ပဲအမျိုးမျိုးစိုက်ပျိုးနေခြင်းဖြစ်ပြီး စိုက်ဧက၏ (၂၀)ရာခိုင်နှုန်းမှာ ပဲမျိုးစုံ စိုက်ပျိုး နေခြင်း ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအရ ကမ္ဘာ့အဆင့် (၂) နှင့် အဆင့် (၃) နေရာတို့တွင် ရှိနေပြီး မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းတို့မှာ ပြည်ပဈေး ကွက်သို့ အများဆုံးတင်ပို့နေသည့်ပဲများဖြစ်သည်။ ၎င်းတို့ကို ပဲစိုက်ဧက၏ (၇၂၀)ရာခိုင်နှုန်းအထိ စိုက်ပျိုးထားသည့်အပြင် ကျန် (၂၈)ရာခိုင်နှုန်း၌ ပဲပုပ်၊ မြေထောက်ပဲ၊ ကုလားပဲ၊ ထောပတ်ပဲ၊ ပဲလွန်း၊ စား တော်ပဲ စသည့် အခြားပဲအမျိုးအစားများကို စိုက်ပျိုး ထားသည်။
ထို့ပြင် သီးထပ်စိုက်ပျိုးခြင်းမပြုသည့် စိုက်ပျိုးမြေ ဧက (၇) သန်းကျော်တွင်လည်း ပဲများ အောင်မြင် စွာစိုက်ပျိုးနိုင်မည်ဆိုပါက ပို့ကုန်ပမာဏ မြောက်မြား စွာ တိုးတက်လာခြေရှိကြောင်းသိရသည်။
အထည်ချုပ်လုပ်ငန်းနှင့် ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း
ပြည်ပသို့ ပို့ကုန်ဝင်ငွေအများအပြား ရှာဖွေပေး သောလုပ်ငန်းများတွင် CMP အထည်ချုပ်လုပ်ငန်း သည်လည်း မြန်မာနိုင်ငံ၏ ထိပ်တန်းပို့ကုန်လုပ်ငန်းဖြစ်သည်။ တစ်နှစ်လျှင် ပြည်ပသို့ချုပ်လုပ်ပြီး အဝတ်အထည်နှင့် ကုန်စည်များ တင်ပို့မှုသည် ဒေါ်လာ သန်းငါးထောင်ဝန်းကျင်တွင်ရပ်တည်နေကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း MGMA မှသိရသည်။
လက်ရှိတွင် MGMA အသင်းဝင် စက်ရုံပေါင်း (၅၂၃)ရုံရှိသည့်အနက် (၆၀) ရာခိုင်နှုန်းမှာ ဥရောပ ဈေးကွက်၊ (၂၀) ရာခိုင်နှုန်းမှာ ဂျပန်ဈေးကွက်နှင့် ကျန် (၂၀)ရာခိုင်နှုန်းမှာ အခြားဈေးကွက်များသို့တင် ပို့နေခြင်းဖြစ်ကြောင်း MGMA မှသိရသည်။ ထို့ပြင် လက်ရှိ၌ အထည်ချုပ်လုပ်သားများကို လုပ်ခလစာ တိုးပေးထားပြီး အထည်ချုပ်သင်တန်းများ ပေးကာ လုပ်ငန်းခွင်များ၌ ပြန်လည်အလုပ်ခန့်အပ်ထားရှိမှုများကြောင့် လုပ်သားရှားပါးသည့်ပြဿနာကို အထိုက် အလျောက်ထိန်းချုပ်ထားနိုင်သောအခြေအနေများကြောင့် CMP လုပ်ငန်းမှ ပြည်ပသို့ချုပ်ပြီး အထည် တင်ပို့မှုသည် ရာခိုင်နှုန်းတိုးတက်လာခြင်းဖြစ်ကြောင်း သိရသည်။
လာမယ့်ဆယ်စုနှစ်အတွင်း မြန်မာ့အထည်ချုပ် လုပ်ငန်းသည် လုပ်သားအင်အား (၁ ဒသမ ၂) သန်း မှ (၁ ဒသမ ၆) သန်းအထိခန့်ထားနိုင်ပြီး အမေရိကန်ဒေါ်လာ (၁၅) ဘီလျံတန်သည့်လုပ်ငန်းအဖြစ် ကြီးထွားလာနိုင်ရန် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)ကလျာထားပြီး ယခု (၂၀၂၅)ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၅)ဘီလျံခန့် တန်ကြေးရှိသည့်လုပ်ငန်းတစ်ခုအဖြစ်ရပ်တည်နေကြောင်း MGMA ၏ (၁၀)နှစ်တာ မဟာဗျူဟာအစီအစဉ် (၂၀၂၅-၂၀၃၄) တွင် ဖော်ပြထားချက်အရသိရသည်။
အထည်ချုပ်လုပ်ငန်းသည် လုပ်သားအမြောက် အမြားကို အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်သော လုပ်ငန်းဖြစ်ရာ မြန်မာပြည်အတွက် အလုပ်ကိုင် ရှားပါးမှုကို ဖြေရှင်းပေးနိုင်သည်။ မြန်မာနိုင်ငံ၏လျှပ် စစ်မီးရရှိမှု ပိုမို တိုးတက်လာပါက အထည်ချုပ်လုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာ နိုင်ကြောင်း သိရသည်။
ရန်ကုန်အပါအဝင်မြို့ကြီးများသို့ ပြောင်းရွှေ့နေ ထိုင်သူများပြားလာရာ အထည်ချုပ်လုပ်ငန်းကဲ့သို့ အလုပ် အကိုင်အများအပြားဖန်တီးပေးသော စက်ရုံအလုပ်ရုံများအတွက် အလုပ်သမားရှားပါးမှုပြဿနာကို အထိုက် အလျောက်ဖြေရှင်းပေးနိုင်ကြောင်းသိရသည်။ ILO ၏ အရေးယူပိတ်ဆို့မှုများရှိနေသော်လည်း CMP အထည်ချုပ် လုပ် ငန်းများမှာ လက်ရှိအချိန်အထိ ပုံမှန်လည်ပတ်နိုင်ဆဲဖြစ်ရာ ပြည်ပပို့ကုန်အတွက် ဆက်လက်အရေးပါ နေဦးမည်ဖြစ် သည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရး ေဈးကြက္သုံးသပ္ခ်က္
ျပည့္ၿဖိဳး(NP News)-ႏိုဝင္ဘာ ၁၆
ျပည္တြင္းေဈးကြက္အတြင္း အေျပာင္းအလဲ နည္းပါးေသာ္လည္း ေဒၚလာေဈးႏွင့္ေ႐ႊေဈးမ်ားမွာ အတက္အက် အနည္းငယ္ျဖစ္ေပၚခဲ့ေၾကာင္းသိရသည္။ ျပည္တြင္းျပင္ပေငြလဲေဈးကြက္အတြင္း အေမရိကန္ေဒၚလာေဈးမွာ ႏိုဝင္ဘာ (၅)ရက္က တစ္ေဒၚ လာလွ်င္ (၄၀၅၅)က်ပ္အထိက်ဆင္းခဲ့ေသာ္လည္း လက္ရွိ ႏိုဝင္ဘာ (၁၁) ရက္တြင္ တစ္ေဒၚလာ လွ်င္ (၄၀၇၀) က်ပ္အထိ ျပန္လည္ျမင့္တက္လာေၾကာင္း သိရသည္။
ျပည္တြင္းေ႐ႊေဈးသည္လည္း ကမာၻ႔ေ႐ႊေဈးေပၚ မူတည္၍ တစ္ပတ္အတြင္း အေခါက္ေ႐ႊတစ္က်ပ္သား လွ်င္ (၄၅)သိန္းဝန္းက်င္မွ (၄၇)သိန္းအထိ ျပန္လည္ ျမင့္တက္လာသည္။ ကမာၻ႔ေ႐ႊေဈးသည္လည္း တစ္ေအာင္စလွ်င္ (၄၁၄၅)ေဒၚလာဝန္းက်င္အထိ ျပန္လည္ျမင့္တက္ေနရာ ျပည္တြင္းေ႐ႊေဈးမွာ အျမင့္ပိုင္းတြင္ ဆက္လက္ရပ္ တည္ေနျခင္းျဖစ္သည္။
အေမရိကန္ အထက္လႊတ္ေတာ္ႏွင့္ေအာက္လႊတ္ ေတာ္သေဘာတူညီခ်က္မ်ားရရွိသျဖင့္ ဖက္ဒရယ္အ စိုးရဆိုင္ ရာလုပ္ငန္းမ်ား ျပန္လည္လည္ပတ္ႏိုင္မည္ျဖစ္ရာ ကမာၻ႔စီးပြားေရးေဈးကြက္အတြင္း အေျပာင္းအလဲမ်ားျဖစ္ေပၚလာႏိုင္ သည္။ လတ္တေလာတြင္ ကမာၻ႔ေ႐ႊေဈးကြက္သည္ ဝယ္လိုအားေကာင္းမြန္ေန ၿပီး ေဈးႏႈန္းမ်ားလည္း ျမင့္တက္ေန ျခင္းျဖစ္သည္။
စက္သုံးဆီႏွင့္ စားသုံးဆီေဈးမ်ား တည္ၿငိမ္ေနၿပီး အေထြေထြစားေသာက္ကုန္မ်ားမွာ ေဈးႏႈန္းအ ျမင့္ပိုင္းတြင္ ဆက္လက္ရပ္တည္ေနေၾကာင္းသိရသည္။ ျပည္ပပို႔ကုန္လုပ္ငန္းမ်ားတြင္ ဆန္ေဈးကြက္ ႏွင့္ပဲေဈးကြက္မွာ ဆက္လက္ ေကာင္းမြန္ေနၿပီး ျမန္မာႏိုင္ငံဆန္စပါးအဖြဲ႕ခ်ဳပ္မွ ဆန္တင္ပို႔မႈျမႇင့္တင္ရန္ ႀကိဳးပမ္းေနေၾကာင္းသိရသည္။ ပဲေဈး ကြက္တြင္ အိႏၵိယႏိုင္ငံဘက္မွ ျမန္မာျပည္ကတင္ပို႔ေသာ စားေတာ္ပဲမ်ားကို အခြန္တိုးျမႇင့္ေၾကာင္းသတင္းမ်ား ထြက္ ေပၚေနသည္။ ပဲတီစိမ္းကို တ႐ုတ္ျပည္သို႔တင္ ပို႔မႈသည္ လတ္တေလာတြင္ တ႐ုတ္ဘက္မွ ဓာတ္ေျမဩဇာႏွင့္ ပိုးသတ္ေဆးဓာတ္ႂကြင္းမ်ားပါဝင္ျခင္းေၾကာင့္ တင္သြင္းမႈေခတၱရပ္ဆိုင္းထားေၾကာင္း ေၾကညာထားရာ ေဈးကြက္သက္ ေရာက္မႈရွိလာႏိုင္သည္။ ျပည္တြင္းလုပ္သားေဈးကြက္အတြင္း အလုပ္အကိုင္ ရရွိမႈေကာင္းမြန္ေနၿပီး အထူးသျဖင့္ အထည္ခ်ဳပ္လုပ္ ငန္းမ်ားတြင္ အလုပ္အကိုင္ႏွင့္ကြၽမ္းက်င္လုပ္သားမ်ား ဆက္လက္ထိန္းသိမ္းထားႏိုင္ေၾကာင္းသိရ သည္။ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းမွ အလုပ္ သမားအသစ္မ်ားကို အထည္ခ်ဳပ္သင္တန္းမ်ားဖြင့္ လွစ္ေပးကာ စက္႐ုံမ်ားသို႔ ျပန္လည္ အလုပ္သြင္းေပး ေနျခင္းေၾကာင့္ အလုပ္အကိုင္သစ္မ်ားႏွင့္ ကြၽမ္းက်င္ လုပ္သားရွားပါးမႈ ကိုေျဖရွင္းေပးႏိုင္ေၾကာင္းသိရသည္။
အထည္ခ်ဳပ္လုပ္ငန္းသည္ (၁၀)ႏွစ္တာစီမံ ကိန္းျဖင့္ ဖြံ႕ၿဖိဳးတိုးတက္ရန္ ေရရွည္ရည္မွန္းခ်က္ထား ၿပီး အေကာင္အထည္ေဖာ္ေနေၾကာင္း ျမန္မာႏိုင္ငံ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းမွသိရသည္။ လက္ရွိအခ်ိန္တြင္ အထည္ခ်ဳပ္လုပ္ငန္းမွ ျပည္ပသို႔ ကုန္စည္တင္ပို႔မႈမွာ တစ္ႏွစ္လွ်င္ အေမရိကန္ေဒၚလာ သန္းငါးေထာင္ခန႔္ရွိေၾကာင္း လည္းသိရသည္။ ရန္ကုန္၊ မႏၲေလး စသည့္ၿမိဳ႕ႀကီးမ်ားတြင္ အထည္ခ်ဳပ္ စက္႐ုံမ်ား အမ်ားအျပားတည္ရွိေသာ္လည္း လက္ရွိ အခ်ိန္တြင္ ပဲခူတိုင္းႏွင့္ဧရာဝတီတိုင္းကဲ့သို႔ လူဦးေရ ထူထပ္ေသာၿမိဳ႕ႀကီးမ်ားတြင္ အထည္ခ်ဳပ္စက္႐ုံသစ္ မ်ား တည္ေထာင္လာၾကသည္။

ေ႐ႊ၊ ေငြလဲေဈးႏႈန္းႏွင့္ စက္သုံးဆီေဈးကြက္
ၿပီးခဲ့သည့္ ႏိုဝင္ဘာလ (၅) ရက္ ျပည္တြင္းေ႐ႊ ေပါက္ေဈးတြင္ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၈၅)သိန္း(၈) ေသာင္းဝန္းက်င္ရွိေၾကာင္း ေဈးကြက္ အတြင္းမွသိရသည္။
ယခုတစ္ပတ္ ေ႐ႊေဈးကြက္ဖြင့္ခ်ိန္တြင္လည္း ေ႐ႊေဈးမ်ား ဆက္လက္က်ဆင္းျခင္းမရွိဘဲ ေ႐ႊတစ္ ေအာင္စလွ်င္ ေဒၚလာ (၄၀၄၂) ျဖင့္ ေဈးကြက္ဖြင့္ေန ဆဲျဖစ္သည္။ လက္ရွိ ႏိုဝင္ဘာလ(၁၁)ရက္တြင္ တစ္ေအာင္စလွ်င္ (၄၁၄၅) ေဒၚလာျဖစ္ၿပီး အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ (၈၇)သိန္းဝန္းက်င္ ေပါက္ေဈးရွိ ေၾကာင္းသိရသည္။
ကမာၻ႔ေ႐ႊေဈးသည္ ယခုႏွစ္အကုန္ ဒီဇင္ဘာလအထိ ဆက္လက္ျမင့္တက္ႏိုင္ေၾကာင္း ႏိုင္ငံတကာ ေ႐ႊလုပ္ ငန္းရွင္မ်ားက ခန႔္မွန္းထားၾကရာ ျပည္တြင္း ေ႐ႊေဈးသည္လည္းလိုက္ပါ ျမင့္တက္ေနဦးမည္ျဖစ္သည္။ ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းမွ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ သိန္း (၆၀) က်ပ္ဝန္း က်င္သတ္မွတ္ထားၿပီး ေ႐ႊလုပ္ ငန္းရွင္မ်ားအသင္း၏ ေ႐ႊရည္ၫႊန္းေဈးႏႈန္းႏွင့္ ျပင္ပေ႐ႊေဈးကြက္သည္ ကြာဟဆဲျဖစ္သည္။
ကမာၻ႔ေ႐ႊေဈးသည္ အေျပာင္းအလဲျမန္ဆန္ေသာေၾကာင့္ ျပည္တြင္းေ႐ႊေဈးကြက္၌ အေရာင္း အဝယ္ျပဳ လုပ္ရာတြင္ ေရာင္းမွားဝယ္မွားမျဖစ္ေစရန္ ဂ႐ုစိုက္သင့္ေၾကာင္း ေ႐ႊကုန္သည္မ်ားက သတိေပး ေျပာၾကားထားသည္။ ျပည္တြင္း ေငြလဲေဈးကြက္တြင္လည္း ၿပီးခဲ့သည့္ႏိုဝင္ဘာလ (၅) ရက္က အေမရိကန္ တစ္ေဒၚလာလွ်င္ (၄၀၇၀)က်ပ္ ခန႔္ေပါက္ေဈးရွိခဲ့ၿပီး လက္ရွိ ႏိုဝင္ဘာလ (၁၁)ရက္တြင္ အေမရိကန္တစ္ ေဒၚလာလွ်င္ (၄၀၇၀) က်ပ္ဝန္းက်င္ေပါက္ ေဈးရွိကာ အတက္အက်အနည္းငယ္ျဖင့္ တည္ၿငိမ္ေနေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။
စက္သုံးဆီေဈးကြက္အတြင္း စက္သုံးဆီေဈး ႏႈန္းမ်ားသည္ လက္ရွိ စက္တင္ဘာလ (၁၁) ရက္ တြင္ ဒီဇယ္တစ္လီတာလွ်င္ (၂၅၁၀) က်ပ္၊ ပရီမီယံဒီ ဇယ္တစ္လီတာလွ်င္ (၃၀၄၅)က်ပ္၊ ဓာတ္ဆီေအာက္ တိန္း (၉၂) တစ္လီတာလွ်င္ (၂၆၁၀) က်ပ္၊ ဓာတ္ဆီ ေအာက္တိန္း (၉၅)တစ္လီတာလွ်င္ (၂၆၈၅)က်ပ္ ျဖစ္ေၾကာင္းသိရသည္။ စက္သုံးဆီေဈးမွာ လြန္ခဲ့သည့္ႏွစ္ႏွစ္အတြင္း အနိမ့္ဆုံးေဈးတန္းသို႔ေရာက္ရွိေနၿပီး ဗဟိုဘဏ္ကလည္း စက္သုံးဆီ တင္သြင္းသူမ်ား အတြက္ ႏိုင္ငံျခားေငြမ်ား ဆက္တိုက္ထုတ္ေရာင္းေပး ေနျခင္းေၾကာင့္ျဖစ္သည္။
လတ္တေလာတြင္ စက္သုံးဆီတင္သြင္းမႈမွာ ေဈးကြက္လိုအပ္ခ်က္ျပည့္မီေအာင္ တင္သြင္းႏိုင္သ ျဖင့္ ခြဲတမ္းျဖင့္ ေရာင္းခ်ျခင္းမ်ား၊ တန္းစီဝယ္ယူရမႈ မ်ားမရွိေတာ့ေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ စက္သုံးဆီေဈးက် ဆင္းျခင္းသည္ အေျခခံကုန္ေဈး ႏႈန္းက်ဆင္းေစရန္ အေထာက္အကူျပဳႏိုင္ေသာ္လည္း လတ္တေလာေငြေၾကး ေဖာင္းပြမႈႏွင့္ ကုန္သြယ္မႈအခက္အခဲမ်ားေၾကာင့္ အေထြေထြကုန္ေဈးႏႈန္းမွာ အျမင့္ပိုင္းတြင္ ဆက္လက္ရပ္တည္ ေနသည္။

ျပည္ပသို႔ တင္ပို႔မႈျမင့္တက္ေနသည့္ ဆန္ႏွင့္ပဲ ေဈးကြက္
ယခုဘ႑ာႏွစ္ ဒုတိယေျခာက္လတြင္ ျပည္ပသို႔ ဆန္ႏွင့္ဆန္ကြဲတန္ခ်ိန္ (၁၈)သိန္းတင္ပို႔ရန္လ်ာထား ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွသိရသည္။ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္သည္ ျပည္ပႏိုင္ငံမ်ားသို႔ ဆန္ႏွင့္ ဆန္ကြဲမ်ား တိုးျမႇင့္တင္ပို႔ႏိုင္ရန္ေဆာင္ ႐ြက္လ်က္ရွိရာ ယခုဘ႑ာႏွစ္ ပထမေျခာက္လအ တြင္း ဆန္ႏွင့္ဆန္ကြဲတန္ခ်ိန္ (၁၂)သိန္းတင္ပို႔ရန္လ်ာ ထားသည့္အနက္ စက္တင္ဘာလ (၃၀) ရက္အထိ လ်ာထားခ်က္အတိုင္း ျပည့္မီစြာတင္ပို႔ႏိုင္ခဲ့ ကာ ပို႔ ကုန္ဝင္ေငြ အေမရိကန္ေဒၚလာ (၄၀၈) သန္းခန႔္ရရွိခဲ့ သည္။
(၂၀၂၅)ခုႏွစ္ ေအာက္တိုဘာလမွ (၂၀၂၆)ခု ႏွစ္ မတ္လကုန္အထိ ဒုတိယေျခာက္လတာကာလအ တြင္း တစ္လလွ်င္ ဆန္ႏွင့္ဆန္ကြဲတန္ခ်ိန္ သုံးသိန္းႏႈန္းျဖင့္ စုစုေပါင္းတန္ခ်ိန္ (၁၈)သိန္းတင္ပို႔ရန္လ်ာ ထားေၾကာင္းသိရ သည္။ ယခုဘ႑ာႏွစ္တြင္ ဆန္ႏွင့္ ဆန္ကြဲတန္ခ်ိန္သုံးသန္းတင္ပို႔ရန္ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ႏွင့္ ပို႔ကုန္ ကုမၸဏီမ်ားက ႀကိဳးပမ္းေဆာင္႐ြက္လ်က္ၿပီး ဒုတိယေျခာက္လတြင္ တစ္လလွ်င္ တန္ခ်ိန္သုံးသိန္းဝန္းက်င္အထိ တိုးျမႇင့္တင္ပို႔ မည္ျဖစ္သည္။
(၂၀၂၄-၂၀၂၅) ဘ႑ာႏွစ္က ဆန္ႏွင့္ဆန္ကြဲ တန္ခ်ိန္ ( ၂ ဒသမ ၄၈) သန္း တင္ပို႔ႏိုင္ခဲ့ေၾကာင္း၊ ျပည္ တြင္း ဆန္၊ စပါးေဈးကြက္တြင္ အခ်ိဳ႕ေဒသမ်ား၌ ေကာက္ေစာစပါးမ်ား စတင္ေပၚထြက္ေနၿပီျဖစ္၍ စပါးစိုက္ေတာင္သူ မ်ားအတြက္ သင့္တင့္မွ်တေသာ ေဈးႏႈန္းမ်ားျဖင့္ ဆန္၊ စပါးဝယ္ယူေရးမ်ားကို ေဆာင္႐ြက္ရန္ ညီေနာင္အသင္း အဖြဲ႕ မ်ား၊ ကုန္စည္ဒိုင္မ်ား၊ ကုမၸဏီမ်ား၊ ဆန္စက္မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ လ်က္ရွိေၾကာင္းသိရသည္။
ျပည္တြင္းစိုက္ ပဲမ်ိဳးစုံကို ျပည္ပႏိုင္ငံအသီးသီးသို႔ တင္ပို႔မႈမွ အေမရိကန္ေဒၚလာ သန္းေပါင္း (၁၅၀ဝ) ဝန္းက်င္အထိ ႏွစ္စဥ္ရရွိေနေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ကုန္သြယ္ေရး ဦးစီးဌာနမွသိရ သည္။ ႏိုင္ငံအတြင္း လယ္ယာထြက္ ကုန္၊ ဆန္ ႏွင့္ ပဲမ်ိဳးစုံ တင္ပို႔မႈမ်ားအနက္ ႏိုင္ငံျခား ဝင္ေငြ၏ (၃၈) ရာခိုင္ႏႈန္းကို ႏွစ္စဥ္ ပဲမ်ိဳးစုံတင္ပို႔မႈမွ ကန္ေဒၚလာသန္းေပါင္း (၁၀ဝဝ) ေက်ာ္မွ (၁၅၀ဝ) ခန႔္အထိရရွိေနျခင္းေၾကာင့္ ပဲမ်ိဳးစုံသီးႏွံသည္ ေတာင္ သူမ်ားအတြက္ ဝင္ေငြရသီးႏွံျဖစ္ေနေၾကာင္းသိရသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ကမာၻ႔ႏိုင္ငံမ်ားအၾကားတြင္ ပဲမ်ိဳးစုံအမ်ားဆုံးစိုက္ပ်ိဳးထုတ္လုပ္သည့္ ႏိုင္ငံတစ္ခုျဖစ္ၿပီး ႏွစ္စဥ္စပါးစိုက္ဧက (၁၇) သန္းေက်ာ္ႏွင့္ ပဲမ်ိဳးစုံစိုက္ဧက (၁၀) သန္းေက်ာ္ရွိေၾကာင္းသိရသည္။ ထို႔ေၾကာင့္ ပဲမ်ိဳးစုံ စိုက္ပ်ိဳးမႈသည္ စပါးၿပီးလွ်င္ ဒုတိယအေရးႀကီးသည့္ သီးႏွံျဖစ္ေၾကာင္းႏွင့္ တစ္ႏိုင္ငံလုံးအေနျဖင့္လည္း လယ္ယာ စိုက္ပ်ိဳးထုတ္လုပ္မႈ၏ သုံးပုံတစ္ပုံခန႔္ကို ပဲအမ်ိဳးမ်ိဳးစိုက္ပ်ိဳးေနျခင္းျဖစ္ၿပီး စိုက္ဧက၏ (၂၀)ရာခိုင္ႏႈန္းမွာ ပဲမ်ိဳးစုံ စိုက္ပ်ိဳး ေနျခင္း ျဖစ္ေၾကာင္းသိရသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ျပည္ပသို႔ ပဲမ်ိဳးစုံတင္ပို႔မႈအရ ကမာၻ႔အဆင့္ (၂) ႏွင့္ အဆင့္ (၃) ေနရာတို႔တြင္ ရွိေနၿပီး မတ္ပဲ၊ ပဲစင္းငုံႏွင့္ ပဲတီစိမ္းတို႔မွာ ျပည္ပေဈး ကြက္သို႔ အမ်ားဆုံးတင္ပို႔ေနသည့္ပဲမ်ားျဖစ္သည္။ ၎တို႔ကို ပဲစိုက္ဧက၏ (၇၂၀)ရာခိုင္ႏႈန္းအထိ စိုက္ပ်ိဳးထားသည့္အျပင္ က်န္ (၂၈)ရာခိုင္ႏႈန္း၌ ပဲပုပ္၊ ေျမေထာက္ပဲ၊ ကုလားပဲ၊ ေထာပတ္ပဲ၊ ပဲလြန္း၊ စား ေတာ္ပဲ စသည့္ အျခားပဲအမ်ိဳးအစားမ်ားကို စိုက္ပ်ိဳး ထားသည္။
ထို႔ျပင္ သီးထပ္စိုက္ပ်ိဳးျခင္းမျပဳသည့္ စိုက္ပ်ိဳးေျမ ဧက (၇) သန္းေက်ာ္တြင္လည္း ပဲမ်ား ေအာင္ျမင္ စြာစိုက္ပ်ိဳးႏိုင္မည္ဆိုပါက ပို႔ကုန္ပမာဏ ေျမာက္ျမား စြာ တိုးတက္လာေျခရွိေၾကာင္းသိရသည္။
အထည္ခ်ဳပ္လုပ္ငန္းႏွင့္ ျပည္တြင္း အလုပ္အကိုင္ အခြင့္အလမ္း
ျပည္ပသို႔ ပို႔ကုန္ဝင္ေငြအမ်ားအျပား ရွာေဖြေပး ေသာလုပ္ငန္းမ်ားတြင္ CMP အထည္ခ်ဳပ္လုပ္ငန္း သည္လည္း ျမန္မာႏိုင္ငံ၏ ထိပ္တန္းပို႔ကုန္လုပ္ငန္းျဖစ္သည္။ တစ္ႏွစ္လွ်င္ ျပည္ပသို႔ခ်ဳပ္လုပ္ၿပီး အဝတ္အထည္ႏွင့္ ကုန္စည္မ်ား တင္ပို႔မႈသည္ ေဒၚလာ သန္းငါးေထာင္ဝန္းက်င္တြင္ရပ္တည္ေနေၾကာင္း ျမန္မာႏိုင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ား အသင္း MGMA မွသိရသည္။
လက္ရွိတြင္ MGMA အသင္းဝင္ စက္႐ုံေပါင္း (၅၂၃)႐ုံရွိသည့္အနက္ (၆၀) ရာခိုင္ႏႈန္းမွာ ဥေရာပ ေဈးကြက္၊ (၂၀) ရာခိုင္ႏႈန္းမွာ ဂ်ပန္ေဈးကြက္ႏွင့္ က်န္ (၂၀)ရာခိုင္ႏႈန္းမွာ အျခားေဈးကြက္မ်ားသို႔တင္ ပို႔ေနျခင္းျဖစ္ေၾကာင္း MGMA မွသိရသည္။ ထို႔ျပင္ လက္ရွိ၌ အထည္ခ်ဳပ္လုပ္သားမ်ားကို လုပ္ခလစာ တိုးေပးထားၿပီး အထည္ခ်ဳပ္သင္တန္းမ်ား ေပးကာ လုပ္ငန္းခြင္မ်ား၌ ျပန္လည္အလုပ္ခန႔္အပ္ထားရွိမႈမ်ားေၾကာင့္ လုပ္သားရွားပါးသည့္ျပႆနာကို အထိုက္ အေလ်ာက္ထိန္းခ်ဳပ္ထားႏိုင္ေသာအေျခအေနမ်ားေၾကာင့္ CMP လုပ္ငန္းမွ ျပည္ပသို႔ခ်ဳပ္ၿပီး အထည္ တင္ပို႔မႈသည္ ရာခိုင္ႏႈန္းတိုးတက္လာျခင္းျဖစ္ေၾကာင္း သိရသည္။
လာမယ့္ဆယ္စုႏွစ္အတြင္း ျမန္မာ့အထည္ခ်ဳပ္ လုပ္ငန္းသည္ လုပ္သားအင္အား (၁ ဒသမ ၂) သန္း မွ (၁ ဒသမ ၆) သန္းအထိခန႔္ထားႏိုင္ၿပီး အေမရိကန္ေဒၚလာ (၁၅) ဘီလ်ံတန္သည့္လုပ္ငန္းအျဖစ္ ႀကီးထြားလာႏိုင္ရန္ ျမန္မာႏိုင္ငံ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း(MGMA)ကလ်ာထားၿပီး ယခု (၂၀၂၅)ခုႏွစ္တြင္ အေမရိကန္ေဒၚလာ (၅)ဘီလ်ံခန႔္ တန္ေၾကးရွိသည့္လုပ္ငန္းတစ္ခုအျဖစ္ရပ္တည္ေနေၾကာင္း MGMA ၏ (၁၀)ႏွစ္တာ မဟာဗ်ဴဟာအစီအစဥ္ (၂၀၂၅-၂၀၃၄) တြင္ ေဖာ္ျပထားခ်က္အရသိရသည္။
အထည္ခ်ဳပ္လုပ္ငန္းသည္ လုပ္သားအေျမာက္ အျမားကို အလုပ္အကိုင္အခြင့္အလမ္းဖန္တီးေပးႏိုင္ေသာ လုပ္ငန္းျဖစ္ရာ ျမန္မာျပည္အတြက္ အလုပ္ကိုင္ ရွားပါးမႈကို ေျဖရွင္းေပးႏိုင္သည္။ ျမန္မာႏိုင္ငံ၏လွ်ပ္ စစ္မီးရရွိမႈ ပိုမို တိုးတက္လာပါက အထည္ခ်ဳပ္လုပ္ငန္းမ်ားတြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ပိုမိုဝင္ေရာက္လာ ႏိုင္ေၾကာင္း သိရသည္။
ရန္ကုန္အပါအဝင္ၿမိဳ႕ႀကီးမ်ားသို႔ ေျပာင္းေ႐ႊ႕ေန ထိုင္သူမ်ားျပားလာရာ အထည္ခ်ဳပ္လုပ္ငန္းကဲ့သို႔ အလုပ္ အကိုင္အမ်ားအျပားဖန္တီးေပးေသာ စက္႐ုံအလုပ္႐ုံမ်ားအတြက္ အလုပ္သမားရွားပါးမႈျပႆနာကို အထိုက္ အေလ်ာက္ေျဖရွင္းေပးႏိုင္ေၾကာင္းသိရသည္။ ILO ၏ အေရးယူပိတ္ဆို႔မႈမ်ားရွိေနေသာ္လည္း CMP အထည္ခ်ဳပ္ လုပ္ ငန္းမ်ားမွာ လက္ရွိအခ်ိန္အထိ ပုံမွန္လည္ပတ္ႏိုင္ဆဲျဖစ္ရာ ျပည္ပပို႔ကုန္အတြက္ ဆက္လက္အေရးပါ ေနဦးမည္ျဖစ္ သည္။

Related news

© 2021. All rights reserved.