ယခုပညာသင်နှစ်တွင် မြစ်ကြီးနားမြို့၌ Polytechnic ကျောင်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေ

162

စော(NP News)-နိုဝင်ဘာ ၁၆
၂၀၂၅-၂၀၂၆ခုနှစ် ပညာသင်နှစ်တွင် မြစ်ကြီးနားမြို့၌ Polytechnic ကျောင်း ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏အချက်အလက်များအရ သိရသည်။
ထိုသို့ဖွင့်လှစ်နိုင်ရေးအတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ယခုရက်ပိုင်းအတွင်း နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)သို့ ရောက်ရှိခဲ့ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် Polytechnic University (မြစ်ကြီးနား) ကို အောင်မြင်စွာ အကောင်အထည်ဖော် ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်နယ်အစိုးရက တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဆရာ၊ ဆရာမများအနေဖြင့်လည်း အရည်အချင်းပြည့်ဝသည့် ကျောင်းသား ကျောင်းသူများ မွေးထုတ်နိုင်ရေးအတွက် စနစ်တကျ သင်ကြား ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားခဲ့ပြီး ဆရာ ဆရာမများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြစ်ကြီးနားမြို့၌ Polytechnic ကျောင်းဖွင့်လှစ် ရေးနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ မလိခခန်းမတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်၊ ကျောင်းများမှ တာဝန်ရှိသူများ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနအောက်ရှိ တက္ကသိုလ်၊ ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆွေးနွေးစဉ် မြစ်ကြီးနားမြို့အတွက် ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုမည့် လုပ်ငန်းခွင်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် တက္ကသိုလ်ဝင်တန်းမအောင်မြင်သူများ တက်ရောက်နိုင်သည့် Level 4 သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက်လည်း ညှိနှိုင်းပေါင်းစပ်ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှ စတင်ပြီး ကွန်ပျူတာနှင့် နည်းပညာကို ပေါင်းစပ်ထားသည့် Polytechnic University များကို နေပြည်တော် အပါအဝင် ဗန်းမော်၊ လားရှိုး၊ ကျိုင်းတုံ၊ ပင်လုံ၊ မအူပင်၊ ထားဝယ်၊ မြိတ်တို့တွင် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ယခုပညာသင္ႏွစ္တြင္ ျမစ္ႀကီးနားၿမိဳ႕၌ Polytechnic ေက်ာင္း ဖြင့္လွစ္ႏိုင္ေရး ေဆာင္႐ြက္ေန
ေစာ(NP News)-ႏိုဝင္ဘာ ၁၆
၂၀၂၅-၂၀၂၆ခုႏွစ္ ပညာသင္ႏွစ္တြင္ ျမစ္ႀကီးနားၿမိဳ႕၌ Polytechnic ေက်ာင္း ဖြင့္လွစ္ႏိုင္ေရးေဆာင္႐ြက္ေနေၾကာင္း သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာန၏အခ်က္အလက္မ်ားအရ သိရသည္။
ထိုသို႔ဖြင့္လွစ္ႏိုင္ေရးအတြက္ သိပၸံႏွင့္ နည္းပညာဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိန္းေက်ာ္က ယခုရက္ပိုင္းအတြင္း နည္းပညာတကၠသိုလ္(ျမစ္ႀကီးနား)သို႔ ေရာက္ရွိခဲ့ၿပီး ၂၀၂၅-၂၀၂၆ ပညာသင္ႏွစ္တြင္ ဖြင့္လွစ္မည့္ Polytechnic University (ျမစ္ႀကီးနား) ကို ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ ဖြင့္လွစ္ႏိုင္ေရးအတြက္ သက္ဆိုင္ရာက႑အလိုက္ ျပည္နယ္အစိုးရက တာဝန္ရွိသူမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ ဆရာ၊ ဆရာမမ်ားအေနျဖင့္လည္း အရည္အခ်င္းျပည့္ဝသည့္ ေက်ာင္းသား ေက်ာင္းသူမ်ား ေမြးထုတ္ႏိုင္ေရးအတြက္ စနစ္တက် သင္ၾကား ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း မွာၾကားခဲ့ၿပီး ဆရာ ဆရာမမ်ား၏ တင္ျပခ်က္မ်ားႏွင့္စပ္လ်ဥ္း၍ ျပည္ေထာင္စုဝန္ႀကီးက ညႇိႏႈိင္းေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။
ဆက္လက္၍ ျမစ္ႀကီးနားၿမိဳ႕၌ Polytechnic ေက်ာင္းဖြင့္လွစ္ ေရးႏွင့္စပ္လ်ဥ္း၍ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕႐ုံးရွိ မလိခခန္းမတြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ ဝန္ႀကီးမ်ား၊ ျမစ္ႀကီးနားၿမိဳ႕ရွိ တကၠသိုလ္၊ ေက်ာင္းမ်ားမွ တာဝန္ရွိသူမ်ား၊ သိပၸံႏွင့္နည္းပညာဝန္ႀကီး ဌာနေအာက္ရွိ တကၠသိုလ္၊ ေက်ာင္းမ်ားမွ ေက်ာင္းအုပ္ႀကီးမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေဆြးေႏြးစဥ္ ျမစ္ႀကီးနားၿမိဳ႕အတြက္ ေဒသဖြံ႕ၿဖိဳးေရးကို အေထာက္အကူျပဳမည့္ လုပ္ငန္းခြင္ႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ႏိုင္မည့္ တကၠသိုလ္ဝင္တန္းမေအာင္ျမင္သူမ်ား တက္ေရာက္ႏိုင္သည့္ Level 4 သင္တန္းမ်ား ဖြင့္လွစ္ႏိုင္ေရးအတြက္လည္း ညႇိႏႈိင္းေပါင္းစပ္ေဆြးေႏြးေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတြင္ ၂၀၂၄-၂၀၂၅ ပညာသင္ႏွစ္မွ စတင္ၿပီး ကြန္ပ်ဴတာႏွင့္ နည္းပညာကို ေပါင္းစပ္ထားသည့္ Polytechnic University မ်ားကို ေနျပည္ေတာ္ အပါအဝင္ ဗန္းေမာ္၊ လားရႈိး၊ က်ိဳင္းတုံ၊ ပင္လုံ၊ မအူပင္၊ ထားဝယ္၊ ၿမိတ္တို႔တြင္ ဖြင့္လွစ္ႏိုင္ခဲ့ေၾကာင္း သိရသည္။