မွန်ပြည်နယ်အတွင်း ကြိုးဝိုင်း၊ ကြိုးပြင်တောများ၊ ဒီရေတောထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန်လို

 99

စော(NP News)- နိုဝင်ဘာ ၁၇
မွန်ပြည်နယ်အတွင်း ကြိုးဝိုင်း၊ ကြိုးပြင်တောများ ထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ရေးနှင့် ဒီရေတောထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ဝန်ထမ်းများနှင့် ယမန်နေ့ (နိုဝင်ဘာ ၁၇ရက်)က တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့သည်။
ဝန်ကြီးဌာနအနေဖြင့် သယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေးနှင့် သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဟန်ချက်ညီဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီး ဦးခင်မောင်ရီက ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ၅၀ ရာခိုင်နှုန်းဖြစ်စေရေး ဆောင်ရွက်လျက်ရှိပြီး မွန်ပြည်နယ်အတွင်း ကြိုးဝိုင်း၊ ကြိုးပြင်တောများ ထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ရေးနှင့် ဒီရေတောထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရန်လိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
အလားတူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သယံဇာတထုတ်ယူသုံးစွဲခြင်းများတွင် လုပ်ထုံးလုပ်နည်းနှင့် အညီဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်သူကအားကိုးထိုက်သည့် ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
မြန္ျပည္နယ္အတြင္း ႀကိဳးဝိုင္း၊ ႀကိဳးျပင္ေတာမ်ား၊ ဒီေရေတာထိန္းသိမ္းေရးလုပ္ငန္းမ်ားကို ဆက္လက္ေဆာင္႐ြက္ရန္လို
ေစာ(NP News)- ႏိုဝင္ဘာ ၁၇
မြန္ျပည္နယ္အတြင္း ႀကိဳးဝိုင္း၊ ႀကိဳးျပင္ေတာမ်ား ထိန္းသိမ္းေရး၊ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ား ကာကြယ္ေရးႏွင့္ ဒီေရေတာထိန္းသိမ္းေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျဖင့္ ဆက္လက္ေဆာင္႐ြက္ရန္လိုေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ရီက မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕ရွိ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာန႐ုံး အစည္းအေဝးခန္းမ၌ ဝန္ႀကီးဌာနေအာက္ရွိ ဌာနမ်ားမွ ဝန္ထမ္းမ်ားႏွင့္ ယမန္ေန႔ (ႏိုဝင္ဘာ ၁၇ရက္)က ေတြ႕ဆုံစဥ္ ထည့္သြင္းေျပာၾကားခဲ့သည္။
ဝန္ႀကီးဌာနအေနျဖင့္ သယံဇာတမ်ား ေရရွည္စဥ္ဆက္မျပတ္ ထုတ္ယူသုံးစြဲႏိုင္ေရးႏွင့္ သစ္ေတာႏွင့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးကို ဟန္ခ်က္ညီျဖစ္ေအာင္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဝန္ႀကီး ဦးခင္ေမာင္ရီက ေျပာၾကားခဲ့သည္။
ထို႔ျပင္ ႏိုင္ငံ၏ သစ္ေတာဖုံးလႊမ္းမႈ ၅၀ ရာခိုင္ႏႈန္းျဖစ္ေစေရး ေဆာင္႐ြက္လ်က္ရွိၿပီး မြန္ျပည္နယ္အတြင္း ႀကိဳးဝိုင္း၊ ႀကိဳးျပင္ေတာမ်ား ထိန္းသိမ္းေရး၊ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ား ကာကြယ္ေရးႏွင့္ ဒီေရေတာထိန္းသိမ္းေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျဖင့္ ဆက္လက္ေဆာင္႐ြက္ရန္လိုေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
အလားတူ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး၊ သယံဇာတထုတ္ယူသုံးစြဲျခင္းမ်ားတြင္ လုပ္ထုံးလုပ္နည္းႏွင့္ အညီျဖစ္ေစေရး ၾကပ္မတ္ေဆာင္႐ြက္ရမည္ျဖစ္ၿပီး ျပည္သူကအားကိုးထိုက္သည့္ ဝန္ထမ္းေကာင္းမ်ားျဖစ္ေစေရး ႀကိဳးပမ္းေဆာင္႐ြက္ၾကရန္ တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.