ဝန်ထမ်းအချို့နှင့် ငြိမ်းချမ်းရေးယူထားသော တိုင်းရင်းသားလက်နက်ကိုင်များသည် ကိုယ်ကျိုးစီးပွားအတွက် တရားမဝင်ကုန်သွယ်မှုများ တွင် ပါဝင်ပတ်သက်နေ

 372

သန့်ဇင်(NP News)-နိုဝင်ဘာ ၁၇
ဝန်ထမ်းအချို့နှင့် ငြိမ်းချမ်းရေးယူထားသော တိုင်းရင်းသားလက်နက်ကိုင်များသည် ကိုယ်ကျိုးစီးပွားအတွက် တရားမဝင်ကုန်သွယ်မှုများ တွင် ပါဝင်ပတ်သက်နေကြောင်း ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့(နိုဝင်ဘာ ၁၆ရက်)၊ နံနက်ပိုင်းက မွန်ပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားစဉ် အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းမှုအားနည်းလာသဖြင့် အချို့သော နယ်စပ်ဂိတ်များကို ပိတ်ထားရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
အချို့သောဝန်ထမ်းများ၊ နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်အပေါ်သစ္စာစောင့်သိမှုမရှိဘဲ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် တရားမဝင် ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက် လျက်ရှိ ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ထိုသို့ တရားမဝင်ကုန်သွယ်မှု များဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဒေသများရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို သက်ဆိုးရှည်စေနိုင်မည် ဖြစ်သကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း ရသင့်ရထိုက်သည့် အခွန်အခများ ရရှိမှုမရှိသည့်အတွက် ထိခိုက်နစ်နာရလျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
အလားတူနယ်စပ်ဒေသများ၌ အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) ကျူးလွန် နေသူများ မရှိစေရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
၎င်းတို့အခြေပြုဆောင်ရွက်လျက်ရှိသည့် အခြေခံအဆောက်အဦများကိုပါ ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဆက်လက် ၍ အမြစ်ပြတ်ချေမှုန်းရှင်းလင်းသွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

Zawgyi Version:
ဝန္ထမ္းအခ်ိဳ႕ႏွင့္ ၿငိမ္းခ်မ္းေရးယူထားေသာ တိုင္းရင္းသားလက္နက္ကိုင္မ်ားသည္ ကိုယ္က်ိဳးစီးပြားအတြက္ တရားမဝင္ကုန္သြယ္မႈမ်ား တြင္ ပါဝင္ပတ္သက္ေန
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၁၇
ဝန္ထမ္းအခ်ိဳ႕ႏွင့္ ၿငိမ္းခ်မ္းေရးယူထားေသာ တိုင္းရင္းသားလက္နက္ကိုင္မ်ားသည္ ကိုယ္က်ိဳးစီးပြားအတြက္ တရားမဝင္ကုန္သြယ္မႈမ်ား တြင္ ပါဝင္ပတ္သက္ေနေၾကာင္း ယာယီသမၼတႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္ လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယမန္ေန႔(ႏိုဝင္ဘာ ၁၆ရက္)၊ နံနက္ပိုင္းက မြန္ျပည္နယ္ရွိ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာမ်ား ေဆြးေႏြးေျပာၾကားစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္း ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
နယ္စပ္ေဒသမ်ား၌ တည္ၿငိမ္ေအးခ်မ္းမႈအားနည္းလာသျဖင့္ အခ်ိဳ႕ေသာ နယ္စပ္ဂိတ္မ်ားကို ပိတ္ထားရေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
အခ်ိဳ႕ေသာဝန္ထမ္းမ်ား၊ ႏိုင္ငံေတာ္အစိုးရႏွင့္ ၿငိမ္းခ်မ္းေရးရယူထားေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားအေနျဖင့္ ႏိုင္ငံေတာ္အေပၚသစၥာေစာင့္သိမႈမရွိဘဲ ၎တို႔၏ ကိုယ္က်ိဳးစီးပြားအတြက္ တရားမဝင္ ကုန္သြယ္မႈမ်ားတြင္ ပါဝင္ပတ္သက္ လ်က္ရွိ ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ထိုသို႔ တရားမဝင္ကုန္သြယ္မႈ မ်ားေဆာင္႐ြက္ျခင္းျဖင့္ နယ္စပ္ေဒသမ်ားရွိ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားကို သက္ဆိုးရွည္ေစႏိုင္မည္ ျဖစ္သကဲ့သို႔ ႏိုင္ငံေတာ္အေနျဖင့္လည္း ရသင့္ရထိုက္သည့္ အခြန္အခမ်ား ရရွိမႈမရွိသည့္အတြက္ ထိခိုက္နစ္နာရလ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
အလားတူနယ္စပ္ေဒသမ်ား၌ အြန္လိုင္းအသုံးျပဳလိမ္လည္မႈ (Online Scam) ႏွင့္ အြန္လိုင္းေလာင္းကစားမႈ (Online Gambling) က်ဴးလြန္ ေနသူမ်ား မရွိေစေရး အေလးထားေဆာင္႐ြက္လ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
၎တို႔အေျချပဳေဆာင္႐ြက္လ်က္ရွိသည့္ အေျခခံအေဆာက္အဦမ်ားကိုပါ ဖယ္ရွားရွင္းလင္းျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိၿပီး ဆက္လက္ ၍ အျမစ္ျပတ္ေခ်မႈန္းရွင္းလင္းသြားမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.