နေအိမ်ထဲ ကျူးကျော်ဝင်ရောက်လာသူကို ခုခံရင်း ဒဏ်ရာများနဲ့ဆေးရုံတက်ခဲ့ရတဲ့ K-pop ကြယ်ပွင့်နဲ့ သရုပ်ဆောင်မင်းသမီး နာနာ

 385

ရောင်နီ (NP News) - နိုဝင်ဘာ ၁၇

တောင်ကိုရီးယား K-pop ကြယ်ပွင့်နဲ့ သရုပ်ဆောင် နာနာဟာ သူမရဲ့နေအိမ်ထဲကို ကျူးကျော်ဝင်ရောက် လာသူကို ခုခံရင်း ရုန်းရင်းဆန်ခတ်ဖြစ်ကာ ဒဏ်ရာရရှိပြီးနောက် ဆေးရုံတက်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ကျန်းမာရေးအခြေအနေပြန်လည်ကောင်းမွန်လာပြီဖြစ်တယ်လို့ တောင်ကိုရီးယားရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၆ ရက်မှာ ပြောကြားပါတယ်။
ကျူးကျော်သူဟာ နိုဝင်ဘာ ၁၅ ရက်အစောပိုင်းက နာနာရဲ့အိမ်ထဲ ဖောက်ထွင်းဝင်ရောက်ခဲ့တာဖြစ်ပြီး နာနာနဲ သူမရဲ့မိခင်က ခုခံတိုက်ခိုက်ကာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ နာနာကတော့ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပြီး သူမရဲ့ မိခင်ဟာလည်း ဒဏ်ရာတွေနဲ့အတူ သတိလစ်သွားခဲ့တာကြောင့် ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ တောင်ကိုရီးယား Yonhap သတင်းဌာနက ဖော်ပြချက်အရ သိရပါတယ်။ ကျူးကျော်သူဟာ ဆိုးလ်ဆင်ခြေဖုံး ရပ်ကွက်ရှိ နာနာရဲ့နေအိမ်ကို အဖိုးတန်ပစ္စည်းတွေခိုးယူဖို့ ရည်ရွယ်ချက်နဲ့ဖောက်ထွင်းဝင်ရောက်ခဲ့တာဖြစ်ပါ တယ်။ “သူမနဲ့ သူမမိခင်ရဲ့ခုခံတိုက်ခိုက်မှုကြောင့် အသက် ၃ဝ ကျော်အရွယ် ကျူးကျော်သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်” လို့ အမှုစုံစမ်းစစ်ဆေးရေးမှူးက ပြောကြားပါတယ်။
နာနာ - အမည်ရင်း အင်ဂျင်အာ ဟာ ၂၀၀၉ ခုနှစ်က K-pop မိန်းကလေးအဖွဲ့ After School ရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် ပွဲဦးထွက်ခဲ့ပြီး After School ရဲ့အဖွဲ့ဝင်သုံးဦးပါ အဖွဲ့ခွဲတစ်ခုဖြစ်တဲ့ Orange Caramel မှာ ထင်ရှားကျော်ကြားခဲ့ပါတယ်။ ဒါအပြင် သူမက သရုပ်ဆောင်လောကထဲကိုလည်း ကူးပြောင်းဝင်ရောက်ခဲ့ပြီး Kill It (၂၀၁၉) ၊ Memorials (၂၀၂၀) စတဲ့ ရုပ်မြင်သံကြားဒရာမာတွေနဲ့ Confession (၂၀၂၂) ၊ Omniscient Reader: The Prophecy (၂၀၂၅) ရုပ်ရှင်တွေမှာ အဓိကဇာတ်ဆောင်နေရာက ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်လက်ခံအားပေးမှု ကို ရရှိထားပါတယ်။

Zawgyi Version:
ေနအိမ္ထဲ က်ဴးေက်ာ္ဝင္ေရာက္လာသူကို ခုခံရင္း ဒဏ္ရာမ်ားနဲ႔ေဆး႐ုံတက္ခဲ့ရတဲ့ K-pop ၾကယ္ပြင့္နဲ႔ သ႐ုပ္ေဆာင္မင္းသမီး နာနာ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၇
ေတာင္ကိုရီးယား K-pop ၾကယ္ပြင့္နဲ႔ သ႐ုပ္ေဆာင္ နာနာဟာ သူမရဲ႕ေနအိမ္ထဲကို က်ဴးေက်ာ္ဝင္ေရာက္ လာသူကို ခုခံရင္း ႐ုန္းရင္းဆန္ခတ္ျဖစ္ကာ ဒဏ္ရာရရွိၿပီးေနာက္ ေဆး႐ုံတက္ခဲ့ရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ က်န္းမာေရးအေျခအေနျပန္လည္ေကာင္းမြန္လာၿပီျဖစ္တယ္လို႔ ေတာင္ကိုရီးယားရဲတပ္ဖြဲ႕က ႏိုဝင္ဘာ ၁၆ ရက္မွာ ေျပာၾကားပါတယ္။
က်ဴးေက်ာ္သူဟာ ႏိုဝင္ဘာ ၁၅ ရက္အေစာပိုင္းက နာနာရဲ႕အိမ္ထဲ ေဖာက္ထြင္းဝင္ေရာက္ခဲ့တာျဖစ္ၿပီး နာနာနဲ သူမရဲ႕မိခင္က ခုခံတိုက္ခိုက္ကာ ဖမ္းဆီးႏိုင္ခဲ့ပါတယ္။ နာနာကေတာ့ ျပင္းထန္ဒဏ္ရာေတြ ရရွိခဲ့ၿပီး သူမရဲ႕ မိခင္ဟာလည္း ဒဏ္ရာေတြနဲ႔အတူ သတိလစ္သြားခဲ့တာေၾကာင့္ ေဆး႐ုံမွာ ကုသမႈခံယူေနတယ္လို႔ ေတာင္ကိုရီးယား Yonhap သတင္းဌာနက ေဖာ္ျပခ်က္အရ သိရပါတယ္။ က်ဴးေက်ာ္သူဟာ ဆိုးလ္ဆင္ေျခဖုံး ရပ္ကြက္ရွိ နာနာရဲ႕ေနအိမ္ကို အဖိုးတန္ပစၥည္းေတြခိုးယူဖို႔ ရည္႐ြယ္ခ်က္နဲ႔ေဖာက္ထြင္းဝင္ေရာက္ခဲ့တာျဖစ္ပါ တယ္။ “သူမနဲ႔ သူမမိခင္ရဲ႕ခုခံတိုက္ခိုက္မႈေၾကာင့္ အသက္ ၃ဝ ေက်ာ္အ႐ြယ္ က်ဴးေက်ာ္သူ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးႏိုင္ခဲ့တယ္” လို႔ အမႈစုံစမ္းစစ္ေဆးေရးမႉးက ေျပာၾကားပါတယ္။
နာနာ - အမည္ရင္း အင္ဂ်င္အာ ဟာ ၂၀၀၉ ခုႏွစ္က K-pop မိန္းကေလးအဖြဲ႕ After School ရဲ႕ အဖြဲ႕ဝင္တစ္ဦးအျဖစ္ ပြဲဦးထြက္ခဲ့ၿပီး After School ရဲ႕အဖြဲ႕ဝင္သုံးဦးပါ အဖြဲ႕ခြဲတစ္ခုျဖစ္တဲ့ Orange Caramel မွာ ထင္ရွားေက်ာ္ၾကားခဲ့ပါတယ္။ ဒါအျပင္ သူမက သ႐ုပ္ေဆာင္ေလာကထဲကိုလည္း ကူးေျပာင္းဝင္ေရာက္ခဲ့ၿပီး Kill It (၂၀၁၉) ၊ Memorials (၂၀၂၀) စတဲ့ ႐ုပ္ျမင္သံၾကားဒရာမာေတြနဲ႔ Confession (၂၀၂၂) ၊ Omniscient Reader: The Prophecy (၂၀၂၅) ႐ုပ္ရွင္ေတြမွာ အဓိကဇာတ္ေဆာင္ေနရာက ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ပရိသတ္လက္ခံအားေပးမႈ ကို ရရွိထားပါတယ္။

Related news

© 2021. All rights reserved.