အခြေခံအဆောက်အဦများကို မိုင်းထောင်ဖောက်ခွဲမှုများကြောင့် ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်နေရ၍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နှောင့်နှေးနေ

203

စော (NP News) - နိုဝင်ဘာ ၁၇
အခြေခံအဆောက်အဦများကို မိုင်းထောင်ဖောက်ခွဲမှုများကြောင့် ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်နေရ၍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နှောင့်နှေးနေရကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မွန်ပြည်နယ်ရှိ မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ ယမန်နေ့ (နိုဝင်ဘာ ၁၇ ရက်) က တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့သည်။
ထိုသို့ဆွေးနွေးစဉ် မွန်ပြည်နယ်၊ မော်လမြိုင်ကမ်းနားလမ်းတစ်လျှောက် ပြည်သူများလွတ်လပ်စွာ အပန်းဖြေအနားယူနိုင်ရေးအတွက် လူသွားလမ်းအား အဆင့်မြှင့်တင်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်နိုင်သည့် နေရာများကို တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့သည်။
ထို့ပြင် မော်လမြိုင်လေဆိပ်တိုးချဲ့နိုင်ရေးနှင့် ပြည်တွင်းလေကြောင်းလိုင်းများအနေဖြင့် မော်လမြိုင်လေဆိပ်သို့ ဆင်းသက်ပြေးဆွဲလျက်ရှိပြီး ထပ်မံတိုးချဲ့ပြေးဆွဲနိုင်ရေးအတွက် မိမိတို့အနေဖြင့် စီမံဆောင်ရွက်လျက်ရှိသည့်အပြင် မီးရထားပို့ဆောင်မှုကဏ္ဍမြှင့်တင်နိုင်ရေးအတွက်လည်း ရထားလမ်းများ အဆင့်မြှင့်တင်ခြင်း၊ ပြန်လည်ပြုပြင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
သို့သော် အချို့သော အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ကုန်စည်စီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေလျက်ရှိပြီး နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံအဆောက်အဦများ ဖြည့်ဆည်းတည်ဆောက်ပေးလျက်ရှိသော်လည်း အဖျက်သမားအချို့ကြောင့် တည်ဆောက်ပြီး လမ်း၊ တံတား၊ အဆောက်အဦများ ပျက်စီးခဲ့ရမှုများရှိကြောင်း ဗိုလ်ချုပ်မှူးကြီးက ဆိုသည်။
၎င်းတို့ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခဲ့ရသည်များကို ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေရသဖြင့် နိုင်ငံတော်ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် နှောင့်နှေးနေရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
မွန်ပြည်နယ်သည် စီးပွားရေးတိုးတက်ကောင်းမွန်သည့် ပြည်နယ်တစ်ခုဖြစ်၍ ပြည်တွင်းပြည်ပခရီးသွားများအား ဆွဲဆောင်နိုင်သည့် နေရာများစွာရှိသောကြောင့် “အိမ်သာမှ ဧည့်လာမည်” ဆိုသည့်အတိုင်း မိမိတို့မြို့ရွာပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
အလားတူ ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံများလည်း များစွာရှိသဖြင့် ပြန်လည်ပြုပြင်ထိန်းသိမ်း၍ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လေ့လာနိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်းလည်း တိုက်တွန်းပြောကြားခဲ့သည်။

Zawgyi Version:
အေျခခံအေဆာက္အဦမ်ားကို မိုင္းေထာင္ေဖာက္ခြဲမႈမ်ားေၾကာင့္ ျပန္လည္တည္ေဆာက္ေရး ေဆာင္႐ြက္ေနရ၍ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားတြင္ ေႏွာင့္ေႏွးေန
ေစာ (NP News) - ႏိုဝင္ဘာ ၁၇
အေျခခံအေဆာက္အဦမ်ားကို မိုင္းေထာင္ေဖာက္ခြဲမႈမ်ားေၾကာင့္ ျပန္လည္တည္ေဆာက္ေရး ေဆာင္႐ြက္ေနရ၍ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားတြင္ ေႏွာင့္ေႏွးေနရေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က မြန္ျပည္နယ္ရွိ ေမာ္လၿမိဳင္ၿမိဳ႕ရွိ ျပည္နယ္ခန္းမ၌ ယမန္ေန႔ (ႏိုဝင္ဘာ ၁၇ ရက္) က ေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာမ်ား ေဆြးေႏြးစဥ္ ထည့္သြင္းေျပာၾကားခဲ့သည္။
ထိုသို႔ေဆြးေႏြးစဥ္ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ကမ္းနားလမ္းတစ္ေလွ်ာက္ ျပည္သူမ်ားလြတ္လပ္စြာ အပန္းေျဖအနားယူႏိုင္ေရးအတြက္ လူသြားလမ္းအား အဆင့္ျမႇင့္တင္ျခင္းႏွင့္ ကိုယ္လက္လႈပ္ရွားအားကစားျပဳလုပ္ႏိုင္သည့္ ေနရာမ်ားကို တည္ေဆာက္ေပးသြားမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးက ေျပာၾကားခဲ့သည္။
ထို႔ျပင္ ေမာ္လၿမိဳင္ေလဆိပ္တိုးခ်ဲ႕ႏိုင္ေရးႏွင့္ ျပည္တြင္းေလေၾကာင္းလိုင္းမ်ားအေနျဖင့္ ေမာ္လၿမိဳင္ေလဆိပ္သို႔ ဆင္းသက္ေျပးဆြဲလ်က္ရွိၿပီး ထပ္မံတိုးခ်ဲ႕ေျပးဆြဲႏိုင္ေရးအတြက္ မိမိတို႔အေနျဖင့္ စီမံေဆာင္႐ြက္လ်က္ရွိသည့္အျပင္ မီးရထားပို႔ေဆာင္မႈက႑ျမႇင့္တင္ႏိုင္ေရးအတြက္လည္း ရထားလမ္းမ်ား အဆင့္ျမႇင့္တင္ျခင္း၊ ျပန္လည္ျပဳျပင္ျခင္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထည့္သြင္းေျပာၾကားခဲ့သည္။
သို႔ေသာ္ အခ်ိဳ႕ေသာ အၾကမ္းဖက္သမားမ်ား၏ မိုင္းေထာင္ေဖာက္ခြဲမႈေၾကာင့္ ကုန္စည္စီးဆင္းမႈကို အေႏွာင့္အယွက္ျဖစ္ေစလ်က္ရွိၿပီး ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အေျခခံအေဆာက္အဦမ်ား ျဖည့္ဆည္းတည္ေဆာက္ေပးလ်က္ရွိေသာ္လည္း အဖ်က္သမားအခ်ိဳ႕ေၾကာင့္ တည္ေဆာက္ၿပီး လမ္း၊ တံတား၊ အေဆာက္အဦမ်ား ပ်က္စီးခဲ့ရမႈမ်ားရွိေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးက ဆိုသည္။
၎တို႔ဖ်က္ဆီးခဲ့မႈေၾကာင့္ ပ်က္စီးခဲ့ရသည္မ်ားကို ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ေနရသျဖင့္ ႏိုင္ငံေတာ္ယခုထက္ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ား ဆက္လက္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ ေႏွာင့္ေႏွးေနရေၾကာင္း ထည့္သြင္းေျပာၾကားခဲ့သည္။
မြန္ျပည္နယ္သည္ စီးပြားေရးတိုးတက္ေကာင္းမြန္သည့္ ျပည္နယ္တစ္ခုျဖစ္၍ ျပည္တြင္းျပည္ပခရီးသြားမ်ားအား ဆြဲေဆာင္ႏိုင္သည့္ ေနရာမ်ားစြာရွိေသာေၾကာင့္ “အိမ္သာမွ ဧည့္လာမည္” ဆိုသည့္အတိုင္း မိမိတို႔ၿမိဳ႕႐ြာပတ္ဝန္းက်င္မ်ား သန႔္ရွင္းသာယာလွပေစေရး ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
အလားတူ ေရွးေဟာင္းသမိုင္းဝင္အေဆာက္အအုံမ်ားလည္း မ်ားစြာရွိသျဖင့္ ျပန္လည္ျပဳျပင္ထိန္းသိမ္း၍ ျပည္တြင္း၊ ျပည္ပခရီးသြားမ်ား လာေရာက္ေလ့လာႏိုင္ေရးေဆာင္႐ြက္သြားရန္လိုေၾကာင္းလည္း တိုက္တြန္းေျပာၾကားခဲ့သည္။