အိန္ဒိယနိုင်ငံက ရဲစခန်းတစ်ခုမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၉)ဦးသေဆုံး

126

Pika (NP News) - နိုဝင်ဘာ ၁၇
အိန္ဒိယနိုင်ငံ ကတ်ရှ်မီးယားပြည်နယ်က ရဲစခန်းတစ်ခုမှာ သိမ်းဆည်းရမိထားတဲ့ဖောက်ခွဲရေးပစ္စည်းတွေ ပေါက်ကွဲ ခဲ့တာကြောင့် အနည်းဆုံးလူ(၉)ဦးသေဆုံးပြီး အခြားလူ(၂၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
နယူးဒေလီမြို့မှာ ကားဗုံးပေါက်ကွဲမှုကြောင့် လူ(၈)ဦးသေဆုံးခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာ ယခုလို ပေါက်ကွဲမှုတွေ ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဖောက်ခွဲရေးပစ္စည်းတွေ ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူတွေထဲ မှာ ရဲတွေ၊အစိုးရအရာရှိတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို စစ်ဆေးနေတဲ့မှုခင်းဆေးပညာဝန်ထမ်းတွေ ပါဝင်တယ် လို့လည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားရတဲ့အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုပမာဏကို ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ ယခင်က သိမ်းဆည်းရမိခဲ့တဲ့ဖောက်ခွဲရေးပစ္စည်းတွေကို စစ်ဆေးမှုတွေ လုပ်ဆောင်နေစဉ်အချိန်အတွင်း ယခုလိုပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ရဲတပ်ဖွဲ့က “ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စစ်သွေးကြွတွေက လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ထင်ကြေးတွေပေးဖို့က လုံးဝ မလိုအပ်ပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အိႏၵိယႏိုင္ငံက ရဲစခန္းတစ္ခုမွာ ေပါက္ကြဲမႈေတြျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၉)ဦးေသဆုံး
Pika (NP News) - ႏိုဝင္ဘာ ၁၇
အိႏၵိယႏိုင္ငံ ကတ္ရွ္မီးယားျပည္နယ္က ရဲစခန္းတစ္ခုမွာ သိမ္းဆည္းရမိထားတဲ့ေဖာက္ခြဲေရးပစၥည္းေတြ ေပါက္ကြဲ ခဲ့တာေၾကာင့္ အနည္းဆုံးလူ(၉)ဦးေသဆုံးၿပီး အျခားလူ(၂၇)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသဆိုင္ရာ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
နယူးေဒလီၿမိဳ႕မွာ ကားဗုံးေပါက္ကြဲမႈေၾကာင့္ လူ(၈)ဦးေသဆုံးခဲ့ၿပီးေနာက္ ရက္အနည္းငယ္အၾကာမွာ ယခုလို ေပါက္ကြဲမႈေတြ ထပ္မံျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ေဖာက္ခြဲေရးပစၥည္းေတြ ေပါက္ကြဲမႈအတြင္း ေသဆုံးခဲ့သူေတြထဲ မွာ ရဲေတြ၊အစိုးရအရာရွိေတြနဲ႔ ေဖာက္ခြဲေရးပစၥည္းေတြကို စစ္ေဆးေနတဲ့မႈခင္းေဆးပညာဝန္ထမ္းေတြ ပါဝင္တယ္ လို႔လည္း ရဲတပ္ဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ေပါက္ကြဲမႈျဖစ္ပြားရတဲ့အေၾကာင္းအရင္းနဲ႔ ပ်က္စီးဆုံးရႈံးမႈပမာဏကို ဆက္လက္စုံစမ္းစစ္ေဆးေနတယ္လို႔လည္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ ယခင္က သိမ္းဆည္းရမိခဲ့တဲ့ေဖာက္ခြဲေရးပစၥည္းေတြကို စစ္ေဆးမႈေတြ လုပ္ေဆာင္ေနစဥ္အခ်ိန္အတြင္း ယခုလိုေပါက္ကြဲမႈျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ရဲတပ္ဖြဲ႕က “ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး စစ္ေသြးႂကြေတြက လုပ္ေဆာင္ခဲ့တယ္ဆိုတဲ့ထင္ေၾကးေတြေပးဖို႔က လုံးဝ မလိုအပ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။