ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဆက်လက်မြှင့်တင်ကြဖို့ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကို ဒေါ်နယ်ထရမ့် တိုက်တွန်း

291

Pika (NP News) - နိုဝင်ဘာ ၁၇
၎င်းကြားဝင်စေ့စပ်ပေးခဲ့တဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဆက်လက်မြှင့်တင်ကြဖို့ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား တိုက်ပွဲ အသစ်တွေ ထပ်မံဖြစ်ပွားလာခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဒေါ်နယ်ထရမ့်ရဲ့တိုက်တွန်းမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ၎င်းရဲ့အာရှခရီးစဉ်အတွင်း ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြား အပစ်အခတ်ရပ်စဲရေးကို ပြီးခဲ့တဲ့အောက်တိုဘာလ(၂၆)ရက်မှာ ပူးတွဲလက်မှတ်ရေးထိုးခဲ့တာလည်းဖြစ်ပါတယ်။
ဒါပေမယ့်လည်း နယ်စပ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံဟာ ကမ္ဘောဒီးယားနဲ့ လက်မှတ်ရေးထိုးထားတဲ့ငြိမ်းချမ်ရေးသဘောတူညီချက်ကို ရပ်ဆိုင်းခဲ့တယ်လို့လည်း သိရပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ရပ်ဆိုင်းခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြား တိုက်ပွဲအသစ်တွေ ပြန်လည်ဖြစ်ပွားလာတာလည်းဖြစ်ပါတယ်။ အမေရိကန်အစိုးရက “မကြာသေးခင်ကဖြစ်ပွားလာခဲ့တဲ့ တိုက်ပွဲ အသစ်တွေနဲ့ပတ်သက်ပြီး ကြားဝင်စေ့စပ်ပေးဖို့ ကြိုးပမ်းမှုအနေနဲ့ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကို ဒေါ်နယ်ထရမ့်က ဖုန်းခေါ်ဆိုမှုတွေလုပ်ခဲ့ပါတယ်။ သူကိုယ်တိုင်အကောင်အထည်ဖော်ခဲ့တဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဆက်လက်မြှင့်တင်ကြဖို့ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကို ဒေါ်နယ်ထရမ့်က တိုက်တွန်းခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို ဆက္လက္ျမႇင့္တင္ၾကဖို႔ ထိုင္းနဲ႔ကေမာၻဒီးယားတို႔ကို ေဒၚနယ္ထရမ့္ တိုက္တြန္း
Pika (NP News) - ႏိုဝင္ဘာ ၁၇
၎ၾကားဝင္ေစ့စပ္ေပးခဲ့တဲ့ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို ဆက္လက္ျမႇင့္တင္ၾကဖို႔ ထိုင္းနဲ႔ကေမာၻဒီးယားတို႔ကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။ ထိုင္းနဲ႔ ကေမာၻဒီးယားတို႔ၾကား တိုက္ပြဲ အသစ္ေတြ ထပ္မံျဖစ္ပြားလာခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ေဒၚနယ္ထရမ့္ရဲ႕တိုက္တြန္းမႈေတြ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္ဟာ ၎ရဲ႕အာရွခရီးစဥ္အတြင္း ထိုင္းနဲ႔ကေမာၻဒီးယားတို႔ၾကား အပစ္အခတ္ရပ္စဲေရးကို ၿပီးခဲ့တဲ့ေအာက္တိုဘာလ(၂၆)ရက္မွာ ပူးတြဲလက္မွတ္ေရးထိုးခဲ့တာလည္းျဖစ္ပါတယ္။
ဒါေပမယ့္လည္း နယ္စပ္မွာ ေျမျမႇဳပ္မိုင္းေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ၿပီးေနာက္ ထိုင္းႏိုင္ငံဟာ ကေမာၻဒီးယားနဲ႔ လက္မွတ္ေရးထိုးထားတဲ့ၿငိမ္းခ်မ္ေရးသေဘာတူညီခ်က္ကို ရပ္ဆိုင္းခဲ့တယ္လို႔လည္း သိရပါတယ္။ ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ကို ရပ္ဆိုင္းခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ထိုင္းနဲ႔ကေမာၻဒီးယားတို႔ၾကား တိုက္ပြဲအသစ္ေတြ ျပန္လည္ျဖစ္ပြားလာတာလည္းျဖစ္ပါတယ္။ အေမရိကန္အစိုးရက “မၾကာေသးခင္ကျဖစ္ပြားလာခဲ့တဲ့ တိုက္ပြဲ အသစ္ေတြနဲ႔ပတ္သက္ၿပီး ၾကားဝင္ေစ့စပ္ေပးဖို႔ ႀကိဳးပမ္းမႈအေနနဲ႔ ထိုင္းနဲ႔ကေမာၻဒီးယားတို႔ကို ေဒၚနယ္ထရမ့္က ဖုန္းေခၚဆိုမႈေတြလုပ္ခဲ့ပါတယ္။ သူကိုယ္တိုင္အေကာင္အထည္ေဖာ္ခဲ့တဲ့ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို ဆက္လက္ျမႇင့္တင္ၾကဖို႔ ထိုင္းနဲ႔ကေမာၻဒီးယားတို႔ကို ေဒၚနယ္ထရမ့္က တိုက္တြန္းခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။