အင်ဒိုနီးရှားနိုင်ငံမှာ မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၆)ဦး သေဆုံးကာ အခြားလူ(၁၇)ဦး ပျောက်ဆုံးနေ

75

Pika (NP News) - နိုဝင်ဘာ ၁၇
အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းဂျာဗားပြည်နယ်မှာ မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၆)ဦးသေဆုံးပြီး အခြား လူ(၁၇)ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အလယ်ပိုင်းဂျာဗားပြည်နယ်မှာ ရက်ပေါင်းများစွာကြာအောင် မိုးသည်ထန်စွာရွာသွန်းခဲ့မှုနဲ့အတူ မြေပြိုမှုဖြစ်ပွားခဲ့ တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ Cilacap မြို့မှာဖြစ်ပွားခဲ့တဲ့မြေပြိုမှုကြောင့် Cibeunying ရွာမှာရှိတဲ့နေအိမ်တစ်ဒါဇင်ခန့် မြေအောက်ရောက်သွားခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ပါ တယ်။ တာဝန်ရှိသူတစ်ဦးက “မြေပြိုမှုကြောင့် အနည်းဆုံးလူ(၆)ဦး သေဆုံးခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့ အခြားလူ(၁၇)ဦးကို ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ပျောက်ဆုံးနေသူတွေဟာ မြေအောက်အနက်(၃)မီတာကနေ (၈)မီတာကြားမှာ ရှိနေနိုင်တာကြောင့် ရှာဖွေ ကယ်ဆယ်ရေးသမားတွေအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေတယ်လို့လည်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါ တယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့မိုးရာသီဟာ စက်တင်ဘာလမှာစတင်ပြီး ဧပြီလအထိ ကြာမြင့်မှာဖြစ်တာကြောင့် မိုးသည်းထန်းစွာ ရွာသွန်းနိုင်တဲ့အန္တရာယ်တွေနဲ့ရေကြီးမှုတွေဖြစ်ပွားလာနိုင်တဲ့ အန္တရာယ်တွေ မြင့်မားနေတယ်လို့ လည်း မိုးလေဝသဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
အင္ဒိုနီးရွားႏိုင္ငံမွာ ေျမၿပိဳမႈတစ္ခုျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၆)ဦး ေသဆုံးကာ အျခားလူ(၁၇)ဦး ေပ်ာက္ဆုံးေန
Pika (NP News) - ႏိုဝင္ဘာ ၁၇
အင္ဒိုနီးရွားႏိုင္ငံ အလယ္ပိုင္းဂ်ာဗားျပည္နယ္မွာ ေျမၿပိဳမႈတစ္ခုျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၆)ဦးေသဆုံးၿပီး အျခား လူ(၁၇)ဦး ေပ်ာက္ဆုံးေနတယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အလယ္ပိုင္းဂ်ာဗားျပည္နယ္မွာ ရက္ေပါင္းမ်ားစြာၾကာေအာင္ မိုးသည္ထန္စြာ႐ြာသြန္းခဲ့မႈနဲ႔အတူ ေျမၿပိဳမႈျဖစ္ပြားခဲ့ တာျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။ Cilacap ၿမိဳ႕မွာျဖစ္ပြားခဲ့တဲ့ေျမၿပိဳမႈေၾကာင့္ Cibeunying ႐ြာမွာရွိတဲ့ေနအိမ္တစ္ဒါဇင္ခန႔္ ေျမေအာက္ေရာက္သြားခဲ့တယ္လို႔ တာဝန္ရွိသူတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့ပါ တယ္။ တာဝန္ရွိသူတစ္ဦးက “ေျမၿပိဳမႈေၾကာင့္ အနည္းဆုံးလူ(၆)ဦး ေသဆုံးခဲ့ပါတယ္။ ေပ်ာက္ဆုံးေနတဲ့ အျခားလူ(၁၇)ဦးကို ရွာေဖြမႈေတြ ဆက္လက္လုပ္ေဆာင္ေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ေပ်ာက္ဆုံးေနသူေတြဟာ ေျမေအာက္အနက္(၃)မီတာကေန (၈)မီတာၾကားမွာ ရွိေနႏိုင္တာေၾကာင့္ ရွာေဖြ ကယ္ဆယ္ေရးသမားေတြအတြက္ စိန္ေခၚမႈတစ္ခုျဖစ္ေနတယ္လို႔လည္း တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါ တယ္။ အင္ဒိုနီးရွားႏိုင္ငံရဲ႕မိုးရာသီဟာ စက္တင္ဘာလမွာစတင္ၿပီး ဧၿပီလအထိ ၾကာျမင့္မွာျဖစ္တာေၾကာင့္ မိုးသည္းထန္းစြာ ႐ြာသြန္းႏိုင္တဲ့အႏၲရာယ္ေတြနဲ႔ေရႀကီးမႈေတြျဖစ္ပြားလာႏိုင္တဲ့ အႏၲရာယ္ေတြ ျမင့္မားေနတယ္လို႔ လည္း မိုးေလဝသဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။