Rice Export Zone များအတွက် ချေးငွေ (၄) သိန်းခွဲအပြင် မူဝါဒများ ပြင်ဆင်ညှိနှိုင်းနေ

 168

စော (NP News) - နိုဝင်ဘာ ၁၇

(၂၀၂၆)ခုနှစ် နွေစပါးရာသီအမီ Rice Export Zone များတွင် ဧရိယာ ဧက (၃)သိန်းကျော် စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှသိရသည်။
စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRT) တို့အကြား ညှိနှိုင်းဆွေးနွေး မှုအရ Rice Export Zone ၏ တစ်ကွင်းတစ်စပ်တည်း သတ်မှတ်ဧရိယာကို အနည်းဆုံး ဧက (၃၀ဝ) သတ်မှတ်ရာမှ နွေစပါးတွင် တစ်ကွင်းတစ်စပ်တည်း ဧရိယာ အနည်းဆုံးဧက (၅၀) လျှော့ချသတ်မှတ် ပေးရန်၊ Rice Export Zone နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံချက်ဖြင့်ဆောင်ရွက်သည့်ဧရိယာများကို သီးခြားစီ ဆောင်ရွက်ရန်တို့ကို အဓိကပြန်လည်ပြင်ဆင်ဖြည့်စွက်ခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာလ (၁၁) ရက် တွင် MRF ကစိုက်ပျိုးရေးဦးစီးဌာနသို့ ပြန်လည်ပေးပို့တင် ပြခဲ့ကြောင်းသိရသည်။
အလားတူ ငွေကြေးမူဝါဒကို နိုင်ငံတော်အစီအစဉ်ဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ Rice Export Zone တစ်ဧကလျှင် အတိုးနှုန်း (၁)ရာခိုင်နှုန်းဖြင့် ကျပ် (၂ ဒသမ ၅)သိန်း ချေးငွေရရှိရေးတို့ကို စီမံ ဆောင်ရွက် ပေးရန်နှင့် ပို့ကုန်ကုမ္ပဏီများမှ Rice Export Zone တစ်ဧကလျှင် ကျပ် (၂)သိန်းနှုန်း ထည့်ဝင်ပြီး တောင် သူအား စုစုပေါင်းတစ်ဧကလျှင် ကျပ်(၄ ဒသမ ၅)သိန်း စိုက်ပျိုးစရိတ်စီစဉ်ဆောင်ရွက်ပေးရန်လည်း ပြင်ဆင်ဖြည့်စွက်ခဲ့ကြောင်းသိရသည်။ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ အနေဖြင့် လုပ်ငန်းစီမံချက်များ ရေးဆွဲ ညှိနှိုင်းပြင်ဆင်ခြင်းများဆောင်ရွက်စဉ်ကာလအတွင်း ၌ Rice Export Zone ဆောင်ရွက်မည့်ကုမ္ပဏီများကိုရွေးချယ်ခြင်း၊ ယခင်ဆောင်ရွက်ခဲ့သည့် နိုင်ငံ့စီးပွားမြှင့် တင်ရေးစီမံကိန်းဧရိယာများအပေါ်အခြေခံလျက်လည်းကောင်း၊ Export တင်ပို့သည့်ပမာဏများ အပေါ် အခြေခံလျက်လည်းကောင်း ဧရိယာဧကများ လျာထားခြင်း၊ အချို့ကုမ္ပဏီများမှာ သက်ဆိုင်ရာ ဒေသများသို့ စတင်ကွင်းဆင်းခြင်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
“Rice Export Zone စီမံချက်ကို (၂၀၂၅)ခုနှစ် နွေစပါးရာသီအမီ စတင်နိုင်ဖို့ကြိုးပမ်း ဆောင်ရွက် လျက်ရှိသော်လည်း မူလ နိုင်ငံ့စီးပွားမြှင့် တင်ရေးစီမံကိန်းဧရိယာတွေနဲ့မထပ်စေဖို့ လုပ်ငန်း လမ်းညွှန်မှု တွေ၊ နိုင်ငံတော်သို့ဘတ်ဂျက်အသစ် ထပ်မံရေးဆွဲတင်ပြပြီး ခွင့်ပြုမှုစောင့်ဆိုင်းနေတာတွေ၊ လုပ်ငန်း စီမံချက်အတည်ပြုခြင်းအပေါ် စောင့်ဆိုင်းနေရတဲ့ ကုမ္ပဏီတွေက ကွင်းဆင်းစည်းရုံးဆောင်ရွက်မှုတွေ မှာ လိုအပ်ချက်ရှိနေတာကို စိစစ်တွေ့ရှိရတယ်”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးရဲမင်းအောင်က ပြောသည်။
ထို့ကြောင့် မူဝါဒမျေားညှိနှိုင်းပြီးပြတ်သည် နှင့် (၂၀၂၆) ခုနှစ် နွေစပါးရာသီအမီ Rice Export Zone များကို လျာထားချက်ပါဧရိယာဧကများဖြစ်သော ဧက (၃၅၈ယ၂၈၃)အထိ ပြည့်မီစွာ စိုက်ပျိုးနိုင် ရေးစီမံဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏အချက်အလက်များအရသိရ သည်။ Rice Export Zone များကို မြို့နယ် (၁၀ဝ)ခန့်တွင် (၂၀၂၅-၂၀၂၆)ခုနှစ် နွေစပါးရာသီမှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဩဂုတ်လ (၂၈)ရက်က Rice Export Zone များဖော် ဆောင်ရေးဆိုင်ရာ ဆောင်ရွက်ရမည့်လုပ်ငန်းအစီအ စဉ်များနှင့် နိုင်ငံတကာသို့ ဆန်၊ ဆန်ကွဲ တင်ပို့ နိုင်မည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်းသိရသည်။
နိုင်ငံတကာဈေးကွက်၌ ဆန်ဈေးနှုန်းများ အလွန်ကျဆင်းနေချိန်တွင် Exporter များမှ Zone အတွင်းပါဝင်သည့် စပါးစိုက်တောင်သူများထံမှ သင့်တင့်မျှတသောစပါးဈေးနှုန်းများဖြင့် ဝယ်ယူပေးခြင်း ကြောင့် တောင်သူလယ်သမားအတွက် အရည်အသွေးပြည့်မီသည့် Export ဆန်စပါးများ ထုတ်လုပ်နိုင် မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
Rice Export Zone မ်ားအတြက္ ေခ်းေငြ (၄) သိန္းခြဲအျပင္ မူဝါဒမ်ား ျပင္ဆင္ညႇိႏႈိင္းေန
ေစာ (NP News) - ႏိုဝင္ဘာ ၁၇
(၂၀၂၆)ခုႏွစ္ ေႏြစပါးရာသီအမီ Rice Export Zone မ်ားတြင္ ဧရိယာ ဧက (၃)သိန္းေက်ာ္ စိုက္ပ်ိဳးႏိုင္ေရး စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ထံမွသိရသည္။
စိုက္ပ်ိဳးေရးဦးစီးဌာနႏွင့္ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ (MRT) တို႔အၾကား ညႇိႏႈိင္းေဆြးေႏြး မႈအရ Rice Export Zone ၏ တစ္ကြင္းတစ္စပ္တည္း သတ္မွတ္ဧရိယာကို အနည္းဆုံး ဧက (၃၀ဝ) သတ္မွတ္ရာမွ ေႏြစပါးတြင္ တစ္ကြင္းတစ္စပ္တည္း ဧရိယာ အနည္းဆုံးဧက (၅၀) ေလွ်ာ့ခ်သတ္မွတ္ ေပးရန္၊ Rice Export Zone ႏွင့္ ႏိုင္ငံ့စီးပြားျမႇင့္တင္ေရးစီမံခ်က္ျဖင့္ေဆာင္႐ြက္သည့္ဧရိယာမ်ားကို သီးျခားစီ ေဆာင္႐ြက္ရန္တို႔ကို အဓိကျပန္လည္ျပင္ဆင္ျဖည့္စြက္ခဲ့ၿပီး ၿပီးခဲ့သည့္ ႏိုဝင္ဘာလ (၁၁) ရက္ တြင္ MRF ကစိုက္ပ်ိဳးေရးဦးစီးဌာနသို႔ ျပန္လည္ေပးပို႔တင္ ျပခဲ့ေၾကာင္းသိရသည္။
အလားတူ ေငြေၾကးမူဝါဒကို ႏိုင္ငံေတာ္အစီအစဥ္ျဖင့္ စိုက္ပ်ိဳးေရးဦးစီးဌာနမွ Rice Export Zone တစ္ဧကလွ်င္ အတိုးႏႈန္း (၁)ရာခိုင္ႏႈန္းျဖင့္ က်ပ္ (၂ ဒသမ ၅)သိန္း ေခ်းေငြရရွိေရးတို႔ကို စီမံ ေဆာင္႐ြက္ ေပးရန္ႏွင့္ ပို႔ကုန္ကုမၸဏီမ်ားမွ Rice Export Zone တစ္ဧကလွ်င္ က်ပ္ (၂)သိန္းႏႈန္း ထည့္ဝင္ၿပီး ေတာင္ သူအား စုစုေပါင္းတစ္ဧကလွ်င္ က်ပ္(၄ ဒသမ ၅)သိန္း စိုက္ပ်ိဳးစရိတ္စီစဥ္ေဆာင္႐ြက္ေပးရန္လည္း ျပင္ဆင္ျဖည့္စြက္ခဲ့ေၾကာင္းသိရသည္။ စိုက္ပ်ိဳးေရးဦးစီးဌာနႏွင့္ ျမန္မာႏိုင္ငံ ဆန္စပါး အသင္းခ်ဳပ္တို႔ အေနျဖင့္ လုပ္ငန္းစီမံခ်က္မ်ား ေရးဆြဲ ညႇိႏႈိင္းျပင္ဆင္ျခင္းမ်ားေဆာင္႐ြက္စဥ္ကာလအတြင္း ၌ Rice Export Zone ေဆာင္႐ြက္မည့္ကုမၸဏီမ်ားကိုေ႐ြးခ်ယ္ျခင္း၊ ယခင္ေဆာင္႐ြက္ခဲ့သည့္ ႏိုင္ငံ့စီးပြားျမႇင့္ တင္ေရးစီမံကိန္းဧရိယာမ်ားအေပၚအေျခခံလ်က္လည္းေကာင္း၊ Export တင္ပို႔သည့္ပမာဏမ်ား အေပၚ အေျခခံလ်က္လည္းေကာင္း ဧရိယာဧကမ်ား လ်ာထားျခင္း၊ အခ်ိဳ႕ကုမၸဏီမ်ားမွာ သက္ဆိုင္ရာ ေဒသမ်ားသို႔ စတင္ကြင္းဆင္းျခင္းမ်ားေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။
“Rice Export Zone စီမံခ်က္ကို (၂၀၂၅)ခုႏွစ္ ေႏြစပါးရာသီအမီ စတင္ႏိုင္ဖို႔ႀကိဳးပမ္း ေဆာင္႐ြက္ လ်က္ရွိေသာ္လည္း မူလ ႏိုင္ငံ့စီးပြားျမႇင့္ တင္ေရးစီမံကိန္းဧရိယာေတြနဲ႔မထပ္ေစဖို႔ လုပ္ငန္း လမ္းၫႊန္မႈ ေတြ၊ ႏိုင္ငံေတာ္သို႔ဘတ္ဂ်က္အသစ္ ထပ္မံေရးဆြဲတင္ျပၿပီး ခြင့္ျပဳမႈေစာင့္ဆိုင္းေနတာေတြ၊ လုပ္ငန္း စီမံခ်က္အတည္ျပဳျခင္းအေပၚ ေစာင့္ဆိုင္းေနရတဲ့ ကုမၸဏီေတြက ကြင္းဆင္းစည္း႐ုံးေဆာင္႐ြက္မႈေတြ မွာ လိုအပ္ခ်က္ရွိေနတာကို စိစစ္ေတြ႕ရွိရတယ္”ဟု ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ဦးရဲမင္းေအာင္က ေျပာသည္။
ထို႔ေၾကာင့္ မူဝါဒေမ်ားညႇိႏႈိင္းၿပီးျပတ္သည္ ႏွင့္ (၂၀၂၆) ခုႏွစ္ ေႏြစပါးရာသီအမီ Rice Export Zone မ်ားကို လ်ာထားခ်က္ပါဧရိယာဧကမ်ားျဖစ္ေသာ ဧက (၃၅၈ယ၂၈၃)အထိ ျပည့္မီစြာ စိုက္ပ်ိဳးႏိုင္ ေရးစီမံေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္၏အခ်က္အလက္မ်ားအရသိရ သည္။ Rice Export Zone မ်ားကို ၿမိဳ႕နယ္ (၁၀ဝ)ခန႔္တြင္ (၂၀၂၅-၂၀၂၆)ခုႏွစ္ ေႏြစပါးရာသီမွစတင္၍ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ ဩဂုတ္လ (၂၈)ရက္က Rice Export Zone မ်ားေဖာ္ ေဆာင္ေရးဆိုင္ရာ ေဆာင္႐ြက္ရမည့္လုပ္ငန္းအစီအ စဥ္မ်ားႏွင့္ ႏိုင္ငံတကာသို႔ ဆန္၊ ဆန္ကြဲ တင္ပို႔ ႏိုင္မည့္ကိစၥရပ္မ်ား ေဆြးေႏြးခဲ့ေၾကာင္းသိရသည္။
ႏိုင္ငံတကာေဈးကြက္၌ ဆန္ေဈးႏႈန္းမ်ား အလြန္က်ဆင္းေနခ်ိန္တြင္ Exporter မ်ားမွ Zone အတြင္းပါဝင္သည့္ စပါးစိုက္ေတာင္သူမ်ားထံမွ သင့္တင့္မွ်တေသာစပါးေဈးႏႈန္းမ်ားျဖင့္ ဝယ္ယူေပးျခင္း ေၾကာင့္ ေတာင္သူလယ္သမားအတြက္ အရည္အေသြးျပည့္မီသည့္ Export ဆန္စပါးမ်ား ထုတ္လုပ္ႏိုင္ မည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.