ဗိုလ်တထောင်ဆိပ်ကမ်းတွင် ပုပ်ပွသေဆုံးနေသော အမျိုးသား ရုပ်လောင်းတွေ့ရှိ

398
NP News - နိုဝင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဆိပ်ကမ်းတွင် ပုပ်ပွသေဆုံးနေသော အမျိုးသား ရုပ်လောင်းတွေ့ရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။
ယနေ့ နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်း အချိန်ခန့်က ဗိုလ်တထောင်ဆိပ်ကမ်းတွင် ပုပ်ပွသေဆုံးနေသာ အမျိုးသား ရုပ်လောင်းကိုတွေ့ရှိခဲ့ပြီး လူမှုကူညီရေးအသင်းများ သွားရောက်ဆယ်ယူမှုများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုပ်ပွသေသေဆုံးနေသာ အမျိုးသားရုပ်လောင်းမှာ အသက်(၄၀) နှစ်အခန့်အရွယ်ရှိပြီး ၎င်းရုပ်လောင်းကို လူမှုကူညီရေးအသင်းယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်ကလည်း ရန်ကုန်မြစ်အတွင်းတွင် ပုပ်ပွသေဆုံးနေသော ရုပ်လောင်း တစ်လောင်းတွေ့ရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။
Zawgyi Version:
NP News - နိုဝင်ဘာ ၁၇